← Chapters

ထိုက်ချင်အဆက်အနွယ်များ

Vol. 58 Ch. 818

ထိုက်ချင်အဆက်အနွယ်များ

Vol. 58 Ch. 818

အခန်း (၈၁၈) ထိုက်ချင်အဆက်အနွယ်များ

အခြားနာမည်ဆိုလျှင် အဆင်ပြေသော်လည်း ‘ရန်ကျောက်ကဲ’ ဆိုသည့်အမည်ကိုကြားရသည့်အခါ ဖုထင်၏မျက်နှာအမူအရာ ပြေင်းလဲသွားသည်။

ရန်ကျောက်ကဲက ပြုံးရင်း...

“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်မှာ ငါ့လိုပုံစံ ဟန်ဆောင်တဲ့သူတွေနဲ့တွေ့ခဲ့ပေမယ့် သူတို့အသိပညာက အကန့်အသတ်ရှိတယ်လေ”

ဖုထင်က ရန်ကျောက်ကဲကို ခြေဆုံးခေါင်းဆုံးအကဲခတ်ရင်း သူမနှုတ်ခမ်းများထက် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်။

“ဒါက အဆင့်နိမ့်လှည့်ကွက်တွေထက်မပိုပါဘူး ၊ ဒါပေမဲ့ စန့်ချင်အဆက်အနွယ်တစ်ယောက်ကတော့ အသွင်ပြောင်းဆေးလို့ခေါ်တဲ့ အထက်တန်းစားဆေးတစ်မျိုးအသုံးပြုခဲ့တယ်လို့ကြားတယ် ၊ အဲဒီဆေးသုံးလိုက်ရင် အသိမိတ်ဆွေမဟုတ်တဲ့သူတွေအတွက် အစစ်အမှန်နဲ့အတုအယောင် လုံးဝခွဲခြားဖို့ခက်တယ် ၊ ဒါပေမဲ့ သူအယောင်ဆောင်မယ့်သူနဲ့ မရင်းနှီးဘူးဆိုရင်တော့ လှည့်စားရတာ အသုံးမဝင်ပါဘူး”

“ပြီးတော့... ရှားပါးရတနာဖြစ်တဲ့ ‘အတုအယောင်မရဏကျောက်စိမ်း’ ဆိုတာလည်းရှိသေးတယ် ၊ အချိန်တိုတောင်းပေမယ့် အတုတစ်ယောက်ဖန်ဆင်းတဲ့နေရာမှာ လုံးဝအပြစ်အနာအဆာ မရှိဘူး”

သူမက ဆက်ပြောသည်။

“ဒါပေမဲ့ ကျွန်မကတော့ ဘာမှမဖြစ်နိုင်ပါဘူး ၊ ဘာလို့လဲဆိုတော့ ကျွန်မက ရန်ကျောက်ကဲဆိုတဲ့နာမည်ပဲကြားဖူးတာ ၊ ရှင့်ကိုတစ်ခါမှမမြင်ဖူးဘူးလေ”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်သည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်၏ သိုင်းအမွေအနှစ်က ‘ကျီဝေးဧကရာဇ်’ ထံမှ ဆင်းသက်လာခြင်း ဖြစ်သည်။

တာအိုဝါဒ၏ဧကရာဇ် (၄)ပါးထဲကတစ်ပါးဖြစ်သော ကျီဝေးဧကရာဇ်က ကြယ်စင်များရဲ့သခင်ဖြစ်ပြီး ထိုက်ချင်အဆက်အနွယ်၏တည်ထောင်သူဖြစ်သော ‘တောက်တယ်ထျန်းကျွင်း’ (ထိုက်စန့်လောင်ကျွင်း) ထံတွင် အရင်တစ်ချိန်က တာအိုတရားကြားနာဖူးသည်ဟု သိရသည်။

ထို့ကြောင့် သူ့ကို တိုက်ရိုက်ထိုက်ချင်အဆက်အနွယ်ဟု ယူဆနိုင်သည်။

တောက်တယ်ထျန်းကျွင်းသည် အတိတ်ကလူများအား ပညာပေးလမ်းဖွင့်ခဲ့ပြီး အနာဂတ်မျိုးဆက်သစ်များအတွက် သိုင်းပညာ အုတ်မြစ်ချခဲ့သည်။

