← Chapters

စွန့်လွှတ်သောခွေးများ

Vol. 71 Ch. 987

စွန့်လွှတ်သောခွေးများ

Vol. 71 Ch. 987

စင်းလုအန်က ခေါင်းရှုပ်နေလေသည်။ ထန်ရှုနှင့် ထိတွေ့ဆက်ဆံခဲ့သဖြင့် သူ၏စရိုက်အား တဖြည်းဖြည်း သိလာခဲ့၏။ ယနေ့ စင်းခေါအား မသတ်ခဲ့လျှင် အနာဂတ်တွင် ထန်ရှုက သူ့အား ကူညီလာစရာအကြောင်းမရှိလောက်သည်ကို သူ ကောင်းကောင်းသိသည်။

"ငါ ဘာလုပ်ရမလဲ၊ သတ်ရမလား မသတ်ရဘူးလား"

ထန်ရှုက သူ့ဘေးသို့ ရောက်ရှိလာပြီး သာမန်မျှစွာ ပြော၏"မင်းရဲ့နောက်ဆုံးရည်ရွယ်ချက်က မင်းအကိုကို သတ်ဖို့ပဲ မဟုတ်ဘူးဆိုတာ ငါ မှတ်မိသေးတယ်၊ စင်းလုအန်။ မင်းကလန်ရဲ့ခေါင်းဆောင်ထိုင်ခုံနေရာကို ယူတဲ့အခါမှာ ဆန့်ကျင်သူမှန်သမျှကို သတ်ပစ်ဖို့ပဲမလား။ မှတ်ထား၊ ကြင်နာမှုအသေးအမွှားတစ်ခုက အနာဂတ်မှာ ဒုက္ခတွေ အဆုံးမဲ့ယူဆောင်လာနိုင်တယ်"

သတိပေးပြီးနောက် စင်းလုအန်၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ သူက ထန်ရှုက နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်ကာ လက်ထဲရှိဓားကို မြှောက်လျက် ကျယ်လောင်စွာ အော်ပြောလိုက်သည်"အားလုံးပဲ၊ ငါ့အမိန့်ကို နားထောင်။ စင်းခေါ ဒီနေ့ သေရမယ်။ ကြားဝင်စွက်ဖက်လာသူရှိရင် သနားမနေဘဲ အကုန်သတ်ပစ်"

ကြေညာချက်က စင်းဂလီ၏မျက်နှာအား တရစပ်ပြောင်းလဲသွားစေသည်။ သူက ထန်ရှုကို အရင်စိုက်ကြည့်ပြီးမှ အော်ပြောလိုက်၏"စင်းလုအန်၊ ဒါ မလုံလောက်သေးဘူးလား။ မင်းရဲ့နောက်ဆုံးပန်းတိုင်အတွက် မင်းအဖေကိုရော သတ်မလို့မလား။ မင်း ဒီနေ့ နိုင်တယ်၊ ကလန်ခေါင်းဆောင်ထိုင်ခုံက မင်းအတွက်ပဲ။ ဘာလို့ မင်းရဲ့အကိုနဲ့ မင်းရဲ့ကလန်သားတွေကို သတ်ချင်သေးတာလဲ"

"ငါ့အဖေကို ငါ သတ်စရာအကြောင်းမရှိဘူး။ သူက ငါ့အပေါ် အမြဲကောင်းတယ်၊ ဒါပေမယ့် သူက အသက်ရလာပြီ၊ ကျင့်ကြံတဲ့အချိန်မှာ ကလန်ကိစ္စတွေကို သူ စီမံခန့်ခွဲတာ ရှားတယ်။ သူ့တာဝန်ကို သူ မဖြည့်‌ပေးနိုင်မှတော့ သူ့နေရာမှာ ငါအစားဝင်တာ ပိုကောင်းတယ်။ စင်းခေါကတော့....သူနဲ့ငါ့ကြားမှာ နောက်ပြန်လှည့်စရာမရှိတော့ဘူး။ ငါ သူ့ကို ဒီနေ့ သွားခွင့်ပြုလိုက်ရင် အနာဂတ်မှာ ငါ့ခေါင်းကို သူ လာမဖြတ်ဘူးလို့ မင်း ပြောနိုင်လား။ ငါ့လမ်းက ဘေးဖယ်၊ မဟုတ်ရင် သူနဲ့အတူ သေရမယ်"

အလွန်ဒေါသထွက်နေသော်လည်း အပြုံးတစ်ခုက စင်းဂလီ၏မျက်နှာပေါ်တွင် မြင့်တက်လာ၏။ သူက အော်လိုက်သည်"မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါတို့လဲ တတ်စွမ်းသမျှ မင်းအကိုကို ကူညီပေးရမှာပေါ့။ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်.....စင်းခေါကို ကာကွယ်ပြီး ပြန်ဆုတ်ကြ။ မင်းတို့သုံးယောက်၊ အနေအထားက ဒီအထိ ရောက်လာပြီ။ မင်းတို့မှာ ဒီ‌နေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့ အခွင့်အရေးရှိသေးတယ်လို့ ထင်နေတာလား"

စင်းခေါ၏အစောင့်အရှောက်အကြီးအကဲသုံးယောက်က တုန်လှုပ်ချောက်ချားစွာနှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ စင်းဂလီ ဘာဆိုလိုသည်ကို သူတို့ နားလည်၏။ ဝမ်းနည်းသောအပြုံးတစ်ခုက သူတို့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သုံးယောက်စလုံး မျက်စိတစ်မှိတ်အတွင်း စုဝေးလိုက်ကြသည်။ သူတို့ပုံရိပ်များက လေပေါ် တက်သွားပြီး အနက်ရောင်မီးလျှံများက သူတို့ပတ်လည်၌ ထွက်ပေါ်လာတော့၏။

သူတို့ထဲမှတစ်ယောက်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လျက် ရှင်းလင်းပြတ်သားစွာ အော်ပြောလိုက်သည်"တရုတ်မှလူငယ်လေး၊ မင်းက အရမ်းအားကောင်းတဲ့ကျင့်ကြံသူတစ်ယောက်ပဲ။ ငါ့အကို ဖော်ထုတ်ခဲ့တဲ့အမှောင်ထုတားမြစ်ပညာရပ်ကိုတောင် ဖျက်ဆီးပစ်ခဲ့တယ်၊ ဒါပေမယ့်  ငါတို့သုံးယောက်စလုံး ဖော်ထုတ်မယ့် တားမြစ်ပညာရပ်ကိုရော တားဆီးနိုင်ပါ့မလား"

"တကယ်လား"ထန်ရှုက လက်နောက်ပစ်လျက်သားနှင့် နှာခေါင်းရှုံ့လိုက်သည်"မင်းတို့သုံးယောက် ပူးပေါင်းအသုံးပြုနိုင်မှာရော သေချာရဲ့လား"

ဝှစ်.....

အစောင့်အရှောက်အကြီးအကဲတစ်ဝိုက်ရှိလေထုက တွန့်လိမ်သွားပြီး အနက်ရောင်ပုံရိပ်တစ်ခုက သူ့အနောက်၌ ချက်ချင်းထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ဓားတစ်လက်က သူ့နှလုံးသားအား ထိုးဖောက်သွားပြီး သူ့ဘယ်ဘယ်ရင်ဘက်ရှိကြွက်သားများ၊ အရိုးများ၊ မရီဒျာန်များအား ဖြတ်တောက်ခဲ့၏။ ထို့နောက် ‌အေးစက်ထက်ရှသောဓားသွားက သူ့ဘယ်ဘက်လက်မောင်းအား ခုတ်ဖြတ်သွားခဲ့လေသည်။

"ငါတို့ ဒီလူရွှင်တောင်သုံးယောက်နဲ့ ရင်ဆိုင်ကြတာပေါ့၊ ဆရာအဘိုး"

ထန်ကွမ်းက ကောင်းကင်သို့ ပျံတက်သွား၏။ သူ့အဖြူရောင်ဝတ်ရုံက လေနှင့် ပွတ်တိုက်ကာ တရွှမ်းရွှမ်းမြည်နေသည်၊ ချက်ချင်းလျှင်ပင် သူက ထန်အန်းနှင့်ပူးပေါင်းလျက် ဓားအစီအရင်တစ်ခုအား တည်ဆောက်လိုက်၏။ ဓားပုံရိပ်များက တဖျပ်ဖျပ်လှုပ်ကာ အနက်ရောင်မီးလျှံအား ဖယ်ရှားလျက် အစောင့်အရှောက်အကြီးနှစ်ယောက်အား အတွင်း၌ ပိတ်ထားလိုက်သည်။

အပြုံးတစ်ခုက ထန်ရှုမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူ့မျက်လုံးအကြည့်များက စင်းဂလီထံ ပြောင်းရွှေ့သွားပြီး စိတ်မပါစွာနှင့် ဆိုလိုက်သည်"အခု အမှောင်ထုတားမြစ်ပညာရပ်ကို ဖော်ထုတ်နိုင်တာ ခင်‌ဗျား တစ်ယောက်ပဲ ရှိတော့မယ်ထင်တယ်။ ကျုပ် သိချင်စိတ် ပြင်းပျလာတယ်၊ ခင်ဗျား တကယ်ပဲ စင်းခေါကို ကယ်နိုင်မှာလား။ ဒီထက် ကျုပ် ပိုသိချင်တယ်၊ ကျုပ်လူတွေက သူတို့ရဲ့သားကောင်းလုံးကို သတ်နိုင်မှာလား"

ထန်ရှု ပြောပြီးနောက် မိုအားဝူက ကျယ်လောင်စွာ ရယ်လိုက်ပြီး သူနှင့်ကျင်းရှီတို့ဆယ်ယောက်အဖွဲ့က အနက်ရောင်မြူပတ်လည်၌ ချက်ချင်း ထွက်ပေါ်လာကာ အနားဆယ်ဖက်ကောင်းကင်ဘုံသုတ်သင်ဓားအစီအရင်အား တည်ဆောက်လိုက်သည်။ ထို့နောက် သူက ထပ်ရယ်လိုက်ပြန်၏"သူတို့က ပုရွက်ဆိတ်သာသာပါ၊ သူဌေး။ ဒါပေမယ့် သူဌေးက အဲဒီသက်ကြားအိုစင်းဂလီနဲ့ ကိုယ်တိုင်ရင်ဆိုင်ရမှာကို ကျွန်တော် စိုးရိမ်တယ်"

စင်းလုအန်က ရှေ့နှစ်လှမ်းတက်လာကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"မလိုပါဘူး။ မစ္စထာထန် လှုပ်ရှားစရာမလိုပါဘူး။ အမှောင်နတ်ဆရာကလန်ရဲ့ဒုတိယအသန်မာဆုံးကျွမ်းကျင်သူရဲ့စွမ်းရည်ကို ကျုပ် သိချင်နေတာ ကြာပြီ။ အစောင့်အရှောက်အကြီးအကဲငါးယောက်၊ သူ့ကို သတ်ဖို့ ခင်ဗျားတို့ရဲ့အကူအညီလိုအပ်တယ်"

လက်ရှိအချိန်တွင် ‌ကပ်ဘေးတစ်ခုက သူ့ထံ စိုးမိုးနေသလို စင်းဂလီက ခံစားမိ၏။ စင်းလုအန်နှင့်သူ့အစောင့်အရှောက်အကြီးအကဲငါးယောက်အား စောင့်ကြည့်ခဲ့ပြီး အထင်သေးလို့မရမှန်း သူ သိသည်။ သူတို့ခြောက်ယောက်ပေါင်းအား သူ မရင်ဆိုင်နိုင်ရန် ဖြစ်နိုင်ချေများသည်။ ထို့ပြင် သူ့အား မျက်စိဒေါင့်ထောက်ကြည့်‌နေသည့် ကြောက်စရာကောင်းသောထန်ရှုဆိုသူလည်း ရှိ၏။

အနက်ရောင်မြူထဲတွင် နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က ကာကွယ်ထားစဉ် စင်းခေါ၏အမူအရာက အသက်မဲ့သွားသည့်အလား ဖြူရော်နေလေသည်။ သူ ရှုံးသွားမှန်း သိသည်။ အပြတ်အသတ်ရှုံးနိမ့်မှုတစ်ခုဖြစ်ပြီး အနာဂတ်တွင် အခွင့်အရေးတစ်ခုရှိလာလျှင်ပင် သူက စင်းလုအန်အား ထပ်၍ မရင်ဆိုင်နိုင်လောက်ပေ။

သူ၏အစောင့်အရှောက်အကြီးအကဲငါးယောက်သာ ရှိနေသေးလျှင် ပြန်တိုက်ခိုက်ရန် အခွင့်အရေးရှိနိုင်သည်။ သို့သော် ယခုတွင် အခွင့်အရေးက သွားနှင့်လေပေပြီ။

အဟွတ်၊ အဟွတ်....

ချောင်းဟန့်လျက် သူ့မျက်လုံးများအား မှိတ်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့မျက်လုံးများ ပြန်ပွင့်သွားပြီး သူက လေးလံသောလေသံနှင့် ပြောလိုက်၏"မင်း နိုင်သွားတာ ငါ ဝန်ခံတယ်၊ စင်းလုအန်။ ငါ ထိုင်းနိုင်ငံကနေ ထွက်သွားပြီး ဒီနယ်မြေကို ဘယ်တော့မှ ထပ်ခြေမချတော့ဘူး"

"လေးနက်လှချည်လား၊ ချစ်ကိုကြီးရဲ့။ မင်းက အရင်က အရမ်းတော်အရမ်းထက်မြက်တဲ့သူပါ၊ ဒါပေမယ့် ဒီနေ့မှ ဘာဖြစ်လို့ မင်းဦးနှောက်က ယောင်ချာချာဖြစ်နေရတာလဲ"စင်းလုအန်က လှောင်ပြောင်လိုက်သည်"ငါက ကျားကို တောင်ပေါ်  ပြန်လွှတ်မယ်လို့ မင်း ထင်နေတာလား။ မင်းကတိဆိုတာ ငါ့မျက်လုံးထဲမှာတော့ သောက်ရေးမပါဘူး"

"မင်း တကယ်ပဲ ငါတို့တစ်ယောက်ကိုမှ ချမ်းသာမပေးချင်တာလား"စင်းလုအန်က ဒေါသထွက်စွာ အော်လိုက်သည်"မင်းက အဖေ့ရဲ့နေရာကိုတောင် ယူချင်တာလား"

"ချီး.....အမှောင်နတ်ဆရာကလန်က ငြိမ်သက်နေတာ ကြာလှရောပေါ့။ အခု ငါတို့ ဘယ်ခေတ်ကို ရောက်နေတာလဲ"စင်းလုအန်က အေးစက်စွာ ပြောလိုက်သည်"ရှေ့ဆက်သွားတာ ပိုကောင်းတယ်၊ မဟုတ်ရင် နောက်မှာ ကျန်နေလိမ့်မယ်။ ဒီသေးငယ်တဲ့အမှောင်နတ်ဆရာကလန်တစ်ခုမပြောနဲ့၊ နောင်တစ်ချိန်ကျရင် ကောင်းကင်ဘုံမှော်ဆရာကလန်ကိုတောင် ငါ ရင်ဆိုင်ရလိမ့်မယ်"

စင်းခေါခန္ဓာကိုယ်မှ အရှိန်အဝါများ တလိပ်လိပ်ထလာသည်။ သူက အနက်ရောင်လခြမ်းဓားအား ရင်ဘက်ရှေ့တွင် ကိုင်မြှောက်ထားလျက် လေးလံသောအသံနှင့် ပြောလိုက်သည်"ဒီလိုဆိုမှတော့ ဆက်သွားကြတာပေါ့။ ငါ ဒီနေ့ မသေခဲ့ရင် မင်းတစ်သက်လုံး မငြိမ်းချမ်းစေရဘူးပဲ"

ထုတ်ဖော်ပြောပြီးနောက် စင်းလုအန်၏အမူအရာက ပိုတည်ကြည်လာပြီး သူက အော်ပြောလိုက်သည်"အသုံးမဝင်တဲ့စကားတွေ ပြောမနေနဲ့တော့။ သတ်....."

အသေအရှင်တိုက်ပွဲက စတင်လာပြန်၏။ ယခင်ကထက် ပိုပြင်းထန်သည်၊ အုန်းခြံထဲရှိအဆောက်အဦးများက ပြိုလဲကျ၏၊ အုန်းပင်များ ပျက်ဆီးသည်၊ အရွက်များက နေရာတိုင်းသို့ လွင့်ထွက်သွား‌နေလေသည်။ ကမ္ဘာပျက်မည့်‌နေအား ‌စောင့်မျှော်နေသလိုပင်။ ငှက်ကလေးများ ဖြတ်သန်းလာသောအခါ တောင်ပံခတ်သော်လည်း ဓားစွမ်းအင်များ၊ အနီရောင်မြူများနှင့် ဆုံ‌တွေ့ကာ ကံဆိုးစွာ အဆုံးသတ်ခဲ့ရ၏။

အဝေးတစ်နေရာရှိရေစင်ထိပ်တွင် ကျိုတာချွမ်း၏နှုတ်ခမ်းများက လှုပ်ရွနေပြီး အားကိုးရာမဲ့စွာ စိတ်ပျက်လက်ပျက်နှင့် ကြည့်နေလေသည်။ အခြားသူများ၏ကပ်ဘေးအား သူက ကြားခံနေရသည်။ တန်ဖိုးက ခံနိုင်ရည်ရှိရန် သူ့အတွက် ကြီးမားလွန်းသည်။ သူ ဆယ်စုနှစ်ကျော်တည်ဆောက်လာသည့်အသိုက်အမြုံက အပြင်လူများ၏စစ်မြေပြင်တစ်ခု ဖြစ်လာပြီး တရွေ့ရွေ့ ပျက်ဆီးလာခဲ့၏။

"သူဌေး"သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကမျက်နှာသုန်မှုန်လျက် တိုးတိုးလေးအော်ခေါ်လိုက်သည်။

"ဘာမှ ထပ်မပြောနဲ့။ ဒါ လုပ်ခဲ့တဲ့အမှားရဲ့တန်ဖိုးပဲ"ကျိုတာချွမ်းက ခေါင်းခါယမ်းကာ ပြောလိုက်သည်"ဒါပေမယ့် ထန်ရှုက တကယ်ရက်စက်တဲ့လူပဲ။ သူက လူပေါင်းများစွာ သတ်ရုံတင်မက ငါ ငြင်းပယ်တာကို မှတ်ထားပြီး ငါ့ရဲ့အုန်းခြံကို မုန်တိုင်းသယ်လာတယ်။ ထားပါတော့လေ၊ ငါ လုပ်နိုင်တာ ဘာမှမရှိတာ။ တိုက်ပွဲပြီးမှ‌ပဲ ပြန်တည်ဆောက်ကြရတာပေါ့"

"အဆောက်အဦးတွေ ပျက်ဆီးမှာကို ငါ မစိုးရိမ်ဘူး၊ သူဌေး။ ဒါပေမယ့်.....မြေအောက်သိုလှောင်ရုံမှာ ငါတို့ရဲ့ရွှေချောင်းတွေကို သိမ်းထားတယ်လေ"လူကြီးက ပြောလိုက်သည်။"မြေအောက်သိုလှောင်ရုံကိုသာ ဒီလူတွေ တွေ့သွားရင် ဆုံးရှုံးမှုက ကြီးမားသွားလိမ့်မယ်"

ရွှေလား.....

ထိုအခါတွင်မှ ကျိုတာချွမ်းက ထိတ်လန့်တကြားဖြစ်သွားလေသည်။ အုန်းခြံမှ မထွက်လာခင် ရွှေများအား မပြောင်းရွှေ့ဘဲ မြေအောက်သိုလှောင်ရုံတွင်သာ သိမ်းထားရန် အမိန့်ပေးထားခဲ့၏။

သို့သော် တိုက်ပွဲက ပြင်းထန်လွန်းကာ အဆောက်အဦးအား ဖျက်ဆီးနေလေ၏။ မြေအောက်သိုလှောင်ရုံဝင်ပေါက်ထွက်ပေါ်လာသည်နှင့် ‌ထိုလူများ၏လောဘအား မဆွဲဆောင်နိုင်ဖို့က မဖြစ်နိုင်လုနီးပါးပင်။ သူတို့က သူစုဆောင်းထားသာရွှေများအား လုယက်လောက်သည်။

"ငါ ဘာလုပ်ရမလဲ"

ကျိုတာချွမ်းက ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း အတွေးတစ်ခု ရလာသည်။ သူက ဖုန်းထုတ်ကာ နံပါတ်တစ်ခုအား ခေါ်လိုက်၏။ ဖုန်းကိုင်ပြီးနောက် သူက ‌မေး၏"ချင်းအာနဲ့ကလေးနှစ်ယောက်ကို မင်းတို့ နေရာချပေးပြီးပြီလား"

"ပြီးပါပြီ၊ ငါတို့ ‌နေရာချပေးပြီးသွားပြီ၊ သူဌေး"

သူ့လူယုံ၏အသံက ဖုန်းမှ ထွက်လာ၏။

"ငါတို့ ဒီနေရာမှာ မမျှော်မှန်းထားတဲ့အဖြစ်အပျက်တချို့ တွေ့ခဲ့တယ်။ ချင်းအာနဲ့ကလေးနှစ်ယောက်ကို ဒီနေရာကို လျှို့ဝှက်ခေါ်လာခဲ့"ကျိုတာချွမ်းက အမိန့်ပေးလိုက်သည်"ဒါပေမယ့် မှတ်ထား၊ အုန်းခြံကို မသွားနဲ့။ အရှေ့တောင်ဘက်လမ်းကနေ အဖိုးကြီးအန်ဂျာရဲ့နေရာကို တိုက်ရိုက်လာခဲ့"

"နားလည်ပါပြီ"ပြန်ဖြေပြီးနောက် ဖုန်းချလိုက်သည်။

ကျိုတာချွမ်းက ဖုန်းပြန်သိမ်းပြီးနောက် အကူအညီမဲ့စွာ ပြောလိုက်သည်"အခု ထန်ရှုက ချင်းအာရဲ့မျက်နှာကို ထောက်ပေးနိုင်မယ်လို့ပဲ မျှော်လင့်ရတော့မယ်။ သူတို့ရှာတွေ့သွားမယ့်ရွှေတွေကို ချင်းအာပဲ ထိန်းသိမ်းပေးနိုင်လောက်မှာပါ'

"ငါတို့က ဘာပဲဖြစ်ဖြစ် ရွှေကို ထိန်းသိမ်းထားရမယ်၊ သူဌေး"သက်လတ်ပိုင်းအရွယ်လူက နက်ရှိုင်းသောအသံနှင့် ပြောလာသည်"မဟုတ်ရင် ငါတို့ ခန်အဂျာရဲ့တောင်းဆိုချက်ကို ဖြည့်ပေးနိုင်မှာ မဟုတ်ဘူး"

"ဒါတော့ ငါ သိတာပေါ့၊ ဒါပေမယ့်....."ကျိုတာချွမ်းက အကူအညီမဲ့စွာ ပြောလိုက်ချေ၏"မင်းလဲ ဒီအကောင်တွေကို သိပါတယ်။ တစ်ဖက်က မွန်းစတားနဲ့နတ်ဆိုးတစ်ဖွဲ့၊ အခြားတစ်ဖက်က တစ္တေလိုသရဲလိုထူးထူးဆန်းဆန်းလူတစ်စု။ ငါတို့တွေ တစ်ခုမှ ဝင်ရှုပ်လို့မရဘူးကွ"

ထိုအချိန်တွင် တိုက်ပွဲမှ ကီလိုမီတာအနည်းငယ်အကွာတွင် အနက်ရောင်SUVကားသုံးစီးက အုန်းခြံသို့ တစ်ဟုန်ထိုးမောင်းနှင်လာနေ၏။ ကားများထဲတွင် အမျိုးသားရှစ်ယောက်၊ ထူးဆန်းသောအရှိန်အဝါထူးခြားသောဝတ်စုံနှင့်အမျိုးသမီး တစ်ယောက် ပါလာသည်။ တစ်ယောက်ချင်းစီက လက်နက်တစ်ခု ယူဆောင်လာပြီး သူတို့ခန္ဓာကိုယ်များမှ သွေးရနံ့ဖျော့ဖျော့ ထုတ်လွှတ်နေလေသည်။

အခြားဦးတည်ဘက်မှ ကားဒါဇင်ကျော်က အုန်းခြံသို့ အပြေးမောင်းလာ‌နေ၏။ ကားများထဲမှတစ်စီးတွင် မျက်လုံးများတလက်လက်တောက်ပနေသည့်ခန်အဂျာက လိုက်ပါလာသည်။

"ခေါင်းကိုင်အဖ၊ ငါတို့ အချိန်မီရောက်လာပြီ။ တိုက်ပွဲထဲမှာ ပါဝင်မှာလား"

စုန့်ဇန်က စိုးရိမ်စွာနှင့် မေးလိုက်သည်။

"ပါဝင်မယ်ဆိုရင် ငါတို့ ဘက်တစ်ဖက်ကို ရွေးရလိမ့်မယ်"ခန်အဂျာက ပေါ့ပေါ့ပါးပါးပြောလိုက်သည်"အနိုင်ရမယ့်ဘက်ကို ငါတို့ ရွေးရမယ်။ ဘန်ကောက်ရဲ့အနေအထားက ပြောင်းလဲရလိမ့်မယ်။ ငါတို့ မပြင်ဆင်ထားရင် နောက်ကျရင် ငါတို့အတွက် ဒုက္ခများလိမ့်မယ်"

***

All Chapters