မုန်တိုင်းအကြို
Vol. 71 Ch. 984
ပြတ်တောင်းပြတ်တောင်းသေနတ်သံက အုန်းခြံတစ်လျှောက် ပဲ့တင်ထပ်နေသည်။ သို့သော် သေနတ်သံကြားရတိုင်း သေမင်း၏ကောက်ရိတ်ဓားက ပစ်ခံရသူ၏အသက်အား ရိတ်သိမ်းနေသလိုပင်။ မိနစ်အနည်းငယ်အတွင်း သတ်ဖြတ်လိုစိတ်နှင့်လူခြောက်ယောက်အား သတ်ဖြတ်သွားခဲ့သည်။
"ချီးလိုပဲ....."
သူ့လူများအား ဆန်းကြယ်သောစနိုက်ပါသမားက အဆက်မပြတ် ပစ်မှတ်ထားနေသည်ကို စင်းခေါက ခိုကိုးရာမဲ့စွာ ကြည့်နေခဲ့ရသည်။ သူ့မျက်နှာပေါ်ရှိဒေါသက ရက်စက်သောအမူအရာအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ့ပတ်လည်ရှိသတ်ဖြတ်လိုစိတ်က ပိုပြင်းထန်လာ၏။ သူက စင်းလုအန်လက်အောက်ရှိလူများအား စုံစမ်းခဲ့ပြီး ဤတစ်ယောက်ကဲ့သို့ ထူးချွန်သောစနိုက်ပါသမား မရှိပေ။
"ရန်သူရဲ့အပစ်အခတ်ကျွမ်းချက်ကတော့ တိကျလွန်းတယ်၊ သူဌေး။ သူက ဆက်တိုက်ရွေ့လျားနေတယ်၊ ဒါကြောင့် ငါတို့ သူ့တည်နေရာကို မဖမ်းနိုင်ဘူး"ရောင်စုံပုံဖျက်ဝတ်စုံကို ဝတ်ဆင်ထားကာ စနိုက်ပါရိုင်ဖယ်တစ်လက်ကိုင်ထားသည့်ဟာဒီက မျက်နှာသုန်မှုတ်လျက် တင်ပြ၏။ သူက ရွှေရောင်မီးတောက်ကြေးစားအဖွဲ့၏စနိုက်ပါဝိဇ္ဇာတစ်ယောက်ဖြစ်ခဲ့ပြီး စစ်မြေပြင်တွင် ရန်သူမရေမတွက်များစွာအား သတ်ဖြတ်ခဲ့သည့် သေမင်းတစ်ယောက် ဖြစ်၏။ သူ့အား ဖိနှ်ိပ်နိုင်သည့် စနိုက်ပါသမားတစ်ယောက်နှင့် ရင်ဆိုင်တွေ့ခြင်းက သူ့အတွက် အလွန်ကြောက်စရာကောင်းသောခံစားချက်တစ်ခု ဖြစ်သည်။
အေးစက်စက်အလင်းတစ်ခုက စင်းခေါ၏မျက်လုံးများထဲ၌ လက်သွားသည်။ ဟာဒီ၏စွမ်းရည်အား သူ ကောင်းကောင်းသိ၏။ သို့သော် ဤအကောင်က ရန်သူအား လုံးဝမထိန်းချုပ်နိုင်ပေ။ ရန်သူ့ခွန်အားက ပြောင်မြောက်လှမှန်း သိသာသည်။
"တိုက်ခိုက်တာကို ရပ်စဲပြီး ဒီအုန်းခြံပိုင်ရှင်ကို ချက်ချင်းစုံစမ်း။ သုံးဆယ်မိနစ်အတွင်း ငါ အချက်အလက်လိုချင်တယ်"
မြင်ကွင်းမှ ကီလိုမီတာအနည်းငယ်အကွာတွင် ရေစင်ထိပ်တွင် ပုန်းနေသော ကျိုတာချွမ်းက မိုက်ခရိုစကုတ်မှတစ်ဆင့် သူ့အရှေ့ရှ်ိမြင်ကွင်းအား စိုက်ကြည့်နေလျက်ရှိသည်။ သူ၏အုန်းခြံထဲတွင် သေနတ်တိုက်ပွဲတစ်ခု ပေါ်လာမည်ဟု သူ အိမ်မက်တောင်မမက်ဖူးပေ၊ ဒီလောက်များသောရန်သူ တိုက်ခိုက်လာမည်ဟုလည်း မတွေးထားပေ။ အံ့အားအသင့်ဆုံးအရာက ရန်သူများအား နောက်ဆုတ်ရန်ဖိအားပေးနေသည့် ဆန်းကြယ်လှသောစနိုက်ပါသမားတစ်ယောက်ရှိနေခြင်းပင်။
"ဒီအကောင်က ဘယ်သူလဲ"သူက မိုက်ခရိုစကုတ်အား ပစ်ချကာ သူ့ဘေးနားရှိနောက်လိုက်အချို့အား မေးမြန်းလိုက်သည်။
သူ့နောက်လိုက်များက အကြည့်ချင်း ဖလှယ်ကြရင်း တစ်ချိန်တည်း၌ ခေါင်းခါယမ်းလိုက်ကြ၏။ သူတို့က အုန်းခြံထဲရှိလူတိုင်းအား ပြောင်းရွှေ့ပေးခဲ့သောကြောင့် မြင်ကွင်းက သူတို့အား တုန်လှုပ်စေသည်။ ထို့ပြင် သူတို့က အားကောင်းသောပုံရိပ်များနှင့် ရင်ဆိုင်တွေ့ခဲ့သည့် ကျွမ်းကျင်သူများ ဖြစ်ကြသော်လည်း တစ်ချက်ပစ်အသက်တစ်ချက်ချွေသည့် ဤစနိုက်ပါသမားနှင့် သူတို့ထဲက တစ်ယောက်မှ မယှဉ်နိုင်ပေ။
"သူက ငါတို့ထဲက မဟုတ်ဘူး၊ သူဌေး"သက်လတ်ပိုင်းလူက တီးတိုးပြောလိုက်သည်။
ကျိုတာချွမ်းက မြင်ကွင်းအား သူ၏မိုက်ခရိုစကုတ်နှင့် ထပ်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူက ပြော၏"ဒီလူက သူ့ကိုယ်သူ ဖုံးကာဖို့ ကတုတ်ကျင်းတစ်ခု အသုံးပြုနေတာပဲ၊ ဒါပေမယ့် သူ့ရဲ့ဖုံးကွယ်စွမ်းရည်ကလဲ ထူးခြားတယ်၊ အစစ်အမှန်ကျွမ်းကျင်သူတစ်ယောက်ကပဲ ဒီလိုလုပ်နိုင်မှာ။ ဒီမတော်တဆဖြစ်ရပ်က ငါတို့နဲ့ မသက်ဆိုင်ဘူးဆိုရင် ငါတို့က ကံမကောင်းဘူးလို့ပဲ ပြောနိုင်တယ်။ ငါတို့ရဲ့အုန်းခြံမှာ တစ်ယောက်ယောက်ပုန်းနေပေမယ့် ငါတို့က မတွေ့ဘူး၊ ဒါပေမယ့် အခု သူ့ရန်သူက တွေ့ပြီး လက်စားချေဖို့ လာခဲ့တာပဲ"
သက်လတ်ပိုင်းလူက ခေါင်းညိတ်လိုက်သည်"အဲလိုဖြစ်ဖို့များတယ်"
ဘန်း၊ ဘန်း.....
ရုတ်တရက် သေနတ်သံက အုန်းခြံ၌ ထပ်မြည်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် သေနတ်သံက လူတစ်ယောက်ထံမှ မလာဘဲ လူလေးယောက်ငါးယောက်ထံမှ တစ်ပြိုင်နက်တည်း လာ၏။ ပစ်ခတ်သူများက တိုက်ခိုက်ရန်လာသည့်လူဒါဇင်ကျော် မဟုတ်ကြဘဲ အုန်းခြံထဲ၌ နေလျက် ခုခံကြသူများပင် ဖြစ်သည်။
ချက်ချင်းပင် သက်လတ်ပိုင်းလူ၏မျက်နှာက ကသိကအောက်ဖြစ်သွားတော့သည်။ ကျိုတာချွမ်းပင် မယုံကြည်နိုင်သည့်အသွင်ဖြစ်နေ၏။ လူလေးယောက်ကျော် သူ့အုန်းခြံထဲ၌ ပုန်းနေသည့်အချက်က သူ့မျက်နှာအား ပါးရိုက်လိုက်သလိုပင်။
"အဲနေရာမှာ ဘာဖြစ်နေတာလဲ။ အတိအကျ အဲ ကောင်တွေက ဘယ်သူလဲ"
ကျိုတာချွမ်းက လုံးဝမှင်တက်မိသည်။ မိုက်ခရိုစကုတ်ကိုင်ထားသည့်သူ့လက်များက အနည်းငယ် တုန်ယင်နေလေ၏။
အုန်းခြံအတွင်းပိုင်းထဲတွင် ကျင်းရှီက အဆောက်အဦးတစ်ခု၏ပြတင်းပေါက်တွင် ပုန်းနေရင်း နားကြပ်တပ်ကာ ပြောလိုက်သည်"အားလုံးပဲ၊ သူဌေးက သုံးဆယ်မိနစ်အတွင်း ရောက်လာမယ်၊ ဒါကြောင့် ငါတို့တွေ ဒီကောင်တွေကို ဖြစ်နိုင်သမျှ များများလေး သတ်ပစ်ရမယ်။ ပြီးတော့ သူတို့ကို နေရာမှာတင် ထိန်းထား၊ ရှေ့လဲ မတိုးစေနဲ့၊ နောက်လဲ မဆုတ်သွားစေနဲ့။ စင်းခေါက ဒီနေရာကို သူ့ရဲ့ကိုယ်ပိုင်နောက်လိုက်တွေနဲ့လာတာ။ သူတို့ကို ဖယ်ရှားနိုင်ရင် ငါတို့ရဲ့မစ်ရှင်တစ်ဝက်ပြီးပြီ"
မိုအားဝူ၏မျက်လုံးများက အေးစက်စွာ လင်းလက်နေလျက် သူက ပြောလိုက်သည်"သူဌေးရဲ့အမိန့်ကြောင့်သာမဟုတ်ရင် ငါတို့တွေ သူတို့ကို အပြီးတိုင် တိုက်ရိုက်ဖယ်ရှားလိုက်လို့ရတယ်။ ဒါနဲ့ ရွှယ်ရှာက ဘယ်ရောက်နေတာလဲ။ အခုထိ သူ့ရဲ့သတ်မှတ်ထားတဲ့နေရာမှာ မထွက်ပေါ်လာဘူးပဲ"
"ဝှစ်......"
ပုံရိပ်တစ်ခုက လျှပ်စစ်အလား ရိပ်ခနဲလှုပ်ရှားကာ သူတို့အရှေ့၌ ထွက်ပေါ်လာ၏။ ရွှယ်ရှာဖြစ်ပြီး သူက သတ်ဖြတ်လိုစိတ်နှင့်အတူ တီးတိုးပြောလိုက်သည်"ငါ့နေရာအနီးမှာ ဆန်းကြယ်တဲ့အဖွဲ့တစ်ဖွဲ့ကို တွေ့ခဲ့တယ်။ သူတို့က အမှောင်ထဲမှာ ချုံခိုတိုက်ခိုက်ဖို့ စီစဉ်နေတဲ့ အမှောင်နတ်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေပဲ ဖြစ်မယ်။ သူတို့ထဲကအချို့ဆိုရင် ငါ့ကို ခြိမ်းခြောက်တဲ့ခံစားချက်တစ်ခု ရစေတယ်"
"ဟမ့်၊ သူတို့က ငါတို့ကို ချုံခိုတိုက်ခိုက်ဖို့ စင်းလုအန် စီစဉ်ထားတဲ့ လူအင်အားပဲ ဖြစ်မယ်"ကျင်းရှီက အေးစက်စွာ နှာခေါင်းရှုံ့လျက် ပြော၏"ရွှယ်ရှာ၊ သူတို့ကို မျက်ခြေမပြတ်စေနဲ့၊ သူတို့ လှုပ်ရှားတာနဲ့ ငါ့က်ု သတင်းပို့"
"ငါတို့ရဲ့လက်ရှိတာဝန်က သူတို့ကို ထိန်းထားပြီး အချိန်ဆွဲဖို့ပဲ"မိုအားဝူက သူ့ပစ္စတိုဆွဲထုတ်ကာ အေးစက်စွာ ပြောလိုက်သည်"ငါတို့ သူတို့ကို တွေ့ပြီးဆိုတာ အသိပေးလိုက်ကြရအောင်"
ထိုသို့ ပြောပြီးနောက် သူက ကျင်းရှီ၏အရှေ့တောင်ပိုင်းရှိပုန်းကွယ်နေသောတည်နေရာဆီသို့ နှစ်ကြိမ်သုံးကြိမ် ဆက်တိုက်ပစ်လိုက်၏၊ ထို့နောက် သူက နောက်တစ်နေရာသို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့ပြီး အခြားပြတင်းပေါက်တစ်ခုတွင် ထွက်ပေါ်လာသည်။
အရှေ့တောင်ပိုင်းရှိ သစ်ပင်ချုံပင်များနောက်တွင် သရဲနှင့်တူသောအရိပ်ဒါဇင်ကျော်က ပုန်းနေလေသည်။ သူတို့ခန္ဓာကိုယ်တစ်ခုလုံးအား မြူများဖြင့် မထင်မရှားဖြစ်အောင် ဖုံးလွှမ်းထားလျက်ရှိပြီး အရှိန်အဝါက ပတ်ဝန်းကျင်အပူချိန်အား ဒီဂရီအနည်းငယ် လျော့ကျသွားစေသည်။ အနက်ဝတ်လူအိုကြီးစင်းကလီ၏မျက်လုံးများက အရှေ့တွင်သာ တွယ်ငြိနေလေ၏။ သူ့မျက်လုံးများက အမှောင်ထုအား ထိုးဖောက်နိုင်သကဲ့သို့ အရှေ့ဘက်အဆောက်အဦးထဲမှ အမှောင်ထဲတွင် ပုန်းအောင်းနေသောအန္တရာယ်များအား မြင်နိုင်သည့်အလားပင်။
"ဟမ်....."
သေနတ်ကျည်ဆံအနည်းငယ်က သူ့ရှိရာသို့ ဝင်လာနေသည်ကို မြင်ပြီး စင်းဂလီက သူ့အင်္ကျီလက်အား လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။ အနက်ရောင်မြူလုံးများက ရုတ်ခြည်း ထွက်ပေါ်လာပြီး ကျည်ဆံများအား ရစ်ပတ်ကာ လေထဲသို့ လွှင့်ထုတ်လွင့်မျောသွားစေ၏။
"ဒီနေရာကနေ ထွက်ခွာရမယ်။ ငါတို့နေရာကို သူတို့တွေ သိသွားပြီ"
ချက်ချင်းလျှင်ပင် တစ္ဆေနှင့်တူသောပုံရိပ်ဒါဇင်က အသံတစ်စက်မျှ မထွက်ဘဲ သစ်ပင်အရိပ်များနောက်မှ အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်သွားခဲ့သည်။
အချိန်ကုန်လွန်လာလေပြီး အနေအထားက မဆုတ်သာမတိုးသာ ရှိနေလေသည်။
နာရီဝက်ကြာပြီးနောက် ကားနှစ်စီးက အုန်းခြံမှ ငါးကီလိုမီတာအကွာ လမ်းပေါ်၌ ရပ်သွား၏။ ထန်ရှုနှင့်ကျန်လူများက လျင်မြန်စွာ ထွက်လာပြီး စင်းလုအန်နှင့်သူ့လူများက နောက်မှ လိုက်ပါလာလျက် အုန်းခြံဆီသို့ ပုန်းလျှိုးကွယ်လျှိုးနှင့် လျင်မြန်စွာ ရွေ့လျားသွားလေသည်။
သူတို့က အုန်းခြံသို့ ချဉ်းကပ်လာသောကြောင့် စောင့်ကြပ်နေသောစင်းခေါ၏လူများနှင့်အတူ လမ်းဘေးတွင်ရပ်နေသောကားအချို့က ထန်ရှု၏မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
စင်းလုအန်က ထန်ရှုဘေးသို့ ရောက်လာပြီး တီးတိုးပြော၏"ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ"
သူ့မျက်လုံးထဲတွင် သတ်ဖြတ်ခြင်းဆန္ဒတို့ တလက်လက်နေလျက် ထန်ရှုက ဖြေလိုက်သည်"ရန်သူရဲ့နေရာအတိအကျကို ငါတို့ ရှာရမယ်၊ ပြီးရင် အုန်းခြံထဲက ကျင်းရှီတို့အဖွဲ့ကို အကြောင်းကြားပြီး စင်းခေါတို့အဖွဲ့ကို နှစ်ဖက်ညှပ်တိုက်ခိုက်ရမယ်။ သူတို့တစ်ယောက်မှ အသက်မရှင်စေရဘူး"
"ငါ သဘောတူတယ်။ ဒီကောင်တွေအားလုံးက စင်းခေါရဲ့လူယုံတွေပဲ၊ သူတို့အားလုံးကို သတ်ကြတာပေါ့"စင်းလုအန်က ခိုင်မာစွာ ခေါင်းညိတ်ပြသည်"ငါ့ဘက်ရဲ့ခွန်အားက အရင်ကထက် ပိုတိုးတက်လာတယ်။ အနည်းဆုံး ငါတို့က သူတို့ထက် အဆအနည်းငယ်ပိုသန်မာတယ်။ ငါ့ကလန်ရဲ့မွန်းစတားအိုကြီးအချို့က စင်းခေါကို ကာကွယ်ရင်တောင် ငါတို့တွေ ဒီနေရာမှာ ဒင်းတို့ကို သေချာပေါက် အပြတ်ရှင်းနိုင်လိမ့်မယ်"
ထန်ရှုက ခေါင်းညိတ်တုံ့ပြန်လျက် ထန်ကွမ်းအား ပြောလိုက်သည်"ရန်သူရဲ့တည်နေရာကို အတည်ပြု၊ အထူးသဖြင့် စင်းခေါပုန်းနေတဲ့နေရာကိုပေါ့။ မင်း အခွင့်အရေးရတာနဲ့ သူ့ကို သတ်၊ ဒါပေမယ့် အခွင့်အရေးမရဘူးဆိုရင် ငါ့ကို ချက်ချင်းတင်ပြ။ ငါးမိနစ်အတွင်း သူတို့ကို တိုက်ခိုက်မယ်"
"နားလည်ပါပြီ"ထန်ကွမ်းက ခေါင်းညိတ်ကာ ပြန်ပြောသည်။
ထို့နောက် သူ့ပုံရိပ်က ရိပ်ခနဲလှုပ်ရှားကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ နှစ်မိနစ်ကြာပြီးနောက် သူက ထန်ရှုရှေ့သို့ ပြန်ရောက်လာပြီး ခေါင်းခါယမ်းပြ၏"စင်းခေါဘေးနားမှာ ကျွမ်းကျင်သူတွေ အများကြီးရှိတယ်၊ ဒါကြောင့် ငါ သူ့ကို မသတ်နိုင်ခဲ့ဘူး။ ဒါ့အပြင် ငါတို့ရဲ့ဆယ့်တစ်နာရီထောင့်မှာ အသက်လေးဆယ်ကျော်လူတွေ ရှိတယ်၊ သူတို့ထဲကအချို့မှာ သေနတ်တွေ ရှိပြီး ကျန်လူတွေမှာတော့ မှော်တောင်ဝှေးနဲ့လက်နက်တွေ ရှိတယ်။ သူတို့က အမှောင်နတ်ဆရာကလန်ရဲ့ကျွမ်းကျင်သူတွေပဲ ဖြစ်မယ်။ ပြီးတော့ ငါတို့ရဲ့တစ်နာရီထောင့်မှာလဲ လူဒါဇင်ကျော် တွေ့ခဲ့တယ်။ သူတို့က သူတို့ရဲ့တည်ရှိမှုကို ကောင်းကောင်းဖုံးကွယ်ထားနိုင်ပြီး စင်းခေါဘေးနားက ကျွမ်းကျင်သူတွေထက် ပိုအားကောင်းတယ်"
ထိုသို့ပြောပြီးနောက် ထန်ကွမ်းက စက္ကူအပိုင်းအစတစ်ခုအား ယူထုတ်ကာ ထန်ရှုထံ ကမ်းပေးလျက် တင်ပြလိုက်သည်"အန်က တစ်နာရီထောင့်ကိုဦးဆောင်တဲ့လူအိုကြီးတစ်ယောက်ရဲ့ပုံကြမ်းတစ်ခုကို ရေးဆွဲခဲ့တယ်"
စင်းလုအန်က ပုံကြမ်းအား အကြိမ်အနည်းငယ် လေ့လာလိုက်ပြီး သူ့မျက်ခုံးများက ရုတ်တရက် ကျုံ့သွားကာ သူ့မျက်လုံးများထဲတွင် မုန်းတီးသောအမူအရာတစ်ခု ပြည့်နှက်သွား၏။ ထို့နောက် သူက အသက်နက်ရှိုင်းစွာ ပြောလိုက်သည်"ငါ သူ့ကို သိတယ်။ ငါ့ကလန်ထဲကတစ်ယောက်မှ ဒီလူကို မသိဘူး။ သူက စင်းဂလီ၊ ငါ့အဖေရဲ့ညာလက်ရုံး၊ ငါ့ရဲ့တတိယဦးလေးလဲ ဟုတ်တယ်။ သူက ကလန်ရဲ့ဒုတိယအားအကောင်းဆုံးကျွမ်းကျင်သူပဲ။ ငါတို့ခန့်မှန်းတာ မှန်တယ်၊ မစ္စတာထန်။ ငါ့အဖေက တကယ်ကို စင်းခေါဘက်ကပဲ၊ မဟုတ်ရင် စင်းခေါရဲ့အဆင့်အတန်းလောက်နဲ့ ဒီအဖိုးကြီးကို မလှုပ်ရှားစေနိုင်ဘူး"
"အရင်ကတည်းက ဒီလိုဖြစ်လာမယ်လို့ ငါ ခန့်မှန်းထားပြီးသားပါ၊ အခု အတည်ပြုပြီပေါ့"ထန်ရှုက သာမန်မျှစွာ ပြော၏"စင်းခေါက မင်းအသက်ကို လိုချင်တယ်၊ ဒီတော့ သူ သေရမယ်။ မင်းကို သတ်ဖို့ ဒီလူတွေကို မင်းအဖေလွှတ်လိုက်တယ်ဆိုရင်လဲ သူတို့ကို အသက်ရှင်လျက်ထားတာက မင်းအတွက် ဘာမှ ကောင်းမှာမဟုတ်ဘူးလို့ ငါ ထင်တယ်၊ စင်းလုအန်"
ဤစကားက စင်းလုအန်အား တုံ့ဆိုင်းသွားစေပြီး သူက ခါးသီးစွာ ပြောလိုက်ချေသည်"ဘာပဲပြောပြော သူက ငါ့အဖေပဲ။ သူ ဒီကို မလာမှတော့ သူ ငါ့ကို မသတ်ချင်လောက်ဘူး။ စင်းခေါကို သုတ်သင်ပြီးတဲ့အထိ စောင့်ကြတာပေါ့။ ပြီးမှ အမှောင်နတ်ဆရာကလန်ကို ပြန်ပြီး ဒီကိစ္စကို သူနဲ့ ငါကိုယ်တိုင် ဖြေရှင်းမယ်"
ထန်ရှုက စိတ်ထဲ၌ သက်ပြင်းချလျက် ခေါင်းညိတ်လိုက်သည်"ငါ နားလည်တယ်။ တကယ်တော့ သူက မင်းအဖေပဲလေ။ ဟုတ်ပြီ၊ စင်းခေါနဲ့သူ့လူတွေကို ရှင်းပြီးမှပဲ အဲဒါကို ဖြေရှင်းကြတာပေါ့"
ငါးမိနစ် ကုန်လွန်သွားလေပြီ။
ထို့နောက် ထန်ရှုက ကျင်းရှီအား ဖုန်းခေါ်ကာ တိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ မကြာမီ အုန်းခြံအတွင်းပိုင်းထဲရှိအဆောက်အဦးထဲရှိကျင်းရှီတို့ဆယ့်တစ်ယောက်အဖွဲ့က စင်းခေါတည်ရှိရာသို့ လျှပ်စီးအလား ရွေ့လျားလာကာ သူတို့၏သေနတ်များအား သိမ်းပြီး အင်မော်တယ်ဓားများအား အသီးသီးထုတ်လိုက်သည်။ တစ်မိနစ်ဝက်အတွင်း သူတို့က စင်းခေါ၏လူခြောက်ယောက်အား သတ်ဖြတ်ပစ်ခဲ့၏။
"ခွေးမသားတွေ....."
အနက်ဝတ်လူအိုကြီးတစ်ယောက်၏ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်။ သူက တောင်ဝှေးအား လျင်မြန်စွာ ဝှေ့ယမ်းကာ အနက်ရောင်မြူအလွှာက ပတ်ဝန်းကျင်၌ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
"သူတို့ကို ခုတ်ပိုင်းလိုက်....."
အနက်ရောင်မြူက ပေါင်းစည်းကာ အနက်ရောင်ဓားရှည်တစ်လက်အဖြစ် ချက်ချင်း သိပ်သည်းသွားခဲ့သည်။ ပတ်ဝန်းကျင်ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး အနက်ရောင်မြူဖုံးလွှမ်းနေသောအနက်ရောင်ဓားမော့က ရိပ်ခနဲ ထွက်ပေါ်လာကာ မိုအားဝူနှင့်ကျင်းရှိီတို့၏ခန္ဓာကိုယ်အား ခုတ်ပိုင်းခဲ့၏။
"သက်တံဓား-ချိုးဖြတ်စမ်း......"
မိုအားဝူက ခြေတစ်လှမ်းရှေ့တိုးပြီး ဓားစွမ်းအင်က သူ၏အင်မော်တယ်ဓားမှ ပေါက်ကွဲထွက်လာကာ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်တည်လျက် အနက်ရောင်ဓားမော့နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
***