အပိုင်း(၄၅၁)
Vol. 31 Ch. 451
“ဖန်း”
ကျယ်လောင်သော အသံတစ်ခုထွက်ပေါ်လာသည်။
“ဖန်း.ဖန်း.ဖန်း.ဖန်း..ဖန်း”
ပြင်းထန်သော အသံများက
ဆက်တိုက်ဆိုသလို အဆက်မပြတ်နောက်မှလိုက်ပါ ထွက်ပေါ်လာ၏။ လပြည့်ဓား၏ တဝှီဝှီလည်ပတ်မှုအောက်တွင် ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်
တစ်ယောက်၏ စွမ်းအားများပါဝင်သော ရေခဲဓားမြှောင်များမှာ တစ်ခုပြီးတစ်ခု ကွဲကြေကုန်သည်။
ရေခဲဓားမြှောင်များအားဖျက်ဆီး
ပစ်ပြီးနောက်လပြည့်ဓားမှာ
ရပ်တန့်ခြင်းမရှိဘဲ အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းအရွယ်လူထံသို့ တဝှီဝှီလည်ပတ်ဦးတည်သွားသည်။
ရွှေရောင်ဝတ်ရုံရှည်အား ဝတ်ဆင်ထားသော သက်လက်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးမှာ သူ၏တိုက်ခိုက်မှုက ကျိုးပျက်သွားသည်ကို မြင်တွေ့လိုက်ရပြီး လခြမ်းကွေးပုံစံဓားက သူ့ထံသို့ ပျံသန်းလာသည်ကိုမြင်တွေ့လိုက်ရသည်။ သူ့အနေဖြင့် သူ့ရှေ့တွင်ရှိနေသော လူငယ်အား နောက်ထပ်တစ်ကြိမ်နားလည်မှုလွဲသွားသည်ကိုသိလိုက်သည်။ လူငယ်နှင့်သူပိုတိုက်ခိုက်လေ စိတ်တုန်လှုပ်မှုနှင့် ဘဝင်မကျမှုတို့ကို သက်လတ်ပိုင်းအရွယ် ကိုနှုတ်ခမ်းမွှေးတစ်ယောက်ခံစား
ရလေဖြစ်သည်။
“ဒီလူငယ်သေမှရမယ်”
သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေး၏မျက်နှာထက်တွင် ခက်ထန်သော ဒေါသတစ်ခုက ထပ်မံ၍ပေါ်လာသည်။ ထို့နောက် မကြာခင် သူက အသံတိုးတိုးဖြင့်အော်ပြောလိုက်သည်။
“ထျန်းခွန်းဧရာမ လက်ဝါးပုံရိပ်”
အော်သံခပ်တိုးတိုးနောက်သို့လိုက်ပါ၍ သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးက ရုတ်တရက်သူ၏လက်ဝါးအားရှေ့သို့ တွန်းထုတ်လိုက်သည်။
ထျန်းခွန်း ဧရာမလက်ဝါးပုံရိပ်မှာ ထျန်းခွန်း ဂိုဏ်း၏ ပြောင်မြောက်သော နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ ၎င်းက တော်တော်လေး အဖျက်စွမ်းအားကြီးမားသော်လည်း မူလစွမ်းအင်အများအပြားကိုလည်းကုန်ဆုံးစေသည်ဖြစ်သည်။ ထျန်းခွန်း ဧရာမလက်ဝါး ပုံရိပ်အား အသုံးပြုပြီးပြီးချင်း ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူတစ်ဦးဖြစ်သော သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးသည်ပင်လျှင် သူ၏မူလစွမ်းအင်အားလုံးနီးပါးအားအသုံးပြုပြီးလုနီးပါးဖြစ်သွားခဲ့သည်။
သူ၏လက်ဝါးအားရှေ့သို့တွန်းထုတ်လိုက်သကဲ့သို့ ခမ်းနားသော ရေခဲချီစီးကြောင်းတစ်ခုက ရုတ်ခြည်း သက်လတ်ပိုင်း အရွယ်ကိုနှုတ်ခမ်းမွှေးရှေ့
သို့သိမ်းကျုံးတက်သွားသည်။ဤခမ်းနားသော ရေခဲချီစီးကြောင်းမှာ ရေခဲတောင်တစ်ခုကဲ့သို့ လွန်စွာကြီးမားသော ရေခဲလက်ဝါးကြီးတစ်ခုအဖြစ်
လျှင်မြန်စွာဖွဲ့စည်းသွား၏။ရုတ်ခြည်း ၎င်းက ကျယ်လောင်သော “ဘန်း” ဟူသည့်အသံနှင့်အတူ ရှေ့သို့ပျံသန်းသွားပြီး ပျံသန်းလာနေသောလပြည့်ဓား
နှင့်တွေ့ဆုံသွားသည်။
ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်ဖြစ်
ပေါ်လာပြီးမကြာခင် အစက သက်လတ်ပိုင်းအရွယ်ကိုယ်နှုတ်ခမ်း
မွှေးအားသတ်ပစ်နိုင်သည်ဟုတွေးနေခဲ့သော ရှစ်ဖုန့်ပင် တုန်လှုပ်အံ့အားသင့်သွားရသည်။ ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်ထံမှာ လပြည့်ဓား၏စွမ်းအားထက်သာလွန်သော အားကောင်းသည့်စွမ်းအားတစ်ခုကို ရှစ်ဖုန့် ခံစားနိုင်သည်ဖြစ်သည်။
“ဖန်း”
ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်က လပြည့်ဓားအားထိမှန်သွားပြီး ကျယ်လောင်သောအသံတစ်ခု
ထွက်ပေါ်လာသည်။ ငရဲဘုံကိုးခု သေခြင်းစွမ်းအင်ဖြင့်ပေါင်းစည်းထားပြီးကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်၏ စွမ်းအားတို့ရှိသော လပြည့်ဓားမှာ ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်ကြောင့် ရုတ်ခြည်းအဝေးသို့လွင့်ထွက်သွားသည်။ ထျန်းခွန်းလက်ဝါးဧရာမ လက်ဝါးပုံရိပ်က ရှစ်ဖုန့် ထံသို့ ဆက်လက်ရွေ့လျားလာသည်။
“တားဆီးစမ်း”
တစ်ဟုန်ထိုးချဉ်းကပ်လာနေသော ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်အားကြည့်၍ နောက်တစ်ကြိမ်ကြုံးဝါးလိုက်ကာ ယွမ်ချီပြန်လည်ဖြည့်တင်းဆေးလုံးများအား တစ်ခုပြီးတစ်ခု ဝါးမျိုလိုက်ပြီး အရူးအမူး ဝါးစားနေသည်။ သူ့ကိုယ်အတွင်းမှစွမ်းအင်တို့အား သွေးနီရောင်ချပ်ဝတ်အတွင်းသို့ အရူးအမူးသွန်းလောင်းလိုက်သည်။
ရှစ်ဖုန့်က လပြည့်ဓားအားနှစ်ကြိမ်အသုံးပြုခဲ့သည်။ သို့သော်ယခုအခါ၌သူသည်ကြယ်သုံး
ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်
နေပြီဖြစ်သောကြောင့် သူ့ကိုယ်အတွင်းရှိ ငရဲဘုံကိုးခု သေခြင်းစွမ်းအင်တို့မှာ ယခင်ကထက် များစွာအားကောင်းလာပြီဖြစ်သည်။ ဤနှစ်ကြိမ်တွင်သူ၏သေခြင်းစွမ်းအင်တို့အား သုံးပုံနှစ်ပုံကိုသာအသုံးပြုခဲ့ပြီး သုံးပုံတစ်ပုံအား သူ၏ကိုယ်အတွင်း၌ ချန်ထားခဲ့သည်ဖြစ်သည်။
