ကြိုတင်မခန့်မှန်းနိုင်သောအဖြစ်အပျက်အလှည့်အပြောင်းများ
Vol. 71 Ch. 989
"တိတ်စမ်း"နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်က ကြိမ်းဝါးလိုက်သည်"ခေါင်းဆောင်က စင်းလုအန်ကို ကယ်ဖို့ ငါတို့ကို အမိန့်ပေးခဲ့တယ်။ မင်းကို ကယ်ဖို့ သူ မပြောခဲ့ဘူး။ အနိုင်ရသူက ဘုရင်ပဲ။ မင်းက ကလန်တွင်းစွမ်းအားယှဉ်ပြိုင်မှုမှာ ရှုံးနိမ့်သွားသူပဲ၊ ဒါကြောင့် ငါတို့က မင်းကို စွန့်ပစ်ပိုင်ခွင့်ရှိတယ်။ စင်းလုအန်၊ ငါတို့ အခု ထွက်သွားလို့ရပြီလား"
စင်းလုအန်က ကျေနပ်အားရနေလေသည်။ သူက ပြုံးဖြဲဖြဲနှင့် ပြောလိုက်သည်"ရပြီး၊ မင်းတို့ ချက်ချင်း ထွက်သွားလို့ရပြီ။ ပြီးတော့ ငါစောစောကပြောခဲ့တဲ့စကားအားလုံးက အမှန်ဖြစ်လာမယ်ဆိုတာ မင်းတို့ ယုံကြည်ထား။ ငါ အမှောင်နတ်ဆရာကလန်ခေါင်းဆောင်ဖြစ်လာတာနဲ့ မင်းတို့ကို ဦးဆောင်ပြီး ကလန်ကို မြင့်မားအောင် လုပ်မယ်"
အပြုံးတစ်ခုက ထန်ရှပါးစပ်ပေါ်တွင် ရေးဆွဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်"ဓားအစီအရင်ကို ရုတ်သိမ်းပြီး သူတို့ကို ထွက်သွားခွင့်ပေးလိုက်"
များမကြာမီ အနက်ရောင်မြူက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်က တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ သို့သော် ထိုအချိန်တွင် စင်းခေါက ညာဘက်ခြမ်းသို့ ချက်ချင်း ထွက်ပြေးသွား၏။ ရွှယ်ရှာနှင့် ဟေးရှုံးတို့က သူ့လမ်းကြောင်းတွင် တည်ရှိသော်လည်း သွေးလမ်းခင်းကာ ရှေ့တိုးရန် သူက ပြတ်ပြတ်သားသားဆုံးဖြတ်ထားခဲ့သည်။
"ထောင်ချောက်ထဲ ပိတ်မိနေတဲ့သားရဲတစ်ကောင်ရဲ့ရုန်းကန်မှုက အချည်းနှီးပါပဲ"
ရွှယ်ရှာနှင့်ဟေးရှုံးတို့၏ဝိုင်းရံခြင်းမှ လွတ်မြောက်ရန် စင်းခေါက ရုန်းကန်နေသည်ကို ကြည့်ရင်း ထန်ရှု၏မျက်နှာပေါ်တွင် သနားခြင်းအလျဉ်းမရှိ။ သူက နတ်ဆရာအစောင့်အရှောက်ခေါင်းဆောင်၏စကားအား သဘောတူသည်၊ အနိုင်ရသူက ဥပဒေဖြစ်ပြီး ရှုံးနိမ့်သူက အပြစ်သားဖြစ်၏။ စင်းခေါက စင်းလုအန်ကို သတ်ရန် လာခဲ့သောကြောင့် သူ၏သေဆုံးမှုအတွက်လည်း ပြင်ဆင်ထားရမည်။
