ရွေးချယ်ခြင်း
Vol. 71 Ch. 986
သူ့သမီး သူ့ကို ပြောခဲ့သည့် ကိစ္စရပ်တစ်ခုက ကျိုတာချွမ်း၏စိတ်ထဲ၌ တကျဉ်ကျဉ်မြည်နေသည်။ ဟွမ်မိသားစုနှင့်ရန်ငြိုးအား ထန်ရှုက ကူညီဖြေရှင်းပေးခဲ့သည်ဟု သူမက ပြောခဲ့သည်။ ထန်ရှုတွင် စွမ်းရည်မရှိသည်ဟု ယူဆကာ သူက လစ်လျူရှုခဲ့သည်။ သို့သော် ယခု သူ့သမီးက မှန်ပုံရ၏။ အရာအားလုံးအား စဉ်းစားကြည့်လျှင် သူကသာ ထန်ရှုအား အထင်သေးခဲ့သူဖြစ်၏။
"မင်းတို့အားလုံး ဒါကို မှတ်ထား။ နောက်ပိုင်းမှာ မင်းတို့တွေ ထန်ရှုနဲ့ ဘယ်အချိန်ပဲတွေ့တွေ့ သူ့ကို ရိုသေလေးစားရမယ်။ သူက အရမ်းအားကောင်းတဲ့လူတစ်ယောက်ပဲ၊ ဖူးခန်းပြည်နယ်ရဲ့ဟွမ်မိသားစုထက် အများကြီးပိုအားကောင်းတယ်။ သူက ငါတို့တွေ သွားရှုပ်လို့ရနိုင်တဲ့သူမျိုး မဟုတ်ဘူး"
"နားလည်ပါပြီ"သက်လတ်ပိုင်းယောင်္ကျားများက ပြန်ဖြေလိုက်သည်။
****
အခြားဦးတည်ဘက်တွင် စင်းဂလီက အမှောင်နတ်ဆရာကလန်၏စောင့်ရှောက်သူအကြီးအကဲဆယ့်သုံးယောက်ကို ဦးဆောင်လျက် အုန်းပင်ဆယ်ပင်အထက်၌ တိတ်တဆိတ်ပုန်းခိုနေ၏။ အုန်းရွက်များကြား၌ သူတို့ကိုယ်သူတို့ ဖုံးကာရင်း အဝေးရှိတိုက်ပွဲမြင်ကွင်းအား တည်ငြိမ်စွာ စောင့်ကြည့်နေခဲ့သည်။
သူတို့၏လာရင်းရည်ရွယ်ချက်က စင်းလုအန်၏လူအားလုံး အသတ်ခံရလျှင်တောင် စင်းလုအန်ကိုသာ ကယ်ဆယ်ရန် ဖြစ်၏။ သို့သော် လက်ရှိအနေအထားအရ စင်းခေါနှင့်သူ့လူများက အရေးမသာနေပေ။ ပိုအတိအကျပြောရရင် သူတို့က စင်းလုအန်တို့ဘက်အား လုံးဝမရင်ဆိုင်နိုင်ပေ။
"ငါ အခု ဘာလုပ်သင့်လဲ"
အတွေးက စိတ်ထဲ၌ ရစ်ဝဲနေသော်လည်း သူက အဖြေမရှာနိုင်ပေ။ စင်းခေါကို ကူညီရမှာလား။ ထိုအရာအတွက် ခေါင်းဆောင်ထံမှ အမိန့်မရခဲ့သောကြောင့်ပင်။ သူက ကမူးရှူးထိုးပြုလုပ်လို့မရပေ၊ သို့သော် စင်းခေါနှင့်သူ့လူများ လုံးဝပျက်ဆီးသည့်အထိ သူက ကြည့်ရှုနေရမည်လား။
