← Chapters

အပိုင်း(၄၄၇)

Vol. 30 Ch. 447

အပိုင်း(၄၄၇)

Vol. 30 Ch. 447

သံချေးရောင်တံခါးနှစ်ချပ်မှာ သွေးနီရောင်လူသား၏တွန်းဖိမှုအောက်တွင် ပြင်းထန်စွာ တုန်ခါလာပြီး  မြည်ဟိန်းသံများအားအတွဲလိုက်ထုတ်လွှတ်နေသည်။ ဤမြည်ဟိန်းသံအောက်တွင်

ဂူအတွင်း အခြားမြေငလျှင်တစ်ခုလှုတ်ခတ်သကဲ့သို့ ရှစ်ဖုန့်နှင့် အခြားသူနှစ်ဦးတို့၏ခြေဖဝါးအောက်ရှိ မြေပြင်မှာလည်း ပြင်းထန်စွာတုန်ခါလာ၏။

ထို့နောက် သွေးနီရောင်မီးတောက်ပုံရိပ်၏  ဖိတွန်းမှုအောက်တွင်  သံချေးရောင်တံခါးနှစ်ချပ်မှာပြင်း

ထန်စွာတုန်ခါလာရုံသာမက  ဖြည်းဖြည်းချင်းပွင့်ဟလာသည်ကိုလည်း ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့မြင်တွေ့လိုက်ကြရသည်။ တံခါးအဟကြောင်းမှဖြတ်သန်း၍ မိုးပြာရောင်လင်းတန်းတစ်ခုက ထွန်းလင်းတောက်ပနေသည်။

“အပြာရောင်အလင်းလား  …..သံချေးရောင်တံခါးနှစ်ချပ်နောက်မှာ ဘာရှိနေတာလဲ”

ရှစ်ဖုန့်သည်သာမက သားအမိနှစ်ယောက်မှာလည်း တံခါးအဟကြားမှ တောက်ပနေသောအပြာရောင်အလင်းကိုကြည့်၍ မထိန်းထားနိုင်ဘဲ အံ့အားသင့်မိကြသည်။

တံခါးအဟက ကျယ်သည်ထက်ကျယ်လာပြီး ၎င်းအားဖြတ်သန်း၍တောက်ပနေ

သောအပြာရောင်အလင်းမှာလည်း သိပ်သည်းသည်ထက်သိပ်သည်းလာသည်။ ထို့နောက် သံချေးရောင်တံခါးနှစ်ချပ်နေရာ၌ မိုးပြာရောင်အလင်းတို့ ထွန်းလင်းသွားသည်။ထို့နောက်အ

ပြာရောင်အလင်းမှာ  ရှစ်ဖုန့်နှင့်အခြားသူနှစ်ယောက်တို့ရှိနေသော ဧရိယာတစ်ခုလုံးအားပျံ့နှံ့သွား၏။ ထို့နောက်အပြာရောင်အလင်းက  နောက်သို့ ဆက်လက် ပျံ့နှံ့သွားသည်။

“ဘန်း”

သံချေးရောင်တံခါးနှစ်ချပ်ကြားရှိ လမ်းကြောင်းမှာပွင့်သွားပြီး လူသုံးယောက်သို့မဟုတ်လေးယောက် ဖြတ်သန်းသွားလာနိုင်သော လမ်းကြောင်းတစ်ခုဖြစ်သွားသည်။ အတွေးတစ်ချက်ဖြင့်ရှစ်ဖုန့်က သွေးနီရောင်မီးတောက်လူသား အား ရုတ်ခြည်းပျောက်ကွယ်သွား

အောင်ပြုလုပ်လိုက်သည်။

ထို့နောက်လမ်းကြောင်းအားဖြတ်သန်း၍  သူ၏ရှေ့ရှိ မိုးပြာရောင်ကမ္ဘာအားကြည့်လိုက်သည်။ ချက်ချင်းပဲ ရှေ့သို့ ခြေလှမ်းချလိုက်ပြီး အတွင်းကမ္ဘာဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

“ဒီနေရာမှာ ကောင်းကင်နဲ့မြေကြီးရဲ့ရတနာတွေရှိရမယ်”

အတွင်းသို့ လျှောက်လှမ်းဝင်နေစဉ်အတွင်း  ရှစ်ဖုန့်၏ကိုယ်အတွင်းမှကောင်းကင်မီးတောက်က  ထပ်မံပြောလိုက်သည်။

သို့သော်ရှစ်ဖုန့်အတွက်မူ  သူ့အနေဖြင့် ဟုန်ယွဲ့အားကုသပေးနိုင်သော နတ်ဘုရားဆေးပင်နှင့်  သူ့အား စိုးရိမ်ပူပန်စေသော ယွဲ့ဝူရှန့်ကိုသာတွေ့လိုခြင်းဖြစ်သည်။ သူ၏လက်အားအကောင်းတိုင်းပြန်လည်ဖြစ်လာစေနိုင်သော အရာတစ်ခုခုရှိမည်လား ဆိုသည်ကိုလည်း သူတွေ့ချင်မိသည်။

သူ့အနေဖြင့် သူ၏အသိစိတ်အားဆုံးရှုံးလိုက်ရသော အမွှေးနက်မွန်းစတားတစ်ကောင်

မဖြစ်သွားလိုပေ။

သူတို့ ပို၍လျှောက်လှမ်းလာလေ အပြာရောင်ကမ္ဘာအတွင်း ဝင်ရောက်လာလေဖြစ်သည်။ အပြာရောင်အလင်းက ပို၍တောက်ပသည်ထက်တောက်ပလာသည်ဟု ရှစ်ဖုန့်ခံစားရသည်။ ၎င်းကသူ၏မျက်လုံးတို့အား နာကျင်စေသည်အထိ မျက်စိကျိန်းလောက်အောင်တောက်ပ

လွန်းသည်ဖြစ်သည်။

မကြာခင်တွင် ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့မှာ သံချေးရောင်တံခါးနှစ်ချပ်ကြားမှ  လျှောက်လမ်းအား ဖြတ်သန်းပြီး   အပြာရောင်ကမ္ဘာတွင်းဝင်ရောက်လာခဲ့သည်။

ရှစ်ဖုန့်နှင့်အခြားသူနှစ်ဦးတို့ ဝင်ရောက်လာပြီးသည့်နောက်တွင် အပြာရောင်မှလွဲ၍ အခြားမည်သည့် အရောင်ကိုမှ မမြင်တွေ့မိပေ။ မြေပြင်တွင် အရွယ်အစား စုံလင်သော အပြာရောင်သလင်းကျောက်များက သိပ်သည်းစွာ ဖုံးလွှမ်းနေသည်။ အကြီးဆုံးတစ်ခုက လူတစ်ယောက်စာအရွယ်အစားရှိပြီးအသေးဆုံးက လက်ဖဝါးအရွယ်ရှိကာ တောက်ပသော အပြာရောင်အလင်းကိုထုတ်လွှတ်နေသည်။

ဤသည်မှာ ကျယ်ပြောလှသော ကမ္ဘာတစ်ခုဖြစ်သည်။ ရှစ်ဖုန့်က မြေပြင်တစ်လျှောက်ကြည့်လိုက်ပြီး အပြာရောင်သလင်းကျောက်များက အကွာအဝေးတစ်ခုအထိ ပြန့်ကျဲနေသည်ကို တွေ့ရသည်။ သူ့အနေဖြင့်  ၎င်း၏အဆုံးအား မြင်တွေ့နိုင်ခြင်းမရှိပေ။

ထို့နောက်သူက ဘယ်နှင့်ညာအားကြည့်လိုက်သည်။ ၎င်းတို့မှာလည်းအတူတူပင်ဖြစ်သည်။

ဤအပြာရောင်ကမ္ဘာက ခြောက်ခြားဖွယ်ကောင်းပြီး မှုန်မှိုင်းကာ သေလုအောင်တိတ်ဆိတ်သော သေခြင်းတားမြစ်နယ်မြေ၏  မီးခိုးဖြူရောင်မြူများနှင့် လုံးဝကွဲပြားခြားနားပုံရ၏။

“အဖေဘယ်မှာလဲ..အဖေက ဘယ်နေရာမှာလဲ”

မကြာခင်တွင် ဤအပြာရောင်ကမ္ဘာအတွင်းဝင်

ရောက်လာခဲ့သော လှပသောကောင်မလေးက  သူ၏မျက်လုံးများဖြင့် ဧရိယာတစ်ခုလုံးအားကြည့်ရှုနေသည်။

သူမ၏နောက်ဘက်ကိုပင်ကြည့်နေ၏။

သူမနောက်ရှိ သံချေးရောင်  တံခါးတို့အထက်တွင် ဧရာမတောင်ထွတ်ကြီးတစ်ခုရှိနေသည်။၎င်းမှာကောင်းကင်နှင့်မြေပြင်အား ဆက်သွယ်ထားပုံရပြီး တောင်၏ထိပ်အား မြင်တွေ့ရခြင်းမရှိပေ။ ဤတောင်မှာ ရှစ်ဖုန့်နှင့်အခြားသူများအား တောင်ကြားချိုင့်ဝှမ်းအနက်ပိုင်းအ

တွင်းလမ်းကြောင်းကိုပိတ်ကာထားသော အရာဖြစ်သည်။ သို့သော် ယခုအခါတွင်  သူတို့က မီးခိုးဖြူရောင်မြူများဖုံးလွှမ်းခြင်းမရှိသော အခြားတစ်ဖက်ခြမ်းဆီသို့ရောက်လာခဲ့

သည်ဖြစ်၏။

သို့သော် ဤတောင်ထွတ်မှာ အပြာရောင်ကမ္ဘာအတွင်းမှ အပြာရောင်အလင်းတို့ကြောင့် မိုးပြာရောင်တို့စွန်းထင်းနေ၏။

ဤကမ္ဘာတွင် မီးခိုးဖြူရောင်မြူများဝန်းရံပိတ်ကာ

နေခြင်းမရှိသော်လည်း  အပြာရောင်အလင်းတို့ကတော့ ပြည့်နှက်နေဆဲဖြစ်သည်။ ရှစ်ဖုန့်မှာကောင်းကင်အားထိုးခွင်း

ရန်ကြိုးစားခဲ့ပြီးဖြစ်သော်လည်း  ဤကောင်းကင်နှင့်မြေကြီးအောက်၌  သူ၏ခန္ဓာကိုယ်မှ လုံးဝဖိနှိပ်ခံထားရဆဲဖြစ်သည်။ မြေပြင်မှ ခြောက်မီတာခုနှစ်မီတာအရောက်တွင် ထူးဆန်းပြီး မမြင်နိုင်သော အားအောက်၌ သူ့အနေဖြင့် ဆက်လက်၍ အမြင့်သို့ တက်လှမ်းနိုင်ခြင်းမရှိတော့ပေ။

“ဝူရှန့်က ဒီနေရာမှာလား”

မြေပြင်အထက် ခြောက်မီတာ ခုနှစ်မီတာလောက်တွင် လွင့်မျောနေရင်းရှစ်ဖုန့်က သူ့ဟာသူတွေးလိုက်ပြီး  ကျယ်ပြောလှသော အပြာရောင်ကမ္ဘာဝန်းကျင်အား တစ်ချက်ကြည့်လိုက်သည်။

ဤအချိန်တွင်သားအမိနှစ်ဦးမှာလည်း ကောင်းကင်အားချိုးဖျက်ပျံသန်းပြီး ရှစ်ဖုန့်၏ဘေး၌လာရပ်ကြသည်။

သူတို့က ပတ်ဝန်းကျင်အား စတင်ကြည့်၍ သူမတို့ရှာဖွေနေသောပုဂ္ဂိုလ်

အားရှာလိုက်ကြ၏။

“ဆက်သွားပြီးကြည်ကြစို့”

ရှစ်ဖုန့်က သားအမိနှစ်ဦးအားပြောလိုက်သည်။ စကားပြောပြီးပြီးချင်း  ရှေ့ကဦးဆောင်၍ ချီတက်လိုက်၏။

ထို့နောက်သားအမိနှစ်ဦးမှာ ချက်ချင်းရှစ်ဖုန့်၏နောက်သို့လိုက်သွားကြသည်။ လေအား ထိုးခွင်းပျံသန်းရင်း  သူတို့၏မျက်လုံးများက ပတ်ဝန်းကျင်အား ကြည့်ရှုစစ်ဆေးနေသည်။

“အမေ..အကို.ကြည့်ပါအုံး ..အဲ့တာကဘာလဲ”

ပျံသန်းနေရင်းရှစ်ဖုန့်မှာသူ့ဘေးတွင်ရှိနေသော ကောင်မလေး၏ အော်ပြောသံကိုရုတ်တရက်ကြားလိုက်ရသည်။ ထို့နောက်သူမက သူမ၏ဖြူဖွေးသေးသွယ်သော

လက်ကလေးဖြင့်  ရှေ့ရှိကောင်းကင်ထဲသို့ ထိုးညွှန်ပြနေသည်။

ရှစ်ဖုန့်ကသူမလက်ညှိုး၏ ဦးတည်ချက်ဘက်ကိုကြည့်လိုက်သည်။ ချက်ချင်းပဲ ကောင်းကင်ထဲ၌လွင့်မျောကာ

ဖြည်းညှင်းစွာလည်နေသော မိုးပြာရောင်လက်ဖဝါးအရွယ်ကြာပန်းတစ်ခုကိုတွေ့လိုက်ရသည်။ ကြာပန်းအထက်တွင် တောက်ပသော မိုးပြာရောင်အလင်းတစ်ခုတောက်ပနေသည်။

“ဒါက ..”

ကြာပန်းအားကြည့်၍ ရှစ်ဖုန့်၏မျက်လုံးတို့ပြူးသွားပြီး ရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။

“ကောင်းကင်ဝိညာဉ်ကအပြာ

ရောင်သလင်းကျောက်”

“ကောင်းကင်ဝိညာဉ်အပြာရောင်

သလင်းကျောက်”

ရှစ်ဖုန့်နှင့်သူ၏ကိုယ်အတွင်းရှိ ကောင်းကင်မီးတောက်တို့မှာ  တစ်ချိန်တည်းတွင်ပြောလိုက်ကြသည်။ ၎င်းမှာကြာပန်းတစ်ခုမဟုတ်သော်လည်း  ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက် အမျိုးအစားတစ်ခုဖြစ်သည်။ ရှစ်ဖုန့်မှာ သူ၏ယခင်ဘဝက ၎င်းအား ရှေ့ဟောင်းမှတ်တမ်းများအတွင်း၌

ဖတ်ဖူးသည်ဖြစ်သည်။ ၎င်းမှာ အဆင့်ကိုးကိုကျော်လွန်ပြီးနတ်ဘုရားအဆင့်သို့ရောက်ရှိနိုင်သော ထူးကဲသော သန့်စင်ပစ္စည်းတစ်ခုဖြစ်သည်။

“ကောင်းကင်ဝိညာဉ်အပြာရောင်သ

လင်းကျောက်.. ဒီနေရာက ကောင်းကင်ဝိညာဉ်အပြာရောင်သ

လင်းကျောက်ကိုထုတ်ပေးတယ်”

နတ်ဘုရားအဆင့်မီးတောက်တစ်ခုဖြစ်သော ကောင်းကင်မီးတောက်ပင်လျှင်  ကောင်းကင်ဝိညာဉ်အပြာရောင်သ

လင်းကျောက်အား တွေ့လိုက်ရသောအခါ အေးဆေးတည်ငြိမ်နိုင်ခြင်းမရှိပေ။

ထို့နောက် သူအရှိန်တင်လိုက်သည်။ ကောင်းကင်ဝိညာဉ်အပြာရောင်သလင်း

ကျောက်အားကောင်မလေးက အရင်ဆုံးမြင်တွေ့ခဲ့သည်ဖြစ်သော်လည်း  သူက၎င်းတို့အား လမ်းတစ်လျှောက်ကာကွယ်ပေးခဲ့ရ

သည်ဖြစ်သည်။ သူ့ကြောင့်သာမဟုတ်ခဲ့လျှင်သူမတို့အနေဖြင့် ကိုထိပ်ပြောင်ကြောင့် သေဆုံးခြင်းသို့မဟုတ် စော်ကားခြင်းကိုခံနေရပြီဖြစ်သည်။ သူမတို့အနေဖြင့်  ယခုအချိန်ထိအောင် အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။ကောင်းကင်ဝိညာဉ် အပြာရောင်သလင်းကျောက်အားသူ့အတွက်ယူဆောင်ခြင်းက  နားလည်၍ရသောအရာဖြစ်သည်။

သားအမိနှစ်ဦးမှာမူ ချက်ချင်းပဲ ရပ်လိုက်ကြပြီး ကောင်းကင်ဝိညာဉ်အပြာရောင် သလင်းကျောက်အား ရှစ်ဖုန့်သွားယူခြင်းကိုစောင့်နေကြသည်။ ကြာပန်းအားသူတို့မြင်တွေ့ခဲ့ပြီး  ယင်းက သေချာပေါက်သာမန်မဟုတ်သည်ကို

သိသော်လည်း  ၎င်းအတွက် ကြောင့်ရှစ်ဖုန့်နှင့်တိုက်ခိုက်ရန်သူတို့တွင် ဘာရည်ရွယ်ချက်မှရှိမနေပေ။ အကယ်၍ ဤပုဂ္ဂိုလ်ကြောင့်သာမဟုတ်ခဲ့လျှင် သူမတို့အနေဖြင့်  စိတ်ကူး၍ မရနိုင်သောအခြေအနေတစ်ခုကြောင့်  အဆုံးသတ်ခဲ့ပြီးဖြစ်လောက်သည်။

ရှစ်ဖုန့်၏ စွမ်းအားကလည်း အစွမ်းအထက်ဆုံးဖြစ်သည်။ အကယ်၍သူသာ သူမတို့အားသတ်ချင်ခဲ့လျှင်  သူမတို့အနေဖြင့်သူ့အား ဖက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပေ။

ကောင်းကင်ဝိညာဉ်အပြာရောင်သ

လင်းကျောက်နှင့် နီးသည်ထက်နီးလာလေ ရှစ်ဖုန့် စိတ်လှုပ်ရှားပျော်ရွှင်လာလေဖြစ်သည်။ ယ ခုဘဝ၌ ဤကဲ့သို့ ဒဏ္ဍာရီလာ  နတ်ဘုရားအဆင့် ရတနာတစ်ခုနှင့်  ထိတွေ့ခွင့်ရလိမ့်မည်ဟုသူလုံးဝမျှော်လင့်ထားခဲ့ခြင်းမရှိပေ။

ဤကောင်းကင် ဝိညာဉ်အပြာရောင်သလင်းကျောက်အား လက်နက်များအားသန့်စင်ရာ၌သုံး

နိုင်သည်သာမက ၎င်းအတွင်း၌ နတ်ဘုရားအဆင့်လျှို့ဝှက်ချက်အချို့အား  ထည့်သွင်းထားခြင်းလည်းဖြစ်ကောင်းဖြစ်နေနိုင်သေးသည်။

ရှစ်ဖုန့်က အမြန်နှုန်းမြှင့်လိုက်ပြီး မကြာခင်တွင် ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်ရှေ့သို့ရောက်ရှိသွားသည်။ စိတ်လှုပ်ရှားပျော်ရွှင်မှုတို့နှင့်အတူ  ထူထဲသော အမွှေးနက်များဖုံးလွှမ်းနေသည့် သူ၏ညာလက်အားဆန့်ထုတ်လိုက်ပြီး  ကောင်းကင်ဝိညာဉ်အပြာရောင်သ

လင်းကျောက်အားဆုပ်ကိုင်လိုက်သည်။

ဆက်ရန်……….

ဘာသာပြန်သူ-ARISE

All Chapters