← Chapters

ထောင်ချောက်ဆင်ခြင်း

Vol. 71 Ch. 982

ထောင်ချောက်ဆင်ခြင်း

Vol. 71 Ch. 982

ချာလီက ဖုန်းအား ခက်ခက်ခဲခဲ ဆုပ်ကိုင်ကာ အွန်လိုင်းဘဏ်ဆော့ဝဲလ်ကို အသုံးပြုလျက် ဒေါ်လာသန်းနှစ်ရာကျော်အား ထန်အန်းပေးခဲ့သောအကောင့်ထံ လွှဲပြောင်းပေးလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် သတိပေးချက် ပေါ်လာပြီး သူ့အကောင့်ထဲတွင် ပိုက်ဆံတစ်ပြားမှ မကျန်တော့သည်ကို သက်သေပြပြီးနောက် သူက ခါးသီးစွာ ပြောလိုက်လေသည်"မစ္စ၊ ငါ မင်းရဲ့မျက်နှာကို မမြင်ရဘူး၊ ဒါကြောင့် မင်း ဘယ်သူလဲ ငါ မသိဘူး။ ငါ့ရဲ့အသက်အတွက် ငါ အားလုံး လွှဲပေးခဲ့ပါပြီ"

"မင်းရဲ့ကိုယ်ပိုင်အကောင့်မှာရှိတဲ့ပိုက်ဆံက မင်းရဲ့အပြစ်အတွက် လျော်ကြေးပေးရတာပဲ"ထန်အန်းက နှာခေါင်းရှုံ့လိုက်သည်"မင်း ငါတို့ကို ထပ်ရောင်းရဲရင် မင်းရဲ့ချစ်ရသူတွေနဲ့အတူ ထာဝရဘုရားသခင်နဲ့ သွားတွေ့ရမယ်။ ဟမ့်၊ မင်းက အမှောင်လေအေဂျင်စီရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ ငါ့သူ‌ဌေး မင်းကို သတ်မှာကို တားဆီးနိုင်မယ်လို့ မထင်နဲ့။ တန်ဖိုးက မြင့်မားရင် မင်းမပြောနဲ့၊ မင်းမိသားစုနဲ့မင်းမိတ်ဆွေတွေအားလုံးကို သတ်ဖြတ်ဖို့ လူပေါင်းများစွာ ရှိတယ်"

ချာလီက တံတွေးမျိုချရင်း ကြောက်လန့်တကြား ပြန်ဖြေသည်"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ မင်း ပြောတာ မှန်တယ်။ ငါ မင်းတို့ကို ထပ်မရောင်းတော့ပါဘူး။ လုံးဝပါ"

"ဒါဆိုရင် အဲဒါကို သက်သေပြဖို့ ငါ ပေးတဲ့ဇာတ်ညွှန်းအတိုင်း မင်း သရုပ်ဆောင်ရမယ်"ထန်အန်က ကျေနပ်စွာ ပြော၏။ "မင်းရဲ့လုပ်ဆောင်ချက်က မင်းရဲ့အသက်ကို ထိန်းနိုင်မလား ဆုံးဖြတ်ပေးမယ်"

"ငါ ဘာဇာတ်ညွှန်းအတိုင်း လုပ်ရမှာလဲ"ချာလီက အလျင်စလိုမေး၏။

"ခဏက မင်း စင်းခေါကို ခေါ်ခဲ့တယ်မလား"ထန်အန်းက မေး၏"သူက ငါတို့နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဝယ်ချင်တာမလား"

ချာလီက ခါးသီးစွာ ပြောလေသည်"ဟုတ်ပါတယ်။ ငါ့ကိုယ်ပိုင်အတွက် ပိုက်ဆံအများအပြား လိုချင်ခဲ့တယ်။ ဒါကြောင့်....."

"မင်း ရောင်းချချင်တဲ့သူက ဘယ်လောက်အားကောင်းလဲ မင်း တကယ် မသိဘူးပဲ။ မင်းလုပ်ခဲ့မယ်‌ဆိုရင် ဘီလီယံနှစ်ရာပေးရင်တောင် မင်းရဲ့အသက်အတွက် လုံလောက်မယ်ထင်လား"ထန်အန်က သူ့အား အေးစက်စွာ ကြားဖြတ်ပြောလိုက်သည်"မင်း လုပ်ရမယ့်အရာက စင်းလုအန်ဘန်ကောက်ကနေ ပြန်ရောက်လာပြီး အခု ဘန်ကောက်ဆင်ခြေဖုံးရဲ့အရှေ့တောင်ဘက်ရဲ့တစ်ရာကီလိုမီတာခန့်မှာရှိတဲ့အုန်းခြံတစ်ခုမှာ ပုန်းနေတယ်လို့ စင်းခေါကို သတင်းပို့လိုက်။ ထိုအုန်းခြံရဲ့ပိုင်ရှင်က ကျိုတာချွမ်းလို့ခေါ်တဲ့တစ်ယောက်ပဲ"

"ငါ သူ့ကို သိတယ်"ချာလီက အံ့အားသင့်စွာ လွှတ်ခနဲ ပြောလိုက်မိသည်"မင်းတို့က သူနဲ့ ရန်ငြိုးတစ်ခု ရှိတာလား"

"မင်း လျှာရှည်ပြန်ပြီးလား"ထန်အန်က အေးစက်စွာ ပြော၏"စင်းခေါကို အဲအတိုင်း ပို့ဖို့ပဲ ငါ ပြောခဲ့တယ်နော်။ စင်းခေါရဲ့သေဆုံးမှုက ရှောင်လွှဲလို့မရဘူးဆိုတာ မင်း သိရမယ်။ မင်း သူ့ကို မျက်နှာသာပေးရင် သေမင်းက မင်းတံခါးကို လာခေါက်လိမ့်မယ်"

တစ်ဖက်အဖွဲ့၏ဆန်းကြယ်ပုံနှင့်ကြောက်စရာ‌ကောင်းပုံအား ချာလီက မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ပြီဖြစ်၏။ သတင်းအား သူ ကိုယ်တိုင်ရေးပြီး စင်းလုအန်ထံ အီးမေးလ်ဖြင့် ပို့ရန်သာ တတ်နိုင်သည်။ အရာအားလုံးက သူ့အသက်ကို ထိန်းသိမ်းနိုင်ရန်အတွက်သာ ဖြစ်၏။

"မင်း ပြောခဲ့တဲ့အတိုင်း ငါ လုပ်ပြီးပြီ။ မင်း ငါ့ကို လွှတ်ပေးနိုင်မလား......"

သူ့လက်ချောင်းများအား ကီးဘုတ်မှ လွှတ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ ထိုလူရိပ်က သူ့နောက်တွင် ရှိမနေတော့ပေ။

"ဒါ ပုံရိပ်ယောင်တစ်ခုလား။ ဒါ မဖြစ်နိုင်ဘူး။ အဲဒီအမျိုးသမီးက သေချာပေါက် ဒီနေရာမှာ ရှိနေတာပဲ....."

"ဒါပေမယ့် တံခါးနဲ့ပြတင်းပေါက်တွေ ပိတ်ထားတုန်းပဲ။ သူမ ဘယ်လို ဝင်လာတာလဲ။ ဘယ်လို ထွက်သွားတာလဲ။ သူမက သရဲလား ဒါမှမဟုတ် တစ်ခုခုလား"

သူ့နဖူးပေါ်ရှိ ချွေးလုံးများအား သုတ်လျက် ချာလီက အခန်းထောင့်တိုင်းအား စစ်ဆေးလိုက်သည်။ အခန်းထဲတွင် တစ်ယောက်မှ မရှိသည်ကို သူ အတည်ပြုပြီးနောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။ သူက အားနည်းနေသလို ခံစားရပြီး ဆိုဖာပေါ် ထိုင်ချလိုက်တော့၏။ သေမင်း တံခါးလာခေါက်သည့် ခံစားချက်က စစ်မှန်လွန်းသည်၊ ယခုထိတိုင် ကြောက်ရွံ့မှုက သူ့ထံ ရစ်ဝဲနေတုန်းပင်။

"တော်ပြီ....တော်ပြီ။ ငါ ဒီစင်းခေါနဲ့ ထပ်မပတ်သက်တော့ဘူး။ သူတို့က ငါ့ကို ရွှေတောင်ကြီးတစ်လုံးပေးရရင်တောင် ဒီကလန်နဲ့ပတ်သက်တာ ဘာတစ်ခုမှ ငါ မပါဝင်တော့ဘူး။ စင်းလုအန်ဘေးနားက ဒီကောင်တွေက ကြောက်စရာကောင်းလွန်းတယ်။ သူတို့က ငါ့ကို သတ်ချင်ရင် လွယ်လွယ်လေးပဲ"

ဤကိစ္စအား ရှင်းရှင်းလင်းလင်း စဉ်းစားတွေးတောပြီး‌‌နောက် ချာလီက ပိုစိတ်သက်သာရာရသွားခဲ့သည်။

****

ဒုန်မူအန်ခရိုင်၊ ငှက်မွေးနန်းတော်ကလပ်။

ထန်ရှုက ပြန်ရောက်လာပြီး လောလောဆယ် လက်ထဲတွင် စာတမ်းတစ်စုံအား ကိုင်ထား၏။ သူ အခန်းသို့ ပြန်ရောက်လာချင်း သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက ‌မေးလိုက်သည်"ငါ လုပ်ခိုင်းတာ လုပ်ပြီးသွားပြီလား"

အရိပ်တစ်ခုက ဖျပ်ခနဲလက်ကာ ထန်အန်က ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် သူမက ရိုသေလေးစားစွာ ပြောလိုက်၏"လုပ်ပြီးသွားပြီ၊ ဆရာအဘိုး။ မင်း ခန့်မှန်းထားသလိုပဲ။ ချာလီက သူ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် စင်းခေါကနေ ထပ်နှိုက်ထုတ်ချင်တယ်၊ ဒါကြောင့် မင်းပြင်ဆင်ထားတဲ့သတင်းအတုကို စင်းခေါဆီ ပေးဖို့ ငါ သူ့ကို ဖိအားပေးခဲ့တယ်"

"ဟမ့်၊ အမှောင်လေအဖွဲ့အစည်းက ကမ္ဘာ့အကြီးမားဆုံးသတင်းအချက်အလက်အေဂျင်စီဆိုပေမယ့် အကျင့်ပျက်လူလိင်လူညစ်တွေ အများကြီး ရှိတာပဲ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"အရာအားလုံးက ပိုက်ဆံအတွက်ပဲ သူတို့က အဲဒါကိုပဲ စိတ်ဝင်စားတာ။ သူတို့ရဲ့အဖွဲ့အစည်းက လူ ဒီလောက်များမှတော့ သူတို့မှာ ပုပ်ဆွေးနံဆော်နေတဲ့သူတွေ၊ သင့်တင့်လျောက်ပတ်တဲ့သူတွေ ရှိမှာ အသေအချာပဲ။အကျိုးအမြတ်အတွက်နဲ့ သူတို့ရဲ့ကိုယ်ပိုင်ကျင့်ဝတ်စည်းကမ်းကို မေ့ထားတဲ့သူတွေ အများအပြား ရှိမှာပဲ။ သူတို့ရဲ့ကတိကဝတ်ဆိုတာ ဘာမှ မထိုက်တန်လှဘူး"

အပြုံးတစ်ခုက ထန်အန်၏မျက်နှာပေါ်တွင် ထင်ဟပ်လာပြီး သူမက ပြောလိုက်သည်"သူက ကံကောင်းမှုတစ်ခုတော့ ရှိတယ်၊ ဆရာအဘိုး၊ ဒါကြောင့် ငါ သူ့ကို သူ့ရဲ့ကိုယ်ပိုင်ဘဏ်အကောင့်ထဲကပိုက်ဆံတွေ ငါ့ဆီ လွှဲခိုင်းခဲ့တယ်။ စုစုပေါင်းပမာဏက ဒေါ်လာသန်း၂၄၀ပတ်လည်ပဲ၊ နောက်ကျရင် ဆရာအဘိုးအကောင့်ထဲ ငါ လွှဲပေးလိုက်မယ်"

"ဟမ်။ မင်း ဘာပြောတာ"

ထန်ရှု၏အမူအရာက ငေးကြောင်သွား၏။ ရယ်ရမလားငိုရမလားအမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် တဒင်္ဂ ထွက်ပေါ်လာသည်"ငါ့ဘေးနားကလူတွေအားလုံး ကြောက်စရာကောင်းတဲ့ဓားပြတွေအဖြစ် ပြောင်းလဲသွားသလို ငါ ဘာကြောင့် ခံစားနေရတာလဲ။ ငါ ရန်သူနဲ့ ရင်ဆိုင်ရချိန်တိုင်း မင်းတို့က ဘယ်လိုလုပ်ပြီး အမြဲတမ်း ငွေညစ်လာရတာလဲ"

အပြုံးတစ်ခုက ထန်အန်၏မျက်နှာပေါ်တွင် ထပ်ပေါ်လာပြန်၏"ငါတို့က ပိုက်ဆံပြတ်နေတယ်၊ ဆရာအဘိုး"

"ဒါပေါ့၊ ဟုတ်တာပေါ့။ ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဝယ်ဖို့ မင်းတို့က ပိုက်ဆံတွေ ပြတ်နေကြမှာပေါ့"ထန်ရှုက ဘောက်ဆတ်ဆတ်ပြောလေ၏။

"ဟုတ်တယ်။ ငါတို့အားလုံးက ကျင့်ကြံခြင်းအရင်းအမြစ်တွေ အမြောက်အများ လိုအပ်တယ်၊ အထူးသဖြင့် ဆေးလုံးတွေပဲ။ အဲဒါက အကုန်မြန်လွန်းတယ်"ထန်အန်က ခေါင်းညိတ်ကာ ပြောလေသည်"ဒါက ဘာကြောင့် ငါတို့ ပိုက်ဆံရဖို့ နည်းလမ်းတွေ ရှာ‌နေရတယ်‌ဆိုတာပဲ"

ထန်ရှုက ရယ်ကာ ပြောလိုက်၏"မှန်တာပေါ့။ ကမ္ဘာကြီးက နေ့လည်စာ အလကား ဘယ်ကျွေးပါ့မလဲ။ မင်းတို့ ကျင့်ကြံခြင်းအရင်းအမြစ်တွေ လိုချင်ရင် ပေးရမှာပေါ့။ ထာဝရခန်းမ‌ပေးတဲ့ မင်းတို့ရဲ့နှစ်စဉ်လစာက မင်းတို့အတွက် မလုံလောက်မှန်း ငါ သိတယ်။ ဒီတော့ မင်းတို့ဘာပဲလုပ်လုပ် ငါ ဂရုမစိုက်ဘူး၊ မင်းတို့က အပြစ်မရှိသူတွေကို သတ်ဖြတ်လုယက်မနေသရွေ့ပေါ့။ ကောင်းပြီ၊ မင်းပိုက်ဆံကို မင်းပဲ သိမ်းထား"

"ကျေးဇူးတင်ပါတယ်၊ ဆရာအဘိုး"ထန်အန်က ကျေနပ်ဝမ်းသာစွာ ပြောလေ၏။

"ဒီလိုလောကဝတ်တွေ မလိုပါဘူး"ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်"ပြီးတော့ ပိုက်ဆံအကုန်လုံး မင်းအတွက်ပဲ အသုံးမပြုနဲ့အုံး။ ကျင့်ကြံခြင်းအရင်းအမြစ်အချို့အတွက် သုံးစွဲပြီးရင် မင်းအကိုကိုလဲ မျှပေးအုံး။ ငါ မြင်ရသလောက် သူ့မှာ ကျင့်ကြံဖို့နဲ့အမျိုးသမီးတွေနဲ့ ကစားဖို့က လွဲပြီး ဘာမှလုပ်စရာမရှိဘူး"

"အာ၊ ငါ့ရဲ့အဲဒီအကိုက တကယ်ကို အံ့ဖွယ်ပဲ"ထန်အန်က အကူအညီမဲ့စွာ မှတ်ချက်ပြုလိုက်လေသည်"ဒီနှစ်တွေမှာ ငါ သူ့ကို ပိုက်ဆံ မကြာခဏ ပေးခဲ့တယ်။ သူက အဲတာတွေ အကုန်လုံး သုံးလိုက်ဖြုန်းလိုက်ပဲ"

"သူ့ဘဝကို စီမံပေးဖို့ ဇနီးတစ်ယောက်ရှာဖို့ မင်း သူ့ကို တွန်းအားပေးသင့်တယ်"ထန်ရှုက ပြုံး၍ ပြောစ"မဟုတ်ရင် မင်း တစ်သက်လုံး သူ့ကို ဂရုစိုက်နေရမယ်"

ထန်အန်က လက်သီးဆုပ်လျက် လေးနက်သောအမူအရာနှင့် ပြန်ဖြေ၏"ဇနီးတစ်ယောက်ရှာဖို့ ငါ သေချာပေါက် သူ့ကို တွန်းအားပေးရမယ်"

"ဟားဟား"ထန်ရှုက ရယ်ကာ ပြောလိုက်သည်"ကောင်းပြီ၊ ကောင်းပြီ။ အနားယူကြရအောင်။ အစီအစဉ်ဆွဲဖို့ အမှောင်နတ်ဆရာကလန်နဲ့ပတ်သက်တဲ့ဒီသတင်းအချက်အလက်ကို ဖတ်ဖို့ လိုအပ်တယ်"

"ဒါနဲ့ ဆရာအဘိုး ငါ့ကို အုန်းခြံကို သွားစေချင်လား"ထန်အန်က ရုတ်တရက် မေး၏"ငါတို့က အဲနေရာမှာ ထောင်ချောက်ဆင်ထားတာဆိုတော့။ စင်းခေါက သူ့လူတွေကို ဒီည လွှတ်လိုက်တဲ့အခါကျရင် ကျိုတာချွမ်းနဲ့သူ့လူတွေက မရင်ဆိုင်နိုင်လောက်ဘူး။ ပြီးတော့ ကျိုချင်းနဲ့ကလေးနှစ်ယောက် ရှိသေးတယ်။ သူတို့ အန္တရာယ်ဖြစ်နိုင်တယ်"

"လောလောဆယ် မင်း အဲနေရာကို သွားဖို့ မလိုဘူး"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီည အစီအစဉ်ဆွဲပြီးတာနဲ့ အဲကို ငါ့လူတွေကို ငါကိုယ်တိုင် ဦးဆောင်သွားမယ်။ ပြီးတော့ ငါတို့ အမှောင်လေဌာနခွဲမှာ ရှိတုန်းက ကျင်းရှီတို့အဖွဲ့ကို အဲ‌ကို လွှတ်ထားတယ်။ စင်းခေါရဲ့လူတွေ ငါတို့ထက် အရင်ရောက်ရင်တောင် ကျိုချင်းနဲ့သူ့ကလေးတွေ ဒုက္ခမရောက်အောင် သူတို့ ကာကွယ်နိုင်မှာပါ"

****

အမှောင်နတ်ဆရာကလန်တည်‌‌နေရာ။

စင်းခေါက သူ့ကုတ်အင်္ကျီအား ကမန်းကတန်းစွပ်ကာ အဆောက်အဦးတစ်ခုထဲမှ ထွက်လာသည်။ သူက အမှောင်နတ်ဆရာကလန်ဝင်ပေါက်သို့ လျှောက်လာပြီး ထို‌နေရာတွင် လူဒါဇင်ကျော် စောင့်‌‌နေ၏။ အဝေးမှ ကားဒါဇင်ကျော် မောင်းလာနေပြီး ဂိတ်ပေါက်၌ ရပ်သွားသောအခါ စင်းခေါနှင့်သူ့လူများက ကားပေါ်သို့ ချက်ချင်းတက်ကာ အဝေးသို့ လျင်မြန်စွာ ဦးတည်လိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် အမှောင်နတ်ဆရာကလန်ခေါင်းဆောင်စင်းထို့က ဂိတ်ပေါက်၌ တိတ်တဆိတ်ထွက်ပေါ်လာသည်။ သူက ထက်ရှသောဓားမြှောင်တစ်လက်အား ယူထုတ်ကာ ဝင်ပေါက်၏ဘယ်ဘက်သို့ ပစ်လိုက်၏။ အနက်ရောင်မြူတစ်ခုက သူ၏ဘယ်ဘက်ခြမ်း၌ ရုတ်တရက် ထွက်ပေါ်လာပြီး ဆံဖြူအဖိုးအိုတစ်ယောက်က အနက်ရောင်မြူမှ ထွက်လာကာ ဓားမြှောင်အား ဖမ်း‌ဆုပ်လိုက်သည်။

"သူတို့နောက်လိုက်၊ အဲကလေးစင်းလုအန်က အရည်အချင်းမရှိပေမယ့် သူက ငါ့သားဖြစ်နေတုန်းပဲ။ စင်းခေါက သူ့ကို တကယ်သတ်ချင်ရင် သူ သေရေးရှင်ရေးအခြေအနေမှာ ရှိနေတဲ့အခါ မင်း သူ့ကို ချက်ချင်း ကယ်ရမယ်"

"စင်းလုအန်က စင်းခေါကို အနိုင်ယူပြီး နောက်ဆုံးအောင်နိုင်သူဖြစ်လာရင်ရော"ဆံဖြူအဘိုးအိုက မေးလိုက်သည်။

စင်းထို့က ခေါင်းခါယမ်းကာ ထပ်မေး၏"သူက စင်းခေါကို အနိုင်ယူနိုင်မယ်လို့ မင်း ထင်တာလား"

"ဒါက အလားအလာမရှိဘူးဆိုတာ ငါ သိပေမယ့် ဒီကမ္ဘာမှာ အကြွင်းမဲ့ဆိုတာ ဘယ်အရာမှ မရှိဘူး"ဆံဖြူအဘိုးအိုက ခေါင်းခါယမ်းကာ ပြောလေသည်"ကြိုတင်မမြင်ရတဲ့မတော်တဆဖြစ်ရပ်တွေ ဖြစ်လာနိုင်သေးတယ်။ ပြီးတော့ စင်းလုအန်က တရုတ်မှ အကူအညီအချို့ ခေါ်ထားတယ်။ ငါတို့က ဒီလူတွေအကြောင်း ရှင်းရှင်းလင်းလင်းမသိပေမယ့် တရုတ်က မျိုးဆက်ပေါင်းများစွာ ကျွမ်းကျင်သူတွေ ပုန်းကွယ်နေတာ။ စင်းလုအန် ဖိတ်ခေါ်ထားတဲ့သူတွေက အရမ်းသန်မာရင် စင်းခေါက ဆုံးရှုံးရလိမ့်မယ်"

စင်းထို့က နှာခေါင်းပွတ်ရင်း တွေးလိုက်သည်။ ထို့နောက် ‌သူက ခေါင်းညိတ်ကာ ပြော၏"မင်း ပြောတာ မှန်တယ်။ တရုတ်မှာ အားကောင်းသူတွေ အများကြီးရှိလွန်းတယ်၊ ဒါကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ဘယ်လိုအရေးပေါ်ကိစ္စမဆို ငါတို့ ကာကွယ်ရမှာပဲ။ ကောင်းပြီ၊ မင်းနဲ့အတူ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ကို ခေါ်သွား။ ဖြစ်ပေါ်လာတဲ့ဘယ်လိုမတော်တဆဖြစ်ရပ်မဆို မင်း‌ ဖြေရှင်းရမယ်"

ဆံဖြူအဘိုးအိုက ခေါင်းညိတ်ကာ ဓားမြှောင်တစ်လက် ယူထုတ်လျက် အနက်ရောင်မြူတစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး စင်းထို့အရှေ့၌ ပျောက်ကွယ်သွားခဲ့သည်။

****

အုန်းခြံတွင်။

ကျိုတာချွမ်းက ပြတင်းပေါက်အား မှီရင်း အပြင်ဘက်ရှိ အမှောင်ထုအား ကြည့်နေလေသည်။ သူ့သမီးက ကလေးနှစ်ယောက်နှင့်အတူ ရောက်လာသော်လည်း သူ့နှလုံးသားက မြူအုံ့ဆိုင်း‌နေ၏။ ထို့ပြင် သူက စိုးရိမ်ကြောင့်ကြသလို ခံစားရပြီး အချိန်နှင့်အမျှ ပိုပြင်းထန်လာသည်။ ဆယ်စုနှစ်တစ်ခုကျော် ကြာသည့်အထိ သူ့တွင် မရှိခဲ့ဖူးသည့် ခံစားချက်တစ်ခု ဖြစ်၏။

လွန်ခဲ့သောဆယ်စုနှစ်က သူပိုင်ဆိုင်သောအာရုံခြောက်ပါးအား အားကိုးလျက် ဟွမ်များယူဆောင်လာသည့်အန္တရာယ်အား ကြိုတင်သိခဲ့သည်။ သူ ကြိုတင်ထွက်ပြေးနိုင်သည့်အကြောင်းပြချက်လည်း ဖြစ်ပြီး ဟွမ်ကလန်သားများ၏သတ်ဖြတ်ခြင်းမှ သူ့ကိုယ်သူ ကာကွယ်နိုင်ခဲ့၏။ သို့သော် ဤတစ်ကြိမ်ခံစားချက်က လွန်ခဲ့သောဆယ်စုနှစ်ကထက် ပိုပြင်းထန်သည်။ သေမင်း၏ကောက်ရိတ်ဓားက သူ့လည်ပင်းတစ်ဝိုက်ရှိနေသလို သူ့အား အသက်ရှုရခက်ခဲစေ၏၊ ဂနာမငြိမ်ဖြစ်စေ၏။

"အကြောင်းရင်းက ဘာဖြစ်နိုင်မလဲ"

အတွေးက သူ့စိတ်ထဲ၌ ဝဲလည်နေပြီး နောက်ဆုံးတွင် ကောက်ချက်တစ်ခု ချခဲ့၏။ သူ ရင်ဆိုင်ရမည့်အန္တရာယ်က သူ့သမီးနှင့်အတူ သူ့‌နေရာသို့ ရောက်ရှိလာသည့်ထန်ရှုနှင့် ဆက်စပ်သည်ဟု သူ့မသိစိတ်က ပြောပြခဲ့သည်။ ဟွမ်မိသားစုနှင့်လည်း ဆက်စပ်ရန် အလားအလာရှိ၏။

"ဒီလိုလုပ်လို့မရဘူး။ ငါ ဒီအတိုင်း သေဖို့ ထိုင်စောင့်နေလို့ မရဘူး။ ငါ ကြိုတင်ပြင်ဆင်မှု လုပ်ရမယ်၊ ချင်းအာနဲ့ငါ့မြေးနှစ်ယောက်ကို ဒီ‌နေရာကနေ အဝေးကို ပြောင်းရွှေ့ရမယ်။ ပြီးတော့ အနီးနားမှာ ထောက်လှမ်းစစ်ဆေးရမယ်"

ကျိုတာချွမ်းက သူ့သမီးနှင့်မြေးများအား တိတ်တဆိတ်ပို့လွှတ်ပြီးနောက် ကြောက်စရာကောင်းသောခံစားချက်က ပိုပြင်းထန်လာသည်။ အချိန်မရွေးကိုက်ခဲနိုင်သည့်အဆိပ်ပြင်းမြွေတစ်ကောင်က သူ့အား စိုက်ကြည့်နေသလိုပင်။ သေစေနိုင်သည့်ကိုင်ခဲခြင်းမျိုး ဖြစ်၏။

***

All Chapters