ဤကမ္ဘာတွင် အသက်ရှင်ခြင်းနိယာမက ရက်စက်ကြမ်းကြုတ်ခြင်းပင်။
ရေစင်ထိပ်တွင် စင်းခေါ၏ဘေးဒုက္ခကို မြင်ပြီး ကျိုတာချွမ်း၏မျက်လုံးများက စာနာသနားခြင်းတို့နှင့် ပြည့်နေလေသည်။ သူက ခေါင်းခါယမ်းကာ သက်ပြင်းတစ်ချက်ချ၏"အားကောင်းတဲ့လူတစ်ယောက်က ဒီလိုဆိုးဝါးတဲ့အဆုံးသတ်တစ်ခုနဲ့ ရင်ဆိုင်ရမယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ သူက ကမ္ဘာကြီးကို သူ့ခြေထောက်အောက်မှာ ထားခဲ့တာ။ ဒီကမ္ဘာမှာ အကြွင်းမဲ့မှန်တာ ဘာမှမရှိဘူးလို့ ငါ ထင်တယ်။ သာမန်လူတစ်ယောက်ဖြစ်ရတာ ပိုကောင်းတယ်လို့ ငါ ရုတ်တရက် ခံစားမိလာတယ်"
သူ့ဘေးနားရှိသက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထောက်ခံသည့်အနေနှင့် ပြောလိုက်သည်"သူဌေး ပြောတာ မှန်တယ်။ သတ်ဖြတ်လိုစိတ်ရှိသူတွေက သတ်ဖြတ်ခံရခြင်းနဲ့ အဆုံးသတ်ရမှာပဲ။ စင်းခေါက လူတွေအများကြီး ခေါ်လာပြီး ဒီနေရာမှာ သတ်ဖြတ်ဖို့ လာခဲ့တယ်၊ ဒါပေမယ့် ကံကြမ္မာလှည်းဘီးက ပြောင်းပြန်လှန်ပြီး တစ်ဖက်လူဆင်ထားတဲ့ထောင်ချောက်ထဲ ကျရောက်သွားခဲ့တယ်။ ဒီထောင်ချောက်ကိုဆင်ထားတဲ့သူက မစ္စတာထန်ဖြစ်မယ်ဆိုတာ သေချာတယ်။ ပြီးတော့ ဒီအနိုင်ရတာက တစ်ခုတည်း အနိုင်ရတာ မဟုတ်ဘူး၊ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်လိုက်သလိုပဲ"
"ဟမ့်"ကျိုးတာချွမ်းက ခဏငေးကြောင်သွားပြီး ပဟေဠိဖြစ်သောအမူအရာနှင့် မေးလိုက်သည်"ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်တာက မင်း ဘာဆိုလိုတာလဲ"
"ကျွန်တော်တို့ရဲ့အုန်းခြံက အခုလို ဖျက်ဆီးခံနေရပြီလေ၊ သူဌေး။ သူက မြားတစ်ချောင်းတည်းနဲ့ နှစ်ဖက်စလုံးကို သတ်ပစ်တယ်လို့ မင်း မထင်ဘူးလား။ သူက ငါတို့ကိုလဲ လက်တုံ့ပြန်ခဲ့တာပဲမလား"
အဟွတ်၊ အဟွတ်......
ကျိုတာချွမ်းက ချောင်းဟန့်ကာ လက်မြှောက်လိုက်လေသည်။ ရှက်ရွံ့သောအကြည့်တစ်ခုအား သူ့မျက်နှာပေါ်တွင် မြင်နေရပြီး သူက နှာခေါင်းပွန်လျက်သား ဘာမှ မပြောနိုင်တော့ပေ။
ရုတ်တရက် သူ့နောက်တွင်ရပ်နေသောအခြားသက်လတ်ပိုင်းအရွယ်လူတစ်ယောက်က မျက်နှာအနည်းငယ်ပြောင်းလဲသွားလျက် ဆိုလာသည်"ဒီကိစ္စမှာ အများကြီး ရှိတယ်၊ အနည်းဆုံး ငါတို့ မြင်တွေ့တာထက် ပိုတယ်၊ သူဌေး။ ငါတို့ မြင်ခဲ့တာက ပြဇာတ်ရဲ့ပထမပိုင်းပဲ၊ ကြောက်စရာအကောင်းဆုံးမြင်ကွင်းက မကြာခင်လာလိမ့်မယ်"
"အခုက စင်းခေါတစ်ယောက်ပဲ ကျန်တော့တာ။ ဘယ်လိုလုပ်ပြီး နောက်ထပ်ပြဇာတ်အပိုင်းတစ်ခု ထွက်လာနိုင်မှာလဲ"ကျိုတာချွမ်းက ခါးသီးစွာ ပြုံးလျက် ငြင်းလိုက်သည်"သူတို့စောစောထွက်သွားဖို့ပဲ ငါ ဆုတောင်းနိုင်တယ်။ မဟုတ်ရင် အပျက်အဆီးတွေအောက်မှာ သိုလှောင်ထားတဲ့ရွှေတွေ တွေ့သွားရင် ငါ ဆုံးရှုံးမှုကြီးသွားရလိမ့်မယ်"
"ညာဘက်ခြမ်းကို တစ်ချက်ကြည့်၊ သူဌေး"သူ့နောက်ရှိလူက အံ့အားသင့်စွာ ပြောလိုက်သည်"မြစ်ဘေးနားက လမ်းမှာ"
ကျိုတာချွမ်းက ခဏမှင်တက်သွားပြီး သူ့အကြည့်အား ညာဘက်သို့ ပြောင်းလိုက်သည်။ အံ့အားသင့်သွားပြီး သူက ရေရွတ်လိုက်သည်"နောက်ထပ်လူအချို့ ဒီနေရာကို ဦးတည်လာနေတယ်။ ဒီကိစ္စက မပြီးသေးဘူးလား"
"ဒီလောက်နဲ့ ပြီးလိမ့်မယ်လို့ ငါ မထင်ဘူး၊ သူဌေး"သက်လတ်ပိုင်းလူက ပြော၏။"သူတို့က တစ်ချက်ကြည့်ကြည့်.....ကားတွေ အခုပဲ အဲမှာ ရပ်သွားပြီ.....အိုး ဘုရားသခင်။ သူတို့ရဲ့လှုပ်ရှားမှုက မြန်လှချည်လား။ တစ္ဆေတွေထက်တောင် ပိုမြန်သလိုပဲ။ သူတို့ရဲ့နောက်ဆက်တွဲပုံရိပ်တွေကိုပဲ ငါ မြင်နိုင်တယ်။ ဒီအတိုင်းဆိုရင် တစ်စက္ကန့်တောင် မပြည့်ဘဲ သူတို့တွေ အုန်းခြံကို ရောက်လိမ့်မယ်"
အုန်းခြံထဲတွင်။
စင်းခေါက သူ၏ဝှက်ဖဲအားလုံး အသုံးပြုခဲ့သော်လည်း ရွှယ်ရှာနှင့်ဟေးရှုံးတို့အား မခွာထုတ်နိုင်သေးပေ။ အင်မော်တယ်ဓားများနှင့်ဖွဲ့စည်းထားသောဓားအစီအရင်က သူ့အား လုံးဝဖိနှိပ်ထားပြီး ဒဏ်ရာများက ခန္ဓာကိုယ်ပေါ်တွင် ဆက်တိုက်ဖန်တီးနေလေ၏။ သွေးမြစ်ထဲမှတွားသွားထွက်လာခဲ့သည့်အလား သူက သွေးလူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ဤအတိုင်းဆက်သွားလျှင် သူ့အနေနှင့် နောက်တစ်မိနစ်ထိ ခံနိုင်ရန် မဖြစ်နိုင်ပေ။ ရွှယ်ရှာနှင့်ဟေးရှုံးတို့လက်ချက်ဖြင့် ပျက်ဆီးကိန်းကြုံရပေလိမ့်မည်။
"ဘယ်သူလဲ"
ထန်ရှု၏အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး နတ်ဘုရားဓားအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ပုံရိပ်က ကောင်းကင်သို့ တက်သွားပြီး ဓားအလင်းဒါဇင်ကျော်အား မီတာဒါဇင်ကျော်ရှိအဆောက်အဦးပျက်အနောက်တည်နေရာသို့ ထုတ်လွှတ်လိုက်လေ၏။
"ဟမ့်၊ ရယ်စရာကောင်းတဲ့အားထုတ်မှုတစ်ခုပဲ"
အိုမင်းသောအသံတစ်ခုအား ကြားလိုက်ရသည်။ အနက်ရောင်ဗုဒ္ဓပုတီးတစ်ခုက အပေါ်တက်လာပြီး အရွယ်အစားအဆဒါဇင်ကြီးသွားကာ ထန်ရှုထုတ်လွှတ်သောဓားအလင်းများအား တားဆီးလိုက်သည်။ သို့သော် ပုတီးလည်ဆွဲပေါ်ရှိပုတီးစေ့အချို့က ပေါက်ကွဲပျက်ဆီးသွားခဲ့၏။
ဝှစ်၊ ဝှစ်၊ ဝှစ်၊ ဝှစ်.....
အရိပ်ရှစ်ခုက ရွှယ်ရှာနှင့်ဟေးရှုံတို့အရှေ့သို့ ရုတ်ချည်းထွက်ပေါ်လာ၏။ ထို့နောက် ဦးတည်ဘက်တိုင်းမှ မရပ်မနားတိုက်ခိုက်လာရာ ရွှယ်ရှာနှင့်ဟေးရှုံတို့က ထန်ရှုဘေးနားထိ နောက်ဆုတ်လိုက်ရ၏။ ထို့နောက် စင်းခေါလက်မောင်းအား အနက်ရောင်သံကြိုးနှစ်ခုက ချည်နှောင်သွားပြီး အနက်ဝတ်ဥရောပနွယ်ဖွားလူနှစ်ယောက်က သူ့အား ဆွဲခေါ်သွားခဲ့သည်။
"အဲ၊ အဲ။ မင်း ကြည့်ရတာ သနားစရာကောင်းလှပါလား၊ သခင်လေးစင်းခေါရေ"
နဖူးပေါ်တွင် မီးလောင်အမာရွတ်နှင့် သင်္ကန်းဝတ်ထားသည့် ဘုန်းကြီးတစ်ယောက်က ဗုဒ္ဓတောင်ဝှေးတစ်ခုကို ကိုင်လျက် ပြုံး၍ ပြောလိုက်သည်။ ထန်ရှု၏ဓားများအား တားရန် အသုံးပြုခဲ့သည့် ဗုဒ္ဓပုတီးက သူ့လက်ထဲသို့ ပြန်ရောက်လာ၏။ ခါးဖုနေသည့်ဤဘုန်းကြီးက အသက်ကြီးရင့်ပုံပေါ်ကာ မှိန်ဖျော့ဖျော့အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေလေသည်။ သို့သော် ဤအရှိန်အဝါဖျော့ဖျော့က ထန်ရှုအား အနည်းငယ်အလေးအနက်ထားစေသည်။
ဤလူကို မြင်ပြီး စင်းခေါ၏စိတ်ဓာတ်ကျနေသောမျက်နှာပေါ်တွင် ပြင်းပြသောအသက်ရှင်လိုစိတ်တစ်ခု ထွက်ပေါ်လာ၏။ သူက ကမန်းကတန်းအော်ပြောလိုက်သည်"မရဏဒယနဗုဒ္ဓဆရာသခင်၊ ဗာဂျရာရက်ရှာရှာ၊ မဟူကလပ်နဲ့ ပူးပေါင်းဖို့ မင်းရဲ့အရင်သဘောတူညီချက်တွေကို ငါ သဘောတူတယ်။ မင်းက ငါ့ကို ကူညီပြီး စင်းလုအန်၊ ထန်ရှုနဲ့ သူတို့အားလုံးကို သတ်ပေးနိုင်မယ်ဆိုရင် ငါ ကလန်ခေါင်းဆောင်ဖြစ်လာတာနဲ့ အမှောင်နတ်ဆရာကလန်တစ်ခုလုံးက မင်းလက်အောက်ကို ရောက်လာစေရမယ်"
ထန်ရှုက ရောက်ရှိလာသည့်လူရှစ်ယောက်အား သတိထားလျက် ကြည့်လိုက်သည်။ သူတို့၏အသွင်အပြင်က သာမန်လူများနှင့် မတူ။ ဥပမာအားဖြင့် သေမင်းဒယနဗုဒ္ဒဆရာသခင်၏ပိန်ပိန်ပါးပါးပုံရိပ်က အရိုးစုတစ်ခုနှင့် တူပြီး ခါးတွင် အဖုကြီးတစ်ခုကာ ဆန်းကျယ်သောအသွင်ကို ပေးနေလေသည်၊ သို့သော် ၎င်းက နတ်ဆရာများ၊ မှော်ဆရာများထက် ပိုကြောက်စရာကောင်းသောခံစားချက်အား ပေးစွမ်းနေလေ၏။
ဘုန်းကြီးဘေးနားတွင် ရပ်နေသူက သံမျှော်စင်တစ်ခုနှင့်တူသည့်လူသန်ကြီးတစ်ယောက်။ သူက အရွယ်ရောက်ပြီးသားလူတစ်ယောက်ထက် နှစ်ဆနီးပါးမြင့်ပြီး လေးမီတာကျော်ရှည်သည်။ ထိုလူ့ဘီလူးကြီး၏ခန္ဓာကိုယ်တွင် သံကြိုးများရစ်ပတ်ထားပြီး အညိုရောင်အသားအရေရှိ၏။ ရှေးခေတ်မှ သားရဲတစ်ကောင်အလား အလွန်ကြီးမားသောဖိနှိပ်ခြင်းအရှိန်အဝါတစ်ခုအား ပေးစွမ်းလေသည်။ ယခင်က မိုအားဝူအား လူ့ဘီလူးကြီးတစ်ယောက်ဟု ထန်ရှုက ထင်မှတ်ထားခဲ့၏၊ သို့သော် ဤဧရာမလူကြီးနှင့်ယှဉ်လျှင် သူက လူပုလေးတစ်ယောက်ပမာ ဖြစ်သွားရသည်။
အခြားလူခြောက်ယောက်တွင် ဗန်ပိုင်းယားများနှင့်တူသည့်ချောမောခန့်ညားသောဥရောပနွယ်ဖွားလူနှစ်ယောက်၊ နီမြန်းသောအသားအရေနှင့်ဆံဖြူအမျိုးသမီး၊ အမျိုးသမီးဝတ်စုံဝတ်ကာ မိတ်ကပ်ထူထူလိမ်းထားသည့် အရပ်မြင့်မြင့်လူတစ်ယောက်၊ ထူးဆန်းသောဝတ်စုံနှင့်ဆံရှည်လူငယ်တစ်ယောက်၊ နှာခေါင်း၊ နားနှင့် မျက်ခုံးများပေါ်တွင် သံကွင်းများ ဝတ်ဆင်ထားသည့် လူမည်းအမျိုးသမီးတစ်ယောက်တို့ ပါဝင်၏။
သူတို့အားလုံးက သာမန်လူများမဖြစ်နိုင်သည်မှာ သံသယရှိစရာမလို။ သူတို့က ပြောင်မြောင်သောလူပုဂ္ဂိုလ်များ ဖြစ်နိုင်ချေ အလွန်များသည်။
မရဏဒယနဗုဒ္ဓဆရာသခင်က ခပ်ဖျော့ဖျော့ပြုံးထားလျက်ပင်။ သူက စင်းခေါအား အကြိမ်အနည်းငယ်လှည့်ပတ်ကြည့်ရှုပြီးနောက် သက်ပြင်းချလိုက်သည်"အဲ၊ ငါ မင်းကို ကြင်ကြင်နာနာနဲ့ ကမ်းလှမ်းခဲ့တယ်မလား။ ဒါပေမယ့် မင်းက အကြောင်းပြချက်မျိုးစုံပေးပြီး ငြင်းပယ်ခဲ့တယ်လေ။ အခု မင်းက သေဘေးတစ်ခုနဲ့ ရင်ဆိုင်ရတော့မှ ငါ့စွမ်းအားကို မှီခိုချင်နေတာလား။ သခင်လေးစင်ခေါ၊ ဒီကမ္ဘာမှာ အဲဒီလိုကောင်းမွန်တဲ့အဖြစ်အပျက်တစ်ခု ဘယ်လိုလုပ်ရှိလာနိုင်မှာလဲ"
"ငါက အမှောင်နတ်ဆရာကလန်ခေါင်းဆောင်အနေနဲ့ မင်းနဲ့ ပူးပေါင်းချင်ပါတယ်"စင်းခေါက အလျင်စလိုပြန်ပြော၏"အနာဂတ်မှာ မင်းအတွက် အလုပ်လုပ်ဖို့ အမှောင်နတ်ဆရာကလန်တစ်ခုလုံးကို ငါ ယူလာပါမယ်။ ဒါ လုံလောက်ရဲ့လား"
"လုံလောက်သလား။ ဒါ လုံလောက်တာပါ့"မရဏဒယနဗုဒ္ဓဆရာသခင်က သူ့လက်မနှင့် ပုတီးစေ့များအား ပွတ်လိုက်ချေသည်"ဒါပေမယ့် လမ်းဖြတ်ပြီးမှ တံတားကို မီးရှို့တဲ့သူတွေအများကြီး ငါ မြင်ဖူးတယ်။ ငါ မင်းကို အပြည့်အဝ ယုံကြည်စေချင်ရင် မင်း တန်ဖိုးတစ်ခုခုတော့ ပေးချေရမယ်"
စင်းခေါ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး သူက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်"ငါ ဘာလုပ်ပေးရမှာလဲ"
ဘုန်းကြီးက အင်္ကျီလက်မှ အနက်ရောင်ကြွေပုလင်းတစ်လုံးအား ယူထုတ်လိုက်သည်။ ထို့နောက် စင်းခေါထံ ပစ်ပေးကာ သူက ပြောလိုက်သည်"ဒါက ငါ ဖော်စပ်ထားတဲ့ မရဏဇင်ဆေးပဲ။ ဒါက အရမ်းအဆိပ်ပြင်းတဲ့ဆေးတစ်မျိုးလို့ ပြောနိုင်တယ်။ မင်း ဒါကို သောက်ရဲရင် ငါ မင်းကို ကယ်ပေးမယ်။ ကလန်ခေါင်းဆောင်ထိုင်ခုံကို မင်း ရအောင်တောင် ငါ ကူညီပေးနိုင်တယ်"
မရဏဇင်ဆေးလား။
ဤအချိန်တွင် ကြောက်ရွံ့သောအကြည့်တစ်ခုက စင်းခေါ၏မျက်လုံးများထဲ၌ ပြည့်နှက်သွားသည်။ အသုံးပြုသူ၏အသက်နှင့်ဘဝအား ထိန်းချုပ်ရန် မရဏဒယနဗုဒ္ဓဆရာသခင်က ဤဆေးအား အသုံးပြုလေ့ရှိသည်ကို သူ သိ၏။ ထိုသူများက သူ့အမိန့်အား လိုက်နာရမည်၊ သို့မှသာ ခြောက်လပြည့်တိုင်း ယာယီအဆိပ်ဖြေဆေးအား ရရှိနိုင်သည်။ ထိုသူများက သူ့အမိန့်အား ငြင်းဆန်ရဲလျှင် ယာယီအဆိပ်ဖြေဆေးမရရုံသာမက ပြင်းထန်သောအဆိပ်ကြောင့် ရက်ရက်စက်စက်နှိပ်စက်ညှင်းပန်းခံစားရပြီး သေသွားရလိမ့်မည်။
ဒါက ရက်စက်ကာ အကြင်နာမဲ့လွန်းတယ်.....
မရဏဇင်ဆေးအား သောက်ခဲ့လျှင် သူ့ကံကြမ္မာက မည်သို့ဖြစ်လာမည်ကို သူက စိတ်ကူးမယဉ်နိုင်ပေ။
အေးစက်စက်အမူအရာနှင့် မရဏဒယနဗုဒ္ဓဆရာသခင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်"ဘာဖြစ်လို့လဲ။ မင်း မသောက်ရဲဘူးလား"
စင်းခေါက စင်းလုအန်နှင့်ထန်ရှုတို့အား လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးများက သူ့ရန်သူများထံ တစ်ယောက်ပြီးတစ်ယောက် ရွေ့လျားသွားခဲ့၏။ ထို့နောက် အံကြိတ်လျက် ပြောလိုက်သည်"ငါ သေရတော့မယ်။ ငါ ဘယ်လောက်ပဲ ဆန္ဒမရှိရှိ၊ ငါ့အသက်ကို ထိန်းသိမ်းဖို့ အခြားရွေးချယ်စရာမရှိဘူး။ ခင်ဗျားက ကျုပ်ကို အခွင့်အရေးပေးခဲ့တယ်၊ ဒါကြောင့် ကျုပ် ဒီဆေးကို သောက်မယ်။ ကျုပ် အသက်ရှင်နေသရွေ့ ကျုပ်ရန်သူတွေကို ကြောက်စရာကောင်းတဲ့တန်ဖိုးတစ်ခု ပေးချေအောင် လုပ်ရမယ်"
"ဟမ့်၊ သူတို့က မင်းအသက်ကို ကယ်နိုင်မှာ သေချာရဲ့လား၊ စင်းခေါ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။
စင်းခေါက ထန်ရှုအား တစ်ချက်စိုက်ကြည့်ကာ ပြောလိုက်သည်"သိပ်သေချာတာပေါ့။ သူတို့က မဟူရာကလပ်ရဲ့ထိပ်တန်းလူသတ်သမားရှစ်ယောက်ပဲ။ သူတို့က ငါ့ကို မကယ်နိုင်ရင် ဒီကမ္ဘာပေါ်မှာ မင်း ကြိုက်သလို ဗိုလ်ကျစိုးမိုးနိုင်တယ်လို့ ဆိုလိုတယ်။ စောင့်နေစမ်းပါ၊ ထန်ရှု။ တစ်နေ့ကျရင် ငါ မင်းကို သေချာပေါက် သတ်မယ်။ အဲအချိန်ကျရင် မင်းတစ်ယောက်မဟုတ်ဘူးနော်၊ မင်းချစ်ရတဲ့သူတွေလဲ မင်းနဲ့အတူ သေပွဲဝင်ရလိမ့်မယ်။ မင်းရဲ့မိတ်ဆွေတွေ၊ မင်းဂရုစိုက်တဲ့သူတွေအားလုံးကို ရက်ရက်စက်စက် သတ်ပစ်မယ်။ သူတို့ရဲ့စိတ်ဝိညာဉ်တွေ ပျောက်ကွယ်ပြီး ဘယ်တော့မှ ပြန်လည်မမွေးဖွားနိုင်စေရဘူးလို့ ငါ အာမခံတယ်"
သတ်ဖြတ်ခြင်းဆန္ဒက ထန်ရှု၏နှလုံးသားထဲ၌ ချက်ချင်းဆူပွက်လာတော့သည်။ သူ့မိတ်ဆွေများ၊ ဆွေမျိုးများအား ထိခြင်းက သူချထားသည့်ကန့်သတ်မျဉ်းတစ်ခုအား ထိလိုက်သလိုပင်။ ထိုအတွေးရှိလာသည့်မည်သူမဆို သေရမည်၊ ပြန်မွေးဖွားရန် အခွင့်အရေးမရှိ။
"စင်းခေါ၊ မင်း သေဖို့ပဲ လိုတယ်၊ ပြီးရင် မင်း လွတ်လွတ်လပ်လပ်ဖြစ်သွားမှာပါ။ ဒါက ငါ့ရဲ့မူလရည်ရွယ်ချက်ပဲ။ ဒါပေမယ့် အခု မင်းကို ဒီကမ္ဘာကနေ အပြီးတိုင်ပျောက်ကွယ်သွားစေရမယ်။ မဟူရာကလပ်လား၊ ဟမ့်။ ငါ သူတို့အများကြီး သတ်ခဲ့တယ်၊ နောက်ထပ်ရှစ်ယောက်ထပ်သတ်ရလို့လဲ ကိစ္စမရှိဘူး"
***