သူက ခဏတာ အကျပ်ရိုက်နေလေ၏။
တိုက်ပွဲက အမြင့်ဆုံးအထိ ရောက်ရှိလာ၏။ ထန်ရှုက လျှပ်စီးအလား ရွေ့လျားကာ စင်းခေါလက်အောက်ရှိလူနှစ်ဆယ်နီးပါးအား တစ်ယောက်တည်း သတ်ဖြတ်ခဲ့သည်။ အလားတူစွာ ထန်ကွမ်ကလည်း ဓားတစ်ချက်လှုပ်တိုင်း အသက်တစ်သက်အား ရိတ်သိမ်းနေခဲ့၏။
"စင်းခေါ၊ ငါ့ရဲ့ချစ်ကိုကြီး။ ငါသာ မင်းနေရာမှာဆိုရင် မင်းရဲ့ခေါင်းကို မဖျက်ဖို့ ငါ့ကို ဒူးထောက်တောင်းပန်နေလောက်ပြီ"စင်းလုအန်က ပြောလိုက်သည်။ သူ့သွေးများက စိတ်လှုပ်ရှားမှုကြောင့် လောင်ကျွမ်းနေပြီး ခန္ဓာကိုယ်ပင် တုန်နေလေသည်။ အကြိမ်ဘယ်လောက်မသိအောင် အိမ်မက်မက်ခဲ့ရသည့် မြင်ကွင်းက အမှန်တကယ်ဖြစ်လာခဲ့ချေပြီ။
လက်ရှိတွင် စင်းလုအန်နှင့်လှပသောအမျိုးသမီးတို့က စင်းခေါအား ပူးပေါင်းတိုက်ခိုက်နေကာ သူ့မျက်နှာပေါ်တွင် စိတ်ဓာတ်ကျခြင်းက အထင်းသားပေါ်နေလေ၏။ သူ၏အမှိုက်ညီလေးက သူနှင့် တူညီသောစွမ်းအားရှိလိမ့်မည်ဟု သူ မတွေးထားခဲ့ပေ။ သူ့ဘေးနားရှိခွေးမပင် အမှိုက်မဟုတ်တော့ဘဲ နှစ်ယောက်သား ပူးပေါင်းလျက် သူ့အား ခေါင်းငုံရန် ဖိအားပေးနေလေသည်။
အားလုံးထဲတွင် အရေးကြီးဆုံးအချက်က သူ့ဘက်ခြမ်းရှိလူလေးဆယ်ကျော်က ပျက်သုဉ်းလုနီးပါးအထိ ရိုက်နှက်ခံနေရခြင်းပင်။ လက်ရှိတွင် ဒါဇင်လောက်သာ ကျန်ရှိတော့ကာ အားလုံးက ဒဏ်ရာအနာတရနှင့် အချို့ဆိုလျှင် ပြင်းပြင်းထန်ထန်ထိခိုက်ထားလေသည်။
သူ ရှုံးသွားပြီပဲ.....
သူက စင်းလုအန်နှင့်ထန်ရှုတို့၏ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့မှန်း သူ သိ၏။ ရလဒ်က ဝမ်းနည်းဖွယ်ရာအဆုံးသတ်နှင့် သူ့လူများ၏သေဆုံးခြင်းပင်။
"ထွက်ပြေးရမယ်....."
အစောင့်အရှောက်အကြီးအကဲငါးယောက်ထဲမှနှစ်ယောက်က မိုအားဝူနှင့်ကျင်းရှီတို့ဆယ့်တစ်ယောက်အဖွဲ့အား သွေးသံရဲရဲနှင့် ကြိုးစားခုခံနေခဲ့၏။ အခြားအကြီးအကဲနှစ်ယောက်က အတူတကွ ပျောက်ကွယ်သွားရန် ဆုံးဖြတ်ထားလေပြီး စင်းလုအန်၏အစောင့်အရှောက်အကြီးအကဲငါးယောက်ထံ တစ်ဟုန်ထိုးပြေးသွားလျက် စတင်တိုက်ခိုက်ခဲ့သည်။
"ငါတို့တွေ မလွတ်မြောက်နိုင်ဘူး"
အစောင့်အရှောက်အကြီးအကဲတစ်ယောက်၏အကြည့်က ပြတ်သားနေလေသည်။ သူက သက်ပြင်းရှည်တစ်ချက်ချလျက် သူ့ပုံရိပ်က ကောင်းကင်သို့ တက်သွားကာ အော်လိုက်၏"ကျန်လူတွေအားလုံး၊ သခင်လေးကို ကာကွယ်ပြီး ထွက်ပြေးကြတော့။ ငါ့အတွက် လက်စားချေပေးဖို့ မမေ့ပါနဲ့"
လျှပ်တစ်ပြက်အတွင်း သူက ဆယ်မီတာအမြင့်သို့ တက်သွား၏။ ရုတ်တရက် သူ့ခန္ဓာကိုယ်က အနက်ရောင်မီးလျှံတို့ လောင်ကျွမ်းလာသည်။ အပူလှိုင်းတစ်ခုက သူ့ခန္ဓာကိုယ်မှ လိမ့်ထွက်လာပြီး ပတ်ဝန်းကျင်၌ ရွေ့လျားသွားရာ အပူချိန်က အနိမ့်ဆုံးခုနှစ်ဒီဂရီဆဲလ်စီယပ်တိုးသွား၏။ မန္တန်ရွတ်ဆိုမှု ပိုမြန်လာသည်နှင့်အမျှ အနက်ရောင်မီးလျှံက ပိုအားကောင်းကာ ပိုတောက်ပလာသည်။
ထိုအချိန်တွင် ထန်ရှုဖြစ်စေ၊ မိုအားဝူဖြစ်စေ အားလုံးက အံ့အားသင့်နေကြသည်။ လူအိုကြီးက တားမြစ်ပညာရပ်တစ်ခုထုတ်ဖော်နေမှန်း အားလုံးက ခန့်မှန်းနိုင်သည်။
သို့သော် စင်းလုအန်နှင့်သူ့လူများက ကြောက်ရွံ့တုန်လှုပ်သွားကြသည်။ စင်းခေါ၏အစောင့်အရှောက်အကြီးအကဲက ဤသို့ ဆုံးဖြတ်ချက်ချမည်ဟု သူတို့က မတွေးထားခဲ့ပေ။ အမှောင်ထုတားမြစ်ပညာရပ်ထုတ်ဖော်ပြီးသည်နှင့် ရလဒ်က သေတာလောက် မရိုးရှင်းသည်ကို သူတို့ သိ၏။
သေဆုံးသွားလျှင် သူတို့၏စိတ်ဝိညာဉ်အား ထိန်းသိမ်းနိုင်သေးသည်။ မှော်အတတ်ကျင့်ကြံသူများက စိတ်ဝိညာဥ်လည်း ကျင့်ကြံကြပြီး သူတို့ သေဆုံးသွားလျှင် ကလန်သားများက သူတို့၏စိတ်ဝိညာဉ်အား စုဆောင်းပေးနိုင်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့၏စိတ်ဝိညာဉ်က ပြန်လည်မွေးဖွားနိုင်ပေမည်။ သို့သော် အမှောင်ထုတားမြစ်ပညာရပ်က ရလဒ်တစ်ခုသာရှိပြီး သူတို၏စိတ်ဝိညာဉ်အား ဗလာနတ္ထိပြန့်ကျဲသွားစေခြင်းပင်။
"အဲလိုမလုပ်နဲ့၊ နံပါတ်ငါးအကြီးအကဲ......"
နာကျင်စွာ ခံစားရလျက် စင်းခေါက အော်ဟစ်လိုက်လေသည်။
လေထဲတွင်လွင့်မျောနေသောနံပါတ်ငါးအကြီးအကဲက တစ်ချက်ပြုံးလျက် စင်းခေါအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်ပြီးနောက် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားလေသည်။ သူ့အသား၊ သူ့အသွေးများက အနက်ရောင်မီးလျှံနှင့်အတူ ပက်ဖျန်းသွားပြီး ကောင်းကင်မှ ကျဆင်း၏။ မီးမိုးရွာသွန်းသည်နှင့် တူကာ အနက်ရောင်မီးလျှံက ဖျက်ဆီးခြင်းအား သယ်ဆောင်လာခဲ့သည်။
ဤမြင်ကွင်းက ရေစင်ထိပ်ရှိ ကျိုတာချွမ်းအား ထိတ်လန့်တုန်လှုပ်သွားစေသည်။ ဘယ်လောက်ပင် ဗဟုသုတအတွေ့အကြုံနှံ့စပ်ပါစေ၊ ယခုကဲ့သို့ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုအား ဘယ်သောအခါမှ သူ မမြင်ဖူးပေ။
"သူတို့က သဘာဝလွန်သက်ရှိတွေလား"
ထိုသို့သောပုဂ္ဂိုလ်များက ကမ္ဘာမြေပေါ်တွင် တည်ရှိသည်ဟု ကောလဟာလရှိသည်၊ ကျိုတာချွမ်းလည်း ကြားဖူး၏။ ဆန်းကျယ်သောစွမ်းရည်များရှိသည့်လူတစ်စုအကြောင်း၊ ကျင့်ကြံသူများဟုခေါ်ဆိုသည့်လူတစ်စုအကြောင်း သူ ကြားဖူးသည်။ သူ့ရှေ့ရှိ ထိုနှစ်ဖွဲ့က ဤဒဏ္ဍာရီအတွက် ပြီးပြည့်စုံသောသက်သေတစ်ခုပင်။
"ဒါပေမယ့်.....ဒါ အရမ်းထူးဆန်းတယ်။ ထန်ရှုနဲ့အတူပါလာတဲ့လူအချို့က သူတို့ရန်သူတွေနဲ့ ဇာစ်မြစ်တူနေသလိုပဲ။ ထန်ရှုကိုယ်တိုင်က အပြင်လူတစ်ယောက်ပုံပေါ်ပြီး နှစ်ဖက်လုံးရဲ့ကျွမ်းကျင်သူတွေက စွမ်းရည်တွေ တူနေတယ်။ ဆန်းကြယ်သောကလန်ရဲ့အတွင်းပိုင်းတိုက်ပွဲတစ်ခု၊ တစ်ဖွဲ့က ထန်ရှုရဲ့အကူအညီကို ယူထားတယ်လို့တော့ ငါ့ကို မပြောနဲ့နော်။ ဒီလိုဆိုရင် ထန်ရှု သူ့လူတွေနဲ့အတူ ဘန်ကောက်ကို ခိုးဝင်လာတာ ဒီအကြောင်းပြချက်ကြောင့်ပဲ ဖြစ်ရမယ်"
ကျိုတာချွမ်းက မေးစေ့ပွတ်ရင်း တွေးနေလေသည်။
အခြားတစ်နေရာတွင် စင်းခေါ ရှုံးလိမ့်မည်ဟု စင်းဂလီက မတွေးထားခဲ့ပေ။ စင်းခေါလက်အောက်ရှိလူငါးဆယ်နီးပါးက ပျက်သုဉ်းလုနီးပါးဖြစ်နေသည်မှာ မယုံနိုင်စရာ၊ အထူးသဖြင့် စင်းလုအန်ဘက်က လူအနည်းငယ်သာ ဆုံးရှုံးသေး၏။ ထို့ပြင် စင်းခေါလက်အောက်ရှိ အကြီးအကဲငါးယောက်ထဲမှနှစ်ယောက်က သေသွားခဲ့သည်။ တစ်ယောက်ဆိုလျှင် အမှောင်ထုတားမြစ်ပညာရပ်အား ထုတ်ဖော်ကာ သေသွားခဲ့ရ၏။
ဤအရာက အလွန်ဝမ်းနည်းဖွယ်ကောင်းလှ၊ သနားစရာကောင်းလှသည်.....
စင်းဂလီက မရေမတွက်နိုင်သောတိုက်ပွဲများစွာ ကြုံတွေ့ဖူးသော်လည်း ယခုကဲ့သို့ဝမ်းနည်းစရာကောင်းသောအနေအထားအား မရင်ဆိုင်ခဲ့ရပေ။ စင်းခေါလွတ်မြောက်စေရန်အတွက် သူ၏စောင့်ရှောက်သူအကြီးအကဲ စတေးခဲ့သည့်ဖြစ်ရပ်က စိတ်ကူးကြည့်ရန်မဖြစ်နိုင်ပေ။
"ကြည့်ရတာ ငါ လှုပ်ရှားဖို့ မလိုတော့ပုံပဲ"
စင်းဂလီက ခေါင်းခါယမ်းလိုက်သည်။ စင်းခေါ၏စောင့်ရှောက်သူအကြီးအကဲက အမှောင်ထုတားမြစ်ပညာရပ်အား အသုံးပြုခဲ့သောကြောင့် စင်းလုအန်နှင့်ကျန်ရှိသူများ ထွက်ပြေးသွားရမည်မှာ သေချာ၏။ စင်းခေါနှင့်စောင့်ရှောက်သူအကြီးအကဲသုံးယောက်သာ ကျန်ရှိသော်လည်း အားလုံးပျက်သုဉ်းသည်ထက် ပိုကောင်းပါသေးသည်။
"မင်းတို့တရုတ်တွေ။ မင်းတို့က အမှောင်နတ်ဆရာကလန်ရဲ့အတွင်းတိုက်ပွဲမှာ ပါဝင်ချင်ကြတယ်။ စင်းခေါနဲ့စင်းလုအန် ဘယ်သူပဲ အနိုင်ရရ၊ ငါ ခေါင်းဆောင်ကို ဒီအကြောင်း တင်ပြရမယ်။ လက်စားချေခြင်းကို မဖြစ်မနေပြုရမယ်"
"ငါတို့ ပြန်ဆုတ်ကြတော့မလား၊ အကြီးအကဲစင်းဂလီ"
နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ခေါင်းဆောင်၊ သက်လတ်ပိုင်းယောင်္ကျားက တီးတိုးပြော၏။ ပြဿာနာက စင်းခေါ လွတ်မြောက်လျှင် ပြီးမြောက်ပြီဟု သူ တွေးထားခဲ့သည်။
သို့သော် စင်းဂလီက ခဏတုံ့ဆိုင်းနေသည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်၏"ငါတို့ နည်းနည်းထပ်စောင့်ရမယ်။ တိုက်ပွဲက ကြမ်းတမ်းပြီး ရလဒ်က အချိန်မရွေး ပြောင်းလဲနိုင်တယ်။ ထူးခြားတာတစ်ခုခုဖြစ်သွားရင် ငါတို့က တာဝန်ယူနိုင်မှာမဟုတ်ဘူး"
"နားလည်ပါပြီ"
အမှောင်နတ်ဆရာကလန်သားများအား အသက်ရိတ်သိမ်းပြီးနောက် ထန်ရှုက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့လက်များက လှုပ်ရှားသွားပြီး ချိတ်ပိတ်ပညာရပ်တစ်ခုအား ထုတ်ဖော်လိုက်၏။ ရေကန့်လန့်ကာအလွှာများက တစ်ခုနှင့်တစ်ခုထပ်လျက် မြေပြင်မှ ဆယ်မီတာအကွာတွင် ဖြစ်တည်လာသည်။
"ဟမ့်.....အသေးအဖွဲစကေးလောက်နဲ့....."
ဤအချိန်တွင် ထန်ရှုက နောက်ထပ်ချိတ်ပိတ်ပညာရပ်တစ်ခုအား ထုတ်ဖော်လိုက်သည်။ အမှောင်တိမ်တိုက်များက အပြာရောင်ကောင်းကင်အား လျင်မြန်စွာ ဖုံးလွှမ်းသွား၏။ အသက်ရှုချိန်အနည်းငယ်အတွင်း အနက်ရောင်မီးလျှံအားလုံးက လေထဲ၌ အပြီးတိုင်ပျောက်ကွယ်သွားတော့သည်။
"သူတို့အားလုံးကို သတ်"
ထန်ရှုက နောက်ထပ်အမိန့်ပေးလိုက်သည်။
ထန်ရှု၏နည်းလမ်းက စင်းဂလီအား ထိတ်လန့်ကြောက်ရွံ့သွားစေသည်။ သူ့ကလန်၏အမှောင်ထုပညာရပ်အား အခြားသူများက အလွယ်တကူချိုးဖြတ်သွားမည်ဟု သူ မတွေးမိပေ။ အမှောင်ထုပညာရပ်ထုတ်ဖော်ခြင်းအတွက် ပေးဆပ်ရမည့်တန်ဖိုးအား သိထားရပေမည်။
သူက ဘေးနားရှိနတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်အား စောင်းငဲ့ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုတို့ အထင်းသားမြင်တွေ့နေရ၏။
"လှုပ်ရှားကြတော့.....စင်းခေါကို ကာကွယ်ကြ....."
စင်းဂလီက ခါးသီးစွာ အမိန့်ပေးလိုက်တော့၏။
နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က လေးကိုင်းမှ လွှတ်လိုက်သည့်မျြားများပမာ လှုပ်ရှားလာကြသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း သူတို့က လခြမ်းဓားများကိုင်ဆောင်လျက် စင်းခေါအနားသို့ ရောက်ရှိသွားကြ၏။ မြူအလွှာများက အဆင့်ဆင့်ထပ်ပုံထွက်ပေါ်လာပြီး အားလုံးအား ဖုံးလွှမ်းသွားခဲ့လေသည်။
စင်းဂလီက ပျံသန်းလာပြီး မြေပြင်အထက် မီတာဒါဇင်အနည်းငယ်၌ ရပ်တန့်နေလေသည်။ သူက စင်းလုအန်အား စိုက်ကြည့်ကာ ပြောလိုက်၏"ဒီနေရာမှာပဲ ရပ်ကြရအောင်.....မင်းတို့နှစ်ယောက်ကြားတိုက်ပွဲမှာ ခေါင်းဆောင်က မပါဝင်ဘူးဆိုပေမယ့် မင်းတို့နှစ်ယောက်လုံးလဲ သေလို့မရဘူး...."
စင်းဂလီအား မြင်လိုက်သောအခါ စင်းလုအန်၏မျက်နှာက သုန်မာန်သွားပြီး သူက ဒေါသတကြီး အော်ပြောလိုက်သည်"စင်းခေါကို ကူညီပြီး ငါ့ကို သတ်ဖို့ အဖေက မင်းတို့ကို လွှတ်လိုက်တာလား"
"သူ လွှတ်ခဲ့တယ်၊ ဒါပေမယ့် မင်းကို ကာကွယ်ဖို့ပဲ၊ စင်းခေါကို မဟုတ်ဘူး"စင်းဂလီက ခေါင်းခါယမ်းကာ အားတင်းပြုံး၏"မင်းတို့နှစ်ယောက်ကြားတိုက်ပွဲက အနာဂတ်ခေါင်းဆောင်ဖြစ်လာဖို့ ဘယ်သူ့မှာ စွမ်းရည်ရှိသလဲဆိုတာ သက်သေပြရမယ်။ ဒါပေမယ့် သူက မင်းတို့တစ်ယောက်ကိုမှ မသေစေချင်ဘူး"
စင်းလုအန်က မှင်တက်သွားလျက် စင်းဂလီအား မယုံကြည်နိုင်စွာ ကြည့်လိုက်လေသည်။ စိတ်ထဲတွင်မူ သူသည်လည်း စင်းဂလီ၏စကားအား လက်ခံခဲ့၏။ သူ့အဖေ၏နှလုံးသားထဲတွင် သူက အဆုံးသတ်တွင် ရှုံးနိမ့်ရမည်ဟု ယုံကြည်ထားခဲ့လောက်သည်။
သို့သော် ယခုက သူ့အတွက် အပြီးပြည့်စုံဆုံးအခွင့်အရေးဖြစ်သည်။ စင်းခေါကို သတ်ပြီးသည်နှင့် သူက ကလန်ခေါင်းဆောင်ဖြစ်ရန် အခွင့်အရေးရှိလာမည်။ စင်းခေါအား သွားခွင့်ပြုလျှင် ကျားအား တောထဲသို့ ပြန်လွှတ်သည်နှင့်တူကာ အနာဂတ်တွင် ဒုက္ခများ ချန်ရစ်ထားမိမည်ကို သူက စိုးရိမ်၏။
***