← Chapters

အပိုင်း(၄၄၈)

Vol. 30 Ch. 448

အပိုင်း(၄၄၈)

Vol. 30 Ch. 448

သို့သော် ရှစ်ဖုန့်၏ညာလက်က ကောင်းကင်ဝိညာဉ်အပြာရောင်သလင်း

ကျောက် အားဆုပ်ကိုင်တော့မည့်အချိန်တွင် ရုတ်တရက်ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်က   ရှေ့သို့ဆန်းကြယ်စွာရွေ့လျားသွားသည်။

ထို့မျှမက အမွှေးနက်များဖုံးနေသော ရှစ်ဖုန့်၏ ညာလက်အထက်၌ ရေခဲဓားတစ်ခုပေါ်လာသည်။ရေခဲဓားမှာ ရှစ်ဖုန့်၏ညာလက်အားခုတ်ပိုင်းချလိုက်သည်။

“ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်ရဲ့စွမ်းအား”

ရေခဲဓားအားကြည့်ရင်း ၎င်း၌ ပါဝင်သောစွမ်းအားအား အာရုံခံ၍  ရှစ်ဖုန့်၏ အမူအယာကသိသိသာသာကိုပြောင်းလဲ

သွားသည်။ သူ့အနေဖြင့် တော်တော်လေးကိုတုန်လှုပ်သွားပြီး သူ၏ညာလက်အား အလျှင်မြန်ပြန်ရုတ်လိုက်သည်။

ရေခဲဓားကခုတ်ပိုင်းချလိုက်သည်။ရှစ်ဖုန့်၏

လက်က မြန်သော်လည်း ၎င်းက ရှည်လျားသော အမွှေးနက်အများအပြားအား ဖြက်တောက်သွားစဲဖြစ်သည်။

သို့သော် ရှစ်ဖုန့်၏လက်မှာပိုင်းဖြတ်ခံလိုက်ရခြင်းမ

ရှိသော်လည်း ရေခဲဓားက သူ၏လက်အား ထိခိုက်သွားစေသေးသည်ဖြစ်သည်။ ရှစ်ဖုန့်လက်အား ပြတ်ရှသွားသော နေရာမှာ စွမ်းအားကြီးအေးစက်သောအရှိန်အဝါတို့ကိုထုတ်လွှတ်နေဆဲဖြစ်ပြီ  များပြားလှသောသွေးများအား ပန်းထွက်သွားစေသည်။

ထိုသည်သာမက  အေးစက်သော အရှိန်အဝါက ဒဏ်ရာမှတဆင့်  သူ၏သွေးအတွင်းစီးဆင်းလာသည်ကို

လည်းခံစားမိလိုက်သည်။ ၎င်းက သူ၏လက်တစ်ခုလုံးအားခဲသွားစေချင်နေပြီး အေးစက်သော အရှိန်အဝါက သူ၏လက်အထက်သို့ စတင်ပျံ့နှံ့လာသည်။

ရှစ်ဖုန့်က လက်ဆီးလ်တစ်ခုကို အလျှင်အမြန်ပြုလုပ်လိုက်ပြီးအသံတိုး

တိုးဖြင့်အော်လိုက်သည်။

“ငရဲဘုံကိုးခု ဖျက်စီးမရသော ထာဝရတည်ရှိခြင်း”

ရှစ်ဖုန့်က ငရဲဘုံကိုးခု ပညာရပ်အား

အသုံးပြု၍ သူ၏လက်ပေါ်မှ ဒဏ်ရာအား ကုသလိုက်သည်။သူ၏လက်ထံကျူး

ကျော်ဝင်ရောက်လာသော အေးစက်သည့်အရှိန်အဝါအားလွင့်ပြယ်စေရန် လည်း ငရဲဘုံကိုးခု ပညာရပ်အားအသုံးပြုလိုက်သည်။

ရေခဲဓားမှာ ရှစ်ဖုန့်၏လက်အားလွဲချော်သွားပြီး အောက်တွင်ရှိသောမြေပြင်ထက်သို့ အရှိန်အဟုန်ဖြင့်ကျဆင်းသွားသည်။ ၎င်းက အပြာရောင်မြေပြင်ထက်သို့ကျသွားသောအခါတွင်  ကောင်းကင်ထက်မှ မိုးပြိုသကဲ့သို့ မြေပြင်တစ်ခုလုံးအားပြင်းထန်စွာ တုန်ခါသွားစေသည်။  ပြင်းထန်သော မြည်ဟိန်းသံတစ်ခုပင်ဖြစ်ပေါ်ခဲ့သည်။

သို့သော်မြည်ဟိန်းသံမှာ လျှင်မြန်စွာရပ်တန့်သွားခဲ့သည်။ မိုးပြာရောင်မြေပြင်ထက်တွင် ရေခဲဓားကျဆင်းသွားသောနေရာ၌ ကြီးမားပြီးကြမ်းကြုတ်ပြင်းထန်သော   ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားကိုပြသနေသည့် အက်ကွဲကြောင်းတစ်ခုကျန်ရစ်နေခဲ့သည်။

ငရဲဘုံကိုးခု မသေမျိုးခန္ဓာကိုယ်ကြောင့်ရှစ်ဖုန့်၏ ထိခိုက်ဒဏ်ရာမှာ အရမ်းလေးနက်ခြင်းမရှိပေ။ သူကလျှင်မြန်စွာကုသလိုက်ပြီး  ငရဲဘုံကိုးခု ပညာရပ်ကြောင့် သူ၏လက်ပေါ်ရှိ အေးစက်သော အရှိန်အဝါမှာလည်း  လျှင်မြန်စွာ လွင့်ပြယ်သွားသည်။ ဤအချိန်တွင်

ရှစ်ဖုန့်က ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်သည်။ သူ၏မျက်နှာမှာ ဆီးနှင်းလွှာတစ်ခုဖုံးအုပ်နေသကဲ့သို့ အေးစက်နေ၏။  သူက သတ်ဖြတ်ချင်သည့်ဟန်ဖြင့် ရှေ့သို့ အေးစက်စွာကြည့်လိုက်သည်။

သူ၏ရှေ့တွင် ရှစ်ဖုန့်နှင့်သိပ်မဝေးလှသော ဟင်းလင်းပြင်ထဲ၌  သက်လက်ပိုင်းအရွယ်လူနှစ်ဦး ကဝင့်ကြွားစွာရပ်နေသည်။

သက်လတ်ပိုင်းအရွယ်လူတစ်ယောက်မှာ အသက်လေးဆယ်အရွယ်ခန့်ရှိ၏။ သူက အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။  သူ၏နဖူးကကျယ်ပြီး  သူ၏မျက်နှာကခံ့ညားထည်ဝါ၏။ သူက သေခြင်းတားမြစ်နယ်မြေအပြင်ဘက်၌ ရှစ်ဖုန့်နှင့်တွေ့ဆုံခဲ့သော ထျန်းခွန်းဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သည်။ သူက ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

ချမ်ယွမ်ရှန်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ချမ့်ရှန်၏ လက်တို့ကလည်း   ရှစ်ဖုန့်ကဲ့သို့ ရှည်လျားသော အမွှေးနက်များဖုံးလွှမ်းနေသည်။ သို့သော်  ရှည်လျားသော အမွှေးနက်များဖုံးလွှမ်းနေသည့် သူ၏ညာလက်ဖြင့် တောက်ပသော မိုးပြာရောင်လင်းကိုထုတ်လွှတ်နေသည့်  ကြာပန်းတစ်ခုအား ကစားနေသည်။ ၎င်းမှာ ကောင်းကင်ဝိညာည်မိုးပြာရောင် သလင်းကျောက်ပင်ဖြစ်သည်။ ချမ့်ရှန်က သူ၏ရှေ့တွင်ရှိနေသော ရှစ်ဖုန့်အား မျက်နှာထက်ရှိ ပျော်စေပျက်စေအမူအယာတစ်ခုနှင့်အတူကြည့်နေသည်။

သူ့အပြင် အသက်ငါးဆယ်အရွယ်ခန့်ရှိသော  သက်လတ်ပိုင်းအရွယ်လူတစ်ယောက်

လည်းရှိနေသည်ဖြစ်သည်။ ၎င်းက ရွှေရောင်ဝတ်ရုံတစ်ခုကိုဝတ်ဆင်ထားပြီး ယောက်ျားပီသချောမောသောမျက်နှာတစ်ခုနှင့် စူးရှတောက်ပသောမျက်လုံးတို့ရှိ၏။ အထင်ရှားဆုံးသောအရာမှာ သူ၏နှုတ်ခမ်းထောင့်တို့တွင်ရှိနေသော မျက်ခုံးနှစ်ခုကဲ့သို့ နှုတ်ခမ်းမွှေးတစ်စုံပင်ဖြစ်သည်။

ဤလူ၏ ကျင့်ကြံမှု မှာကြယ်ခုနှစ်ပွင့်သူတော်စင် နယ်၌ယ်အဆင့်ရှိပြီး အစောပိုင်းက ရှစ်ဖုန့်၏လက်အားဖြတ်တောက်လု

