အပိုင်း(၄၅၀)
Vol. 30 Ch. 450
မျက်စိတစ်မှိတ်အတွင်း ရှစ်ဖုန့်၏ လှုပ်ရှားမှု ရပ်တန့်သွားပြီးနောက် အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူမှာလည်း
ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်၏ သက်ရောက်မှုမှ ပြန်လည်ကောင်းမွန်လာသည်။
“အား”
သို့သော် အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်မှာ သူ၏ဘေးမှ လွန်စွာ နာကျင်သောအော်ဟစ်သံကိုကြားလိုက်ရသောအခါတွင်ကြက်သေသေသွားသည်။ သူက ခေါင်းအား မပြေမပြစ်လှည့်လိုက်၏။
အစကသူ၏ဘေးတွင်ရှိနေသော ချမ်ယွမ်ရှန်မှာ သူအသိစိတ်လွတ်သွားသည့် အခိုက်အတန့်လေးတွင် သူ၏တစ်ကိုယ်လုံး၌ မီးခိုးဖြူရောင်မီးတောက်များတောက်လောင်နေသည်ကိုတွေ့လိုက်ရသည်။စိတ်မချမ်း
မြေ့ဖွယ်ကောင်းသော စူးစူးဝါးဝါးအော်ဟစ်သံက သူ၏ နားထဲသို့ မီးခိုးဖြူရောင်မီးတောက်များဝါးမျိုခြင်းခံထားရသော ချမ်ယွမ်ရှန်ထံမှ ဝင်ရောက်လာသည်။
“ဂျူနီယာညီလေး ချမ်”
အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် က အော်ပြောလိုက်သည်။ ထို့နောက် မီးခိုးဖြူရောင်မီးတောက်လူသားအဖြစ်ပြောင်းလဲသွားသောချမ်ယွမ်ရှန်၌ မီးတောက်များက အရှိန်အဟုန်ဖြင့်မြင့်တက်လာသည်ကို
တွေ့လိုက်ရသည်။
အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်က လျှင်မြန်စွာလှုပ်ရှားလိုက်ပြီး တစ်ဟုန်းဟုန်းတောက်လောင်နေသော မီးခိုးဖြူရောင်မီးတောက်ထံသို့ ပျံသန်းသွားလိုက်သည်။ ဤအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်ကလည်းလှုပ်ရှားပြီးဖြစ်သည်။ နောက်တစ်ကြိမ် ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလိုက်ပြီး မိုးပြာရောင်ဟင်းလင်းပြင်ထဲ၌ အဖြူရောင်ပုံရိပ်များကိုသာ နောက်တွင် အတွဲလိုက်ချန်ရစ်ထားခဲ့သည်။
“သိပ်သည်းစမ်း”
ပျံသန်းနေရင်း အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်က သူ၏ညာလက်ဖဝါးအား ရှေ့ရှိတောက်လောင်နေသော မီးတောက်ထံသို့ ဦးတည်လိုက်သည်။ ရုတ်ခြည်း မီးတောက်ဝန်းကျင်တွင် ရေခဲစွမ်းအင်တစ်ခုပေါ်လာသည်။ဤရေခဲစွမ်းအင်၌ ဟင်းလင်းပြင်အား အေးခဲစေနိုင်သော စွမ်းအားပါရှိပုံရသည်။ ဤရေခဲစွမ်းအင်အောက်တွင် မီးခိုးဖြူရောင်မီးတောက်များက ရှေ့သို့တိုးနေရာမှ ရုတ်တရက်ရပ်တန့်သွား၏။ ကျစ်လစ်သောရေခဲပုံစံရှိသည့် အလွှာတစ်ခုက မီးတောက်အပြင်ဘက်တွင် ပေါ်လာသည်။
“လောင်ကျွမ်းစမ်း”
သို့သော် ရှစ်ဖုန့်က အခြားတစ်ဖက်ခြမ်းသို့ရောက်ရှိလာသည်။ သူ၏ကိုယ်မှ သွေးနီရောင်မီးတောက်တစ်ခု ဟုန်းခနဲထွက်ပေါ်လာပြီး မီးခိုးဖြူရောင်မီးတောက် အပြင်ဘက်မှ ရေခဲလွှာအားလောင်ကျွမ်းသွားစေသည်။
တစ်ချိန်တည်းမှာပင် ရှစ်ဖုန့်၏တိုက်စားခြင်းနတ်ဆိုးမျက်လုံးက ခပ်ကျယ်ကျယ်ပွင့်သွားပြီး တလိပ်လိပ်ထနေသော အနက်ရောင်မြူခိုးများ က ထွက်လာကာ သွေးနီရောင်မီးတောက်နော်သို့လိုက်ပါ၍ ရှေ့သို့ သိမ်းကျုံး တက်သွားသည်။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်က ထပ်မံအော်လိုက်သည်။ မီးတောက်များ၊ အနက်ရောင်မြူနှင့် ရေခဲအတွင်းမှ လပြည့်ဓားတို့က အတူတကွ လုပ်ဆောင်ကြသည်။ ကြွတ်ဆပ်သော “ဘန်း”ဟူသည့်အသံနှင့်အတူ ရှစ်ဖုန့်၏ တိုက်ခိုက်မှုအောက်တွင် မီးခိုးဖြူရောင်မီးတောက်တို့အားလွှမ်းခြုံ
ထားသော ရေခဲလွှာမှာ ကွဲကြေသွားပြီး ရေခဲအကျိုးအပဲ့များက ဦးတည်ချက်အနှံ့သို့ ကျယ်ပြန့်စွာ လွှင့်ပျံထွက်သွားသည်။
“ချီးပဲ”
ရေခဲစွမ်းအင် ချိုးဖျက်ခံလိုက်ရသောအခါတွင် အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်၏ မျက်နှာ၌ ဒေါကြောင့်ခက်ထန်သောအသွင်အပြင်
တစ်ခုပေါ်လာသည်။ သို့သော် မီးခိုးဖြူရောင်မီးတောက်များက ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်နေသည်ကို သူရုတ်ခြည်းတွေ့လိုက်ရသည်။ မီးခိုးဖြူရောင်မီးတောက်များအတွင်းတွင် သွေးနီရောင်သွေးလုံးတစ်ခုက ရှစ်ဖုန့်၏ကိုယ်အတွင်း ရူးသွပ်စွာ ဦးတည်နေ၏။ ထို့နောက်လူငယ်ကိုယ်ပေါ်၌ အဖြူရောင်အလင်းတစ်ခုလင်းလက်သွားသည်။ ယင်းမှာ ကျင့်ကြံသူတစ်ဦး အဆင့်တက်ရာ၌ဖြစ်ပေါ်သောအလင်းဖြစ်သည်။
ထျန်းခွန်းဂိုဏ်း၏တပည့်ဖြစ်သူ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ် ချမ်ယွမ်ရှန်တစ်ယောက် ကျဆုံးသွားခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်မှာ ကြယ်ငါးပွင့်သူတော်စင်နယ်ပယ် ချမ်ယွမ်ရှန်၏ သေခြင်းစွမ်းအင်၊ ဝိညာဉ်စွမ်းအင်နှင့် သွေးတို့အား ဝါးမျိုပြီးနောက် ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်သို့ဝင်ရောက်သွားသည်။ တိုက်ပွဲအတွင်းသူအသုံးပြုခဲ့သော စွမ်းအင်တို့က ပြန်လည်ပြည့်တင်းလာပြီး သူ၏အရှိန်အဝါမှာလည်း ကြီးစွာပြောင်းလဲသွား၏။
ရှစ်ဖုန့်ကသူ၏ အမွှေးနက်များဖြင့် ဘယ်လက်အားဆန့်ထုတ်လိုက်ပြီး သူ့ရှေ့ရှိ မီးခိုးဖြူရောင်မီးတောက်တို့အား ဆုပ်ကိုင်လိုက်သည်။ မီးတောက်တို့အတွင်းမှ လပြည့်ဓားအားဆုပ်ကိုင်လိုက်သောအခါတွင် မီးခိုးဖြူရောင်မီးတောက်တို့မှာ ရုတ်ခြည်းပျောက်ကွယ်သွား၏။ ရှစ်ုဖန့်၏အမွှေးနက်လက်အတွင်းမှ လပြည့်ဓားအပြင် ကောင်းကင်ဝိညာဉ်အပြာရောင်သလင်း
ကျောက်နှင့် သိုလှောင်လက်စွပ်တစ်ကွင်းလဲရှိနေသည်။
ထို့နောက် ရှစ်ဖုန့်ကရှေ့သို့ အေးစက်စွာကြည့်လိုက်သည်။ အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းလူမှာ ကြီးမားသော ရေခဲဓားရှည်တစ်လက်ကို ဖွဲ့စည်းထားပြီး သူ့ထံသို့ခုတ်ပိုင်းလိုက်သည်။ ရေခဲဓားရှည်ဖြတ်သန်းသွားသောနေရာ
တိုင်းတွင် ရေခဲကြောင့် ဟင်းလင်းပြင်နေရာတစ်ခုလုံး အေးခဲသွားပုံရလေသည်။
ကောင်းကင်ဝိညာဉ်အပြာရောင်သလင်းကျောက်နှင့် ချမ်ယွမ်ရှန်၏ သိုလှောင်လက်စွပ်အား သိုလှောင်လက်စွပ်အတွင်းထားပြီးနောက် ရှစ်ဖုန့်၏လက်အတွင်းမှ လပြည့်ဓားမှာ တဝှီဝှီလည်ပတ်ပြီး ရှစ်ဖုန့်၏ လက်အတွင်းမှ ပျံသန်းထွက်သွားသည်။
ကျယ်လောင်သော “ဘန်း” ဟူသည့်အသံနှင့်အတူ လပြည့်ဓားနှင့် ရေခဲဓားရှည်တို့ပစ်ဆောင့်မိကြသည်။ သို့သော် လပြည်ဓားကတော့လည်ပတ်နေပြီး ရေခဲဓားရှည်မှာ ရေခဲအပိုင်းအစများအဖြစ်ကွဲကြေသွား၍ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ မိုးပြာရောင်ကောင်းကင်ထဲတွင် မိုးသီးများဖြင့်ပြည့်နှက်နေသကဲ့သို့ပင်ဖြစ်သည်။
“ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ
အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းလူမှာ ရှစ်ဖုန့်အဆင့်တက်သွားပြီး သူ၏တိုက်ခိုက်မှုက ရှစ်ဖုန့်ကြောင့်အလွယ်တကူ ကျိုးပျက်သွားသည်ကိုမြင်တွေ့လိုက်ရသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်မှုများဖြင့်ပြည့််နှက်နေ၏။ အချိန်တိုကာလလေးအတွင်း သူ့ရှေ့တွင်ရှိနေသော လူငယ်က လုံးဝခြားနာသော လူတစ်ယောက်ဖြစ်လာသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူမှာ လက်သင့်ခံနိုင်ရန်ခက်ခဲနေသည်။ ဤအချိန်တွင် သူ့အနေဖြင့် တော်တော်လေးတုန်လှုပ်အံ့အားသင့်နေပြီး မယုံကြည်နိုင်ဖြစ်နေ၏။ သူ၏ဂျူနီယာညီချမ်ယွမ်ရှန်၏ သေဆုံးသွားမှုကိုပင် မေ့နေခဲ့သည်။
ထို့နောက် အဖျားကော့သော နှုတ်ခမ််းမွှေးပိုင်ရှင် သက်လတ်ပိုင်းလူမှာ ချမ်ယွမ်ရှန်ပြောခဲ့သည်ကိုတွေးမိသွားသည်။ သေခြင်းတားမြစ်နယ်မြေအပြင်ဘက်၌ ဤလူငယ်မှာ ကြယ်တစ်ပွင့်သူတော်စင်နယ်ပယ်ကျင့်ကြံသူတစ်ဦးအနေဖြင့်သာရှိခဲ့သည်ဖြစ်သည်။ ချမ်ယွမ်ရှန်သေခြင်းတားမြစ်နယ်မြေထဲ၌ရှိနေခဲ့သည်မှာ အချိန်ခဏလေးရှိသေးသည်ဖြစ်၏။
အချိန်ဘယ်လောက်များကြာခဲ့ပါသနည်း။ဤလူမှာ တကယ်ကြီး ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်အဆင့်သို့ ဝင်ရောက်ခဲ့သည်။ ဤကဲ့သို့ကျင့်ကြံမှုအမြန်နှုန်းအား ရိုးရှင်းစွာပင်မကြားခဲ့ဖူးချေ။ ဤကမ္ဘာကြီးတွင် ဤကဲ့သို့ အရာမျိုးမည်ကဲ့သို့ ဖြစ်နိုင်ရပါသနည်း။
ရှစ်ဖုန့်၏တိုးတက်မှုက အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းအရွယ်လူ၏ သိုင်းပညာလမ်းကြောင်းအပေါ်၌နား
လည်မှုအား သာလွန်သွားခဲ့ပြီဖြစ်သည်။
ရှစ်ဖုန့်က သူ၏လက်ကိုဆန့်ထုတ်၍ သူ့ထံသို့ပြန်လည်ပျံသန်းလာသော လပြည့်ဓားအား ဖမ်းယူလိုက်သည်။ သူက သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးအား အေးစက်စွာကြည့်လိုက်ပြီး သွားပေါ်အောင်ရယ်လိုက်သည်။ သူကအေးစက်စွာပြောလိုက်၏။
“ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်လား.
.အရမ်းကိုလည်နေတယ်ပေါ့ဟုတ်လား”
“လျှို့ဝှက်ပညာရပ်..ဟုတ်တယ် အမှန်ပဲ..ဒါက လျှို့ဝှက်ပညာရပ်တစ်ခုပဲဖြစ်ရမယ်”
ရှစ်ဖုန့်အားကြည့်၍ ကိုနှုတ်ခမ်းမွှေးတစ်ယောက် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ထိုအချိန်က ရှစ်ဖုန့်မှာ ဂျူနီယာညီလေး ချမ်ယွမ်ရှန်၏သွေးအား စုပ်ယူခဲ့ပြီး သူ၏ကိုယ်၌ အဆင့်တက်အလင်းလင်းလက်သွားသည်ကိုမြင်တွေ့ခဲ့ရသည်။ သူက သူ၏ အဆင့်နှင့်ခွန်အားအား အတင်းအကျပ်မြှင့်တင်ရန်အတွက် လျှို့ဝှက်ပညာရပ်တစ်ခုအားအသုံးပြု၍သွေးတို့အားစုပ်ယူခဲ့ခြင်းဖြစ်ရမည်ဖြစ်သည်။ သက်လတ်ပိုင်းအရွယ်ကိုယ်နှုတ်ခမ်းမွှေးမှာ လူတစ်ယောက်၏ စွမ်းအားအားအတင်းအကျပ်မြှင့်တင်နိုင်သော လျှို့ဝှက်ပညာရပ်အချို့ကိုကြားဖူး
သည်ဖြစ်သည်။
သို့သော် ဤကဲ့သို့ လျှို့ဝှက်ပညာရပ်များက ကျင့်ကြံသူအပေါ်၌ ကြီးစွာသောဘေးထွက်ဆိုးကျိုးတစ်ခုကိုဖြစ်စေလိမ့်မည်ဖြစ်၏။ထိုထက်ပိုသည်က ၎င်းတို့အနေဖြင့် လူတစ်ယောက်၏ စွမ်းအားအားယာယီသာမြှင့်တင်ပေးနိုင်ခြင်းဖြစ်သည်။
ဤအရာတွေးမိသောအခါတွင် သက်လတ်ပိုင်းအရွယ်ကို နှုတ်ခမ်းမွှေးမှာ ချက်ချင်းစိတ်သက်သာရာရမှုကိုခံစား
လိုက်ရသည်။အခြေအနေအား ပြန်လည်ထိန်းချုပ်လာနိုင်သကဲ့သို့ နောက်တစ်ကြိမ်ထပ်မံ၍ သူ၏မျက်နှာထက်တွင်သရော်ပြုံးပေါ်လာသည်။သူကရှစ်ဖုန့်အားသရော်၍ပြောလိုက်သည်။
“ဟမ့်..လျှို့ဝှက်ပညာရပ်လေးတစ်ခုကို
သုံးပြီးတော့ မင်းရဲ့စွမ်းအားကိုအတင်းအကျပ်မြှင့်
တင်နိုင်တာနဲ့ပဲ ငါ့ကိုအနိုင်ယူနိုင်မယ်ထင်နေတာလား..ဟမ့် မင်းရဲ့လျှို့ဝှက်ပညာရပ်က ဘယ်လောက်ထိကြာကြာခံမလဲဆိုတာ
ကိုငါသိချင်သေးတယ်”
ထိုသို့ပြောပြီးနောက် ကိုနှုတ်ခမ်းမွှေးကသူ၏ညာလက်အား ရှေ့သို့ ဝေ့ယမ်းလိုက်သည်။ သူ့ညာလက်ဖြတ်သွားသည့်နေရာတိုင်းတွင် ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်အ
ဆင့်ရှိသော ရေခဲဓားမြှောင်တစ်ခုစီပေါ်လာသည်။ သူ၏ရှေ့တွင်ရေခဲဓားမြှောင် ဆယ်သုံးချောင်းအထိရှိနေ၏။
“သွားစမ်း”
သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးက အော်ပြောလိုက်သည်။ သူ့ရှေ့ရှိ ရေခဲဓားမြှောင်ဆယ့်သုံးချောင်းမှာ
ရုတ်တရက် အတူတကွ လှစ်ခနဲထွက်သွားပြီး ရှေ့တွင်ရှိနေသော ရှစ်ဖုန့်ထံသို့ပျံသန်းသွားသည်။
လပြည့်ဓားမှာ ရှစ်ဖုန့်၏လက်ဝါးအတွင်းဆက်လက်လည်ပတ်နေသည်။ ရှစ်ဖုန့်က ငရဲဘုံကိုးခု စွမ်းအားအား ဤအတွင်းထည့်သွင်းလိုက်ပြီး လပြည့်ဓား က မြန်သည်ထက်မြန်စွာလည်ပတ်လာသည်။ သူ့ထံသို့ပျံသန်းလာနေသော ရေခဲဓားမြှောင်တို့အားကြည့်၍ လပြည့်ဓားအားထပ်မံလည်ပတ်စေကာ အော်ပြောလိုက်သည်။
“ချိုးဖျက်စမ်း”
“ဝှစ်ရှ်.ဝှစ်ရှ်..ဝှစ်ရှ်..ဝှစ်ရှ်..”
လပြည့်ဓားမှာ ဟင်းလင်းပြင်ထဲ၌ လည်ပတ်ရင်း လေထုအားပိုင်းဖြတ်နေသကဲ့သို့ “ဝှစ်ရှ် ..ဝှစ်ရှ်” ဟူသော အသံတို့ကိုဖြစ်ပေါ်စေသည်။ ထို့နောက်လပြည့်ဓားက ပျံသန်းလာနေသော ရေခဲဓားမြှောင်တို့ဖြင့် ပစ်ဆောင့်သွားသည်။
“ဝုန်း”
ပြင်းထန်သောစွမ်းအားတို့ တစ်ခုနှင့်တစ်ခု ပစ်ဆောင့်မိပြီး ပြင်းထန်သော “ဝုန်း”ဟူသည့်အသံထွက်ပေါ်လာစေကာ ဟင်းလင်းပြင်နေရာလွတ်တစ်ခုလုံးအား တုန်ခါသွားစေသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE