← Chapters

အချောင်ဘေးသင့်ခံရသူများ

Vol. 71 Ch. 985

အချောင်ဘေးသင့်ခံရသူများ

Vol. 71 Ch. 985

ဓားချီစွမ်းအားက ရှေ့သို့ အရှိန်အဟုန်ပြင်းစွာ ပြေးလာသော်ငြား အနက်ရောင်မြူက အလွန်ထူထဲသည်။ ဓားချီဖြင့် ခုတ်ပိုင်းခဲ့သော်လည်း ၎င်းက ထပ်မံသိပ်သည်းသွားပြန်၏။ သို့သော် ဓားအရှည်က တစ်ဝက်လျော့သွားပြီး စွမ်းအားက တစ်ဝက်ထိုးကျသွားသည်။

အနက်ဝတ်လူအိုကြီးက ယုံကြည်ချက်အပြည့်နှင့် မိုအားဝူနှင့်ကျင်းရှီတို့အား သတ်ဖြတ်နိုင်မည်ဟု တွေးနေချိန်တွင် ဓားချီက ရုတ်တရက်ပြောင်းလဲကာ သူ့ထံ ပြေးဝင်လာသည်။ တောင်ဝှေးအား ဝှေ့ယမ်းကာ ဓားချီအား အလျင်အမြန်တားဆီးနိုင်ခဲ့ခြင်းကြောင့်မဟုတ်လျှင် သူ့အား ဓားချီက ထိုးဖောက်သွားလိမ့်မည်။

အုံး.....

တောင်ဝှေးထဲတွင်တပ်ဆင်ထားသောကျောက်စိမ်းက ပေါက်ကွဲသွားပြီး တစ်စစီပျက်စီးကာ မြေပြင်ပေါ်  ပြန့်ကျဲသွား၏။ အနက်ဝတ်လူအိုကြီးက လက်ထုံကျင်သွားပြီး သူ့ခန္ဓာကိုယ်ထဲရှိသွေးနှင့်စွမ်းအင်က ဗျောင်းဆန်သွားသည်။

"ဟမ့်....."

ကျင်းရှီက နှာခေါင်းရှုံ့ကာ မီီး‌တောက်တစ်ခုနှင့်အတူ လက်ထဲရှိအင်မော်တယ်ဓားအား ရှေ့သို့ ပစ်လွှတ်လိုက်သည်။ အနက်ရောင်ဓားမော့က အနက်ရောင်မြူတစ်ခုအဖြစ် ပြောင်းသွားပြီး အဆုံး၌ ပျက်စီးပျောက်ကွယ်သွားခဲ့၏၊ မရပ်တန့်နိုင်သောသတ်ဖြတ်လိုစိတ်က ရှေ့သို့ ဆက်လက်ရွေ့လျားလာပြီး နောက်တခဏတွင် အနက်ဝတ်လူအိုကြီးအား လောင်ကျွမ်းသွားခဲ့သည်။

"မြန်မြန်ပြန်ဆုတ်....."

တစ်ချိန်တည်းတွင် အခြားအနက်ဝတ်လူအိုကြီးလေးယောက်က အဝေးသို့ ဆုတ်ခွာလျက် ပူးပေါင်းကာ အင်မော်တယ်ဓားရှေ့တွင် အနက်ရောင်မြူကို သုံးလျက် နံရံတစ်ခုအား ဖန်တီးလိုက်သည်။ အနက်ရောင်ပူဖောင်းက ပတ်ဝန်းကျင်မှ လွင့်မျောလာပြီး အနက်ရောင်လေမုန်တိုင်းတစ်ခုအား ဖြစ်တည်လိုက်၏။ ၎င်းက အတားအဆီးတစ်ခုအဖြစ် ဆောင်ရွက်ကာ အဆုံးတွင် သူတို့အရှေ့ရှိအင်မော်တယ်ဓားအား တားဆီးနိုင်ခဲ့သည်။

"ဒါ မှော်လက်နက်တစ်ခုလား"

ဘယ်ဘက်ခြမ်းရှိဒုတိယမြောက်အနက်ဝတ်လူအိုကြီး၏မျက်နှာက ပြောင်းလဲသွားသည်။ လောဘကြီးသောအသွင်အပြင်က သူ့မျက်နှာပေါ်တွင် ထင်ဟပ်လာ၏။ သူက အင်မော်တယ်ဓားထံ တစ်ဟုန်ထိုးပြေးသွားကာ အနက်ရောင်မြူအလွှာတစ်ခုအား လက်ဖဝါးတွင် ရစ်ပတ်လျက် ဓားရိုးအား လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။

မြင်ကွင်းကို မြင်ပြီး သူ့အရှေ့မီတာအနည်းငယ်အကွာမှ ကျင်းရှီက မှင်တက်သွားလေသည်။ သို့သော် သူ့အမူအရာက အထူးအဆန်းပြောင်းလဲသွား၏။ အနက်ဝတ်လူအိုကြီးက အင်မော်တယ်ဓားရိုးအား ဆုပ်ကိုင်မိချိန်တွင် သူ့နှုတ်ခမ်းက အနည်းငယ်လှုပ်ရှားသွားပြီး အင်မော်တယ်ဓားရှိတစ်နှစ်နီးပါးသန့်စင်ထားသောစွမ်းအင်အား ထုတ်လွှတ်လိုက်သည်။ ရုတ်တရက် သူ့ဓားမှ အလင်းတောက်ပဖြာထွက်လာ၏။

မီးတောက်ထဲတွင်ရစ်ခွေနေသောဓားစွမ်းအင်က ဦးတည်ဘက်တိုင်းသို့ ချက်ချင်း ပေါက်ကွဲထွက်သွား၏။ ပေါက်ကွဲမှုက အင်မော်တယ်ဓားရှေ့တွင်ရပ်နေသောအနက်ဝတ်လူအိုကြီး၏မြူခြုံလွှမ်းထားသောလက်အား ချက်ချင်း လောင်ကျွမ်းသွားကာ မျက်စိတစ်မှိတ်အတွင်း ပြာချပစ်ခဲ့သည်။

ဝှစ်......

ထိုအနက်ဝတ်လူအိုကြီးက သွေးတစ်ပွက်အန်သည်။ မျက်နှာက ဆိုးဆိုးဝါးဝါးပျက်နေပြီး မီးတောက်ဓားချီက သူ့ရင်ဘက်အား ထိုးဖောက်သွားသည်။ မီးလျှံက သူ့အား အတွင်းမှ လောင်ကျွမ်းသွားပြီး အခြားအနက်ဝတ်လူအိုကြီးများ ပြေးလာချိန်တွင် ပြာပုံအဖြစ် ပြောင်းလဲသွားလေ၏။

မြင်ကွင်းမှ ဆယ်မီတာအကွာတွင် စောင့်ရှောက်သူအကြီးအကဲ ပြာဖြစ်သွားသည်ကို စင်း‌‌ခေါက မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ ကလေးဘဝကတည်းက သူ့အား ကာကွယ်လာသည့် စောင့်ရှောက်သူအကြီးအကဲငါးယောက် ရှိ၏။ သူတို့က သူ့အား ကျင့်ကြံခြင်းအား လမ်းညွှန်ပေးခဲ့ကြပြီး လက်ရှိအချိန်ထိပင်။ သူတို့က သူအယုံကြည်ရဆုံးလူအနည်းငယ်ထဲတွင် ပါဝင်လေသည်။

ဒါပေမယ့် သူ့ကိုချစ်တဲ့အားအကောင်းဆုံးဒုတိယအကြီးအကဲက အခုလို သေသွားခဲ့ရတာလား။

သူ့မျက်လုံးထဲတွင် ဒေါသတို့ လောင်ကျွမ်းလျက် လက်သီးတင်းတင်းဆုပ်ကာ စင်းခေါက ခါးမှလခြမ်းဓားတစ်လက်အား လျင်မြန်စွာ ဆွဲထုတ်လျက် ဝှေ့ယမ်းကာ အော်ပြောလိုက်သည်"သူတို့အားလုံးကို သတ်.....ဒီခွေးမသားတွေအားလုံးကို သတ်။ စင်းလုအန်ရဲ့အသက်ကို ချန်ထား၊ သူ့ကို ငါကိုယ်တိုင် သတ်မယ်။ သူ မသေခင် နှိပ်စက်ညှင်းပန်းမှုအရသာကို မြည်းစမ်းစေရမယ်...."

ချွင်း...ချွမ်း....ဝှစ်....ဝှစ်.....

သူ့အသံ ထွက်လာပြီး သူ့ဘေးနားရှိလူဒါဇင်ကျော်က မလှုပ်ရှားရသေးခင် လူခုနှစ်ယောက်က အနောက်မှ ထွက်ပေါ်လာကာ သူတို့၏လည်ချောင်းအား ခုတ်ဖြတ်ကာ နှလုံးအား ထိုးဖောက်သွားခဲ့သည်။

"ရန်သူ တိုက်ခိုက်နေတယ်....."

အနက်ဝတ်သက်လတ်ပိုင်းယောင်္ကျား၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူက ကျယ်လောင်စွာ အော်လျက် သူ့လက်မောင်းဖြတ်သွားသည့်ဓားအား ဘေးသို့ ရှောင်တိမ်းလိုက်သည်။

မြင်ကွင်းက စင်းခေါ၏အမူအရာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်။ သူ့ကျောရိုးထဲတွင် အေးစိမ့်မှုတို့ စီးဆင်းနေပြီး ပုံရိပ်ဆယ်ခုအား သူ့အနောက်တွင် မြင်လိုက်ရ၏။ သူက ထန်ရှုနှင့်အတူ စင်းလုအန်နှင့် သူ့နောက်လိုက်များအား မြင်လိုက်ရသည်။ သို့သော် သူ့ကို မယုံကြည်နိုင်စေသည်ကား စင်းလုအန်ဘေးနားရှိစောင့်ရှောက်သူအကြီးအကဲငါးယောက်နှင့်လှပသောအမျိုးသမီးတို့ ထုတ်လွှတ်နေသည့် အရှိန်အဝါပင်။

"သူတို့ကို သတ်...."

သို့သော် လက်ရှိအချိန်တွင် စင်းခေါက ဘာတစ်ခုမှ ဂရုမစိုက်နိုင်ပေ။ သူ၏စောင့်ရှောက်သူအကြီးအကဲတစ်ယောက် အသတ်ခံခဲ့ရသည်။ ၎င်းက မီးလျှံတစ်ခုထံ လောင်စာထည့်လိုက်သလို သူ့ဒေါသအား ပို၍ အုံကြွလာစေသည်။

အထင်သေးသောအကြည့်အား ထန်ရှု၏မျက်နှာပေါ်တွင် မြင်နိုင်သည်။ ဤလူများ ထွက်ပြေးလွတ်မြောက်ခြင်းမှ ကာကွယ်ရန်အတွက်ကြောင့်သာ မဟုတ်လျှင် စင်းခေါနှင့်သူ့လူများ၏အရေအတွက်နှင့်ခွန်အားက နှစ်ဆဆိုလျှင်တောင် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူက ရွှေအမြုတေအဆင့်စွမ်းအားရှင်များနှင့်ယှဉ်နိုင်သည့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်၏။ ထို့ပြင် အလားတူကျင့်ကြံခြင်းအဆင့်ပိုင်ဆိုင်ထားသည့်ထန်ကွမ်းနှင့်ထန်အန်းတို့လည်း ရှိသေး၏။

"စင်းလုအန်၊ မင်းနဲ့မင်းလူတွေက စင်းခေါကို ရင်ဆိုင်။ ကျန်တဲ့လူတွေကို ငါ ရင်ဆိုင်မယ်"ထန်ရှုက စင်းလုအန်အား တစ်ချက်ကြည့်ကာ အေးစက်စက်လေသံနှင့် ပြောလိုက်သည်။

စင်းလုအန်က နားလည်ရခက်စွာ လျှို့ဝှက်ပြုံးပြုံးလိုက်လေသည်။ သူက လှပသောအမျိုးသမီးနှင့်အနက်ဝတ်စောင့်ရှောက်သူအကြီးအကဲငါးယောက်အား ဦးဆောင်လျက် စင်းခေါဆီသို့ မာန်ပါပါနှင့် ချီတက်လာသည်။ ဤမတိုင်ခင်ဆိုလျှင် သူရောသူ့နောက်လိုက်များပါ စင်းခေါနှင့်သူ့နောက်လိုက်များအား မယှဉ်နိုင်ခဲ့ပေ။ သို့သော် ထန်ရှုနှင့်အပေးအယူလုပ်ပြီး ဆေးလုံးများ ရရှိပြီးကတည်းက သူတို့စွမ်းအားများက ခုန်ပေါက်ကျော်လွှားတိုးတက်လာပြီး ယခင်ကထက် တစ်ဆင့်ပိုအားကောင်းလာ၏။

ထို့ပြင် စင်းခေါ၏စောင့်ရှောက်သူအကြီးအကဲတစ်ယောက်က ‌သေဆုံးသွားသလို အခြားလေးယောက်အားလည်း ကျင်းရှီတို့အဖွဲ့က ဝိုင်းရံထားသည်။ ဤတစ်ကြိမ်က ရွှေအခွင့်အလမ်းတစ်ခုဟု ဆိုနိုင်၏။

"သူတို့ကို သတ်၊ မင်းတို့ ပိုသတ်လေလေ၊ တိုက်ပွဲပြီးရင် မင်းတို့ရမယ့်ဆုလာဒ်က ပိုများလေပဲ။ ငါက စေးနှဲ့နေမှာ မဟုတ်ဘူး၊ မင်းတို့ လိုချင်တာအားလုံး ငါ ပေးမယ်"

ဆုလာဒ်နှင့်ဆွဲဆောင်ခြင်းက စွန့်စားရန် သတ္တိရှိစေသည်။

သူတို့က ခွန်အားအရ ပိုအားနည်း‌သော်ငြား လူဆယ်ယောက်က ရှေ့သို့ ပြေးဝင်တိုက်ခိုက်ခဲ့သည်။ သို့သော် သူတို့တွင် ထန်ရှုနှင့်သူ့လူများ၏အထောက်အပံ့ရှိသည်ကို သိသည်။ ဤစိတ်ဝိညာဉ်က သူတို့အား အပေါ်စီးရောက်လာစေနိုင်၏။

ဤအချိန်တွင် ရေစင်ပေါ်ရှိကျိုတာချွမ်းက မြင်ကွင်းအား ကြည့်ရင်း လုံးဝအံ့ဩတုန်လှုပ်နေလေ၏။ လွန်ခဲ့သောနှစ်အနည်းငယ်က ဆန်းကြယ်သောစွမ်းအားများရှိသည့်အားကောင်သူအချို့အား မြင်ခဲ့သည်ကို အမှတ်ရလာသည်။

သို့သော် ထိုသူများ၏စွမ်းအားက သူ့ရှေ့တွင် တိုက်ခိုက်နေသူများနှင့် ယှဉ်လျှင် ပြောဆိုရန် မထိုက်တန်လှပေ။ သူက နိုင်ငံခြားမှော်ကားများအား ကြည့်နေရသလိုပင်....မှားနေပြီ၊ ယခုမြင်ကွင်းက ထိုမှော်ကားများထက် ပိုကောင်းသည်။ မြင်ကွင်းက အင်မော်တယ်နှင့်နတ်ဆိုးကြားတိုက်ပွဲတစ်ခုအား မြင်နေရသလို၊ တိမ်ပေါ်တက်၊ မြူခိုးများ စီးနင်းရင်း သွေးသံရဲရဲတိုက်ခိုက်‌‌နေကာ လျှပ်စီးမိုးကြိုးများက တလက်လက်ဖြစ်နေ၏။ ဤမြင်ကွင်းအားလုံးက သူ့တစ်ကိုယ်လုံး ‌အေးစိမ့်အေးခဲစေလေသည်။

"သူ....သူဌေး....အဲဒီထန်....."

သူ့ဘေးနားတွင် ရပ်နေသော သက်လတ်ပိုင်းယောင်္ကျားက ထစ်ထစ်ငေါ့ငေါ့ပြော၏။

"စကားကို ပုံမှန်အတိုင်း ပြောစမ်း"ကျိုတာချွမ်းက ဆဲဆိုကြိမ်းမောင်းလိုက်သည်"ဒီတိုက်ပွဲမြင်ကွင်းက မင်းအတွက် ဘယ်လောက်ထိတ်လန့်စရာကောင်းလဲ ငါ သိတယ်။ သူတို့က လူတွေဆိုတာ သေချာတယ်၊ ဒါပေမယ့် စွမ်းရည်ရှိတဲ့လူတွေပဲ"

သက်လတ်ပိုင်းယောင်္ကျားက တံတွေးမျိုချရင်း ကမန်းကတန်း ပြောလိုက်သည်"အဲဒါ ပြောတာ မဟုတ်ဘူး၊ သူဌေး။ အဲမှာ သခင်မလေးကို ခေါ်လာပေးတဲ့မစ္စတာထန်ပဲ....."

ဤအရာက ကျိုတာချွမ်း၏အမူအရာအား အနည်းငယ်ပြောင်းလဲသွားစေပြီး သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်၏"သူ ဘယ်မှာလဲ"

သက်လတ်ပိုင်းယောင်္ကျားက ဦးတည်ဘက်တစ်ခုအား ကမန်းကတန်းညွှန်ပြလျက် ပြော၏"အဲဘက်ကို ကြည့်။ အနက်ရောင်ဝတ်စုံကို ဝတ်ထားတာ မစ္စတာထန်ပဲ။ အဲဒါက မနေ့က ငါတို့ရဲ့အုန်းခြံဆီ သူ လာတုန်းက ဝတ်ထားတဲ့ ဝတ်စုံမှန်း ငါ မှတ်မိတယ်"

ကျိုးတာချွမ်းက လက်ချောင်းဦးတည်ဘက်အတိုင်း လိုက်ပါသွားပြီး နေရာအား ဆယ်စက္ကန့်ကြာ ဂရုတစိုက် လေ့လာခဲ့သည်။ နောက်ဆုံးတွင် တိုက်ခိုက်‌နေသူများထဲမှ ထန်ရှုအား မြင်လိုက်၏။ သို့သော် ထန်ရှုကို ကြည့်ရသည်မှာ ထင်ရှားပေါ်လွင်ခြင်းမရှိ၊ ကြောက်စရာကောင်းသောလှုပ်ရှားမှုများ လုံးဝမပြ။ သူ့လက်ထဲရှိဓားပျံများနှင့်အတူ တိုက်ခိုက်သူများကြား ကြုံရာကျပန်း ရွေ့လျားသွား‌နေသည်။

"မဖြစ်နိုင်ဘူး"

မျက်ခုံးများကျုံ့လျက် ကျိုတာချွမ်း၏အမူအရာက ကြောက်စရာကောင်းလှအောင် ပြောင်းလဲသွား၏။ သူ့မျက်လုံးများက ထန်ရှုထံမှ လုံးဝမခွာ။ ထန်ရှုက စိတ်လွတ်ကိုယ်လွတ်သတ်ဖြတ်‌နေသည်ကို သူ သတိပြုမိခဲ့သည်။ သူ့လက်ထဲရှိဓားမြှောင်နှစ်လက်က သေမင်းကောက်ရိတ်ဓားပမာ ရန်သူ့လည်ပင်းအား ခုတ်ပိုင်းကာ နှလုံးအား အဆက်မပြတ် ထိုးဖောက်နေ၏။ သူက သူ့ဘက်ခြမ်းရှိလူများအား ကူညီပေးနိုင်ပြီး သူတို့၏ဆုံးရှုံးမှုအား လျော့ကျသွားစေသည်။

"သူဌေး၊ ငါ တစ်ခု နားမလည်ဘူး"သက်လတ်ပိုင်းယောင်္ကျားက ရုတ်တရက် မေး၏"မနေ့က မစ္စတာထန် ထွက်သွားတာ ရှင်းလင်းနေတာပဲ။ ဒါဆို ဘာလို့ ဒီညမှာ သူ့နဲ့သူ့လူတွေက ငါတို့ရဲ့အုန်းခြံမှာ ထွက်ပေါ်လာရတာလဲ။ ပြီးတော့ သူတို့က ငါတို့ရဲ့နေရာကို စစ်မြေပြင်အဖြစ် အသုံးပြုနေမှန်း မြင်နိုင်ပါတယ်၊ အဆောက်အဦးတွေ၊ အပင်တွေ ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီး‌နေတယ်။ နှစ်‌ဖက်လုံးက ဒီအတိုင်းဆက်သွားရင် အနိုင်ရသူထွက်ပေါ်လာရင်တောင် ငါတို့ပဲ ကြီးကြီးမားမားဆုံးရှုံးရလိမ့်မယ်"

ထိုလူများထဲတွင် ထန်ရှုအား မြင်လိုက်သည့်အခိုက်တွင် ကျိုတာချွမ်းက ကိစ္စ၏အမှန်တရားအား နားလည်ခဲ့သည်။ ခါးသီးစွာ ပြုံးလျက် အကူအညီမဲ့စွာနှင့် သူက ပြောလိုက်သည်"ငါ့ကိုပဲ အပြစ်တင်ရမှာ။ ငါသာ သူ့ကို နေဖို့ မငြင်းပယ်ခဲ့ရင် ဒီအနေအထား ဖြစ်လာမှာမဟုတ်ဘူး။ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ သူက ငါ့ကို ပြန်ပေးဆပ်ခိုင်းတာပေါ့လေ"

"ငါ နားမလည်ဘူး"သက်လတ်ပိုင်းယောင်္ကျားက နားမလည်သောအကြည့်နှင့် မေး၏။

နှစ်ဖက်တိုက်ပွဲကို ကြည့်ရင်း ကျိုတာချွမ်းက အားတင်းပြုံးလျက် ဆိုလိုက်သည်"ငါက ခမ်းနားသောထန်စီးပွားရေးလုပ်ငန်းစုရဲ့သူဌေးကြီးကို သံသယဝင်ခဲ့တာ။ ဘာလို့ သူက ဘန်ကောက်ကို တရားမဝင်လျှို့ဝှက်ဝင်လာသလဲပေါ့။ သူက ဟွမ်တွေရဲ့နောက်လိုက်ခွေး၊ ငါတို့နေရာမှာ နေပြီး ဟွမ်တွေရဲ့စစ်ကူကို စောင့်ပြီး အတွင်းကနေ ငါတို့ကို တိုက်ခိုက်မယ်လို့ မှားယွင်းယူဆခဲ့မိတာပေါ့။ လက်ရှိအနေအထားအရ သူက အဲဒါကို မှတ်ထားတာပေါ့လေ"

"သူက ဘန်ကောက်မှာ ရန်သူရှိတယ်၊ အရမ်းအားကောင်းတဲ့သူပဲ။ ရန်သူတွေထဲမှာ ရင်းနှီးတဲ့မျက်နှာအချို့ မင်း မမြင်ဘူးလား။ သူတို့ထဲကတစ်‌ယောက်က စင်းခေါ၊ ဆန်းကြယ်တဲ့ကလန်တစ်ခုရဲ့သခင်လေးပဲ။ ထန်ရှုနှင့်သူ့လူတွေ ဘန်ကောက်ကို လာတာ ဒီလူနဲ့ ရင်ဆိုင်ဖို့အတွက်ပဲ"

"မနေ့ ဒီကို သူ စရောက်တော့ ထန်ရှုမှာ နေစရာမရှိဘူး၊ ဒါကြောင့် သူက ချင်းအာရဲ့ဖိတ်ခေါ်မှုကို လက်ခံပြီး ငါတို့‌နေရာဆီ လာခဲ့တာ။ ငါကပဲ ယာယီနေထိုင်ခွင့်မပေးဘဲ ငြင်းပယ်ခဲ့တာ"

ကျိုတာချွမ်းလက်အောက်ရှိလူများက ချက်ချင်း နားလည်သွားလေသည်။ သူတို့က တစ်ယောက်နှင့်တစ်ယောက် အကြည့်များဖလှယ်ကြရင်း အချိန်အတန်ကြာသည့်မထိ ပြောစရာစကားမရှိခဲ့ပေ။

သူတို့က ဘာမှမဆိုင်ဘဲ တိုက်ပွဲကြောင့် အချောင်‌ ဘေးသင့်ခံရတယ်လို့ ဆိုလိုတာမလား။

လက်ရှိအနေအထားအရ သူတို့က အခြားသူများ၏အပြုအမူကြောင့် ထိခိုက်ခံစားခဲ့ရသည့်ပွဲကြည့်ပရိသတ်များလိုပင်။ ကျိုတာချွမ်းကသာ ယဉ်ကျေးပျူငှာစွာနှင့် ခိုလှုံခွင့်ပေးခဲ့လျှင် ယခုကဲ့သို့ ဖြစ်လာမည်မဟုတ်ပေ။

"ဒါဆို ငါတို့ ဘာဆက်လုပ်သင့်လဲ၊ သူဌေး"သက်လတ်ပိုင်းယောင်္ကျားက တီးတိုးမေးလိုက်သည်။

"ငါက ဘာလုပ်နိုင်မှာလဲ"ကျိုတာချွမ်းက အားတင်ပြုံးလျက် ပြန်‌မေးလိုက်၏"ဘာမှမလုပ်ဘဲ စောင့်ကြည့်ကြတာပေါ့။ သူတို့ရဲ့တိုက်ပွဲက ငါတို့တွေ စွက်ဖက်လို့ရမယ့် အရာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ထန်ရှုက အနိုင်ရသူဖြစ်လာရင် ငါကိုယ်တိုင်ကိုယ်ကျ သူ့ကို တောင်းပန်မှာပါ"

***

All Chapters