နီးပါးဖြစ်သွားသည့် ရေခဲဓားမှာ ဤလူကြောင့်ဖြစ်ပုံရသည်။

ထိုလူနှင့်လက်နှစ်ဖက်လုံး၌ အမွှေးနက်များရှိနေသောချမ့်ရှန်အားကြည့်ရင်း ဤအပြာရောင်ကမ္ဘာအတွင်း၌သူတို့ဖြတ်သန်းလာခဲ့သော ဝင်ပေါက်အပြင်အခြားသော ဝင်ပေါက်များလည်းရှိနေသည်ကိုရှစ်ဖုန့်သိလိုက်သည်။ ၎င်းတို့တွင်လည်းအနည်းငယ်ထိရုံဖြင့်

ကျိန်စာမိစေနိုင်သော သံချေးရောင်တံခါးများရှိနေမည်ဖြစ်သည်။

ရှစ်ဖုန့်မှာသူ့ရှေ့တွင်ရှိနေသောလူနှစ်ယောက်၌ ချမ်ယွမ်ရှန်၏လက်အတွင်း၌ကစားနေသော ကောင်းကင်ဝိညာဉ်အပြာရောင်သလင်း

ကျောက်အားကြည့်လိုက်သည်။  လပြည့်ဓားက သူ၏လက်အတွင်းပေါ်လာသည်။ သွေးနီရောင်အလင်းတစ်ခုသူ၏လက်

အတွင်းတောက်ပလာပြီး  သွေးဓားကလည်း ပေါ်လာသည်။

ဤလူနှစ်ယောက်ကသူ၏ ကောင်းကင်ဝိညာဉ် အပြာရောင်သလင်းကျောက်အား ခိုးယူသွားပြီးသူ၏လက်ကိုလည်းဖြတ်တောက်မိလုနီးပါးဖြစ်စေခဲ့သည်။ သူတို့မှာ ရှစ်ဖုန့် ၏ သတ်ဖြတ်ခံရမည့်သူများစာရင်းအတွင်း

ဝင်ရောက်သွားခဲ့ပြီဖြစ်၏။

“အိုး မဆိုးဘူး. မင်းက ကောင်းကင်ဝိညာဉ်မိုးပြာရောင်သလင်းကျောက်ကိုရရုံတင်မက အဆင့်ခြောက် ရွမ်းလက်နက်တစ်ခုကိုလည်းရထားတာကိုး…

ဂျူနီယာညီလေးချမ်..တို့တွေဒီနေရာကို မတော်တဆဝင်ရောက်မိရင်းတော်တော်လေး အကျိုးအမြတ်ရတော့မဲ့ပုံပဲ”

အဖျားကော့သောနှုတ်ခမ်းမွှေးရှည်နှင့် သက်လတ်ပိုင်းအရွယ်လူက  ရှစ်ဖုန့်လက်အတွင်းမှသွေးဓားအား

ကြည့်လိုက်ပြီး သူ၏ မျက်နှာထက်ရှိ သရော်ပြုံးမှာပို၍ ပီပြင်လာသည်။

ဤလူမှာချမ်ယွမ်ရှန်ဟုခေါ်သူ၏  စီနီယာအကို ‌ကော် ဖြစ်သည်။ဤလူသည်လည်း ထျန်းခွန်းဂိုဏ်းမှဖြစ်ပုံပေါ်၏။

အဖျားကော့သောနှုတ်ခမ်းမွှေးနှင့်လူ၏ စကားတို့အားကြားလိုက်ရသောအခါတွင် ချမ်ယွမ်ရှန်က ခေါင်းခါလိုက်ပြီး  ထူးမခြားနားစွာပြုံးလိုက်သည်။

သူကပြောလိုက်သည်။

“စီနီယာ အကိုမှားသွားပြီ.. ဒီအဆင့်ခြောက်ရွှမ်းလက်နက်က  အဖိုးထိုက်တန်တယ်ဆိုပေမဲ့  သူ့ဘယ်လက်ထဲက လခြမ်းကွေးဓားလောက် မကောင်းဘူး”

“သေခြင်းတားမြစ်နယ်မြေအပြင်

ဘက်မှာတုံးကသူက အဲ့ဓားကိုအသက်သွင်းခဲ့ပြီး ကျုပ်ရဲ့ နှလုံးသားကိုတောင် တဆက်ဆက်တုန်စေနိုင်လောက်တဲ့စွမ်းအားတစ်ခုကို ထုတ်ဖော်ခဲ့တယ်.. ဒီလခြမ်းကွေးဓားက  သေခြင်းတားမြစ်နယ်မြေကလိုမျိုး စွမ်းအင်ခြင်းတူညီတဲ့ မီးခိုးဖြူရောင်မြူတွေကိုထုတ်လွှတ်

