← Chapters

သုံးယောက်တစ်ယောက်

Vol. 71 Ch. 991

သုံးယောက်တစ်ယောက်

Vol. 71 Ch. 991

မရဏဒယနဗုဒ္ဓဆရာသခင်က ချေပရန် မကြိုးစားခဲ့ပေ။ ထန်ရှုပြောခဲ့သလို ပြန်ဆုတ်ရန် ရည်ရွယ်ချက်ရှိပြီး ငြင်းခုံခြင်းဖြင့် အချိန်မဖြုန်းလို။ သူက ပြန်ဆုတ်ရန် အချက်ပြလိုက်ပြီး ဗန်ပိုင်းယားနှင့်တူသောဥရောပနွယ်ဖွားလူနှစ်ယောက်က ကျန်လူများနှင့်အတူ အနောက်သို့ ရုတ်တရက် တစ်ဟုန်ထိုးပြေးသွားလေ၏။

"တရားဓမ္မစွမ်းအား အဆုံးမရှိ- မီးလျှံပင်လယ်က နတ်ဆိုးများကို လောင်ကျွမ်းစေ"

မရဓဒယနဗုဒ္ဓဆရာသခင်က ဗုဒ္ဓတောင်ဝှေးအား ဝှေ့ယမ်းလိုက်သည်။ သူ့အရှေ့၌ သတ္တုဘောလုံးများအား ရိုက်ချလိုက်သောအခါ အနက်ရောင်မီးလျှံတစ်ခုက ရုတ်ချည်း တောက်လောင်လာသည်။ ထို့နောက် ဘောလုံးများ ပေါက်ကွဲထွက်သွားပြီး အနက်ရောင်မြူက ဦးတည်ဘက်တိုင်းသို့ ပျံ့နှံ့သွားလေ၏။

အနက်ရောင်မြူအား ထိတွေ့လိုက်ချိန်တွင် အနက်ရောင်မီးလျှံက ရေနံဆီဖြင့်ရှို့ထားသောမီးလျှံတစ်ခုနှင့် တူ၏။ သို့သော် တခဏအတွင်း အနက်ရောင်မီးလျှံက ညအမှောင်ထဲ၌ လင်းထိန်သွားသည်။ တစ်ချိန်တည်းတွင် အနက်ရောင်မီးလျှံက ကြီးမားသောဧရိယာတစ်ခုအား လောင်ကျွမ်းသွားပြီး ထန်ရှုတို့အတွက် အတားအဆီးတစ်ခု ဖြစ်လာခဲ့၏။

ရုတ်တရက် စင်းလုအန်က ရှေ့တက်လာကာ သူ့လက်ချောင်းအား ဓားဖြင့် လှီးလိုက်သည်။ သွေးစက်အချို့ကျလာပြီး အရှေ့ရှိအနက်ရောင်မီးလျှံထဲသို့ သူက ပစ်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် မန္တန်တစ်ခုရွတ်ရင်း သူ၏အခြားလက်တစ်ဖက်က ချိတ်ပိတ်တစ်ခုအား ဖွဲ့စည်းနေခဲ့သည်။ အသက်ရှုချိန်အနည်းငယ်အတွင်း ပစ်ထုတ်လိုက်သည့်သွေးစက်များက လောင်ကျွမ်းကာ အရှေ့ရှိမီးပင်လယ်နှင့်တူသောအနက်ရောင်မီးလျှံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။

"မစ္စတာထန်၊ ကျေးဇူးပြုပြီး သူတို့နောက်ကို မြန်မြန်လိုက်ပေးပါ။ ငါက ကလန်ရဲ့တားမြစ်ပညာရပ်တစ်ခုကို ထုတ်ဖော်ပြီး ဒီမီးပင်လယ်ထဲမှာ လမ်းကြောင်းတစ်ခု ဖွင့်ပေးထားတယ်"စင်းလုအန်က အလျင်စလို အော်လိုက်သည်။ သူ့ပုံစံက အတော်ကလေးအားနည်းနေလေ၏။

ထန်ရှု၏မျက်လုံးများက လင်းလက်သွားပြီး သူက တုံ့ဆိုင်းမနေဘဲ အော်ပြောလိုက်သည်"အားလုံး လိုက်ကြ.....ဒီနေ့ သူတို့အားလုံးကို သတ်ရမယ်.....မဟုတ်ရင် နောက်ကျရင် ပြဿနာတွေ အဆုံးမဲ့ရောက်လာလိမ့်မယ်"

ဝှစ်.....ဝှစ်.....ဝှစ်.....

ပုံရိပ်များက မီးပင်လယ်ထဲရှိလမ်းကြောင်းဆီသို့ လျှပ်စစ်အလား တဖျပ်ဖျပ်လှုပ်ရှားနေခဲ့သည်။ အနက်ရောင်မီးလျှံပင်လယ်ထဲတွင်စင်းလုအန်ဖန်တီးသောလမ်းကြောင်းက အလွန်ပြီးပြည့်စုံသည်ဟု ပြောနိုင်၏။ တစ်မိနစ်ဝက်အတွင်း အားလုံးနီးပါးက လမ်းကြောင်းမှ ဖြတ်လျက် အနက်ရောင်မီးလျှံပင်လယ်ထဲမှ လွတ်မြောက်သွားခဲ့သည်။

"ဓားကြာပန်း....."

အင်မော်တယ်ဓားတစ်လက်မှ ဓားပုံရိပ်အလွှာများက ကြာပန်းမျာပမာ ဖူးပွင့်လာသည်။ ညအမှောင်ထဲလျှင်ပင် အေးစက်စက်အလင်းတို့ တဖိတ်ဖိတ်တောက်ပနေလေ၏။

ထန်အန်၏ပုံရိပ်က မရဏဒယနဗုဒ္ဓဆရာသခင်၏အရှေ့သို့ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာခဲ့သည်။ သူတို့ထွက်ပြေးရာလမ်းကြောင်းအား တားဆီးရန် သူမအတွက် ခက်ခဲနိုင်သည်။ သို့သော် ကြာပန်းဓားနည်းစနစ်အား ထုတ်လွှတ်ပြီးနောက် သူသာ ဓားအလင်းထဲသို့ ဂရုမစိုက်ပြေးဝင်သွားခဲ့လျှင် အသက်ရှင်မည့်အခွင့်အလမ်းက အလွန်သေးငယ်မည်ဟု ဘုန်းကြီးက ရုတ်ချည်းအာရုံခံမိလာ၏။

သူက ဗုဒ္ဓတောင်ဝှေးအား လျင်မြန်စွာ ကိုင်ဆွဲကာ ခုတ်ထစ်ယမ်းလိုက်သည်။ အလင်းနှင့်အရိပ်များက တောင်ဝှေးမှ ချက်ချင်းပေါက်ကွဲထွက်လာပြီး ဓားကြာပန်းနှင့် ထိပ်တိုက်တွေ့၏။ ဓားစွမ်းအင်အလွှာထဲရှိစွမ်းအင်စီးဆင်းမှုက ဖရိုဖရဲဖြစ်သွားလေသည်။ အလင်းနှင့်အရိပ်တို့ ပျောက်ကွယ်သွားသောအခါ ပုံရိပ်နှစ်ခုက လျှပ်စီးအလား ဓားကြာပန်းအရှေ့၌ ထွက်ပေါ်လာခဲ့၏။

ပုံရိပ်တစ်ခုက မျက်နှာပေါ်တွင် မိတ်ကပ်ထူထူလိမ်းခြယ်ထားပြီး စကတ်ရှည်ရှည်ဝတ်ထားသူဖြစ်၏။ သူက အနည်းငယ်နတ်ဆိုးဆန်သောခံစားချက်အား ပေးစွမ်းနေလေသည်။ တစ်ချိန်တည်းတွင် နောက်ကျောတွင် လက်ဝါးကပ်တိုင်တစ်ခုနှင့် ထူးဆန်းသောဝတ်စုံကို ဝတ်ဆင်ထားသည့် ဆံရှည်လူငယ်တစ်ယောက်က လေထဲတွင် လွင့်မျောလာပြီး အနက်ရောင်မီးခိုးအား ရှေ့သို့ ထုတ်လိုက်လေ၏။

"ငှက်မွေးတစ်ထောင်အပ်များ....."

"အပယ်ငရဲသို့ အပြစ်ပေးခြင်း...."

လူနှစ်ယောက်ပူးပေါင်းလျက် ပြင်းထန်သော အသေတိုက်ခိုက်မှုတစ်ခုအား ချက်ချင်း ထုတ်ဖော်လိုက်သည်။

ထန်အန်ခန္ဓာကိုယ်က တွန့်လိမ်သွားသည်။ ဟင်းလင်းပြင်စွမ်းအင်က သူမတစ်ဝိုက်ဟင်းလင်းပြင်အား တွန့်လိမ်သွားစေပြီး သူမပုံရိပ်က ရုတ်ခြည်းပျောက်ကွယ်သွားကာ အဝေး၌ ချက်ချင်းထွက်ပေါ်လာသည်။ အချိန်နှင့်ဟင်းလင်းပြင်အား တွန့်လိမ်ခဲ့သောကြောင့် ဟင်းလင်းပြင်က အေးခဲသွားပုံရကာ ထိုလူနှစ်ယောက်၏အသေတိုက်ခိုက်မှုက အလွန်တရာနှေးကွေးသွားလေ၏။ ထိုအချိန်တွင် ထန်အန်က သူတို့အရှေ့ဆယ်မီတာအကွာ၌ ထွက်ပေါ်လာသည်။ သူမလက်အိတ်များက ပိုက်ကွန်တစ်ခုအား ရက်လုပ်လိုက်သည့်အလား ဟင်းလင်းပြင်အက်ကြောင်းများက ထိုလူနှစ်ယောက်အား ဝန်းရံလာခဲ့သည်။

"ဟင်းလင်းပြင်စွမ်းအားလား....."

ထိတ်လန့်သောအကြည့်တစ်ခုက မရဓဒယနဗုဒ္ဓဆရာသခင်၏မျက်လုံးများထဲ၌ ထွက်ပေါ်လာ၏။  အရိုးစုနှင့်တူသည့်သူ့ပုံရိပ်က ရှေ့သို့ ရုတ်ခြည်း ပြေးသွား၏။ ပိုက်ကွန်မှ မီတာအနည်းငယ်အကွာသို့ ရောက်လာသောအခါ တောင်ဝှေးအား ရှေ့သို့ ဝှေ့ယမ်းလိုက်ပြီး ပုတီးစေ့အချို့ဆုံးရှုံးထားသည့်ပုတီးဆွဲကြိုးအား ပစ်ထုတ်လိုက်သည်။ ပုတီးဆွဲဆွဲကြိုးက ရုတ်တရက် အဆတစ်ရာမြင့်တက်သွား၏။ ထို့နောက် ပုတီးဆွဲကြိုးက ပျက်စီးသွားပြီး ပုတီးများက ပေါက်ကွဲထွက်သွားသည်။

ဖြောက်.....

ဟင်းလင်းပြင်က ဖရိုဖရဲပိုဖြစ်လာသည်၊ သို့သော် ဟင်းလင်းပြင်အက်ကြောင်းများဖြင့်ပြုလုပ်ထားသည့်ပိုက်ကွန်ကြီးက ပျက်စီးယိုယွင်းလာရင်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့၏။

ထန်အန်မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။ သူမက ဟင်းလင်းပြင်နှင့်အချိန်စွမ်းအားများအား အသုံးပြုလျက် အခြားသူများအား ချောင်းမြောင်းတိုက်ခိုက်လေ့ရှိပြီး အပေါ်စီးသို့ သက်သောင့်သက်သာနှင့် ရောက်ရှိသွားသည်သာ။ သို့သော် ဤအချိန်တွင် ဘုန်းကြီးက သူမ၏တိုက်ခိုက်မှုအား ထိပ်တိုက်ရင်ဆိုင်ကာ သူမ၏နည်းစနစ်အား ချိုးဖြတ်ခဲ့သည်။

"သုံးထောင်သောခုတ်ချက်....."

မျက်လုံးများက ပြင်းထန်သောသတ်ဖြတ်ခြင်းဆန္ဒတို့ ပြည့်နှက်သွားလျက် ထန်အန်က အင်မော်တယ်ဓားအား ကိုင်တွယ်ကာ ပတ်ဝန်းကျင်ရှိလေနှင့်မြူအား လှုံ့ဆော်လိုက်သည်။ ဓားနံရံတစ်ခုက သူမအရှေ့၌ ရုတ်ခြည်းဖြစ်ပေါ်လာ၏။

"ပူးပေါင်းတားဆီးကြ......"

မရဏဒယနဗုဒ္ဓဆရာသခင်က စိုးထိတ်စွာနှင့် အော်လိုက်သည်။ သူတို့ထံ ဦးတည်နေသောသေရေးရှင်ရေးဘေးတစ်ခုအား သူက အာရုံခံနိုင်သည်။ တစ်ချိန်တည်းတွင် ထူးဆန်းသောဝတ်စုံနှင့်လူငယ်က လက်ဝါးကပ်တိုင်အား ကိုင်တွယ်လျက် အဆက်မပြတ်လည်ပတ်လိုက်သည်။ အနက်ရောင်မီးခိုးက နတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲသွားပုံရကာ ၎င်း၏အစွယ်များကို ဖွင့်လှစ်ပြ၊ ‌‌လက်သည်းများကို ဝှေ့ယမ်းလျက် ဖိနှိပ်လာသောဓားနံရံနှင့် ရင်ဆိုင်၏။ တစ်ဖက်တွင် ဂါဝန်နှင့်လူက လက်မ၊ လက်ခလယ်နှင့် ချိတ်ပိတ်တစ်ခု ဖွဲ့စည်းလျက် အပ်ချောင်းနှင့်တူသည့်မျဉ်းတစ်ကြောင်းအား ရေးဆွဲလိုက်သည်။ သို့သော် လေထုအား ထိုးဖောက်လာသည့်အရှိန်အဟုန်ပြင်းလွန်းသောကြောင့် အနက်ရောင်အပ်က နားကွဲမတတ်အသံတစ်ခု ထုတ်ဖော်လျက် ဓားနံရံအား ထိုးဖောက်သွားခဲ့၏။

တိုက်ခိုက်မှုက အကောင်းဆုံးခံစစ်ဖြစ်သည်......

သုံးယောက်သား ပူးပေါင်းလျက် အသန်မာဆုံးတိုက်ကွက်များအားလုံးနီးပါးအသုံးပြုကာ ဓားနံရံတရစပ်တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်သည်။

ဝှစ်.....

ထန်အန်ခန္ဓာကိုယ်က တုန်ခါသွားပြီး သူမပုံရိပ်က အဝေးသို့ ပျောက်ကွယ်သွား၏။ သွေးများက ပါးစပ်မှ ပန်းထွက်လျက် သူမရှိသည့်ဟင်းလင်းပြင်အား သွေးတို့နှင့် ရဲရဲနီသွားစေသည်။

မရဓဒယနဗုဒ္ဓဆရာသခင်တို့သုံးယောက်က ခန္ဓာကိုယ်များ အသုံးပြုကာ ထိုသို့သောဝင်္ကပါတစ်ခု တည်ဆောက်ခဲ့သည်။ သို့သော် ဟင်းလင်းပြင်အားက သူတို့အား ကန့်သတ်ထားခဲ့၏။ ထန်အန်၏အသေတိုက်ခိုက်မှုအား ထိုးဖောက်အောင်မြင်ခဲ့လျှင်ပင် ‌သူတို့၏ခန္ဓာကိုယ်များက တုန်ယင်လျက် နောက်သို့ ခြေလှမ်းဒါဇင်ကျော် ယိမ်းယိုင်သွားရသည်။ လက်နက်ကိုင်ထားသည့်သူတို့လက်များက ထုံကျင်နေလေ၏။

"ဘယ်လိုတောင်အားကောင်းတဲ့ချောင်းမြောင်းတိုက်ခိုက်မှုလဲ။ ဒီ‌ကောင်မလေးက ငယ်ပေးမယ့် အထင်သေးလို့မရဘူးပဲ"

ဘုန်းကြီးက ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲစွမ်းအင်စီးကြောင်းအား ထိန်းချုပ်ရင်း ပတ်ဝန်းကျင်အား သတိထားကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

သူတို့သုံးယောက်အနောက်ရှိအနက်ဝတ်အမျိုးသမီးက တင်းမာသောလေသံနှင့် ကြားဖြတ်ပြောလိုက်သည်"မရဏဒယန၊ ငါတို့ မသေချင်ရင် ဒီလူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လို့မရဘူး။ သူတို့က အရမ်းအားကောင်းတယ်၊ ဒါကြောင့် ထွက်ပြေးတာ အကောင်းဆုံးပဲ"

စကားလုံးများက သူမပါးစပ်မှ ထွက်လာသလို ဗန်ပိုင်းယားများနှင့်တူသည့်ချောမောခန့်ညားသောလူနှစ်ယောက်က ရှေ့သို့ ချက်ချင်း ပြေးထွက်သည်။ ဤလူများထဲ၌ အားအကောင်းဆုံးဖြစ်သည့် မရဏဒယနဗုဒ္ဓဆရာသခင်လျှင်ပင် ဆန်းကြယ်သောအမျိုးသမီးအတွက် ပြိုင်ဘက်မဟုတ်၊ ဤသည်ကို သူတို့ခေါ်လာသည့် စင်းခေါက သဘောပေါက်သွားလေသည်။

ဤနေရာမှ လွတ်မြောက်အောင် ထွက်ပြေးရမည်။ လက်ရှိအချိန်တွင် သူ့ထံတွင် မျှော်လင့်ချက်တစ်ခုမျှသာ ရှိ၏။

သူက အနေအထားအားလည်း ရှင်းရှင်းလင်းလင်းသဘောပေါက်လာသည်။ သူက အနာဂတ်တွင် မည်မျှပင်သန်မာလာပါစေ၊ ထန်ရှုအား လက်စားချေရန် မဖြစ်နိုင်တော့ပေ။ ဤလူက အလွန်အားကောင်းပြီး သူ့နောက်လိုက်များလည်း အလားတူပင်။ သူ့အား လက်တုံ့ပြန်ခြင်းက ‌ကျောက်ဆောင်အား ကြက်ဥနှင့် ပေါက်သလိုပင်။ သို့သော် စင်းလုအန်နှင့်သူ၏အစောင့်အရှောက်အကြီးအကဲများအား အပြီးတိုင်ဖယ်ရှားရန် အခွင့်အရေးရှိသေးသည်။

"တချို့ကျန်သေးတယ်၊ အဲဒီရွံစရာကောင်းတဲ့စင်းဂလီနဲ့နတ်ဆရာအစောင့်အရှောက်ဆယ့်သုံးယောက်။ ရန်သူရဲ့ခြိမ်းခြောက်မှုကြောင့် သူတို့က ငါ့ကို လက်လွှတ်ခဲ့တယ်။ သူတို့လဲ အဆုံးမဲ့ညှင်းပန်းနှိပ်စက်မှုတွေနဲ့အတူ သေရမယ်"

မျက်လုံးများက အေးစက်၊ အတွေးများက အေးစက်နေလျက် စင်းခေါက သူ့ကိုယ်သူအား လျင်မြန်စွာ ကုသနေလေသည်။ နောက်ထပ်ဆယ်မိနစ်အတွင်း သူ့ဒဏ်ရာအများစုအား ကုသနိုင်လိမ့်မည်။

အဝေးရှိ ရေစင်ထိပ်တွင် ကျိုတာချွမ်းက သက်ပြင်းတစ်ချက်ချလျက် စိတ်သက်သာရာရသွားပုံပေါ်၏။ တူညီသောပုံစံအမူအရာများဖြစ်နေသည့် သူ့လူများအား လှည့်ကြည့်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်"ဒီလိုကြောက်စရာကောင်းတဲ့သူတွေ ကမ္ဘာပေါ်မှာ ရှိနေမယ်လို့ ငါ မ‌တွေးထားခဲ့ဘူး။ ဒီနှစ်တွေတစ်လျှောက် အဲဒီလိုကြောက်စရာကောင်းတဲ့တည်ရှိမှုတွေကို ရန်မစမိတာ ငါတို့ အတော်လေး ကံကောင်းတယ်။ အနာဂတ်မှာလဲ ဒီလိုလူတွေကို အလွယ်တကူ ရန်မစမိဖို့ ငါတို့ ဂရုစိုက်ရမယ်"

"ဒါ ကောင်းတဲ့သတိပေးချက်တစ်ခုပဲ၊ သူဌေး"သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်ကာ ခါးသီးစွာ ပြုံးလိုက်သည်"သူတို့နဲ့ နှိုင်းယှဉ်တာက ခြ‌င်္သေ့ရှေ့က ပုရွက်ဆိတ်တွေလိုပဲ။ သူတို့အတွက် ငါတို့ကို သတ်ဖြတ်ဖို့ဆိုတာ ပုရွက်ဆိတ်တွေကို သတ်ရသလိုပဲ"

ကျိုတာချွမ်း၏မျက်လုံးများက တဖိတ်ဖိတ်တောက်ပသွားပြီး သူက လေးလံသောလေသံနှင့် ပြောလိုက်သည်"ငါတို့က ဒီလိုလူတွေကို ရန်မစရဘူး၊ ပြီးတော့ ငါတို့ရဲ့ခွန်အားကို တိုးဖို့ နည်းလမ်းကို ရှာရမယ်။ အရင်က ဒီလိုကြောက်စရာကောင်းတဲ့တည်ရှိမှုတွေ ဒီကမ္ဘာမှာ တည်ရှ်ိမယ်လို့ ငါတို့ မသိထားခဲ့ဘူး၊ ဒါကြောင့် ငါတို့ကိုယ်ငါတို့ အရမ်းအားကောင်းတယ်လို့ တွေးနေခဲ့တယ်။ ဒါပေမယ့် အခု ငါတို့က ရေတွင်းအောက်ခြေကဖားတစ်ကောင်ပဲဆိုတာ သိသွားပြီ။ ဒါနဲ့ လောလောဆယ် ငါ့မှာ အတွေးတစ်ခုရှိတယ်၊ ဖြစ်နိုင်သလားတော့ ငါ မသိဘူး"

"ဘာအတွေးလဲ၊ သူဌေး"သက်လတ်ပိုင်းအရွယ်လူက ရှုပ်ထွေးစွာ ‌မေးလိုက်သည်။

"ကဲ၊ ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားရှင်တွေ ဒီကမ္ဘာမှာ တည်ရှိမှတော့ ငါတို့တွေ ပိုသန်မာတဲ့စွမ်းအားရှင်တွေ ဖြစ်လာဖို့ နည်းလမ်းတစ်ခုရှိတယ်လို့ ဆိုလိုတယ်မဟုတ်လား။ ငါ ထန်ရှုကို အပြစ်ပြုခဲ့မိတယ်။ ဒါပေမယ့် ငါ့မှာ ချင်းအာ ရှိတယ်။ ငါ သူ့ကို တောင်းပန်ပြီး ငါ့ရဲ့စိတ်ဆန္ဒကောင်းကို ပြသနိုင်မယ်ဆိုရင် ခင်မင်ရင်းနှီးမှုတစ်ခု တည်ဆောက်ဖို့ ဖြစ်နိုင်တယ်။ ပိုက်ဆံတွေ သုံးပြီး သူ့ထံက‌နေ ပိုသန်မာတဲ့နည်းလမ်းတွေ ရလာနိုင်မယ့်အခွင့်အလမ်းအပေါ် မင်းတို့ ဘယ်လိုမြင်ကြလဲ"

ကျိုတာချွမ်း၏သစ္စာရှိလူယုံများက မျက်လုံးများ တောက်ပသွားခဲ့ကြသည်။ ထန်ရှုထံမှ ပိုသန်မာစေသောနည်းလမ်းများကို ရနိုင်လျှင် သူတို့အတွက် အရမ်းကောင်းပေမည်။

"ကျေးဇူးပြုပြီး ကြိုးစားကြည့်ပါ သူဌေး"သက်လတ်ပိုင်းအရွယ်လူက စိတ်လှုပ်ရှားသောမျက်နှာနှင့် ပြောလိုက်သည်။

ကျိုတာချွမ်းက ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒီလိုအခွင့်အရေးတစ်ခုဆိုတာ လက်လွှတ်လို့မရဘူး၊ ဒါကြောင့် ငါ အမိအရ ဆုပ်ကိုင်ရမယ်။ ဒါကြောင့်....."

"သူဌေး....."နောက်ထပ်လူတစ်ယောက်က ရုတ်တရက် ကြားဖြတ်အော်ပြောလိုက်သည်။

"ဘာဖြစ်တာလဲ"ကျိုတာချွမ်းက မျက်မှောင်ကြုတ်ကာ မေးလေ၏။

အခြားဦးတည်ဘက်သို့ ညွှန်ပြလျက် ထိုလူက တိုးတိုးပြော၏"နောက်ထပ်တစ်ဖွဲ့လာနေတယ်.....ပြီးတော့ ကားအရေအတွက်အရ လူအရေအတွက်လဲ များလောက်မယ်။ စင်းခေါခေါ်လာတဲ့လူအရေအတွက်လောက်ရှိမယ်"

***

All Chapters