နတ်ဘုရားတစ်ပါးဖြစ်လာရန် လမ်းပြပေးခြင်း ၊ ကိုယ်တွင်းစကြာဝဠာကိုကျင့်ကြံခြင်း ၊ သွေးကြောများနှင့် သွေးကြောဆုံချက်များကို ကြယ်စင်များနှင့် ထပ်တူကျစေခြင်း ၊ အပြင်ဘက်ရှိ စကြာဝဠာနှင့် ကိုယ်တွင်းစကြာဝဠာကို ပဲ့တင်ထပ်စေခြင်း ၊ အတွင်းအပြင် မိုးမြေတစ်ခွင်ကို တစ်သားတည်းဖြစ်စေခြင်းများအား သင်ပြပေးခဲ့သည်။

တာအိုလမ်းစဉ်၏မူလအစသည် တောက်တယ်ထျန်းကျွင်းမှတပါး အခြားသူမရှိပေ။

ကြယ်စင်များရဲ့အရှင်သခင် ကျီဝေးဧကရာဇ်၏ တွေးခေါ်မှုနှင့်ကျင့်ကြံခြင်းလမ်းစဉ်သည် ထိုက်ချင်အဆက်အနွယ် တိုက်ရိုက်မျိုးရိုးအဖြစ် သရုပ်သကန်တစ်ရပ် ဖြစ်သည်။

ထိုက်ချင်အဆက်အနွယ်မှ တိုက်ရိုက်ဆင်းသက်လာသူဆိုသည်က အလွန်နည်းပါးသည်။ အချို့ကိုရှာဖွေမည်ဆိုလျှင် အရှေ့တောင် ထိပ်တန်းအရှင်သခင်ကို လက်ညှိုးညွှန်ပြနိုင်သည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကျီဝေးဧကရာဇ်၏လမ်းစဉ်ကိုလိုက်လျှောက်သော ရှားရှားပါးပါး ထိုက်ချင်အဆက်အနွယ်ဖြစ်သည်။

သူက ယွိချင်အဆက်အနွယ်မှဆင်းသက်လာသည့် ဒဏ္ဍာရီလာ ‘ကျင်းထင်တောင်’ ဆိုသောနာမည်ကိုရယူထားသော်လည်း သူလျှောက်လှမ်းသည့် တာအိုလမ်းကတော့ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာမှာပင် ရှားပါးသော ထိုက်ချင်အဆက်အနွယ်၏ ကျင့်ကြံခြင်း ဖြစ်သည်။

ထို့ပြင် အုပ်စိုးရှင် (၅)ပါးထဲမှတစ်ပါးဖြစ်သော ပိုးသားဧကရာဇ်သည်လည်း ရှားပါးသော ထိုက်ချင်အဆက်အနွယ်များထဲမှ တစ်ယောက် ဖြစ်သည်။

ထို့ကြောင့် အထက်ဘုံကမ္ဘာရှိ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကြားတွင် ပိုးသားဧကရာဇ်နှင့် အရှေ့တောင်ထိပ်တန်းအရှင်သခင်က ကောင်းမွန်သောဆက်ဆံရေးရှိသလို စိတ်တူကိုယ်တူလည်း ရှိကြသည်။

အရှေ့တောင်ထိပ်တန်းအရှင်သခင်က သူ၏မျက်စိအောက်မှထွက်ပေါ်လာသော ကောင်းကင်ဘုံမှမျက်နှာသာပေးသော ပါရမီရှင် ရန်ကျောက်ကဲကဲ့သို့လူငယ်တစ်ယောက်အကြောင်းကို ပိုးသားဧကရာဇ်ကို သေချာပေါက် ပြောပြမည် ဖြစ်သည်။

ထို့ကြောင့် ပိုးသားဧကရာဇ်က သူ့နာမည်ကို သိရှိနေခြင်းအတွက် ရန်ကျောက်ကဲ အံ့သြခြင်း မဖြစ်မိပေ။ သို့သော် သူ၏သမီးဖြစ်သူကို သူ့နာမည်ပြောပြထားခြင်းကတော့ အံ့သြစရာ ဖြစ်သည်။

ကြည့်ရသည်မှာ ဖုထင်က ရန်ကျောက်ကဲဆိုသောအမည်ကို သူ့ဖခင်ထံမှ ကြားသိထားခြင်း ဖြစ်ဟန်တူသည်။

ရန်ကျောက်ကဲက လက်ပိုက်လျှက် ပြုံးလိုက်ရင်း...

“ဒါဖြင့် ‘ဖု’ မိန်းကလေးက ဘာလုပ်ဖို့ရည်ရွယ်ချက်ရှိပါသလဲ”

သူတို့ (၂)ယောက် ကိုယ်တိုင်ကိုယ်ကျတိုက်ခိုက်ပြီး သိုင်းပညာစမ်းသပ်ခြင်းက ရန်ကျောက်ကဲ၏အထောက်အထားကို အတည်ပြုရန် ဖြစ်နိုင်ပါသလား။

သိုင်းကျင့်ကြံသူအများစုက မာနကြီးပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားသူများ ဖြစ်ကြလေရာ ဤသို့ပညာပြိုင်ခြင်းက ရှားရှားပါးပါးကိစ္စတော့ မဟုတ်ပေ။

ဖုထင်က...

“ဒီကသခင်လေးက ကျွန်မကို အလင်းပြချင်တယ်ဆိုရင်တော့... ဦးလေး’ချောင်ကျယ်’ ပြောတဲ့ ဘဝမှာတစ်ခါကြုံရခဲတဲ့ပါရမီရှင်တစ်ယောက်နဲ့ ဆုံတွေ့ပြီး အပြန်အလှန်သင်ယူချင်မိတာပေါ့”

“ဒါပေမဲ့ ကျွန်မမှာ ရှင့်အပေါ် မကောင်းတဲ့ရည်ရွယ်ချက်မရှိသလို တိုက်ခိုက်ချင်တဲ့စိတ်လည်း မရှိပါဘူး”

သူမက ဆက်ပြောသည်။

“ရှင်ဘယ်သူလဲဆိုတာ အတည်ပြုချင်တယ်ဆိုရင်တော့... ထူကဲယန်စည်းတံဆိပ်ကိုထုတ်ပြဖို့ပဲ တောင်းဆိုပါတယ် ၊ ဒါက နှစ်ယောက်ယှဉ်ပြိုင်တာထက် ပိုကောင်းတယ်လေ ၊ ဘာလို့လဲဆိုတော့... ကျွန်မမှ ရန်ကျောက်ကဲ ဘာသိုင်းပညာအသုံပြုလဲဆိုတာမသိတာ ၊ တိုက်ခိုက်တာက ဘာအသုံးဝင်မှာလဲ”

“ဒါကြောင့် ရှင်ဘယ်သူလဲဆိုတာ သက်သေပြဖို့ ထူးကဲယန်စည်းတံဆိပ်က အကောင်းဆုံးပါပဲ ၊ ဒါပေမဲ့ တစ်ယောက်ယောက်က ရန်ကျောက်ကဲဆီက ထူးကဲယန်စည်းတံဆိပ်ကိုယူလာပြီး ဟန်ဆောင်တာဆိုရင်တော့ တခြားဇာတ်လမ်းဖြစ်သွားပြီ”

ဖုထင်က...

“ထူးကဲယန်စည်းတံဆိပ်ကို မပြချင်ဘူးဆိုလည်း ကိစ္စတော့ မရှိပါဘူး ၊ ကျွန်မတို့နှစ်ယောက်က ရန်ငြိုးရှိတဲ့သူတွေမှ မဟုတ်တာ ၊ ရှင် ဘယ်သူပဲဖြစ်ဖြစ် တိုက်ခိုက်စရာအကြောင်းမရှိပါဘူး ၊ ဒါပေမဲ့ ... ဝန်ခံရမယ်ဆိုရင်တော့... ရှင့်ရဲ့တန်ခိုးစွမ်းအား ဘယ်လောက်ပြင်းထန်လဲဆိုတာ သိချင်တယ် ၊ အဲဒါကို တကယ်မြင်ချင်တယ်”

ရန်ကျောက်ကဲက စိတ်ဝင်တစားဖြင့်...

“အိုး... ကျုပ်တို့က အခု သီးခြားနယ်မြေတစ်ခုထဲမှာရောက်နေကြတာ ၊ ဒီနေရာက ရတနာတွေရဖို့ ယှဉ်ပြိုင်တာက ငါတို့ဆက်ဆံရေးကို မပြောင်းလဲဘူးလို့ ဆိုလိုတာလား”

ဖုထင်က ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“အမှန်ပဲ...”

ထို့နောက် သူမက ဖန်းယွင်ရှန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ရန်ကျောက်ကဲအပြင် ဖန်းယွင်ရှန်းသည်လည်း ဖုထင်၏အာရုံစိုက်ခြင်းကို ခံရသည်။

ဖန်းယွင်ရှန်း၏ ထူးခြားသောအသွင်အပြင်ကြောင့်သာမက ဖုထင်၏ခန္ဓာကိုယ်ကို အန္တရယ်ဖြစ်စေနိုင်သည့် ရောင်ဝါတစ်ခုလည်းထွက်ပေါ်နေသောကြောင့် ဖြစ်သည်။

သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူတစ်ယောက်က ဤသို့သောစွမ်းအားမျိုးကို ပိုင်ဆိုင်ထားလေသလား။

သူမတွင် ထိပ်တန်းအဆင့် ရတနာပစ္စည်းကိုင်ဆောင်ထားလျှင်တောင်မှ သိုင်းဆရာသခင်တစ်ယောက်အနေဖြင့် ထိုပစ္စည်း၏အစွမ်းကို ထုတ်ဖော်နိုင်မည် မဟုတ်ပေ။

ဖုထင်က သူမ၏ပင်ကိုယ်သိစိတ်ကိုယုံကြည်သူဖြစ်လေရာ ဤထူးဆန်းသောအခြေအနေက သူမကို စွဲဆောင်သွားခဲ့သည်။

သူ၏ဖခင်ပြောခဲ့‌သော စကားအချို့ကို သတိရလိုက်သည့်နောက် ဖုထင်က ဤနေရာမှ အဖြစ်အပျက်များကို ယေဘူယျ နားလည်သွားသည်။

“ကျွန်မ သိသွားပြီ ၊ ကျွန်မ ဘာလို့ ယုံကြည်မှုအပြည့်ရှိနေရလဲဆိုတာ ရှင် သိချင်နေတယ် မဟုတ်လား ၊ ဘာလို့လဲဆိုတော့ ကျွန်မနဲ့အတူပါလာတဲ့အဖော်တွေက ရှင့်ကိုနိုင်မှာမဟုတ်ဘူးလို့ ထင်နေတယ်မဟုတ်လား ၊ အင်း... ဒါကြောင့်လည်း ဦးလေး’ချောင်’ က ရှင့်ကို လေးစားတာနေမှာ”

ဖုထင်၏မျက်ဝန်းများက ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို စူးစိုက်ကြည့်နေသည်။

“ရှင်နဲ့ ရှင့်လူတွေလက်ထဲမှာ တကယ်ပဲ ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူနဲ့ ရာဟုဓားပိုင်ဆိုင်ထားတယ်ဆိုရင်... အဲဒီပစ္စည်းတွေရဲ့ တန်ခိုးစွမ်းအား ထုတ်ဖော်လိုက်ရင် အရမ်းကို စွမ်းအားမြင့်မားသွားမှာ ၊ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်တောင်မှ ရှင်တို့နဲ့ ရင်ဆိုင်နိုင်မယ် မထင်ဘူး”

ထိုစကားပြောချိန်တွင် ဖုထင်၏အသံက အမှန်တကယ်ပင် အေးအေးဆေးဆေး ရှိလှသည်။

“ဒါပေမဲ့ ကျွန်မ ဒီ ပုံမှန်မဟုတ်တဲ့နေရာကိုလာပြီး လေ့လာစူးစမ်းကတည်းက မြောက်ဖေးတောင်ထွတ်ကို သတင်းပို့ပြီးသွားပြီ”

သူမက ရန်ကျောက်ကဲကို ကြည့်ရင်း...

“တောင်ပေါ်ကအကြီးအကဲတွေ မကြာခင် ရောက်လာကြလိမ့်မယ် ၊ ကျွန်မကို ယုံလိုက်... သူတို့က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူ‌‌တော်တစ်ယောက်လောက် မရိုးရှင်းဘူး”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ အနည်းငယ် အံ့အားသင့်သွားသည်။

ဖုထင်၏စကားက လိမ်ပြောနေခြင်းမဟုတ်ဘူးဆိုလျှင် ဤသည်က ရန်ကျောက်ကဲစိတ်ထဲ အတော်လေးမျှော်လင့်မထားသည့်ကိစ္စ ဖြစ်သည်။

သူက မြောက်ဖေးတောင်ထွတ်မှ တန်ခိုးစွမ်းအားရှင်များကို ကြောက်ရွံ့ခြင်းမရှိသော်လည်း ဖုထင်၏ ကိစ္စရပ်များကို ကိုင်တွယ်ခြင်းအပေါ်တွင် အတော်လေး အံ့အားသင့်သွားရသည်။

ဤနေရာကဲ့သို့ လျှို့ဝှက်နယ်မြေများတွင် ရှိနေသော ရတနာပစ္စည်းများကို ရရှိရန်က လူတစ်ယောက်ချင်းစီ၏ ကံတရားအပေါ်တွင် မူတည်သည်။ တစ်စုံတစ်ယောက်က ဝင်လာရန်ကြိုးစားလျှင် အခြားအရာများကိုမစဉ်းစားခင် သူတို့ကိုယ်သူတို့အတွက် အရင်စဉ်းစားပေမည်။

ရတနာပစ္စည်းများအားလုံးကို ကိုယ်တိုင် အမှန်တကယ် မရယူနိုင်တော့မှ နောက်ခံအင်အားများကို စစ်ကူခေါ်ရန် စဉ်းစားမည် ဖြစ်သည်။

ကျင့်ကြံသူတစ်ယောက်က ထက်မြက်သည့် ပါရမီရှင်တစ်ယောက်ဖြစ်လေ ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်လေ ဖြစ်သည်။

သို့ဖြစ်ရာ ထူးခြားသည့်နေရာတစ်ခုကို ရှာတွေ့သည်နှင့် တောင်ပေါ်သို့တန်းအကြောင်းကြားသည့် ဖုထင်လိုလူမျိုးကို မည်သူမှ မတွေ့ဖူးကြပေ။

သူမက ပိုးသားဧကရာဇ်၏ တစ်ဦးတည်းသောသမီးဖြစ်လေရာ မြောက်ဖေးတောင်ထွတ်က သေချာပေါက် သူမအကျိုးရှိမည့်ကိစ္စကို ပြုလုပ်ပေးမည် ဖြစ်သည်။ ပြီးတော့ ထိုအကျိုးအမြတ်များကို ရရှိသူမှာလည်း သူမသာလျှင် အများဆုံးဖြစ်ပေမည်။

သူမ၏ လက်ရှိရွေးချယ်မှုက တကယ်ပင် ထိရောက်ပြီး ယုံကြည်မှုအရှိဆုံးလည်း ဖြစ်သည်။ ဤသည်က မြောက်ဖေးတောင်ထွတ်မှ အခြားတပည့်များမရှိနိုင်သည့် အခြေအနေတစ်ရပ် ဖြစ်၏။

သို့သော် အသက်ငယ်ရွယ်စဉ်မှာပင် အောင်မြင်မှုများစွာ ရရှိထားသူတစ်ယောက်အနေနှင့်...... ဤသို့ပြုလုပ်ခြင်းက နည်းနည်းတော့ သူရဲဘောကြောင်သလို ဖြစ်ရသည်။

သို့သော် ဖုထင်က စိတ်ဓာတ်ပျော့ညံ့သူတစ်ယောက်မဟုတ်ပေ။ သူမက ပိုးသားဧကရာဇ်၏သမီးတော်ဖြစ်သော်လည်း သူမရရှိထားသည့်ဂုဏ်သတင်းများက သူမကိုယ်တိုင်ဖန်တီးယူထားခြင်းဖြစ်ပြီး သူမခြေထောက်အောက်တွင် အရည်အချင်းရှိသူများ မရေမတွက်နိုင်အောင် နင်းချေထားခဲ့သည်။

ပြောရသည်မှာ အနည်းငယ်မယဉ်ကျေးသည့်တိုင် လက်ရှိ သူမ၏အသက်အရွယ်နှင့် ကျင့်ကြံခြင်းအဆင့်က သူမဖခင်ထက်ပင် သေချာပေါက် ကျော်လွန်နေပြီ ဖြစ်၏။

ရန်ကျောက်ကဲ ဖုထင်ကိုလှမ်းကြည့်လိုက်ပြီး စိတ်ထဲကတွေးလိုက်သည်။

“သိုင်းကျင့်ကြံသူတစ်ယောက်အနေနဲ့ အနိုင်လိုချင်တာမဆန်းပေမယ့် သူကတော့ အေးဆေးတည်ငြိမ်လွန်းတယ်”

ဖုထင်က...

“ဒီ သီးခြားနယ်မြေက အထက်ဘုံကမ္ဘာအပြင်ဘက်မှာတည်ရှိတဲ့အတွက် ကျွန်မတို့ဆုံတွေ့ရတာ ရေစက်ရှိလို့ပါပဲ ၊ ပြီးတော့ ရှင်က ဦးလေးချောင်ကျယ် အရမ်းလေးစားတဲ့ အငယ်တန်းမျိုးဆက်တစ်ယောက်ဖြစ်တယ် ၊ ရှင်သာ ရန်ကျောက်ကဲအစစ်အမှန်လို့ အထောက်အထားပြနိုင်ရင် ကျွန်မတို့အတူတူခရီးထွက်ရင်း ဒီနေရာက ဆေးဝါးတွေကိုလည်း အတူတူမျှဝေခံစားနိုင်ပါတယ်”

“ထူးကဲယန်စည်းတံဆိပ်ကို မပြချင်ဘူးဆိုရင်လည်း... ဒီရတနာပစ္စည်းကို လူတိုင်းကိုပေါ့ပေါ့တန်တန် လျှောက်ပြနေဖို့ အကြောင်းမရှိဘူးဆိုတာ ကျွန်မ နားလည်ပါတယ် ၊ ရှင့်လိုမျိုး မာနကြီးတဲ့ မိုးကောင်းကင်ရဲ့သားတော်က တခြားသူတွေကို လိုက်သက်သေပြနေဖို့ မလိုအပ်ပါဘူး”

သူမက ဆက်ပြောသည်။

“ကျွန်မတို့ မြောက်ဖေးတောင်ထွတ်ကလူတွေက ရှင်တို့ကို မောင်းထုတ်ရှင်းလင်းပစ်မှာမဟုတ်ပါဘူး ၊ ဒီ သီးခြားနယ်မြေမှာ ရှင်တို့အနေနဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပါတယ် ၊ ဒီနေရာက ရတနာပစ္စည်းတွေ ရှာဖွေဖို့ဆိုတာ ရှင့်ရဲ့ကိုယ်ပိုင်အရည်အချင်းအပေါ် မူတည်ပါတယ် ၊ ဒါပေမဲ့ ရတနာပစ္စည်းတွေအားလုံးကို အပိုင်သိမ်းချင်လို့ ပဋိပက္ခတွေ ဖြစ်လာရင်တော့ ကျွန်မတို့က ညှာမှာမဟုတ်ဘူးနော်”

All Chapters