သူ့ကိုယ်အတွင်းရှိစွမ်းအင်တို့အား ပြန်လည်ဖြည့်တင်းရန်အတွက်သူ့ကိုယ်အတွင်းမှ ကျန်ရှိသော စွမ်းအင်သုံးပုံတစ်ပုံအားအသုံးပြု ၍ ဆေးလုံးများအားဝါးစားနေရင်း သွေးနီရောင်ချပ်ဝတ်အတွင်းသို့လည်း လွှဲပြောင်းပေးနေသည်။သူ၏ ကိုယ်ပေါ်မှ သွေးနီရောင်ချပ်ဝတ်မှာ နောက်တစ်ကြိမ်ထပ်မံ၍ တောက်ပသော သွေးနီရောင်အလင်းတစ်ခု လင်းလက်လာပြန်သည်။
ဤအချိန်တွင် ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်က ရှစ်ဖုန့်၏ရှေိ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထျန်းခွန်းလက်ဝါးပုံရိပ်မှာ ၎င်း၏ အားကောင်းသော တိုက်ခိုက်မှုနှင့်အတူ ပေါက်ကွဲသွားသည်။
ပြင်းထန်သော ရေခဲစွမ်းအင်များက ဦးတည်ချက်အနှံ့သို့ ပျံ့နှံ့ထွက်သွားပြီး ကောင်းကင်ထက်သို့ဝါးမျိုတက်သွားသည်။
ရှစ်ဖုန့်၏နှိုင်းယှဉ်၍ မရအောင်သေးငယ်သောပုံရိပ်မှာလည်း ပြင်းထန်သော ရေခဲစွမ်းအင်၏ ဝါးမျိုခြင်းကိုခံလိုက်ရသည်။
“ဟမ့်….နောက်ဆုံးတော့ပြီးသွားပြီ.. ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က ငါ့ကို ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်ကို အတင်းအကျပ်အသုံးပြုရအောင်လုပ်တယ်.. ဟမ့်.. ငါ့ရဲ့ထျန်းခွန်း ဧရာမလက်ဝါးပုံရိပ်အောက်မှာသေနိုင်ဖို့အတွက်မို ဒီမှိုက်တော့ သူသေရတာ အချည်းအနှီးမဟုတ်ဖူးလို့ခံစားသွားရမှာပဲ”
ပြင်းထန်သော ရေခဲစွမ်းအင်၏အကွာအဝေးတစ်ခုအတွင်းတွင် ဘာမှမရှိသောဟင်းလင်းပြင်ထဲ၌ ကိုနှုတ်ခမ်းမွှေးမှာ ဝင့်ကြွားစွာရပ်နေပြီး သူ၏လက်တို့အားနောက်ပစ်ထားသည်။ သူ၏တိုက်ခိုက်မှုကြောင့်ဖြစ်နေသော ပြင်းထန်သည့်ဧရိယာအားကြည့်၍ ဝင့်ကြွားစွာပြောလိုက်သည်။
သို့သော် ဤကဲ့သို့စွမ်းအားကြီးသိုင်းပညာ
ရပ်တစ်ခုဖြစ်သော ထျန်းခွန်းဧရာမလက်ဝါးပုံရိပ်အားထုတ်ဖော်ပြီးနောက် ယောက်ျားပီသချောမောသော ကိုနှုတ်ခမ်းမွှေး၏ မျက်နှာမှာလည်း အရမ်းကောင်းမွန်နေခြင်းမရှိဘဲ သေလုအော်ဖြူဖျော့လာသည်။ ထို့နောက် ကိုယ်နှုတ်ခမ်းမွှေးက သူ၏မူလစွမ်းအင်တို့အားပြန်လည်ဖြည့်တင်းရန်အတွက် ဆေးလုံးများ အားပါးစပ်ထဲသို့ တစ်လုံးပြီးတစ်လုံးပစ်သွင်းလိုက်သည်။
အကွာအဝေးတစ်ခုတွင် လှပသော အမေနှင့်သမီးဖြစ်သူတို့မှာလည်း ပြင်းထန်လှသော စွမ်းအင်တို့နှင့်
စစ်မြေပြင်အား မျက်တောင်မခတ်စတမ်းကြည့်နေသည်။ အစောက ရှစ်ဖုန့်အား ဧရာမလက်ဝါးပုံရိပ်ကြီးက ထိမှန်သွားသည်ကိုသူမတို့၏မျက်လုံး
များဖြင့်ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်ဖြစ်သည်။ ထို့နောက် လက်ဝါးပုံရိပ်ကြီးမှာ ဗလာနတ္ထိဟင်းလင်းပြင်၌ ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။
သူတို့က အဝေးတွင်ရှိနေခဲ့သည်တောင် စစ်မြေပြင်အားကြည့်ရင်း သူမတို့၏နှလုံးသားများပင်တဆက်ဆက်တုန်ယင်မှုကိုခံစားရသည်ဖြစ်သည်။ အကယ်၍စွမ်းအင်များသာသူမတို့ထံသိမ်းကျုံးလာခဲ့လျှင် ယင်းက သူမတို့အားသတ်ရန်လုံလောက်သည်ဖြစ်၏။
“အမေ..အဲ့အကိုကြီး…”
ရှင်းအာဟုခေါ်သော လှပသောကောင်မလေးက စိုးရိမ်မှုအပြည့်ဖြင့််မေးလိုက်သည်။ ဤကဲ့သို့စွမ်းအားမျိုးအောက်၌ ရှစ်ဖုန့်၏ရှင်သန်ကျန်ရစ်နိုင်မှုမှာအရမ်းကိုနည်းပါးသည်ကို သူမခံစားရနိုင်သည်ဖြစ်သည်။
အတူတကွအချိန်အကြာကြီးဖြတ်သန်း
ခဲ့သည်တောင် သူ၏နမည်အားသူမမသိခဲ့ရခြင်းက စိတ်မကောင်းဖွယ်ပင်ဖြစ်သည်။
“ဟူး”
သမီးဖြစ်သူ၏အသံအားကြားပြီးနောက် လှပသော အမျိုးသမီးက သက်ပြင်းညင်သာစွာချလိုက်သည်။ သူမသည်လည်းရှစ်ဖုန့်၏ကံကြမ္မာဆိုးအတွက် ခံစားနေရသည်မှာသိသာသည်။
“ဒီလိုပါရမီစွမ်းရည်မျိုးနဲ့ ဒီလိုလူငယ်တစ်ယောက်က အခုလိုကျဆုံးသွားရတာ စိတ်မကောင်းစရာပဲ”
“အမေလည်းထင်နေတာအကိုကြီးက……”
ကောင်မလေးကဆက်လက်မပြောဆိုပေ။
အခြားတစ်ဖက်တွင် မိုးပြာရောင်ဟင်းလင်းပြင်ထဲ၌ ဖြည်းဖြည်းချင်းပျောက်ကွယ်လာနေသော ဖရိုဖရဲဖြစ်နေသည့် ရေခဲစွမ်းအင်တို့အားကြည့်၍ ကိုနှုတ်ခမ်းမွှေးက ဖြည်းဖြည်းချင်းထိုနေရာသို့လျှောက်လှမ်းလာသည်။ ရန်သူက သုတ်သင်ခံလိုက်ရပြီဖြစ်ပြီး ယခုက စစ်ပွဲ၏အကျိုးအမြတ်များအား စုဆောင်းရမည့်အချိန်ဖြစ်သည်။အဆင့်ခြောက် သွေးနီရောင်ဓား၊သူဖောက်ထွင်းမြင်
နိုင်စွမ်းမရှိသောလပြည့်ဓား၊ထိုနည်းတူစွာ ထူးခြားသော သွေးနီရောင်ချပ်ဝတ်တို့နှင့် ရှစ်ဖုန့် လုယူသွားခဲ့သော ကောင်းကင်ဝိညာဉ်အပြာရောင်သ
လင်းကျောက်တို့ပင်ဖြစ်သည်။
“ဟမ့် ..ဒီရတနာတွေက ငါနဲ့ပဲသက်ဆိုင်တာ ..အဲ့အရူး ချမ်ယွမ်ရှန်သေသွားတာကောင်းတယ်”
ကိုနှုတ်ခမ်းမွှေးက တစ်လှမ်းခြင်းလှမ်းရင်းတီးတိုး
ရေရွတ်လိုက်သည်။
“အဲ့ကောင်လေးသေသွားတာ နှမြောစရာပဲ..သူ့ရဲ့အဲ့သိုင်းပညာရပ်တွေကိုငါမရနိုင်တော့ဘူး..ထားလိုက်ပါ..
အဲ့တာတွေငါမရလည်းကိစ္စမရှိဘူး.ငါပိုပြီးတိုက်ခိုက်လေ အဲ့ကောင်လေးက ပိုပြီးအန္တရာယ်များလေပဲ.သူသေသွားတာက အကောင်းဆုံးရလဒ်ပဲ..မဟုတ်ရင် ငါများသူ့ကို အသက်ရှင်လျက်ထားမိတာနဲ့ ကြိုမမြင်နိုင်တဲ့ ဖြစ်ရပ်တွေဖြစ်လာမှာတောင်ကြောက်ရတယ်”
ကိုနှုတ်ခမ်းမွှေးမှာပြောနေရင်း ပြင်းထန်သောစစ်မြေပြင်သို့နီးသည်ထက်နီးကပ်လာသည်။ ပြင်းထန်သော ရေခဲစွမ်းအင်တို့ကလည်းစတင်
ပျောက်ကွယ်လာ၏။ ထို့နောက်မကြာခင်သိပ်သည်းသော ရေခဲမြူတစ်ခုသာ ပေါ်လာခဲ့သည်။
“ဒါက..ဘာဖြစ်နေတာလဲ”
ထို့နောက်ရုတ်ခြည်း ရှေ့သို့လျှောက်လှမ်းလာနေသော သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးမှာ ရုတ်တရက် လေထဲတွင်ရပ်တန့်သွားသည်။ လွန်စွာတုန်လှုပ်ခြင်းနှင့် အံ့ဩခြင်းတို့က သူ၏မျက်နှာထက်တွင်ပေါ်လာပြီး ထိတ်လန့်မှုကလည်း သူ၏မျက်နှာထက်တွင်ဖြစ်ပေါ်နေသည်။
သိပ်သည်းသော ရေခဲမြူအတွင်း ရပ်နေသောပုံရိပ်တစ်ခုကခပ်ယဲ့ယဲ့ဝိုးတိုး
ဝါးတားဖြစ်ပေါ်နေသည်ကိုသူတွေ့လိုက်ရသည်။ဤကဲ့သို့ပြင်းထန်ပြီးစွမ်းအားကြီး
သောတိုက်ခိုက်မှုအား ခံရပြီးသည့်နောက်တွင်ပင် လူငယ်မှာ ရပ်နေဆဲဖြစ်ပြီးဖျက်ဆီးမခံသေးပေ။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ.. ဒါကတကယ်ပဲ လူသားတစ်ယောက်ခန္ဓာကိုယ်လား”
ထို့နောက် ကိုယ်နှုတ်ခမ်းမွှေးတစ်ယောက် ရုတ်ခြည်းအသိပြန်ဝင်လာသည်။ သူ၏ယွမ်ချီတို့ကုန်ဆုံးလုနီးပါးဖြစ်နေသော ခန္ဓာကိုယ်အား တွေးမိလိုက်သည်။
ဆေးလုံးများ ကိုဝါးမျိုခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားကတော ယခင်ကနှင့်နှိုင်းယှဉ်၍မရနိုင်တော့ပေ။
သူ၏ကိုယ်အားတစ််ချက်လှုပ်ရှားလိုက်ပြီး ကိုနှုတ်ခမ်းမွှေးတစ်ယောက် နောက်သို့ တစ်ဟုန်ထိုးပျံသန်းဆုတ်ခွာ၍ နောက်သို့မျက်စိရှင်ရှင်လှည့်ကြည့်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်နှင့်ဆန့်ကျင်ဘက်သို့ပျံသန်း၍ လေကိုထိုးခွင်းကာ အဝေးသို့ ဆုတ်ခွာထွက်ပြေးလိုက်သည်။
ဆက်ရန်………
ဘာသာပြန်သူ-ARISE