ကမ္ဘာကြီးရဲ့မူမမှန်မှု
Vol. 71 Ch. 990
ထန်ရှုစကားကို ကြားပြီး မရဏဒယနဗုဒ္ဓဆရာသခင်၏မျက်လုံးများက လေးနက်မှုတို့ ထွက်ပေါ်လာ၏။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလာလျက် ပြုံးကာ ပြောလိုက်သည်"မဟူရာကလပ်မှာ လူတွေအများကြီး ရှိတယ်။ ဒါပေမယ့် ဒီလူတွေက ငါ့မျက်လုံးထဲမှာတော့ ပုရွက်ဆိတ်တွေလိုပဲ။ မင်း တချို့တလေသတ်ခဲ့တာက အံဩစရာမရှိပါဘူးလေ။ ဒါပေမယ့် ဒီနေ့ သိပ်မကြွားနေနဲ့၊ မင်းရဲ့လျှာကိုပဲ ဂရုစိုက်၊ ငါတို့ ဖြတ်ရအောင် မလုပ်နဲ့"
"ဟမ့်။ ဘယ်လိုလုပ်ပြီး ခင်ဗျားက ဒီလောက်မောက်မာရဲတာလဲ၊ အရူးချီးပန်းစကားတွေ စောက်ပြောနေရတာလဲ။ ခင်ဗျားက နတ်ဆိုးလမ်းကြောင်းကို ကျရောက်သွားတဲ့၊ တရားဓမ္မစွမ်းအားကနေ နတ်ဆိုးစွမ်းအားအဖြစ် ကူးပြောင်းသွားတဲ့ ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပဲမလာ"ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်"အဖိုးကြီး၊ ဗုဒ္ဓနဲ့တာအိုစွမ်းအားအချို့အကြောင်း ကျုပ်လဲ သိတယ်။ ခင်ဗျားက သေချင်နေမှတော့ ခင်ဗျား အကျွမ်းကျင်ဆုံးစွမ်းအားနဲ့ ဆန္ဒဖြည့်ဆည်းပေးရတာပေါ့"
ယခုတွင် မရဏဒယနဗုဒ္ဓဆရာသခင်က ထန်ရှုအပေါ် အာရုံစိုက်လာသည်။ သူက တကယ်ပင် ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့ပြီး သူ့မျိုးဆက်၏ထင်ရှားသောဘုန်းကြီးတစ်ယောက်ဟု ဆိုနိုင်သည်။ သူ၏သွေးဆာမှု၊ အရိုင်းဆန်မှုတို့က သူ၏ကြင်နာမှုကို လွှမ်းမိုးခဲ့ပြီး ဗုဒ္ဓမှ နတ်ဆိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူက ဗုဒ္ဓကျောင်းအား ပုန်ကန်ပြီးနောက် တရုတ်သို့ ထွက်ပြေးသွားပြီး မဟူကလပ်၏သေမင်းတစ်ယောက် ဖြစ်လာခဲ့၏။
စောစောက ထန်ရှုနှင့် ထိပ်တိုင်ရင်ဆိုင်မှုမှ ထိုအကောင်က တာအိုကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု သူက ကောက်ချက်ချခဲ့သည်။ သို့သော် လူငယ်တာအိုကျင့်ကြံသူတစ်ယောက်က ဗုဒ္ဓစွမ်းရည်အားလည်း ကျွမ်းကျင်သည်လား။ တစ်စုံတစ်ယောက်က ဗုဒ္ဓရောနတ်ဆိုးလမ်းကြောင်းရော ကျွမ်းကျင်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
"ဟမ့်။ မင်းရဲ့လျှာကို အားတိုင်းယားတိုင်း လျှောက်မသုံးနေနဲ့။ လာစမ်းပါ၊ မင်းဘာလုပ်နိုင်လဲ ငါ့ကို ပြစမ်းပါ"
သူ့လက်ထဲရှိဗုဒ္ဓတောင်ဝှေးက မြေပြင်အား ထိုးဖောက်သွားခဲ့ပြီး အရှိန်အဝါတစ်ခုက ဦးတည်ဘက်တိုင်းသို့ ပေါက်ကွဲသွား၏။ ချီပေါက်ကွဲမှုက ပျက်ဆီးနေသောသစ်ပင်များ၊ သစ်ရွက်များ၊ အုတ်ခဲများ၊ အကျိုးအပဲ့အစအနအားလုံးအား သယ်ဆောင်သွားပြီး အဝေးသို့ လွှင့်ထုတ်လိုက်သည်။
ခန္ဓာကိုယ်အား သံကြိုးများဖြင့်ရစ်ပတ်ထားသော ဗာဂျရာရက်ရှာရှာက ရှေ့သို့ ရုတ်တရက် ဆောင့်နင်းလိုက်သည်။ ဖုန်မှုန့်များ ထောင်တက်သွားပြီး သူ၏ညာခြေထောက်က မြေပြင်ပေါ် ကျသွားသောအခါ တုန်ခါမှုသေးသေးတစ်ခု ဖြစ်သွား၏၊ ထို့နောက် သူက လေထဲသို့ လက်သီးအရွယ်အစားသံမဏိတူတစ်လက်အား ပစ်ထုတ်လိုက်သည်။ ၎င်းက အရွယ်အစားကြီးလာပြီး သုံးမီတာရှည်သည့်လက်နက်တစ်ခုအဖြစ်သို့ ရောက်ရှိသွားခဲ့၏။
"မရဏဒယန၊ မောက်မာတဲ့ကောင်စုတ်လေးတွေကို ငါ အမုန်းဆုံးဆိုတာ မင်း သိတယ်မလား။ အထူးသဖြင့် အသက်ငယ်ငယ်လေးနဲ့ ဆရာကြီးတစ်ယောက်လို ဟန်ဆောင်နေတဲ့သူတွေလိုမျိုးပေါ့။ ဒီလိုလူတွေ တွေ့ရင် အမှုန့်ချေပစ်ရမယ်"ဗာဂျရာရက်ရှာရှာက ညာလက်အား မြှောက်လိုက်သည်။ နောက်အခိုက်အတန့်တွင် တူက သူ့လက်ထဲသို့ ကျဆင်းသွား၏။
မောက်မာတယ်၊ နှိပ်ကွပ်တယ်၊ ရက်စက်တယ်၊ ကြမ်းတမ်းတယ်.....
သူ့မျက်နှာပေါ်တွင် အထင်သေးခြင်းတို့ ရှိနေပြီး ဤဗာဂျရာရက်ရှာရှာက ထန်ရှုအား အလေးအနက်မထားပေ။ သူက သူ့ရှေ့ရှိဘယ်သူ့ကိုမှ မျက်လုံးထဲ မထည့်ပေ။
သူ၏ရန်စမှုက ထန်ရှုအား မျက်မှောင်ကြုတ်သွားစေသည်။ ဤအကောင်က အလွန်သန်မာဟန်ရှိသော်လည်း သူ့အတွက် ခြိမ်းခြောက်မှု မပေးနိုင်ပေ။ သူ့အား ခြိမ်းခြောက်နိုင်စွမ်ရှိသည့်တစ်ယောက်က မရဏဒယနဗုဒ္ဓဆရာသခင်သာ။ လူ့ဘီလူးကြီး လှုပ်ရှားသည်ကို မြင်သောအခါ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာ အမိန့်ပေးလိုက်သည်"ကွမ်း၊ သူ့ကို ရင်ဆိုင်လိုက်....."
ကွမ်းက ခပ်ဖျော့ဖျော့ပြုံးလိုက်ရုံသာ။ အင်မော်တယ်ဓားလည်ပတ်လျက် သူ့ပုံရိပ်က လွင့်မျောနေသောတိမ်တိုက်တစ်ခုပမာ နူးညံ့ညင်သာစွာ ပျံသန်းသွားလေသည်။ လူ့ဘီလူးကြီးဆီ ပြေးသွားမည်ဟု ထင်မှတ်ချိန်တွင် အင်မော်တယ်ဓားလမ်းကြောင်းက ပြောင်းလဲသွားပြီး ဗာဂျရာရက်ရှာရှာပြန်ဆုတ်မည့်ဖြစ်နိုင်ဖွယ်ရာလမ်းကြောင်းများအား ပိတ်ဆို့လိုက်လေသည်။
"အဲ၊ ခင်ဗျားက အကောင်ကြီးပြီး အချိန်မစီးတဲ့လူ တစ်ယောက်မဟုတ်ဖို့ ကျုပ် မျှော်လင့်ပါတယ်"
ဗာဂျရာရက်ရှာရှာ၏မျက်ခုံးများက ကျုံ့သွားသည်။ သူက ထန်ကွမ်း၏စွမ်းအားအား လုံးဝမသိပေ။ သို့သော် ထန်ကွမ်းအရှိန်က သူ့ ကျောရိုးအား အေးစက်စက်ဖြစ်စေသည်။ သူ့တူအား ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး မီးပွားများက ရုတ်တရက် စင်ထွက်သွား၏။ သူက ကြီးမားသောစွမ်းအားအား ပိုင်ဆိုင်ထားပြီး တူအရွယ်အစားက သူ့အရှိန်အား လုံးဝမသက်ရောက်ပေ။ တူအရိပ်များက ဘယ်ညာရိုက်ခတ်သွားပြီး သူ့ခြေလှမ်းများက ရှေ့သို့ တိုးသွားလေ၏။
"ငါ အမုန်းဆုံးက မင်းလို လှပတဲ့ကောင်လေးတွေကိုပဲ။ ငါ ဒီနေ့ မင်းကို မသတ်နိုင်ရင် ငါ့နာမည်ကို ပြောင်းပစ်လိုက်မယ်"
မျက်နှာပေါ်တွင် ရက်စက်သောအကြည့်နှင့် လူ့ဘီလူးကြီးက ထန်ကွမ်းအရှေ့သို့ ချက်ချင်းဆိုသလို ပေါ်လာ၏။ ထမင်းအိုးတစ်လုံးအရွယ်အစားရှိိသည့်သူ့လက်သီးက ထန်ကွမ်း၏နဖူးပြင်ထံ အသေထိုးချက်များအား ပစ်သွင်းလိုက်သည်။ ဖောင်းကားနေသောကြွက်သားများ၏တုန်ခါမှုအောက်တွင် သူ့လက်မောင်းများအား ရစ်ပတ်ထားသည့်သံကြိုးများက အဆက်မပြတ်တကျွိကျွိမြည်နေလေသည်။
အထင်သေးသောအကြည့်တစ်ခုက ထန်ကွမ်း၏မျက်နှာပေါ်တွင် အရောင်လက်သွား၏။ လက်မောင်းတွင် ရစ်ပတ်ထားသော သံမဏိကြိုးများကြောင့်သာ မဟုတ်လျှင် ဤလူ့ဘီလူးကြီးက သူ့အား ခေါင်းကိုက်စေနိုင်သည်။ သို့သော် ယခု အိုင်ဒီယာတစ်ခုက သူ့စိတ်ထဲ၌ ထင်ဟပ်လာ၏။
"လျှပ်စီး....."
သူက မန္တန်တစ်ခုအား ထုတ်ဖော်လိုက်ရာ လျှပ်စီးတစ်ခုက အမှောင်ညအလယ်တွင် လင်းလက်သွားပြီး ဗာဂျရာရက်ရှာရှာ၏လက်မောင်းအားရစ်ပတ်ထားသည့်သံမဏိကြိုးများအား ထိမှန်သွားသည်။
"ဘာ...."
လူ့ဘီလူးကြီး၏ခန္ဓာကိုယ်က တောင့်သွား၏။ အကွဲရာတစ်ခုက သူ ဝှေ့ယမ်းလိုက်သည့် တူအရိပ်ဒိုင်းပေါ်၌ ထွက်ပေါ်လာသည်။ ထို့နောက် အင်မော်တယ်ဓားက သက်ရှိသတ္တဝါတစ်ကောင်အလား လှုပ်ရှားသွားပြီး အကွဲရာအား ဖြတ်သန်းသွား၏။ နောက်အခိုက်အတန့်တွင် သွေးရေပန်းတစ်ခုက လေထဲသို့ ပက်ဖျန်းကာ လူ့ဘီလူးကြီး၏ဦးခေါင်းက လွင့်ထွက်သွားတော့သည်။
ထန်ကွမ်းက ဓားပြန်ဆွဲယူကာ ထန်ရှုအရှေ့သို့ ပြန်ရောက်လာ၏။ သူက တရိုတသေ တင်ပြလိုက်သည်"ရန်သူကို သတ်ပြီးသွားပြီ၊ ဆရာအဘိုး"
ထန်ရှုက လက်မထောင်ကာ ချီးကျုးလိုက်သည်"မင်းအသုံးပြုတဲ့နည်းလမ်းက အရမ်းထိရောက်တာပဲ။ ထိုအကောင်က လူစီဖာလို ဂုဏ်မောက်နေပေမယ့် အလွယ်တကူအသတ်ခံလိုက်ရတာပဲမလား။ ဒါက သူနဲ့ ထိုက်တန်တဲ့ကပ်ဘေးပဲ"
မရဏဒယနဗုဒ္ဓဆရာသခင်က ဗာဂျရာရက်ရှာရှာ၏ခေါင်းပြတ်ခန္ဓာကိုယ်အား စိုက်ကြည့်နေမိလေသည်။ သူ့မျက်လုံးများက မယုံကြည်နိုင်သောအကြည့်တစ်ခု တောက်ပနေ၏။ ကြွက်သေတစ်ခုအား ဝါးမျိုမိသည့်အလား သူ့အစာအိမ်က အော်ဂလီဆန်ကာ ပျို့ချင်သလိုဖြစ်လာသည်။ ဗာဂျရာအား သူ သိတာ ကြာလေပြီ၊ ဒင်း ဘယ်လောက်သန်မာသလဲကို သူ သိ၏။ သို့သော် ရန်သူ၏တွက်ချက်မှုကြောင့် သူ့ခန္ဓာကိုယ်တွင်ရစ်ပတ်ထားသောသံမဏိကြိုးများက သူ့အား အလွယ်တကူသတ်ဖြတ်ပစ်ခဲ့သည်။
သူ့နောက်ရှိ ဗန်ပိုင်းယားနှစ်ယောက်က အကြည့်များဖလှယ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း နောက်ဆုတ်လိုက်ကြ၏။ သူတို့သည်လည်း လက်နက်အဖြစ် သံမဏိကြိုးများအား အသုံးပြုကြသည်။ သူတို့က ထန်ကွမ်းနှင့် တိုက်ခိုက်လျှင် တစ်ဖက်လူက လျှပ်စီးအား အသုံးပြုကာ သတ်ဖြတ်မည်ကို စိုးရိမ်လာ၏။
"ဒါ စိတ်ဝင်စားစရာပဲ။ ဗာဂျရာရက်ရှာရှာက ဒီလောက်ကံဆိုးမယ်လို့ မထင်ထားခဲ့ဘူး။ သူက လျှပ်စီးမန္တန်ကို ကျွမ်းကျင်တဲ့ ကျင့်ကြံတစ်ယောက်နဲ့ တိုးပြီး ပြိုင်ဘက်ရဲ့အကွက်ချမှုကြောင့် အခုလို အသတ်ခံလိုက်ရတယ်။ ဒါနဲ့ ရှင်ရော ကျွန်မနဲ့ အကွက်အချို့ ဝေမျှချင်ရဲ့လား၊ မစ္စတာ"အနီရောင်အသားအရေနှင့်ဆံဖြူအမျိုးသမီးက ရှေ့တက်လာပြီး ခပ်ဖျော့ဖျော့ပြုံးလျက် ထန်ရှုအား ပြောလိုက်သည်။
ထန်ရှုက ခဏနှုတ်ဆိတ်သွားသည်။ ထို့နောက် သူက ရုတ်တရက်ပြုံးကာ ဆို၏"ဟုတ်ပြီလေ၊ တစ်ဦးချင်းစီတိုက်ပွဲက ငြီးငွေ့စရာကောင်းတယ်။ အချိန်ဖြုန်းရာလဲ ရောက်တယ်၊ အခုဆိုရင် မိုးသောက်ချိန်တောင် ရောက်တော့မယ်။ ဒါကြောင့် ငါတို့တွေ အုပ်စုဖွဲ့တိုက်ခိုက်တာ ပိုကောင်းမယ်လို့ ငါ ထင်တယ်။ မင်းရော ဘယ်လိုထင်လဲ"
လှပသောအမျိုးသမီး၏မျက်နှာက ချက်ချင်းပြောင်းလဲသွားပြီး သူမက အထင်သေးစွာ ပြန်ပြောလိုက်သည်"ရှင့်ဘက်မှာ လူအရေအတွက်များတယ်ဆိုပြီး ရှင်တို့က အုပ်စုဖွဲ့တိုက်ခိုက်ချင်တာပေါ့လေ"
"ဒါပေါ့။ ငါတို့က အရေအတွက်သုံးပြီး မင်းတို့ကို အနိုင်ကျင့်ရမှာပေါ့။ အဲဒါ ဘာမှားလို့လဲ"ထန်ရှုက ခေါင်းညိတ်ကာ ပြုံးလျက် တုံ့ပြန်လိုက်သည်"မင်း ဝမ်းနည်းတယ်ဆိုရင်လဲ ငါ့ဆီ လာခဲ့လေ"
"ရှင် သေချင်နေတာပဲ....."
ရန်မူလိုသောအကြည့်တစ်ခုက ဆံဖြူအမျိုးသမီး၏မျက်နှာပေါ်၌ ပေါက်ကွဲထွက်လာသည်။ သူမက ဝတ်ရုံမှ အရိုးနှင့်ပြုလုပ်ထားသောပုလွေတစ်ခုအား ယူထုတ်လိုက်ပြီး ချက်ချင်းမှုတ်လိုက်သည်။ ပုလွေမှုတ်နေစဉ် ဘေးတစ်ဝိုက်ရှိအကြွင်းအကျန်သစ်ကိုင်သစ်ရွက်များက မမြင်နိုင်တဲ့လေပြင်းတစ်ခု တိုက်ခတ်သွားပြီး လေပွေတစ်ခု ဖြစ်လာ၏။
ဒင်း၊ ဒင်း၊ ဒင်း.....
ရုတ်တရက် ဇီသာသံတစ်ခုက မြင်းခွာသံနှင့် ဗီလာဆန့်ကျင်စွာ ထွက်ပေါ်လာသည်။ ပုလွေသံက ကျယ်လောင်သော်လည်း ဇီသာသံက ဖိနှိပ်နိုင်နေ၏။ သစ်ရွက်သစ်ကိုင်များပါဝင်နေသည့်လေပြင်းမုန်တိုင်းက ချက်ချင်းလက်ငင်း ပျက်စီးပြန့်ကျဲသွား၏။
အမျိုးသမီး၏မျက်ခုံးများက ကျုံ့သွားပြီး သူမ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။ လေပြင်းမုန်တိုင်းက တလိပ်လိပ်တက်လာပြီး စီးဆင်းနေသောရေစီးကြောင်းတစ်ခုအလား သူမအရှေ့၌ မရပ်မနားလူးလိမ့်နေလေသည်။
ထိုအချိန်တွင် ရှိနေသူတိုင်းက ဇီသာသံထွက်ပေါ်ရာအနောက်မြောက်ပိုင်းသို့ ကြည့်လိုက်ကြသည်။ ထန်ရှုမျက်လုံးများကလည်း ဝင်းလက်သွား၏။ သူတို့အနီးတစ်ဝိုက်တွင် တစ်စုံတစ်ယောက်က ပုန်းလျှိုးနေမည်ဟု မထင်ထားခဲ့ပေ၊ ထို့ပြင် ထိုလူငက ဂီတတွင်လည်း ကျွမ်းကျင်ကာ ရန်သူအား တားဆီးရန် ကူညီပေးခဲ့သည်။ တစ်ဖက်လူက မိတ်ဆွေသူငယ်ချင်းတစ်ယောက်မှန်း သိသာ၏။
"ကျေးဇူးတင်ပါတယ်....."
ထန်ရှုက လက်သီးဆုပ်လျက် အနောက်မြောက်ပိုင်းသို့ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်။
ချက်ချင်းလျှင်ပင် ဇီသာသံက ပိုပြင်းထန်ပြီးပိုကြမ်းတမ်းလာသည်။ သားရဲတစ်အုပ်က တောင်ထိပ်မှ ဆင်းသက်လာသည်နှင့် တူ၏။ ကျောက်တုံးနှင့်သံမဏိကြားပွတ်တိုက်သံအလား အလွန်စူးရှသည်။ သို့သော် ဆံဖြူအမျိုးသမီးက ၎င်း၏ပစ်မှတ်ဖြစ်ပြီး ငလျင်တစ်ခုက သူမနှလုံးသားအား ဝင်ဆောင့်နေသလို ခံစားရ၏။ ပုလွေမှုတ်သံရပ်တန့်ရန် ဖိအားပေးခံနေရသည်။
ဝှစ်.....
ထို့နောက် သူမ၏လည်ချောင်းထဲ၌ ဆားငန်သလို ခံစားရပြီး အရူးအမူးသွေးအန်ထုတ်လိုက်သည်။ သူမခန္ဓာကိုယ်က တုန်ယင်သွားပြီးနောက် အနောက်သို့ ယိမ်းထိုးသွားလေ၏။
ရှုး.....
သူမက အကာအကွယ်မဲ့နေစဉ် အင်မော်ဓားတစ်လက်က သူမအနောက်လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။ မရဏဒယနဗုဒ္ဓဆရာသခင်နှင့်အခြားငါးယောက်၏အသားအရောင်က အကြီးအကျယ်ပြောင်းလဲသွား၏၊ သို့သော် ကယ်ဆယ်ရန် နောက်ကျသွားလွန်းပြီး သူမဦးခေါင်းက တိုက်ရိုက်ပြတ်သွားခဲ့သည်။ ရိပ်ခနဲထွက်ပေါ်လာပြီးနောက် ထန်အန်းပုံရိပ်က ရိပ်ခနဲ ပျောက်သွားခဲ့၏။
သို့သော် ထန်ရှုက အနောက်မြောက်ပိုင်းသို့ ကြည့်ကာ ကျယ်လောင်စွာ အော်လိုက်သည်"လာပြီးမှတော့ ဘာလို့ ကိုယ်ထင်မပြတာလဲ။ ထန်ရှုက အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်"
တုံ့ပြန်သည့်အနေနှင့် ဇီသာသံသင်္ကေတတစ်ခုသာ ထွက်လာ၏။
နောက်ဆုံးဇီသာသံပျောက်သွားသလို ကမ္ဘာကြီးက တည်ငြိမ်သောအခြေအနေသို့ ပြန်ရောက်လာခဲ့သည်။ တိတ်ဆိတ်မှုပျောက်သွားသော်လည်း တစ်ယောက်မှ မပေါ်ထွက်လာခဲ့ပေ။ ထန်ရှုက သူ၏ထိုးထွင်းသိမြင်မှုအား အနောက်မြောက်ဘက်သို့ ထုတ်လွှတ်လိုက်သော်လည်း တစ်ဖက်လူက တိတ်တဆိတ်ထွက်ခွာသွားသည်ကိုသာ သိရ၏။ ထိုလူက အဝေးကြီးမရောက်လောက်သေးဟု သူက ခန့်မှန်းခဲ့သည်။
"မင်း သွား ..."ထန်ရှုက ထန်ကွမ်းအား အမိန့်ပေးလိုက်သည်။
ထန်ကွမ်းက ခေါင်းညိတ်လိုက်သည်။ သူ့ပုံရိပ်က ရိပ်ခနဲလက်ကာ အနောက်မြောက်ဘက်သို့ ပျံသန်းသွား၏။ တစ်မိနစ်ဝက်ကြာပြီးနောက် သူက ဆယ်ကီလိုမီတာအကွာ၌ ထွက်ပေါ်လာသည်။ အချည်းနှီးဖြစ်သာပင်၊ ပတ်ဝန်းကျင်တွင် တစ်ဖက်လူ၏အရိပ်တခုတလေတောင် မရှိ။
"ငါ ရှာမတွေ့ခဲ့ဘူး၊ သူဌေး"
ထန်ကွမ်းက ထန်ရှုဘေးသို့ ပြန်ရောက်လာပြီး ခေါင်းခါယမ်းကာ တင်ပြလိုက်သည်။
ထန်ရှုက ခေါင်းသာ ညိတ်ပြ၏။ ထိုလူက မထွက်ပေါ်လာချင်သလို သူကလဲ ဖိအားမပေးချင်ပေ။ ဘယ်သူလဲဆိုသည်အား ရေးတေးတေးရိပ်မိသော်လည်း လူကိုယ်တိုင်မမြင်ရသောကြောင့် သူက တစ်ရာရာခိုင်နှုန်းမသေချာပေ။
မရဏဒယနဗုဒ္ဓဆရာသခင်က ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်၏။ သတ်ဖြတ်ခြင်းဆန္ဒက သူ့မျက်လုံးထဲ၌ ရစ်ဝဲနေသော်လည်း ပြန်ဆုတ်လိုသောရည်ရွယ်ချက်လည်း ရှိသည်။ အချိန်တိုအတွင်း သူ့အဖွဲ့ထဲရှိလူရှစ်ယောက်ထဲမှ နှစ်ယောက်သေဆုံးသွားခြင်းက သူ့အား ထိတ်လန့်စေသည်။ ယခင်က သူတို့အပြင်ထွက်လာသည့်အချိန်တိုင်း အဖွဲ့ဝင်တစ်ယောက်ချင်းစီက မုန်တိုင်းထန်စေခဲ့သည်သာပင်။
"မင်းက ထန်ရှု၊ တရုတ်က ကျင့်ကြံသူတစ်ယောက်မလား"မရဏဒယနဗုဒ္ဓဆရာသခင်က နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။
"ဟုတ်တယ်၊ ငါက ထန်ရှု၊ တရုတ်ကျင့်ကြံသူတစ်ယောက်ပဲ"ထန်ရှုက ပြုံးကာ အတည်ပြုလိုက်သည်။"ဘာဖြစ်လို့လဲ။ မင်းက နောက်ကျရင် လက်စားချေချင်လို့လား"
"ရန်သူရဲ့အထောက်အထားကို သိချင်တာ ဒါ သဘာဝပါပဲ"ဘုန်းကြီးက အေးစက်စက် ပြန်ဖြေ၏"ငါတို့က ရန်သူတွေ ဆိုမှတော့ အနာဂတ်မှာ ငါတို့လက်တုံ့ပြန်မှာကို မင်း စောင့်နေ။ ထန်ရှုတဲ့လား၊ ဟမ့်။ ငါ ဒိီနာမည်ကို မှတ်ထားမယ်"
"ခင်ဗျားပြေးချင်တယ်ဆိုရင်လဲ ပြေးချင်တယ်လို့ပြောပါ။ ဒီလိုစကားတွေ ပြောနေရသေးတာလား။ ဒါက ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"ထန်ရှုက ပြုံး၍ မေး၏။
***