← Chapters

အပိုင်း(၄၄၉)

Vol. 30 Ch. 449

အပိုင်း(၄၄၉)

Vol. 30 Ch. 449

ရွှေရောင်ဝတ်ရုံနှင့်  အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် က သူ၏လက်ထဲမှ ရေခဲရောင်ဓားမြှောင်အား  ပစ်လွှတ်လိုက်သည်။ မျက်တောင်တစ်ခတ်စာအချိန်အတွင်း  ၎င်းက  မီးတောက်ဓားချီနှင့်ပစ်ဆောင့်မိပြီး  ပေါက်ကွဲသံများအား ထွက်ပေါ်လာစေသည်။

ထို့နောက်မကြာခင် အလွန်ကြီးမားသော သွေးရောင်မီးတောက်ဓားမှပျံသန်း

လာသောရေခဲဓားမြှောင်အောက်တွင် ကောင်းကင်ထဲ၌ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားသည်။ အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်း

အရွယ်လူက  သူ၏လက်အား လက်ယက်ပြန်ခေါ်လိုက်ပြီး ရေခဲဓားမြှောင်မှာ အထက်မှအောက်သို့ လှစ်ခနဲပျံသန်းကာ နောက်တစ်ကြိမ်ထပ်မံ၍  သက်လတ်ပိုင်းအရွယ်လူ၏  လက်ထဲသို့ပြန်လည်ရောက်ရှိလာသည်။

“ဟမ့်…မင်းကမင်းကိုယ်မင်း အထင်ကြီးနေတာပဲ.. ပြီးရင်မင်းက သေခြင်းတားမြစ်နယ်မြေထဲက အေးစက်တဲ့အလောင်းတစ်ခုဖြစ်လာလိမ့်မယ်”

ရှစ်ဖုန့်၏ ဓားချီအားဖြိုခွင်းပြီးနောက်  အဖျားကော့သော နှုတ်ခမ်းမွှေးနှင့်  လူမှာ ရှစ်ဖုန့်တစ်ယောက် သူ့ထံအရှိန်အဟုန်ဖြင့် ဆက်လက်ပျံသန်းလာသည်ကိုတွေ့လိုက်ရသည်။ ရှစ်ဖုန့်က သူ့ကိုယ်သူအထင်ကြီးနေသည်ကို

တွေ့လိုက်ရသောအခါတွင်  အဖျားကော့သောနှုတ်ခမ်းမွှေးနှင့်လူမှာ  သူ၏လက်ချောင်းအားထပ်မံဖျက်ခနဲလှုပ်ရှားလိုက်ပြီး  သူ့လက်ထဲတွင်လွင့်မျောနေသော ရေခဲဓားမြှောင်က ရှစ်ဖုန့်ထံသို့နောက်တစ်ကြိမ်ရွှတ်ခနဲ

ပျံသန်းသွားသည်။

“ဟားဟား..အစတုံးက ဒီလူငယ်လေးရဲ့ပါရမီက မဆိုးဘူးလို့ငါထင်ခဲ့တာ..ဒါပေမဲ့ သူကအရမ်းရူးမိုက်လိမ့်မယ်လို့တော့ငါ မမျှော်လင့်ခဲ့ဘူး.. သူက ငါ့ကိုမယှဉ်နိုင်ဘူးဆိုတာကိုသိနေပေမဲ့.. သူကသေချင်နေတုံးပဲ..”

ရှစ်ဖုန့်က သူ့ထံသို့ ဆက်လက်ပျံသန်းလာနေသည်ကို တွေ့လိုက်ရသောအခါတွင် ချမ်ယွမ်ရှန်က အထင်သေးမှုအပြည့်ဖြင့် သရော်လိုက်သည်။ သူ၏မျက်လုံးထဲ၌ ရှစ်ဖုန့်မှာ အလောင်းတစ်ခုနှင့်ဘာမှ ကွာခြားခြင်းမရှိပေ။

ချမ်ယွမ်ရှန်၏ စကားအားကြားလိုက်ရပြီးနောက်  အဖျားကော့သောနှုတ်ခမ်းမွှေးနှင့်လူမှာ  သွားပေါ်အောင်ရယ်၍ ပြောလိုက်သည်။

“သူက တကယ်ရူးတာပဲ”

ညာလက်တွင် ဓားရှည်ကိုကိုင်ကာဘယ်လက်တွင်လပြည့်ဓားအားကိုင်ဆောင်ထားသောရှစ်ဖုန့်မှာ သူ့ထံသို့ပျံသန်းလာနေသော  ရေခဲဓားမြှောင်ကို မြင်တွေ့လိုက်ရသည်။  ရှစ်ဖုန့်ကသူ၏မျက်လုံးတို့တွင် အာရုံစူးစိုက်ထားပြီး  သူ၏ စွမ်းအားအားသူ့ကိုယ်ပေါ်ရှိ သွေးနီရောင်ချပ်ဝတ်အတွင်းသို့ ထည့်သွင်းလိုက်၏။

ရှစ်ဖုန့်ကိုယ်ပေါ်ရှိသွေးနီရောင်ချပ်ဝတ်မှာ

ချက်ချင်းဆိုသလို တောက်ပသော သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ တစ်ချိန်တည်းမှာပင်  ရှစ်ဖုန့်၏လက်အတွင်းရှိနေသောသွေးဓားကထပ်မံခုတ်ပိုင်းချလိုက်သည်။ ရှစ်ဖုန့်၏ခုတ်ပိုင်းမှုကြောင်းလခြမ်းကွေးသဏ္ဍန် အဖြူရောင်ဓားချီတစ်ခုထွက်ပေါ်လာပြီး   ရှေ့တွင်ရှိနေသော ရေခဲဓားမြှောင်ရှိရာထံသို့ အရှိန်အဟုန်ဖြင့်ပျံသန်းသွားသည်။

“အမ်”

ရှစ်ဖုန့်ကိုယ်ပေါ်ရှိ ရုတ်တရက်သွေးနီရောင်လင်းတစ်ခု တောက်ပလာသော သွေးနီရောင်ချပ်ဝတ်အား မြင်တွေ့ရသောအခါတွင် အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်နှင့်ချမ်ယွမ်ရှန်တို့ တစ်ချိန်တည်း အာမေဋိတ်ဖြစ်ပေါ်သွားရသည်။ ထို့နောက် အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်က ရယ်မောပြီးပြောလိုက်သည်။

“ဟားဟား ကောင်းတယ်..ကောင်းတယ်ကွာ.. ဒီလူရဲ့ကိုယ်မှာ ရတနာတွေနဲ့ပြည့်နေတာပဲ… ဒီသွေးနီရောင်ချပ်ဝတ်ကလည်း ထူးခြားတာပဲ ဂျူနီယာညီလေး ငါတို့တွေနောက်ထပ်အသစ်တစ်ခု ဆွပ်ခူးရတော့မယ်”

“ဟားဟား..ကျုပ်ဒါကို မမျှော်လင့်ထားဘူး”

ချမ်ယွမ်ရှန်ကလည်းရယ်မော၍ ခေါင်းညိမ့်လိုက်သည်။

ဤအချိန်တွင်  ရှစ်ဖုန့်၏ခုတ်ပိုင်းမှုကြောင့်ထွက်ပေါ်လာသောလခြမ်းကွေးသဏ္ဍန်ဓားချီက  ရေခဲဓားမြှောင်နှင့် ပစ်ဆောင့်သွားသည်။ သို့သော် ကြယ်ခုနှစ်ပွင့် သူတော်စင်နယ်ပယ်၏ ရေခဲဓားမြှောင်အောက်တွင် ရှစ်ဖုန့်၏ အဖြူရောင်လခြမ်းကွေးသဏ္ဍန်ဓားချီမှာ ဘာသဲလွန်စမှကျန်ရစ်နေခြင်းမရှိဘဲ

ပျောက်ကွယ်သွား၏။ ရေခဲဓားမြှောင်မှာ ရှစ်ဖုန့်၏ ငရဲဘုံခုတ်ပိုင်းချက်နှင့် အဖြူရောင်ဓားချီအား အနိုင်ယူပြီးနောက်ရှစ်ဖုန့်ထံသို့နောက်တစ်ကြိမ်ပျံသန်းလာသည်။