ပေးနိုင်တယ်.. ဒီလခြမ်းကွေးဓားက သေခြင်းတားမြစ်နယ်မြေထဲကလာဖို့များတယ်”

“အိုး ..အဲ့လိုလား..သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်

ကျင့်ကြံသူလေးတစ်ယောက်ပဲကိုး  မင်းနှလုံးသားကိုတောင် တုန်စေတဲ့စွမ်းအားမျိုးထုတ်ဖော်နိုင်တယ်.. ဒီလခြမ်းကွေဓားက တကယ့်ကို သာမန်မဟုတ်တဲ့ပုံပဲ “

ချမ်ယွမ်ရှန်၏စကားတို့အားကြားပြီး

သည့်နောက်တွင်  စီနီယာအကို ကော် ဟုခေါ်သော လူမှာ အနည်းငယ်အံ့အားသင့်သွားသည်။

ထို့နောက်သူက ပြုံးပြီးပြောလိုက်၏။

“ဒါပေမဲ့..သူလက်နက်တွေက စွမ်းအားပိုကြီးပြီးတော်မှော်ဆန်နေရင်  အဲ့တာက ငါတို့အတွက် ပိုကောင်းတာပေါ့.. ဒီအရာတွေက ခဏလောက်ဆို မင်းနဲ့ငါနဲ့သက်ဆိုင်တဲ့ အရာတွေဖြစ်တော့မှာ”

“ဟားဟား.အမှန်ပဲ”

ချမ်ယွမ်ရှန် ကရယ်မောလိုက်၏။  ထို့နောက်သူက ရှစ်ဖုန့်အားကြည့်လိုက်ပြီး စီနီယာအကိုကော်ကို ခေါ်လိုက်သည်။

“အိုး.ဒီတော့ သူက ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်အ

ဆင့်တောင်ဖြစ်နေပြီပေါ့ …သေခြင်းတားမြစ်နယ်မြေ အပြင်ဘက်မှာတုံးက သူက ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်အ

ဆင့်ပဲရှိသေးတာ.. သူ့ရဲ့ ပါရမီကလည်းထူးခြားတဲ့ပုံပဲ”

“ဟီးဟီး.အဲ့တော့ဘာဖြစ်လဲ”

ချမ်ယွမ်ရှန်၏ စကားအားကြားလိုက်ရသောအခါတွင်  အဖျားကော့သောနှုတ်ခမ်းမွှေးနှင့်  လူက အထင်သေးစွာဖြင့်သူ၏ခေါင်းကိုခါ

ယမ်းလိုက်ပြီးပြောလိုက်သည်။

“သူ့ပါရမီက ဘယ်လိုပဲကောင်းနေပါစေ ..ဒီနေ့ သူကသေတာ ဒါမှမဟုတ်  ဒုက္ခိတတစ်ယောက်ဖြစ်လာတာမျိုးဖြစ်မှာပဲ”

ထိုသို့ပြောပြီးနောက်   စီနီယာအကိုကော်က သူ့ရှေ့တွင်ရှိနေသော ရှစ်ဖုန့်အားကြည့်လိုက်ပြီး လှောင်ပြုံးတစ်ခုပြုံးလိုက်သည်။

“အခုမင်းမှာ  ရွေးချယ်စရာနှစ်ခုရှိတယ်”

“မင်းမှာရှိတဲ့ အရာအားလုံးကို လက်လွှဲပေးပြီးတော့ မင်းရဲ့ဒန်တန်ကို ကိုယ်တိုင်ဖျက်စီးပစ်နိုင်တယ်…ငါတို့ထျန်ခွန်းဂိုဏ်းက သနားညှာတာတဲ့အနေနဲ့ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်..ဒါမှမဟုတ် အတင်းဇွတ် ခုခံပြီးတော့ သေခြင်းတားမြစ်နယ်မြေထဲက အေးစက်တဲ့အလောင်းတစ်ခုဖြစ်လို့ရတယ်”

“မင်းညီမကို သွားအေးစက်”

ရှစ်ဖုန့်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး  သူ၏ကိုယ်က ရှေ့တွင်ရှိနေသော  လူနှစ်ယောက်ထံသို့ ပျံသန်းသွားသည်။ ဤအချိန်၌ နောက်ဆုံးတွင် ရှစ်ဖုန့်၏ဒေါသတို့ပေါက်ကွဲထွက်လာသည်။သူ့လက်အတွင်းရှိနေသော သွေးဓား၌ ရုတ်ခြည်း အဖြူရောင်တို့စွန်းထင်းသွားသည်။ဓားပေါ်တွင် ပြင်းထန်သော သွေးနီရောင်မီးတောက်တစ်ခုကဟုန်း

ခနဲထွက်ပေါ်လာပြီး  ပြင်းထန်စွာတောက်လောင်နေ၏။

“ငရဲဘုံခုတ်ပိုင်းချက်”

ရှစ်ုဖန့်က သူ၏လက်အတွင်းမှသွေးဓားအား မြှောက်လိုက်ပြီး  ဧရာမသွေးနီရောင်ဓားချီတစ်ခုက  ထျန်းခွန်းဂိုဏ်းမှ လူနှစ်ယောက်အထက်တွင်ပေါ်လာသည်။ ရှစ်ဖုန့်၏ လှုပ်ရှားမှုနောက်လိုက်၍  ဧရာမဓားချီကြီးက အောက်သို့ ပြင်းထန်ကြမ်းကြုတ်စွာခုတ်ပိုင်း

ကျဆင်းလာ၏။

“အိုး..မဆိုးဘူး..မဆိုးဘူး”

စီနီယာအကိုကော်ဟုခေါ်သည့် အဖျားကော့သော နှုတ်ခမ်းမွှေးနှင့် လူက ကျဆင်းလာသောဓားချီအားမြင်တွေ့

လိုက်ရသောအခါတွင်  အပြုံးတစ်ခုကသူ၏မျက်နှာထက်၌ထပ်မံ၍ ပေါ်လာသည်။

သူက ပြုံးပြီးပြောလိုက်သည်။

“ဒီသိုင်းနည်းစနစ်က ကြယ်နှစ်ပွင့်သူတော်စင်အဆင့်မှာရှိနေတယ်..သူ့မှာ အဆင့်ခြောက် ရွှမ်းလက်နက်တစ်ခုရှိတယ်ဆိုပေမဲ့  ဒါကလည်း ဒီသိုင်းနည်းစနစ်က ထူးခြားတယ်ဆိုတာ သက်သေပြဖို့လုံလောက်တယ်.. ရတနာတွေအများကြီးအပြင် ဒီလူငယ်ရဲ့သိုင်းနည်းစနစ်ကလည်း ထူးခြားတဲ့ပုံပဲ.. သူကတကယ့်ကို ရွေ့လျားနေတဲ့ ရတနာတစ်ခုပဲ..သေခြင်းတားမြစ်နယ်မြေထဲကိုဝင်ရောက်ပြီးတဲ့နောက် ဒီလူက ငါတို့အတွက် အကြီးမားဆုံး စုဆောင်းရရှိမှုကြီးတစ်ခုဖြစ်လိမ့်မယ်”

အဖျားကော့သော နှုတ်ခမ်းမွှေးနှင့် လူကအပြုံးတစ်ခုနှင့်ပြောလိုက်သည်။ ရှစ်ဖုန့်၏သိုင်း နည်းစနစ်က ထူးခြားသည်ကို သူခံစားရသော်လည်း သူကဲ့သို့ ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

တစ်ယောက်အတွက်တော့  မျက်လုံးအတွင်း၌ ဘာမှအရေးမကြီးပေ။

သူ၏ညာလက်အားဖျက်ခနဲလှုပ်ရှားလိုက်ပြီး အအေးစီးကြောင်းတစ်ခုက သူ၏လက်ဖဝါးအတွင်းဖြစ်ပေါ်လာသည်။ ရုတ်ခြည်း အအေးစီးကြောင်းက ရေခဲဓားမြှောင်တစ်ခုအဖြစ်ဖွဲ့စည်းသွား၏။

ထို့နောက်တွင်  သူက သူ၏လက်ချောင်းတို့အားပေါ့ပါးစွာ

ကွေးလိုက်ပြီး  သူ့လက်အတွင်းမှ ရေခဲဓားမြှောင်မှာ   ချက်ချင်းရှေ့သို့ရွေ့လျားသွား၏။ ၎င်းကအထက်သို့ ရွှတ်ခနဲပျံတက်သွားပြီး  ပိုင်းဖြတ်ရန်ကျဆင်းလာသော  ဧရာမမီးတောက်ဓားချီထံသို့ဦးတည်သွားသည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters