← Chapters

နောက်ဆက်တွဲကိစ္စများအား ဖြေရှင်းခြင်း

Vol. 71 Ch. 992

နောက်ဆက်တွဲကိစ္စများအား ဖြေရှင်းခြင်း

Vol. 71 Ch. 992

သူ့နောက်လိုက်ညွှန်ပြရာဦးတည်ဘက်ဆီသို့ ကျိုတာချွမ်းက မိုက်ခရိုစကုတ်နှင့် ကြည့်လိုက်သည်။ သူက ထပ်မံတုန်လှုပ်သွားရ၏။ ဤညတွင် ဤနေရာသို့ လူများတစ်ဖွဲ့ပြီးတစ်ဖွဲ့ရောက်ရှိလာခြင်းက အံ့အားသင့်စရာတစ်ခုပင်။ ထို့ပြင် ယခု နောက််ထပ်တစ်ဖွဲ့က ရောက်လာပြန်သည်။ သူတို့လဲ တိုက်ပွဲထဲမှာ ပါဝင်ချင်တာများလား။

"သူတို့က ထန်ရှုရဲ့လူတွေလား ဒါမှမဟုတ် စင်းခေါလား"

"အလယ်က ဇိမ်ခံမှန်လုံကားကြီးကို တစ်ချက်ကြည့်လိုက်၊ သူဌေး"သက်လတ်ပိုင်းအရွယ်လူက ထပ်ပြော၏"အဲဒါက ခန်အဂျာရဲ့ကားဖြစ်ပုံပဲ"

ကျိုတာချွမ်း၏မျက်နှာက မယုံကြည်နိုင်သောအကြည့်တစ်ခု ဖြစ်ပေါ်လာပြန်သည်။ သူက ပြောလိုက်၏"မင်း မှန်တယ်။ ဘန်ကောက်မှာ ဒီအမျိုးအစားဇိမ်ခံမှန်လုံကားရှိတာ သူတစ်ယောက်ပဲ ရှိတယ်။ ဒါပေမယ့် သူ ဒီနေရာကို ဘာလာလုပ်တာလဲ။ သူ့ရဲ့လူအရင်းအမြစ်‌တွေ၊ စွမ်းရည်တွေအရ ဒီလ်ိုတိုက်ပွဲမျိုးမှာ ပါဝင်စရာအကြောင်းမရှိဘူးလေ"

"ဒီလူတွေကြောင့်မဟုတ်ဘဲ ငါတို့အတွက် လာတာများလား"သက်လတ်ပိုင်းအရွယ်လူက ထပ်မေးလိုက်သည်။

ဤအယူအဆက ကျိုတာချွမ်းအား မျက်မှောင်ကြုတ်သွားစေသည်။ သူက နှစ်မိနစ်ခန့်သေချာတွေးလိုက်ပြီး ခေါင်းခါယမ်းကာ ပြောလိုက်၏"မဖြစ်နိုင်ဘူး။ အကြွေးပေးရမယ့်နောက်ဆုံးရက်ကို မရောက်သေးဘူး။ ပိုက်ဆံမရသေးတာကြောင့် သူ ငါတို့ကို ပြဿနာလာရှာမှာမဟုတ်ဘူး။ ဒီအချိန်ကျမှ လာစရာအကြောင်းလဲ မရှိဘူး။ ငါ ထင်တာကတော့ သူက တိုက်ပွဲမှာပါဝင်သူတွေနဲ့ ပတ်သက်ရမယ်၊ ဒါပေမယ့် ထန်ရှုတော့ မဟုတ်လောက်ဘူး"

"ဘာလို့လဲ"သက်လတ်ပိုင်းအရွယ်လူက ပြန်မေး၏။

"ထန်ရှုသာ ခန်အဂျာနဲ့ နက်ရှိုင်းတဲ့ရင်းနှီးမှုတစ်ခုရှိမယ်ဆိုရင် ဘန်ကောက်ကို တရားမဝင်ရောက်လာပြီးတာနဲ့ ငါတို့နေရာမှာ နေဖို့ လာစရာအကြောင်း မရှိဘူး။ ဒါက အကြောင်းပြချက်ပဲ"ကျိုတာချွမ်းက ပြော၏"ခန်အဂျာက ဘန်ကောက်မြေအောက်လောကရဲ့ခေါင်းဆောင်တစ်ယောက်ပဲ။ ဒီလိုရည်ရွယ်ချက်တွေအတွက် သူ့မှာရှိတဲ့နေရာက ငါတို့ထက် ပိုစိတ်ချလို့ရတယ်"

အုန်းခြံဝင်ပေါက်တွင်။

ကားဆယ်စီးကျော်က ရပ်တန့်ပြီးနောက် အလယ်ရှိဇိမ်ခံမှန်လုံကားမှ ခန်အဂျာက ထွက်လာသည်။ သူက ခြံဝင်း၏အတွင်းပိုင်းသို့ ဝင်လာပြီး ပတ်ဝန်းကျင်မြင်ကွင်းအား မြင်လိုက်သောအခါ မှင်တက်သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ဖုံးလွှမ်းသွားပြီး မယုံကြည်နိုင်မှုတို့က မျက်လုံးများထဲ၌ စီးဆင်းသွားလေသည်။

"ဘုရား....‌မနေ့ ငါလာတုန်းက ဒီနေရာက အကောင်းကြီးပါ။ ဘယ်လိုလုပ်ပြီး အခုလို ပျက်စီးနေရတာလဲ။ ကြောက်စရာကောင်းတဲ့အဖွဲ့အစည်းအချို့ ဒီနေရာကို တိုက်ခိုက်ခဲ့တာနဲ့ တူတယ်။ ဒါပေမယ့် သူတို့က ဗုံးတွေ သုံးရင်တောင် ဒီလိုပျက်စီးဖို့ မဖြစ်နိုင်ဘူး"မျက်နှာပေါ်တွင်အမာရွတ်နှင့်အနက်ဝတ်လူတစ်ယောက်က ထိတ်လန့်တကြား အံ့အားသင့်စွာ ပြောလိုက်သည်။

ခန်အဂျာက မျက်မှောင်ကြုတ်ကာ နက်ရှိုင်းသောအသံနှင့် မေး၏"မင်းဆိုလိုတာက ဒီနေရာက မနေ့က အကောင်းကြီး၊ ဒီနေ့မှ အခုလို ဖြစ်သွားတယ်လို့ ပြောတာလား"

"ဟုတ်ပါတယ်"ထိုလူက ခေါင်းညိတ်ကာ ပြော၏"မနေ့က အကောင်းကြီးပါ၊ အခုမှ ပျက်ဆီးသွားခဲ့တာ"

မျက်လုံးများ ဝင်းလက်လျက် ထန်ရှုနှင့်စင်းခေါတို့၏တိုက်ပွဲရလဒ်ကြောင့်ဖြစ်မည်ဟု ခန်အဂျာက သဘောပေါက်သွားခဲ့သည်။ ထန်ရှုတို့ဘက်က အလွန်သန်မာသည်ကို သူ သိပြီးသား၊ စင်းခေါဘက်ရှိအမှောင်နတ်ဆရာကလန်သားများတွင်လည်း အလားတူအားကောင်းသောခွန်အားများ ရှိကြ၏။ သို့သော် မြင်ကွင်းအရ သူတို့စွမ်းအားက သူစိတ်ကူးထားသည်ထက် အများကြီးပိုသာလွန်မှန်း သိသာသည်။

ဒါဆို ဒီနေရာ ပျက်ဆီးသွားပြီဆိုမှတော့ တိုက်ပွဲရလဒ်က ဘာဖြစ်မလဲ။ ဘယ်သူက အနိုင်ရသွားတာလဲ။ ထန်ရှုနဲ့စင်းလုအန်တို့လားဒါမှမဟုတ်စင်းခေါလား။

ဝှစ်......

ပုံရိပ်တစ်ခုက ခန်အဂျာနှင့်သူ့လူများအရှေ့၌ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်။ သေနတ်များနှင့် ချိန်ထားသော်လည်း ထိုလူက တွန့်ဆုတ်ခြင်းမရှိ၊ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည်"ခန်အဂျာဆိုတာ ဘယ်သူလဲ"

ခန်အဂျာက သူ့လူများအား လက်မြှောက်တားဆီးလိုက်သည်။ သူက ရှေ့တိုးလာကာ ‌မေး၏"ငါက ခန်အဂျာပဲ။ မင်း ဘယ်သူလဲဆိုတာ ငါ သိလို့ရမလား၊ မစ္စတာ"

မှော်တောင်ဝှေးနှင့်အနက်ဝတ်လူငယ်က နက်ရှိုင်းသောအသံနှင့်ပြောလိုက်သည်"ငါက သခင်လေးစင်းလုအန်ရဲ့နောက်လိုက်ပဲ။ သူနဲ့မစ္စတာထန်က စင်းခေါနဲ့အခြားရန်သူအချို့နောက်ကို လိုက်နေတယ်။ မင်းကို ဒီမှာ စောင့်ပြီး သူ့စကားပါးပေးဖို့ မစ္စတာထန်က ငါ့ကို အမိန့်ပေးခဲ့တယ်။ သူက မင်းအကူအညီလိုအပ်တယ်လို့ ပြောတယ်"

ရန်သူ‌တွေနောက် လိုက်ဖမ်း‌နေတာလား။

ချက်ချင်းလျှင်ပင် ထန်ရှုက စင်းခေါနှင့်တိုက်ပွဲအား အနိုင်ရသွားသည်ကို ခန်အဂျာက သိလိုက်သည်။ ထို့‌နောက် သူက အနည်းငယ်ရိုသေလေးစားသောအမူအရာနှင့် မေးလိုက်၏"မစ္စတာထန်က ငါ့ဆီကနေ ဘာအကူအညီလိုအပ်တာလဲ"

"စင်းခေါနဲ့သူ့ရဲ့တိုက်ပွဲက ဒီနေရာကို ပျက်ဆီးစေခဲ့တယ်လို့ မစ္စတာထန်က ပြောခဲ့တယ်။ မစ္စတာခန်အဂျာက နောက်ဆက်တွဲကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးနိုင်မယ်လို့ သူ မျှော်လင့်ထားပါတယ်တဲ့"လူငယ်က ပြော၏"သူက မစ္စတာခန်အနေနဲ့ ဒီမတော်တဆဖြစ်ရပ်ကို ကျိုတာချွမ်းကို ရှင်းပြပေးစေချင်တယ်၊ အလောင်းတွေအားလုံးရှင်းလင်းပြီး ဒီအုန်းခြံကို ပြန်တည်ဆောက်ဖို့ရောပေါ့။ ပြန်တည်ဆောက်တဲ့ကုန်ကျစရိတ်ကို သူ ပြန်ပေးမှာပါတဲ့"

ဤအခါတွင်မှ ခန်အဂျာက ထန်ရှု၏ရည်ရွယ်ချက်အား နားလည်လိုက်သည်။ သူ့အပြုံးက ပိုကြီးလာပြီး သူက ပြန်ဖြေလိုက်သည်"ငါက ဒီအုန်းခြံပိုင်ရှင်ကျိုတာချွမ်းနဲ့ နည်းနည်းရင်းနှီးတယ်လို့ မစ္စတာထန်ကို ပြောပေးပါ၊ ဒါကြောင့် ကျိုတာချွမ်းက ငါ့ကို မျက်နှာသာပေးလောက်မှာပါ။ အလောင်းတွေ ရှင်းလင်းဖို့အတွက် လူအချို့ကို ငါ အမိန့်ပေးလိုက်မယ်၊ ‌မစ္စတာထန်အနေနဲ့ ဆောက်လုပ်ရေးကုန်ကျစရိတ်ကို ပြန်ပေးဖို့ မလိုပါဘူး။ ဒါက သူ့ရဲ့အောင်ပွဲအတွက် ငါ့ရဲ့လက်ဆောင်ပါ"

"ဒါဆိုရင် မင်းရဲ့စကားကို မစ္စတာထန်ထံ ပြောကြားပေးပါ့မယ်။ ငါ မင်းတို့အားလုံးကို ဒုက္ခဖြစ်စေမိပြီ"လူငယ်က ခေါင်းညိတ်ကာ ပြောလိုက်သည်"ဒါနဲ့ ငါ ကျန်တဲ့သူတွေနဲ့ စုဝေးစရာရှိသေးလို့၊ ဒါကြောင့် ငါ ထွက်သွားတော့မယ်"

ခန်အဂျာက ခေါင်းညိတ်လျက် လူငယ်ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။ သူ့အပြုံးက ပိုပိုကျယ်လာပြီး ရယ်လျက် ပြောလိုက်၏"ဒါ အရမ်းကောင်းတယ်၊ အရမ်းကောင်းတယ်၊ မင်းတို့ဖင်တွေ မြန်မြန်လှုပ်ကြစမ်း။ ဒီနေရာက အလောင်းတွေ အားလုံး ရှင်းပစ်၊ တစ်ခုမှ မကျန်‌စေနဲ့"

ထိုသို့ပြောပြီးနောက် သူက ဖုန်းထုတ်ကာ ကျိုတာချွမ်းနံပါတ်အား ခေါ်လိုက်သည်။

ရေစင်ထိပ်တွင် ကျိုတာချွမ်းက ခန်အဂျာအား မိုင်ခရိုစကုတ်နှင့် လေ့လာ‌နေစဉ် အိတ်ကပ်ထဲရှိသူ့ဖုန်းက ရုတ်တရက် မြည်လာသည်။

"အမ်။ ဖုန်းခေါ်တာလား။ ခန်အဂျာလဲ အခု ဖုန်းခေါ်နေတယ်၊ ဖြစ်နိုင်တာက....."

ဖုန်းထုတ်ပြီးနောက် ဖုန်းမျက်နှာပြင်ပေါ်ရှိ ဖုန်းခေါ်သူအား ကြည့်လိုက်သည်။ သူက ချက်ချင်းမျက်မှောင်ကြုတ်ကာ ပြောလိုက်၏"ဒါ တကယ်ကို ခန်အဂျာပဲ။ သူ ငါ့ကို ခေါ်တာပဲ၊ ငါ ဘာလိုချင်လို့လဲ"

"အခုလောလောဆယ်ဖုန်းမကိုင်နဲ့အုံး၊ သူဌေး"သက်လတ်ပိုင်းအရွယ်လူက ပြောလိုက်သည်။

ကျိုတာချွမ်းက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည်"မဟုတ်ဘူး၊ ငါ မကိုင်မှ ပိုဆိုးသွားမှာ။ ဒါ့အပြင် ငါ အခု ဘယ်မှာ ပုန်းနေတယ်ဆိုတာ ခန်အဂျာ မသိဘူး၊ ဒီတော့ ဖုန်းကိုင်ပြီး သူ့ရည်ရွယ်ချက်ကို ဖော်ထုတ်ရမယ်"

ထိုသို့ပြောပြီးနောက် သူက အဖြေခလုတ်နှိပ်ကာ ပြုံး၍ ပြောလိုက်သည်"စောစောစီးစီး ငါ့ကို ဘာအတွက် ဖုန်းခေါ်ရတာလဲ၊မစ္စတာခန်"

"ကျိုတာချွမ်း၊ ငါ အခု မင်းအုန်းခြံအပြင်ဘက်မှာ ရောက်လာတယ်။ မင်းမှာ ဘာမှလုပ်စရာမရှိရင် အခုချက်ချင်း ငါ့ကို လာတွေ့"ခန်အဂျာက ပြောလိုက်သည်။

"မင်းက အဲမှာဆိုရင် ဘာဖြစ်နေလဲဆိုတာ သိရမှာပေါ့၊ မစ္စတာထန်"ကျိုတာချွမ်းက ခဏစဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်"ငါ့နေရာက ငရဲလို ပြောင်းတော့မယ်ဆိုတာ ငါ သတိပြုမိတာကြောင့် ငါ့လူတွေ ခေါ်ပြီး ထွက်ပြေးလာတယ်။ အဲကို အခု သွားပြီး ငါ မသေချင်ဘူး"

"ဟေး၊ မစ္စထာထန်က မင်းနေရာကို ဘာလို့ စစ်မြေပြင်တစ်ခုအဖြစ် ရွေးချယ်ခဲ့တယ်‌ဆိုတာ မသိပေမယ့် ငါက ပြဿနာရှာဖို့ လာတာမဟုတ်ဘူးကိုတော့ ပြောနိုင်တယ်"ခန်အဂျာက အေးစက်စွာ ပြော၏"ဒီ‌နေရာက အထိအခိုက်အပျက်အစီး‌တွေကို ဖြေရှင်းပေးဖို့ သူ ငါ့ကို အပ်နှံခဲ့တယ်။ ဒါကြောင့် မင်းဖင် အခု မကြွလာရင် ငါ ဒီအုန်းခြံကို သိမ်းပိုက်လိုက်မယ်"

ထန်ရှုကို ကူညီတာလား။

မယုံနိုင်သောအကြည့်တစ်ခုနှင့်အတူ ကျိုတာချွမ်း၏အမူအရာက ပြောင်းလဲသွား၏။ တစ်ခုတော့ သူ နားမလည်နိုင်ပေ။ ထန်ရှုက ခန်အဂျာအား သေချာပေါက် သိသည်၊ သူတို့က ဆက်ဆံရေးကောင်းအချို့ရှိပုံရ၏။ ဒါဆို ဘာကြောင့် ငါ့နေရာမှာ ပုန်းဖို့ ငါ့သမီးနဲ့ လိုက်လာရတာလဲ။

"ဒါကြောင့်များလား"

အတွေးတစ်ခုက ထွက်ပေါ်လာပြီး သူက ချက်ချင်း နားလည်လိုက်သည်။ ခန်အဂျာက ဘန်ကောက်မြေအောက်လောက၏ဂိုဏ်းချုပ်ဖြစ်သော်လည်း သူ့လက်အောက်တွင် လူအများကြီး ရှိသည်။ ခန်အဂျာလက်အောက်ရှိလူအချို့က သူ့တည်နေရာအား ရောင်းစားမည်ကို စိုးရိမ်တဲ့အတွက် သူက ငါ့နေရာဆီ လာခဲ့တာများလား။

ဒီအချက်အား တွေးမိပြီး ယခင်က ထန်ရှုအား ငြင်းငယ်ခဲ့မိသည်ကို သူ နောင်တရလာ၏။ လည်ချောင်းရှင်းလိုက်ပြီး သူက ပြန်ဖြေ၏"ကျေးဇူးပြုပြီး ဆယ်မိနစ်စောင့်ပေးပါ၊ မစ္စတာခန်။ ငါ မင်းဆီ လာခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရင် မစ္စတာထန်က ငါ့သမီးနဲ့ ဆက်ဆံရေးကောင်းတစ်ခုရှိတယ်၊ သူက မင်းအကူအညီလိုအပ်မှတော့ ငါလဲ မင်းကို ကူညီရမှာပေါ့"

ရှုပ်ထွေးသောအကြည့်တစ်ခုက ခန်အဂျာ၏မျက်လုံးများထဲ၌ လက်သွား၏။ ထန်ရှုက ကျိုတာချွမ်း၏သမီးနှင့် ဆက်ဆံရေးကောင်းတစ်ခုရှိမည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ပေ။ ကြည့်ရတာတော့ နောက်ကျလျှင် ကျိုတာချွမ်းအပေါ် သူ၏ဆက်ဆံပုံအား ပြောင်းလဲရမည့်ပုံပင်။

အဝေးရှိငါးကီလိုမီတာကျော်။

ထန်ရှုက ဦးဆောင်လာလျက် ထန်အန်သွေးအန်သောနေရာသို့ ရောက်ရှိလာခဲ့သည်။ သူ့မျက်လုံးထဲရှိသတ်ဖြတ်ခြင်းဆန္ဒက ပိုပြင်းထန်လာပြီး သူက နတ်ဘုရားဓားအား ချက်ချင်းထိန်းချုပ်ကာ ရန်သူများထံ လျှပ်စီးအလား ပြေးသွား၏။

"အစီအရင်လာစမ်း၊ မင်းတို့အားလုံးသေရမယ်....."

း

နတ်ဘုရားဓားက ဓားပုံရိပ်အလွှာထောင်ကျော်အဖြစ် ပြောင်းလဲသွားပြီး မရဏဒယနဗုဒ္ဓဆရာသခင််တို့ခုနှစ်ယောက်အဖွဲ့ထံ ဖိနှိပ်ချေမှုန်းလာသည်။ ဤအခါတွင် ထန်ရှုက ထိန်းချုပ်မနေတော့ဘဲ သူ့စွမ်းအားအကုန်လုံးကို ထုတ်လွှတ်ခဲ့၏။ သူ့ပုံရိပ်က လေထဲမီတာတစ်ရာကျော်၌ ထွက်ပေါ်လာပြီး မန္တန်အမျိုးမျိုး၊ နည်းစနစ်အမျိုးမျိုးအား ထုတ်ဖော်ခဲ့သည်။ မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ဆယ်ကီလိုမီတာကျော်ဧရိယာအား ပိတ်လှောင်သွားပြီး လျှပ်စီးမိုးကြိုးများက ကောင်းကင်မှ ဆက်တိုက်ကျဆင်းလာ၏။

ရှူး၊ ရှူး၊ ရှူး.....

ထို့နောက် သူ၏သိုလှောင်လက်စွပ်မှအစီအရင်ချပ်ပြားရှစ်ခုအား ယူထုတ်ကာ ဦးတည်ဘက်ရှစ်ချက်ထံ အသီးသီးပစ်ထုတ်လိုက်သည်။ တစ်ချိန်တည်းတွင် ပတ်ဝန်းကျင်ရှိသစ်ပင်များ၊ လမ်းမီးများ၊ ဘယ်ဘက်ခြမ်းရှိရေကန်ငယ်တစ်ခုတို့အား အသုံးပြုကာ အဠဂံအနိဠာရုံအစီအရင်အား တည်ဆောက်ခဲ့သည်။

ရိုးရှင်းသော်လည်းရှုပ်ထွေးသည့်အက္ခရာစာလုံးများက အစီအရင်ပုံစံတစ်ခုအား ဖွဲ့စည်းလိုက်ပြီး ဖျော့တော့တော့စွမ်းအင်အတက်အကျများက ထုတ်လွှတ်လာတော့သည်။ ဆယ်စက္ကန့်အတွင်း ‌မရဏဒယနဗုဒ္ဓဆရာသခင်တို့အဖွဲ့က အစီအရင်ထဲ၌ ခြေချုပ်မိသွားလေ၏။

"ကျင်းရှီ...."

ထန်ရှုက အော်လိုက်ပြီး အဠဂံအနိဠာရုံအစီအရင်အား အသက်သွင်းကာ ပတ်ဝန်းကျင်ဧရိယာအား လုံးဝပိတ်လှောင်လိုက်သည်။

ကျင်းရှီက ထန်ရှုရှေ့၌ ချက်ချင်း ထွက်ပေါ်လာပြီး ရိုသေလေးစားစွာ မေးလိုက်သည်"အမိန့်ပေးပါ၊ သူဌေး"

"ငါနဲ့ရှိနေတဲ့အတောအတွင်း ငါ ရေးခဲ့တဲ့အစီအရင်စာအုပ်အချို့နဲ့ရှေးဟောင်းကျမ်းစာတွေကို မင်း ဖတ်မှတ်လေ့လာခဲ့တယ်မလား"ထန်ရှုက မေး၏"ဒါက ဘာအစီအရင်လဲဆိုတာ မင်း ပြောနိုင်လား"

ကျင်းရှီက ခဏမှင်တက်သွား၏။ အစီအရင်နှင့်ပတ်သက်သည့်အကြောင်းအရာတော်တော်များများအား လေ့လာခဲ့ဖူးသော်လည်း အခြေခံအစီအရင်တစ်ခုမှ မစီရင်ရသေးသလို လက်တွေ့မြင်ရသည်မှာလည်း ရှားပါးသည်။ သူက အစီအရင်တစ်ဝိုက်အား ချက်ချင်းကြည့်လိုက်ပြီး ဆယ်မိနစ်ကြာ စဉ်းစားနေခဲ့သည်။ ထို့နောက် သူက ခန့်မှန်းဖြေလိုက်သည်"လမ်းကြောင်း၊ ပုံစံနဲ့ အက္ခရာစာလုံးတွေအရ အားလုံးက အဠဂံအနိဌာရုံအစီအရင်နဲ့ ဆင်တူတယ်မလား သူဌေး"

"မင်းတော်တယ်"ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်"မင်း အစိီအရင်ကို သိနိုင်တာပဲ၊ ဒါဆို တစ်ယောက်ပဲ ဝင်လို့ထိန်းချုပ်လို့ရတာကို သိမှာပေါ့။ မင်း အဲဒါကို ချောချောမွေ့မွေ့နဲ့ ထိန်းချုပ်ပြီး သူတို့ကို သတ်နိုင်လား"

"ငါ လုပ်နိုင်တယ်"ကျင်းရှီက အလေးအနက်ခေါင်းညိတ်လိုက်သည်။

***

All Chapters