ဤအချိန်တွင်  ရေခဲဓားမြှောင်ကသူ့အား ထပ်မံတိုက်ခိုက်လာနေသည်ကိုတွေ့ရသော်လည်း ရှစ်ဖုန့် ဆုတ်ခွာခြင်းမပြုပေ။ ထိုအစား   သူကရှေ့သို့ ဆက်တိုးလိုက်သည်။ များပြားလှသော သိပ်သည်းသည့် အဖြူရောင်ဓားချီများအား  သူ၏ရှေ့သို့  ဓားဖြင့်ဝှေ့ယမ်းဖော်ထုတ်လိုက်သည်။ များပြားလှသောဓားချီများမှာ  ရှစ်ဖုန့်၏ ခန္ဓာကိုယ်တစ်ခုလုံးအား  ဖုံးအုပ်လုနီးပါးဖြစ်သွားသည်။

“ဟမ့်…ဒီလူရဲ့ သိုင်းနည်းစနစ်တွေက တကယ့်ကို အံ့ဖွယ်ထူးခြားတာပဲ…..ဒါပေမဲ့  သူက စီနီယာရဲ့ တိုက်ခိုက်မှုကို တားဆီးနိုင်မယ်ထင်နေတာလား စီနီယာအကိုကော်…ပြောရရင် ခွန်အားတစ်ခုက ဆယ်ခုကိုအနိုင်ယူနိုင်တယ်.. အကြွင်းမဲ့စွမ်းအားနဲ့  ရင်ဆိုင်ရတဲ့အခါမှာ  သိုင်းပညာအားလုံးက အသုံးမဝင်တော့ဘူး”

ချမ်ယွမ်ရှန်က   ဓားချီဖြင့်တားဆီးရန်လုပ်နေသော ရှစ်ဖုန့်အားကြည့်၍  အထင်သေးမှုအပြည့်ဖြင့်သူ၏

ခေါင်းအားခါယမ်းလိုက်သည်။

ဤအခိုက်အတန့်တွင်  ရေခဲဓားမြှောင်က ရှုပ်ယှက်ခက်နေသော  အဖြူရောင်ဓားချီတို့အတွင်းဝင်ရောက်လာသည်။ အစောက  ချမ်ယွမ်ရှန်ပြောသကဲ့သို့ပင်  ခွန်အားတစ်ခုက ဆယ်ခုအားအနိုင်ယူနိုင်သည်ဖြစ်သည်။ အကြွင်းမဲ့စွမ်းအားနှင့် ကြယ်ခုနှစ်ပွင်းသူတော်စင်နယ်ပယ်တစ်ဦး၏ ရေခဲဓားမြှောင်အား ရင်ဆိုင်ရသောအခါ၌  အဖြူရောင်ဓားချီတို့မှာ ချက်ချင်းလက်ငင်း သုတ်သင်ခံလိုက်ရသည်။ ဤအချိန်တွင်  နောက်ဆုံး၌ ဓားချီတို့၏အနောက်ဘက်တွင်

ရှစ်ဖုန့်၏ပုံရိပ်ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်၌  တောက်ပသောသွေးနီရောင်အလင်းအားထုတ်လွှတ်နေသည့် ရှစ်ဖု့န်၏ကိုယ်ပေါ်ရှိ သွေးနီရောင်ချပ်ဝတ်အပြင်  ထူးဆန်းပြီးအနက်နှင့်အဖြူရောင်ရှိသော တစ္ဆေမျက်နှာဖုံးတစ်ခုကလည်း သူ၏ မျက်နှာပေါ်၌ရှိနေသည်ဖြစ်သည်။

မျက်နှာဖုံးထက်ရှိ တစ္ဆေမျက်နှာမှာ တစ်ချိန်တည်း၌ ငိုခြင်းရောရယ်ခြင်းရောနှစ်မျိုးစလုံးဖြစ်ပေါ်နေသည်။၎င်းက လူများအား ဘဝင်မကျသောခံစားမတစ်ခုအား ခံစားရစေသည်ဖြစ်သည်။ ချမ်ယွမ်ရှန်နှင့် အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင် တို့နှစ်ဦးစလုံး တစ်စ္ဆေမျက်နှာဖုံးအား မြင်တွေ့လိုက်ရသောအ ခါတွင် ဘဝင်မကျမှုကိုခံစာလိုက်ကြရသည်။

သူတို့အနေဖြင့် ဤခံစားချက်အားမည်ကဲ့သို့ဖော်ပြရမည်မှန်းမသိသော်လည်း  ၎င်းမှာ သူတို့၏နှလုံးသားအတွင်းမှ စိတ်ဘဝင်မကျမှုဖြစ်သည်။

ဤအချိန်တွင် မဆင်မခြင်နိုင်သောလူငယ်အား  သူ့ရှေ့ရှိ အဖြူရောင်ဓားချီများပျောက်ကွယ်သွား

ပြီးနောက်၌ မြင်တွေ့လိုက်ရသည်။ ၎င်းက တကယ်ကြီးသူ၏ရင်ဘက်အားအသုံးပြု၍   သူ့ထံသို့ပျံသန်းလာနေသော ရေခဲဓားမြှောင်အားပစ်ဝင်ဆောင့်လိုက်၏။

“ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ် လှုပ်ခတ်ခြင်း ”

ရေခဲဓားမြှောင်က သူ၏ ရင်ဘက်ထံသို့ ဝင်လာသည့်အခိုက်အတန့်တွင်  ရှစ်ဖုန့်ကအသံတိုးဖြင့်ပြောလိုက်သည်။ သူ၏ ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်က  ချက်ချင်းပဲ အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းအရွယ်လူအားလှုပ်ခတ်သွားစေသည်။  တစ်ချိန်တည်းတွင်  သူ၏ဘယ်လက်ထဲတွင်ရှိနေသော လပြည့်ဓားအား ရှစ်ဖုန့်တစ်ယောက် ပြင်းထန်စွာရှေ့သို့လွှဲယမ်းလိုက်သည်။

လပြည့်ဓား က  ဟင်းလင်းပြင်ထဲတွင် အရှိန်အဟုန်ဖြင့် တဝှီဝှီလည်ပတ်ပြီး  ရုတ်တရက် မီးခိုးဖြူရောင်မီးတောက်တစ်ခု ဟုန်းခနဲတောက်လောင်ကာ  လေမီးတောက်ဘီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။  ရှစ်ဖုန့်က ဤလပြည့်ဓားအား ကိုနှုတ်ခမ်းမွေးကိုမတိုက်ခိုက်ပဲ ချမ်ယွမ်ရှန်ဆီသို့ပျံသန်းသွားစေ၏။

“အား”

ရေခဲဓားမြှောင်က  တလက်လက်တောက်ပနေသော ချပ်ဝတ်ထံသို့ ပျံသန်းလာပြီး  ပြင်းထန်သောအားတစ်ခုက ရှစ်ဖုန့်အားထိမှန်သွားသည်။ ရုတ်တရက်  ပါးစပ်အပြည့်သွေးတစ်ပွက်ကိုရှစ်ဖုန့်အန်ထုတ်လိုက်ပြီး  ပြင်းထန်သော အားသက်ရောက်မှုအောက်၌ ရှစ်ဖုန့်၏ကိုယ်မှာ ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့လွင့်ထွက်သွားသည်။

“အား”

ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော  ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ခြင်းဆီးလ်အောက်တွင်   ကိုနှုတ်ခမ်းမွှေးတစ်ယောက် ရုတ်တရက် သူ၏ခေါင်းအား ဧရာမတူကြီးတစ်လက်ဖြင့် အထုခံလိုက်ရသလိုခံစားလိုက်ရပြီး  ရုတ်ခြည်းနာကျင်စွာအော်ဟစ်လိုက်၏။

“အား”

ချမ်ယွမ်ရှန်၏မျက်နှာထက်တွင် တုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်ကလပြည့်ဓားအားပစ်လွှတ်လိုက်သည်ကို သူမြင်တွေ့ခဲ့သည်။ မီးခိုးဖြူရောင်မီးတောက်တို့တောက်

လောင်နေသောလပြည့်ဓားကသူ့ထံသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေ၏။  လပြည့်ဓားအားကြည့်ရင်း ကြယ်ငါးပွင့်သူတော်စင်နယ်ပယ်ချမ်ယွမ်ရှန်

တစ်ယောက် နှလုံးသားထဲမှ စွမ်းအားမဲ့မှုအသိကိုခံစားလိုက်ရသည်။

ဤအချိန်တွင် သူ့ဘေးတွင်ရှိနေသော စီနီယာအကိုကော်၏ နာကျင်စွာအော်ဟစ်သံကိုကြားလိုက်ရသည်။ ဘာဖြစ်သွားမှန်းသူမသိသော်လည်း   စွမ်းအားကြီး စီနီယာအကိုကော်တစ်ယောက် တကယ်ကြီး နာကျင်စွာအော်ဟစ်နေသည်။

“လက်ဝါးတစ်ထောင် တံလျှပ်တစ်ခု ချိုးဖျက်စမ်း”

ချမ်ယွမ်ရှန်တစ်ယောက် အော်ဟစ်လိုက်ပြီး သူ၏လက်နှစ်ဖက်လုံးအားလှုပ်ရှားလိုက်သည်။ရုတ်တရက်  များပြားလှသော လက်ဝါးရိပ်များကသူ၏ရှေ့တွင်ပေါ်လာ၏။ ၎င်းတို့ကပြွတ်သိပ်နေပြီး လက်ဝါးရိပ်ထောင်ပေါင်းများစွာကဲ့သို့

ပင်ဖြစ်သည်။ သိပ်မကြာခင်  လက်ဝါးရိပ်ထောင်ပေါင်းများစွာက  တစ်ခုတည်းအဖြစ်ဖွဲ့စည်းသွားပြီး  အစစ်အမှန်လက်ဝါးတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ထို့နောက် ချမ်ယွမ်ရှန်ထံသို့ ပျံသန်းလာနေသော မီးခိုးဖြူရောင်မီးတောက်ဓားထံသို့ တစ်ဟုန်ထိုးဦးတည်သွား၏။

“ဝုန်း”

“အား”

ခဏလေးနှင့် အဖြစ်အပျက်များစွာဖြစ်ပွားသွားသော်လည်း  ရှစ်ဖုန့်၏ထိန်းချုပ်မှုအောက်၌ ၎င်းတို့အားလုံးမှာ တစ်ချိန်းတည်းတွင်ဖြစ်သွားခြင်းဖြစ်သည်။

ရှစ်ဖုန့်၏ကိုယ်က နောက်သို့ အချိန်ခဏ လွင့်ပျံသွားပြီးရုတ်တရက် ရပ်တန့်သွားသည်။  သူကသူ၏ အမွှေးနက်များဖြင့်  ဘယ်လက်အားဆန့်ထိုတ်လိုက်ပြီး တစ္ဆေမျက်နှာဖုံးကိုချွတ်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်၌ သွေးစီးကြောင်းတစ်ခုရှိနေပြီး  သူ့ကိုယ်သူကာကွယ်ရန်အတွက် သွေးချပ်ဝတ်အားအသက်သွင်းခဲ့ခြင်းဖြစ်သည်။ သူဒဏ်ရာရခဲ့သော်လည်း  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ ရေခဲဓားမြှောင်တိုက်ခိုက်မှုအား  တားဆီးရန် လုပ်ဆောင်နိုင်ခဲ့သေးသည်ဖြစ်သည်။

ရေခဲဓားမြှောင်က ဧရာမမီးတောက်

ဓားအား ဖြိုခွင်းပြီး  ရှစ်ဖုန့်အားပြင်းထန်စွာတိုက်ခိုက်ခဲ့ခြင်း

ဖြစ်သည်။ ရှစ်ဖုန့်က စွမ်းအားအကုန်အသုံးပြုခဲပြီး  ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်စွမ်းအားကိုအသုံးပြု၍ သွေးချပ်ဝတ်အား  အလျှင်အမြန်အသက်သွင်းခဲ့ခြင်း

ဖြစ်သောကြောင့် ၎င်းအားခုခံနိုင်ခဲ့ခြင်းက ကျိုးကြောင်းဆီလျော်သည်ဖြစ်၏။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters