ပုန်ကန်ထကြွခြင်း
Vol. 71 Ch. 988
လက်ရှိအချိန်တွင် နှစ်ဖက်စလုံးက သူတို့၏ခွန်အားအား ဖုံးကွယ်ထားခြင်းမရှိတော့ပေ။ အုန်းခြံထဲရှိအဆောက်အဦးများက ပြိုလဲပျက်ဆီးနေပြီး မြေဧကဒါဇင်ကျော်က ဖရိုဖရဲယိုယွင်းနေလေသည်။ သို့သော် အမှောင်နတ်ဆရာကလန်က ကောင်းကင်ဘုံမှော်ဆရာကလန်ထက် အများကြီးနိမ့်ကျပြီး သူတို့၏ကျွမ်းကျင်သူများက ကောင်းကင်ဘုံနတ်ဆရာကလန်၏ကျွမ်းကျင်သူများထက် ပိုအားနည်းသည်။
သို့ကြောင့် အမှောင်နတ်ဆရာကလန်၏ဒုတိယအသန်မာဆုံးဖြစ်သောစင်းဂလီက ဝန်းရံတိုက်ခိုက်မှုအ ခက်ခက်ခဲခဲခုခံတားဆီးနေရ၏။ သွေးဒဏ်ရာများက သူ့ခန္ဓာကိုယ်အား ဆင်ယင်ထားလေပြီး သူ့အား ကြောက်ရွံ့စေခဲ့သည်။
ပူးပေါင်းထားချိန်တွင် အမှောင်နတ်ဆရာကလန်၏နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က အလွန်သန်မာသည်။ သူတို့ဖွဲ့စည်းထားသည့်အမှောင်ပိုင်နက်က မိုအားဝူတို့အတွက် ကြီးမားသောအတားအဆီးတစ်ခု ဖြစ်၏။ သူတို့က ဓားအစီအရင်တစ်ခုအား ဖွဲ့စည်းထားသော်ငြား အပေါ်စီးရရုံမျှသာ၊ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်နှင့်စင်းခေါအတွက် သေစေနိုင်သောထိခိုက်မှုများ မဖြစ်စေနိုင်ပေ။
"ဝိုင်းထားတာကနေ မြန်မြန်ထိုးဖောက်ရမယ်....."
ရုန်းကန်ခုခံရင်း စင်းဂလီက ဒေါသတကြီး အော်ပြောလိုက်သည်။ သူက အံကြိတ်လျက် မျက်နှာက ပြတ်သားလာ၏။ အနက်ရောင်သတ္တုလုံးနှစ်ခုအား ယူထုတ်ပြီးနောက် သူက နောက်ဆုတ်လိုက်သည်။ စင်းလုအန်နှင့်အစောင့်အရှောက်အကြီးအကဲငါးယောက်ထံမှ ခွာပြီးနောက် သူက ပြောလိုက်သည်"မင်းက ငါ့ကို ဖိအားပေးနေတာပဲ၊ စင်းလုအန်။ ငါတို့က မင်းကို ကယ်ဖို့ လာတာ၊ မင်းက ငါတို့ကို တကယ် အပြတ်ရှင်းချင်နေတာပဲ။ ဒီလိုဆိုလဲ အတူတူ ပျောက်ကွယ်ကြတာပေါ့။ တကယ်တော့ မင်းထက် စင်းခေါက ကလန်ခေါင်းဆောင်ဖြစ်ဖို့ ပိုထိုက်တန်တယ်"
စင်းဂလီယူထုတ်လိုက်သောပစ္စည်းများအား မြင်လိုက်ချိန်တွင် စင်းလုအန်၏မျက်ခုံးများက ကျုံ့သွားပြီး ကြောက်ရွံ့သွားပုံရ၏။ သူက အော်ပြော၏"အမှောင်နတ်ဘုရားမိုးကြိုးကို ယူထုတ်ခဲ့တာလား၊ ခင်ဗျာ ရူးနေတာလား၊ စင်းဂလီ။ ဘယ်လိုလုပ်ပြီး အမှောင်နတ်ဘုရားမိုးကြိုးကို အသုံးပြုရဲတာလဲ။ ခင်ဗျားက ကျုပ်တို့အားလုံးကို ဝိညာဉ်တွေ ပျောက်ကွယ်သေစေပြီး လူပြန်မဝင်စားနိုင်အောင် လုပ်ချင်နေတာလား"
စင်းဂလီ၏မျက်လုံးများက အေးစက်စက်အလင်းတစ်ခု လက်သွားရုံသာ။ သူက ပြင်းထန်စွာ ပြောလိုက်သည်"ဒါတွေအားလုံးက မင်း ဖိအားပေးလို့ပဲ။ မင်းတို့အားလုံးကို ငါမတိုက်ခိုက်နိုင်ဘူး၊ ဒီတော့ မင်းတို့ကို ငါနဲ့အတူ ငရဲကို ခေါ်သွားဖို့ပဲ ရွေးချယ်ရတော့မယ်။ ဒါပေမယ့် မင်း အခု နောက်ပြန်ဆုတ်ရင် ငါလဲ ကြံမိကြံရာဘယ်လုပ်တော့မလဲ"
"ဒါက......"
စင်းလုအန်က မျက်မှောင်ကြုတ်လိုက်သည်။ အစောင့်အရှောက်အကြီးအကဲငါးယောက်အား ရပ်တန့်ခိုင်းပြီးနောက် သူက ထန်ရှုအား လှည့်ကြည့်လိုက်၏။
"အမှောင်နတ်ဘုရားမိုးကြိုးက ဘာများလဲ"ထန်ရှုက သာမန်မျှစွာ မေးလိုက်သည်။
"အဲဒါက ငါတို့အမှောင်နတ်ဆရာကလန်ဘိုးဘေးတွေ ဖန်တီးသန့်စင်ခဲ့တဲ့ကြောက်စရာကောင်းတဲ့မိုင်းနဲ့တူတဲ့အရာဝတ္ထုတစ်မျိုးပဲ။ ပေါက်ကွဲအားက မီတာတစ်ရာဧရိယာကို ပျက်ဆီးစေတယ်။ အမှောင်နတ်ဘုရားမိုးကြိုးနှစ်လုံးသာ ဆက်တိုက်ပေါက်ကွဲသွားမယ်ဆိုရင် ပေါက်ကွဲအားက အဆအနည်းငယ် တိုးလာပြီး တစ်ကီလိုမီတာပတ်လည်အတွင်းမှာရှိတဲ့အရာအားလုံး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရလိမ့်မယ်။ ဒါ့အပြင် အဲဒါမှာ အခြားကြောက်စရာကောင်းတဲ့သက်ရောက်မှုနှစ်ခု ရှိတယ်။ တစ်ခုက အဆိပ်ပြင်းပါဝင်ခြင်းပဲ။ ပေါက်ကွဲတာကို ခံနိုင်ရည်ရှိရင်တောင် အဆိပ်မိပြီး သေသွားရလိမ့်မယ်။ ဒါပေမယ့် ဒုတိယသက်ရောက်မှုက လူသားတွေရဲ့စိတ်ဝိညာဉ်ကို ရည်ရွယ်တယ်။ စိတ်ဝိညာဉ်ကို လောင်ကျွမ်းစေတဲ့ စုန်းမီးတောက်တစ်ခုလိုပဲ။ ဒါက ငါတို့အမှောင်နတ်ဆရာကလန်ရဲ့အမှောင်တားမြစ်ပညာရပ်နဲ့ ဆင်တူတယ်"
"ဒါ အတော်လေးရက်စက်တာပဲ"
ရှင်းပြချက်က ထန်ရှုအား အနည်းငယ်စိုးထိတ်စေသည်။ ထို့နောက် သူက စင်းဂလီ၏လက်ထဲရှိ အမှောင်နတ်ဘုရားမိုးကြိုးနှစ်လုံးအား တစ်ချက်ကြည့်ပြီးနောက် ခဏနှုတ်ဆိတ်သွား၏။ ထို့နောက် သူက မေးလိုက်၏"မင်းတို့ကလန်မှာ ဒါမျိုး အများကြီး ရှိတာလား"
"မရှိဘူး။ အမှောင်နတ်ဘုရားမိုးကြိုးထုတ်လုပ်တဲ့လုပ်ငန်းစဉ်က ခက်ခဲတယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ထုတ်လုပ်ခဲ့တာတောင် ငါတို့မှာ နှစ်ဆယ်လောက်ပဲ ရှိတယ်"စင်းလုအန်က ခေါင်းခါယမ်းကာ အားတင်ပြုံးလိုက်သည်"ပြီးတော့ ငါ သိသလောက် သူတို့ထဲကရှစ်ခုက အသုံးပြုပြီးပြီ၊ ငါ့ကလန်မှာ ဆယ့်နှစ်ခုပဲ ကျန်တော့တယ်လို့ ဆိုလိုတာပဲ။ အမှောင်နတ်ဘုရားမိုးကြိုးက ငါ့အဖေရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး ကလန်ရဲ့အလုံခန်းမှာ ချိတ်ပိတ်ထားတယ်။ စင်းဂလီက နှစ်ခုကို ဘယ်လိုယူထုတ်လာလဲ ငါ စဉ်းစားလို့မရဘူး"
"ကလန်သားတစ်ယောက်ယောက်လက်ထဲမှာ ရှိတာ မင်းအဖေက ခွင့်ပြုလား"ထန်ရှုက မေး၏"ဒီပစ္စည်းက သူ့အတွက် သေစေနိုင်တဲ့ခြိမ်းခြောက်မှုတစ်ခုလိုပဲလေ"
စင်းလုအန်၏မျက်လုံးများက တလက်လက်ဖြစ်သွားရသည်။ သူက လေးလံသောအသံနှင့် ပြန်ဖြေ၏"မေးခွန်းက တကယ့်ပစ်မှတ်ပဲ၊ မစ္စတာထန်။ ဘယ်သူ့လက်ထဲမှာမှ အမှောင်နတ်ဘုရားမိုးကြိုးမရှိရဘူးလို့ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်အဆက်ဆက် အမိန့်ထုတ်ထားခဲ့တယ်။ ချိုးဖောက်ရင် ကလန်ကို ပုန်ကန်တယ်လို့ သတ်မှတ်ပြီး ပြစ်ဒဏ်က သေခြင်းတရားပဲ။ ဒါကြောင့် တစ်ယောက်မှ အမှောင်နတ်ဘုရားမိုးကြိုးကို လျှို့ဝှက်မသိမ်းထားရဲဘူး။ ဒီပစ္စည်းကို လက်ထဲမှာ ထားထားတာဆိုတော့ စင်းဂလီက မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတာ သေချာတယ်"
စင်းဂလီ၏မျက်နှာက ချက်ချင်း ဖြူရော်သွား၏။ အမှောင်နတ်ဘုရားမိုးကြိုးနှစ်လုံးယူထားသည်အား သူက ကလန်ခေါင်းဆောင်စင်းထို့ မသိအောင် ဖုံးကွယ်ထားသည်။ တစ်နေ့တွင် အခွင့်အရေးကောင်းတစ်ခုရသည်နှင့် စင်းထို့အပေါ် အသုံးပြုရန် သူ စီစဉ်ထား၏။
စင်းထို့အား သတ်ဖြတ်ပြီးနောက် သူက အမှောင်နတ်ဆရာကလန်၌ အသန်မာဆုံးပုဂ္ဂိုလ်ဖြစ်လာမည်။ သူက ကလန်ခေါင်းဆောင်ဖြစ်လာရန် များ၏။ သေရေးရှင်ရေးအနေအထားမရောက်သရွေ့ အမှောင်နတ်ဘုရားမိုးကြိုးအား မထုတ်ရန် သူက သန္နိဠာန်ချထားသည်။ သို့သော် ယခု ထိုသို့အနေအထားအား ရင်ဆိုင်လာရသောအခါ သူက ထုတ်သုံးရန် ဖိအားပေးခံရတော့၏။
"အား.... အမှောင်နတ်ဆရာကလန်ကို ပြန်သွားနိုင်မယ်လို့ ငါ မထင်ဘူး။ ဒီနေရာမှာ အသက်ရှင်ခဲ့ရင်တောင် ခေါင်းဆောင်က ငါ့ကို သွားခွင့်ပြုမှာ မဟုတ်လောက်ဘူး။ ချီး၊ ဒါကို မေ့လိုက်တော့။ အဲဒါက နောက်မှဖြစ်မယ့်ကိစ္စပဲ။ လောလောဆယ် ဒီကပ်ဘေးကို ဖြတ်ကျော်နိုင်ဖို့ပဲ လိုတယ်။ ငါ အသက်မကြီးသေးဘူး၊ ရှင်သန်နေထိုင်ဖို့ ရာစုနှစ်များစွာ လိုသေးတယ်။ ပိုမြင့်မားတဲ့ကျင့်ကြံခြင်းကို ရောက်ပြီး သက်တမ်းတွေ ထပ်တိုးလာဖို့တောင် ဖြစ်နိုင်တယ်"
အသက်ရှင်ရခြင်းက သေရခြင်းထက် ပိုကောင်းသည်ကို သူ နားလည်၏။ သူက သတ်ဖြတ်လိုစိတ်ထုတ်လွှတ်ထားသော်လည်း အမှောင်နတ်ဘုရားမိုးကြိုးစွမ်းအားကို မသိဘဲ ထန်ရှုက သူ့အပေါ် သတ်ချင်စိတ်ရှိနေအုံးမည်ကို စိတ်ပူနေသေးသည်။
စင်းဂလီအား စိုက်ကြည့်ရင်း ထန်ရှုက အဖြေအမျိုးမျိုးတွက်ချက်နေ၏။ ထို့နောက် သူက စိတ်မဝင်စားစွာနှင့် မေးလိုက်သည်"ခင်ဗျားက အမှောင်နတ်ဆရာကလန်ရဲ့ဒုတိယမြောက်ကျွမ်းကျင်သူဖြစ်တဲ့စင်းဂလီမလား"
"ဟုတ်တယ်"စင်းဂလီက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်။
ထန်ရှုက စီးကရက်တစ်လိပ် ယူထုတ်ကာ မီးညှိလိုက်သည်။ နှစ်ဖွာ ရှိုက်ပြီးနောက် ဖြည်းဖြည်းချင်း ပြောလိုက်လေ၏"အမှောင်နတ်ဘုရားမိုးကြိုးကို ယူထုတ်လိုက်တာ ခင်ဗျားက အမှောင်နတ်ဘုရားကလန်ရဲ့အမိန့်ကို ချိုးဖောက်တာနဲ့ အတူတူပဲ။ ခင်ဗျားက သတ်ဖြတ်လိုသောရည်ရွယ်ချက်နဲ့ အကြံအစည်အချို့ ဖုံးကွယ်ထားတာပဲ။ ဒီသတင်းက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဆီ ရောက်သွားတာနဲ့ သူ ခင်ဗျားကို မသတ်ရင်တောင် ကြီးမားတဲ့တန်ဖိုးတစ်ခု ပေးချေရမှာပဲ"
"မင်း ဘာပြောချင်တာလဲ"စင်းဂလီက လေးလံသောအသံနှင့် မေး၏။
"ဒါ ရိုးရှင်းပါတယ်။ ကလန်ထဲမှာ ခင်ဗျားရဲ့နေရာ မရှိတော့ဘူး၊ ခင်ဗျားရဲ့ကလန်သားတွေကလဲ မကြာခင် ခင်ဗျားကို လိုက်လံသုတ်သင်တော့မှာ၊ ဒါကြောင့် အခုဆိုရင် ခင်ဗျားက လေလွင့်ခွေးတစ်ကောင်ပဲ"ထန်ရှုက ပြောလိုက်သည်"လက်ရှိအချိန်မှာ ကျုပ်တို့နဲ့ ဆန့်ကျင်တာက ခင်ဗျားအတွက် ထိုက်တန်မယ်လို့ ထင်လား"
"မင်းဆိုလိုတာ.....မင်းက စင်းခေါကို ကာကွယ်တာ ငါ့ကို လက်လွှတ်စေချင်တာလား"စင်းဂလီ၏မျက်လုံးများက အေးစက်မှုတို့ ပြည့်သွား၏"ငါ သူ့ကို လက်လွှတ်တာနဲ့ မင်း ငါ့ကို သွားခွင့်ပြုမှာလား"
"ဟုတ်တယ်"ထန်ရှုက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေ၏"ကျုပ်တို့ရဲ့အစီအစဉ်ကို မနှောင့်ယှက်သရွေ့ ကျုပ်က ခင်ဗျားကို တွယ်ကပ်နေမှာ မဟုတ်ဘူး။ ဒီကိစ္စရဲ့ပုံပြင်တစ်ခုလုံးကို ခင်ဗျား သိမှာ သေချာတယ်။ စင်းလုအန်နဲ့စင်းခေါကြားဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ခင်ဗျားသိမှာပါ။ စင်းလုအန်ရဲ့ရည်ရွယ်ချက်က စင်းခေါကို သတ်ပြီး အမှောင်နတ်ဆရာကလန်ခေါင်းဆောင် ဖြစ်လာဖို့ပဲ။ ခင်ဗျားသာ ကျုပ်တို့ရဲ့လမ်းကို မပိတ်သရွေ့ ခင်ဗျား အချိန်မရွေး ထွက်သွားနိုင်တယ်"
စင်းဂလီ၏အမူအရာက အကြိမ်ကြိမ်ပြောင်းလဲသွားသည်။ စက္ကန့်အနည်းငယ်နှုတ်ဆိတ်သွားပြီးနောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည်"ငါ ကတိပေးတယ်။ ဒါပေမယ့် ငါ့မှာ မင်းကို တောင်းဆိုချင်တာ တစ်ခုရှိတယ်"
"ခင်ဗျားက တောင်းဆိုချက်တစ်ခုပြုဖို့ အရည်အချင်း ရှိတယ်လို့များ ထင်နေတာလား"ထန်ရှုက ပြော၏"ကျုပ် ပြောနိုင်တာ တစ်ခုရှိတယ်။ ကျုပ် သတ်ချင်ရင် အဲဒီအမှောင်နတ်ဘုရားမိုးကြိုးဗုံးနှစ်လုံးကို ခင်ဗျားအသုံးပြုရင်တောင် သေရမှာပဲ"
"ငါ့အခြေအနေက အရမ်းရိုးရှင်းပါတယ်"စင်းဂလီက ဆက်ပြောလိုက်သည်"သူ ကလန်ခေါင်းဆောင်ဖြစ်လာရင် ငါ့ကို သတ်ဖို့ စင်းလုအန်က လူတွေ မလွှတ်ရဘူး။ နောင်တစ်ချိန် သူ အကူအညီလိုအပ်လာရင် သုံးကြိမ်တိတိ ကူညီပေးမယ်လို့ ငါ ကတိပေးတယ်"
သူ့အား ခဏစိုက်ကြည့်ပြီးနောက် ထန်ရှုက ရယ်လိုက်လေသည်။
သို့သော် စင်းလုအန်က ပျော်ရွှင်သွားပုံရကာ နက်ရှိုင်းသောအသံနှင့် ပြော၏"ငါ အဲဒါကို ကတိပေးတယ်"ထို့နောက် အနက်ရောင်မြူအား ပြန်လှည့်ကြည့်ကာ သူက မေးလိုက်သည်"ဒီနတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်ကိုရော ငါ ဘာလုပ်သင့်လဲ၊ မစ္စတာထန်"
"အညံ့မခံတဲ့သူတွေ သေရမယ်၊ အခြေအနေနဲ့အချိန်အခါကို လိုက်ပြီး ဆောင်ရွက်သူတွေကိုပဲ ဉာဏ်ရှိတယ်လို့ခေါ်တာ"ထန်ရှုက ရက်စက်တင်းမာစွာ ပြော၏"သူတို့က မခုခံဘူး၊ စင်းခေါအတွက် မတိုက်ခိုက်ပေးတော့ဘူးဆိုရင် သူတို့ကို သတ်စရာမလိုဘူး။ တကယ်တော့ သူတို့က မင်းကလန်ရဲ့လက်ရွေးစင်တွေပဲလေ။ မင်းက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာတဲ့အခါကျရင် သူတို့ရဲ့အကူအညီကို လိုအပ်လာမှာပဲ"
"မှန်တယ်။ နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က အမှောင်နတ်ဆရာကလန်ရဲ့လက်ရွေးစင်တွေပဲ။ သူတို့ကို ဆုံးရှုံးတာက ကလန်တစ်ခုလုံးအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲ။ ဒါပေမယ့် နတ်ဆရာအစောင့်အရှောက်မျိုးဆက်တိုင်းက ကလန်ခေါင်းဆောင်ကိုပဲ သစ္စာရှိရတာ"စင်းလုအန်က ပြော၏"ငါ ကလန်ခေါင်းဆောင်ဖြစ်တာနဲ့ မင်းတို့တွေကို နေရာကောင်းတွေ ပေးမယ်လို့ ကတိပေးတယ်။ မင်းတို့ရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့အဖေထက် ပိုမြင့်လာစေရမယ်။ ငါ ပြောခဲ့သလိုပဲ၊ အမှောင်နတ်ဆရာကလန်က ငြိမ်သက်နေတာ ကြာပြီ။ ငါတို့ကလန်က ပြန်လည်တည်ဆောက်ဖို့ လိုအပ်တယ်။ ကလန်တစ်ခုလုံးရဲ့စွမ်းအားနဲ့လွှမ်းမိုးမှုက မြင့်တက်လာမှသာ ငါတို့က အခြားသူတွေကြားမှာ အဆင့်အတန်း ပိုမြင့်မားလိမ့်မယ်။ ပြီးတော့ ငါ အခိုင်အမာ ကတိပေးတယ်၊ တစ်နေ့ကျရင် ငါတို့ကလန်က ပိုလန်ရဲ့ကောင်းကင်ဘုံနတ်ဆရာကလန်ထက် ပိုသန်မာစေရမယ်"
အမှောင်ပိုင်နက်ထဲရှိနတ်ဆရာအစောင့်အရှောက်အချို့၏သတ်ဖြတ်လိုစိတ်က တစ်ဝက်လောက် အားနည်းသွား၏။ သူတို့က အကြည့်များ ဖလှယ်လိုက်ကြပြီး အထူးနည်းလမ်းများကို သုံးကာ ဆွေးနွေးခဲ့ကြသည်။
သူတို့က နတ်ဆရာအစောင့်အရှောက်များ၊ ကလန်ခေါင်းဆောင်အား သစ္စာအရှိဆုံးထောက်ခံသူများ ဖြစ်ကြပြီး ကလန်ထဲတွင် ဂုဏ်ယူဝင့်ကြွားစရာခွန်အားရှိသူများ ဖြစ်ကြ၏။ သူတို့က ကလန်၏အတွင်းပိုင်းပြဿနာတွေမှ အမြဲတမ်းရှောင်ဖယ်နေခဲ့ကြပြီး ခေါင်းဆောင်၏အမိန့်ကြောင့်မဟုတ်လျှင် ဤနေရာသို့ လာမည်မဟုတ်ပေ။ စင်းခေါနှင့်စင်းလုအန်တို့နှစ်ယောက်လုံး ပျောက်ကွယ်သွားရင်တောင် သူတို့က ဂရုမစိုက်ပေ။
သို့သော် ယခု သူတို့အား ဦးဆောင်လာသူစင်းဂလီက သစ္စာဖောက်တစ်ယောက်ဖြစ်နေကာ သူတို့က ဘေးကျပ်နံကျပ်ဖြစ်နေလေသည်။
စင်းခေါက နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်၏စိတ်ထဲရှိအတွေးများအား ရိပ်မိသည်။ သူက ရေခဲမြစ်တစ်ခုထဲ ကျရောက်သွားသလို ခံစားရသည်။ ကြောက်ရွံ့မှုက သူ့တစ်ကိုယ်လုံးလွှမ်းခြံလာနေလေ၏။
"မင်းတို့အားလုံးက နတ်ဆရာအစောင့်အရှောက်တွေ၊ ငါ့အဖေရဲ့ယုံကြည်စိတ်ချရတဲ့သူတွေပဲ၊ အမှောင်နတ်ဆရာကလန်ရဲ့လက်ရွေးစင်စစ်သည်တွေလဲ ဟုတ်တယ်။ အဖေက မင်းတို့ကို ငါ့ကို ကယ်စေချင်တယ်၊ မင်းတို့အားလုံးက သူ့အမိန့်ကို ဆန့်ကျင်မလို့လား။ စင်းလုအန်က ကလန်ခေါင်းဆောင်မဖြစ်လာသေးဘူးဆိုတာ မင်းတို့လဲ သိပါတယ်"
တိကျပြတ်သားသောအကြည့်တစ်ခုက နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်၏မျက်နှာများပေါ်တွင် ထွက်ပေါ်လာ၏။ စင်းခေါပြောသည်ကား မှန်၏။ စင်းလုအန်က ကလန်ခေါင်းဆောင်မဖြစ်သေးပေ။ သို့သော် ကလန်ခေါင်းဆောင်ပေးခဲ့သောအမိန့်က ကယ်ဆယ်ရန်ဖြစ်သည်.....မဟုတ်ဘူး....ဒါ မှားနေသလိုပဲ......
နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်၏အမူအရာက ရုတ်တရက် ထူးဆန်းသွား၏။ ထို့နောက် သူက သူ့အဖော်များနှင့် ဆက်သွယ်လိုက်သည်။ ဆုံးဖြတ်ချက်ချရန် မစက္ကန့်သုံးဆယ်ခန့် ကြာ၏။
"ငါတို့ နောက်ဆုတ်ကြမယ်...."နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်က အော်ပြောလိုက်သည်။
ကြေညာချက်ကို ကြားပြီး စင်းခေါ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူက နတ်ဆရာအစောင့်အရှောက်များအား သတိထားလိုက်သည်။ ထို့နောက် သူက အလွန်အံ့အားသင့်စွာ အော်ပြောလိုက်၏"မင်းတို့က ခေါင်းဆောင်နဲ့ကလန်တစ်ခုလုံးကို သစ္စာဖောက်ချင်နေတာလား။ သူက မင်းတို့ကို အမိန့်ပေးခဲ့တယ်......"
***