← Chapters

ကုန်သလောက်နီးပါးဖြစ်လာခြင်း

Vol. 71 Ch. 993

ကုန်သလောက်နီးပါးဖြစ်လာခြင်း

Vol. 71 Ch. 993

အမြော်အမြင်ရှိခြင်းနှင့်စေ့စပ်ခြင်းက ကျင်းရှီ၏ဗီဇဖြစ်သည်။ စွမ်းရည်မရှိဘဲ သူက မကြွားဝါပေ။ သူက အစီအရင်များအား လေ့လာထားခဲ့ပြီး သူတို့အား အပြည့်အဝမှတ်မိသည်။ သူ့ခေါင်းထဲတွင် အစီအရင်၏ထောင့်တိုင်း၊ နေရာတိုင်းအား အစီအစဉ်ချထား၏။

"အစီအရင်ထဲဝင်...."ထန်ရှုက နက်ရှိုင်းသောအသံနှင့် အော်လိုက်သည်။

ကျင်းရှီက ရှေ့တစ်လှမ်းတိုးလိုက်ပြီး နောက်အခိုက်အတန့်တွင် အဠဂံအနိဠာရုံအစီအရင်၏အလယ်ဗဟိုထဲ၌ ထွက်ပေါ်လာသည်။ မီးဘောလုံးတစ်လုံးက သူ့ဆီ ပြေးလာနေသည်ကို မြင်သောအခါ သူ့ခြေထောက်က လျှပ်တစ်ပြက်ရွေ့လျားသွားပြီး မီတာအနည်းငယ်အကွာ၌ ရုတ်ခြည်းထွက်ပေါ်သွား၏။ တစ်ချိန်တည်းတွင် သူ့မြင်ကွင်းက ပြောင်းလဲသွားပြီး နေရာယူရမည့်တည်နေရာအား တစ်စက္ကန့်အတွင်း တွေ့ရှိသွားခဲ့သည်။

"ချိုးဖောက်စမ်း"

မီးဘောလုံးလေးလုံးက သူ့ဘေးနား၌ ထွက်ပေါ်လာသော်လည်း အင်မော်တယ်ဓားက တိုက်ရိုက်ဖျက်ဆီးပစ်သည်။ သူက ထပ်ရွေ့လျားသွားပြီး နောက်ထပ်မီးဘောလုံးလေးလုံးအား ရှောင်တိမ်းလျက် သတ်မှတ်ထားသောတည်နေရာ၌ ထွက်ပေါ်လာ၏။

ဘေးကင်းသောနေရာ၌ ရပ်ပြီးသည်နှင့် သူ့အား ချိန်ရွယ်နေသည့်မီးဘောလုံးအားလုံးက ပျောက်ကွယ်သွားခဲ့သည်။

တစ်ချိန်တည်းတွင် မရဏဒယနဗုဒ္ဓဆရာသခင်တို့အဖွဲ့က အဠဂံအနိဠာရုံအစီအရင်ထဲ၌ ပိတ်မိနေပြီး တရစပ်တိုက်ခိုက်မှုများအား ခက်ခက်ခဲခဲရှောင်တိမ်းနေ၏။ လျှပ်စီးမိုးကြိုးများ၊ မိုးမုန်တိုင်းများ၊ ဟာရီကိန်းများ၊ မြေဆူးချွန်များက အချိန်နှင့်အမျှ သူတို့ထံ ဝင်လာနေပြီး သူတို့၏ကျင့်ကြံခြင်းစွမ်းအားအား အဆက်မပြတ်သုံးစွဲနေရသည်။

"ငါတို့ ဒီရွံစရာကောင်းတဲ့အစီအရင်ကို ချိုးဖြတ်ရမယ်၊ မဟုတ်လို့ကတော့ ဒီနေရာမှာပဲ နေသွားရလိမ့်မယ်"ထူးဆန်းသောဝတ်စုံနှင့်လူငယ်က အနက်ရောင်လက်ဝါးကပ်တိုင်အား ထိန်းချုပ်လျက် ပြောလိုက်သည်။ သူ့မျက်နှာပေါ်တွင် ဒဏ်ရာမှ သွေးထွက်နေပြီး စောစောကမှ ဟာရီကိန်းတိုက်ခိုက်မှုအား ပွတ်ကာသီကာလွတ်မြောက်ခဲ့သည်။

အစကတည်းက ‌မရဏဒယနဗုဒ္ဒဆရာသခင်က အစီအရင်အား လေ့လာနေခဲ့သည်။ အားလုံးထဲတွင် သူ့ဒဏ်ရာက အသေဆုံးဖြစ်ပြီး သူ့ခွန်အားအား အများကြီးမသက်ရောက်ပေ။ သို့သော် အစီအရင်အား ဆယ်မိနစ်ကျော်လေ့လာပြီးတောင်မှ အစီအရင်၏ဗဟိုချက်အား ရှာမတွေ့နိုင်သေးပေ။

"အခု နည်းလမ်းတစ်ခုပဲ ကျန်တော့မယ်"‌မရဏဒယနဗုဒ္ဓဆရာသခင်က လေးလံသောလေသံနှင့် ဆိုလေ၏။

"ဘာများလဲ၊ မရဏဒယန"ထူးဆန်းသောဝတ်စုံနှင့်လူငယ်က အလျင်စလိုမေးလိုက်သည်"ငါတို့အားလုံး ဒဏ်ရာရထားတယ်။ ဒီအစီအရင်ကို အမြန်မချိုးဖြတ်နိုင်ရင် ငါတို့တွေ အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး"

"တစ်ခုတည်းသောနည်းလမ်းက ရိုးရိုးရှင်းရှင်းထဲ့ထိုးအားကို အသုံးပြုတာပဲ"မရဏဒယနဗုဒ္ဓဆရာသခင်က နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည်"မင်းတို့မှာရှိသမျှအလုံးစုံထုတ်ပြီး ဒီအစီအရင်ရဲ့တူညီ‌တဲ့နေရာကို တိုက်ခိုက်ကြ"

"ကောင်းပြီ"

"သဘောတူတယ်"

ကျန်လူများက ခေါင်းညိတ်ရင်း မရဏဒယနဗုဒ္ဓဆရာသခင်အနား ကပ်လာကြ၏။

ထို့နောက် ဘုန်းကြီးက နေရာတစ်ခုအား ညွှန်ပြကာ ပြော၏"ဒီနေရာက ဝင်္ကပါတစ်ခုလုံးမှာ အားအနည်းဆုံးလို့ ငါ ထင်နေတယ်၊ ဒါပေမယ့် ဒီနေရာကနေပဲ တိုက်ခိုက်မှုတွေ အများဆုံးထွက်တယ်။ ငါတို့တွေ တိုက်ခိုက်လာမှုတွေကို တားဆီးဖို့ လိုတယ်၊ ဒါပေမယ့် ဒီနေရာမှာ လမ်းပေါက်တစ်ခု ဖန်တီးဖို့ ငါတို့ရဲ့ရိုက်အားကိုလဲ တိုးရမယ်။ အောင်မြင်တာနဲ့ ဒီအစီအရင်ကို ဖျက်ဆီးနိုင်မှာ သေချာတယ်"

"အခုပဲ တိုက်ခိုက်ကြ"

မရဏဒယနဗုဒ္ဓဆရာသခင်အော်လိုက်သည်နှင့် သူတို့အားလုံးက လက်ကျန်စွမ်းအားများအားလုံး ထုတ်လွှတ်လိုက်လေသည်။ မီးဘောလုံးများနှင့်လျှပ်စီးမိုးကြိုးများပေါင်းစပ်ခြင်းစွမ်းအားက မေးခွန်းထုတ်စရာမလိုသော်လည်း သူတို့က ဖျက်ဆီးနိုင်ခဲ့၏။ သူတို့၏လက်ကျန်စွမ်းအားများက စွမ်းအင်ဒိုင်းကာအား တရစပ်တိုက်ခိုက်နေပြီး လှိုင်းဂယက်များ ဖြစ်ပေါ်လျက် ဒိုင်းကာပေါ်တွင် ပါးလွှာသောအက်ကြောင်းများ ထွက်ပေါ်လာနေသည်။ အစီအရင်က နောက်ထပ်တိုက်ခိုက်မှုတစ်ခုအား ထုတ်လွှတ်လိုက်ချိန်တွင် အက်ကြောင်းများက အလိုအလျောက်ပြန်ကောင်းသွားပြီး လှိုင်းဂယက်များကလဲ ပျောက်ကွယ်သွားခဲ့၏။

ထူးဆန်းသောဝတ်စုံနှင့်လူငယ်က မကျေမနပ်ဖြစ်သွားသည်။ သို့သော် ခြားနားချက်အား ချက်ချင်း သတိပြုမိကာ သူက ကျေနပ်စွာ အော်ခိုက်သည်"အစီအရင်ရဲ့တိုက်ခို‌က်ရေးစွမ်းအားက အားနည်းလာနေတယ်"

"ဟုတ်တယ်၊ အစီအရင်ကို မချိုးဖြတ်နိုင်ခဲ့ပေမယ့် ထိခိုက်အောင်တော့ လုပ်နိုင်ခဲ့တယ်"မရဏဒယနဗုဒ္ဓဆရာသခင်က ကျယ်လောင်စွာ ပြောလိုက်သည်"ဒါကြောင့် အစီအရင်ရဲ့တိုက်ခိုက်ရေးစွမ်းအားက အားနည်းလာတာ။ ဆက်တိုက်ခိုက်ကြစို့။ မကြာခင် ထိုးဖောက်နိုင်မှာပါ"

ဂါဝန်ဝတ်ထားသည့်လူကြီးက အော်ပြောလိုက်သည်"ဒါဆို မင်းတို့ ဘာစောင့်နေတာလဲ။ ဆက်တိုက်....."

ဝှစ်......

သူက ပြောမပြီးသေးခင် အင်မော်တယ်ဓားတစ်လက်က အမှောင်ထဲမှ မြွေတစ်ကောင်ပမာ ထွက်လာပြီး သူ့နှလုံးအား ထိုးဖောက်သွားခဲ့သည်။ ဓားက တုန်ခါဝှေ့ယမ်းသွားပြီး ခန္ဓာကိုယ်အား အသားအစအနများအဖြစ် ဆုတ်ဖြဲသွားလေကာ သွေးမိုးရွာသွန်းသည့်အလား ခန္ဓာကိုယ်အစိတ်အပိုင်းများက လွင့်ထွက်သွားလေသည်။

ထွက်ပေါ်လာချိန်တွင် ကျင်းရှီမျက်လုံးများက သွေးဆာနေလေသည်။ တိုက်ခိုက်ပြီး‌နောက် သူက ချက်ချင်းနောက်ဆုတ်လျက် ပျောက်ကွယ်သွားခဲ့သည်။

"ဘာဖြစ်သွားတာလဲ"

မြင်ကွင်းက မရဏဒယနဗုဒ္ဓဆရာသခင်နှင့်ကျန်လူများ၏မျက်နှာအား အကြီးအကျယ်ပြောင်းလဲသွားစေသည်။ တစ်ယောက်မှ ချောင်းမြောင်းတိုက်ခိုက်သူ၏တည်နေရာအား ရှာမတွေ့ပေ။ သူတို့က လှည့်ကြည့်လိုက်ချိန်တွင် ဂါဝန်ဝတ်လူက ခန္ဓာကိုယ်ပေါက်ကွဲသွားသည်ကိုသာ မြင်လိုက်ရသည်။ ထူးဆန်းသောအနေအထားက သူတို့မျက်နှာအား အရုပ်ဆိုးစေပြီး ကြောက်ရွံ့မှုက သူတို့စိတ်ထဲ၌ မွေးဖွားလာလေ၏။

လက်ဝါးကပ်တိုင်နှင့်လူငယ်က မရဏဒယနဗုဒ္ဓဆရာသခင်ဆီ ကပ်လာပြီး ပတ်ဝန်းကျင်အား သတိအပြည့်နှင့် စစ်ဆေးကြည့်၏။ သူက မီးဘောလုံးများ၊ လျှပ်စီးမိုးကြိုးများအား တားဆီးရန်ပင် မကြိုးစားခဲ့ပေ။ တစ်ချိန်တည်းတွင် အနက်ဝတ်အမျိုးသမီးက သူမ၏အနက်ရောင်ဝတ်ရုံအား ချွတ်ကာ ဝှေ့ယမ်းလိုက်၏။ အနက်ရောင်ဝတ်ရုံက အနက်ရောင်မြူများဖြင့်ပြုလုပ်ထားသည့်နံရံတစ်ခုအဖြစ် ပြောင်းသွားပြီး မီးဘောလုံးများ၊ လျှပ်စီးမိုးကြိုးများ၏တိုက်ခိုက်မှုအား တားဆီးလိုက်သည်။

"ငါ့ရဲ့အမှောင်ဝတ်ရုံက တိုက်ခိုက်မှုတွေကို စက္ကန့်သုံးဆယ်လောက်ပဲ ခုံခံနိုင်တယ်။ အားလုံးပဲ၊ အရင်နေရာကို မြန်မြန်တိုက်ခိုက်ကြ"အနက်ဝတ်အမျိုးသမီးက ထပ်အော်လိုက်၏။

"ထပ်တိုက်ခိုက်ကြ....."

မရဏဒယနဗုဒ္ဓဆရာသခင်က ရင်ဆိုင်နေရသည့်အခြေအနေအား ကောင်းကောင်းသိသည်။ သူက တုံ့ဆိုင်းမနေဘဲ ဗုဒ္ဒတောင်ဝှေးအား အားပြင်းပြင်းနှင့် ဝှေ့ယမ်းလိုက်သည်။

ကျင်းရှီက ပုန်းကွယ်လျက် ချောင်းမြောင်းတိုက်ခိုက်ရန် စိီစဉ်ထားသည်။ အနက်ဝတ်အမျိုးသမီးက အမှောင်ဝတ်ရုံကို ဒိုင်းတစ်ခုအဖြစ် အသုံးပြုလိုက်သည်ကို မြင်ပြီး သူက အနည်းငယ်စိတ်ပျက်သွား၏။ သူက ထန်ရှုထံ ချက်ချင်းအသံပို့လိုက်လေသည်"ရန်သူမှာ အကာအကွယ်မှော်ပစ္စည်းတစ်ခုရှိတယ်၊ သူဌေး။ အခု သူတို့ကို တိုက်ခိုက်ဖို့ ငါ့မှာ ဘာနည်းလမ်းမှ မရှိတော့ဘူး။ ပြီးတော့ သူတို့က အစီအရင်ရဲ့အမှတ်တစ်‌နေရာကို တိုက်ခိုက်နေတယ်၊ ဒီအတိုင်းဆိုရင် အစီအရင်ကို ချိုးဖြတ်ဖို့ မကြာတော့ဘူး"

အေးစက်မှုက ထန်ရှုမျက်လုံးများထဲ၌ စီးဆင်းသွားပြီး သူက အစီအရင်အပြင်ဘက်၌ ရပ်နေ၏။ သူ့ပုံရိပ်က အစီအရင်ထဲသို့ လျှပ်တစ်ပြက်ဝင်ရောက်သွားခဲ့သည်။ သူ့ခြေလှမ်းများက ထူးဆန်းပြီး သူ၏ကခုန်နေသလိုပုံရိပ်အား အစီအရင်ထဲရှိတိုင်ခိုက်မှုတစ်ခုမှ မသက်ရောက်ခဲ့ပေ။ တခဏအတွင်း သူက မရဏဒယနဗုဒ္ဓဆရာသခင်တို့အနီးသို့ ရောက်ရှိလာခဲ့သည်။

"စိတ်ဝင်စားစရာကောင်းတဲ့လူတစ်အုပ်ပဲ....."

သူက နတ်ဘုရားဓားအား ထုတ်လွှတ်လိုက်သည်။ ကြောက်စရာကောင်းသောအရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာပြီး ဓားက အဆတစ်ရာကြီးလာကာ ‌တစ်ရာမီတာနီးပါးရှည်သောကြောက်စရာကောင်းသည့်ဓားတစ်လက်အဖြစ် ပြောင်းသွားပြီး အမှောင်ဝတ်ရုံအား တိုက်ခိုက်လိုက်သည်။

အုံး.....

အမှောင်ဝတ်ရုံက တစ်စစီကြေမွသွား၏။ ကျင်းရှီပုံရိပ်က အနက်ဝတ်အမျိုးသမီးအနောက်၌ ထွက်ပေါ်လာပြီး အင်မော်တယ်ဓားအား ဝှေ့ယမ်းလိုက်သည်။ အမျိုးသမီးက ထိတ်လန့်ကြောက်ရွံ့မှုတို့ ပြည့်လျက် ခေါင်းပြတ်သွားခဲ့သည်။ ဘုန်းကြီးကလွဲပြီး ကျန်လူများက နတ်ဘုရားဓားတုန်ခါမှုလှိုင်းအကွာအဝေးမှလွတ်ရာသို့ ‌သွေးရူးသွေးတန်းပြေးရှောင်လိုက်ကြသည်။

"အမှောင်ပိုင်နက်"

စွမ်းအားပြန်ရလာသောစင်းခေါက သူ့နည်းစနစ်အား ထုတ်ဖော်လိုက်သည်။ သူက ဒဏ်ရာရထားသော်လည်း မပြင်းထန်ပေ။ မရဏဒယနဗုဒ္ဓဆရာသခင်တို့အဖွဲ့က ဆုံးရှုံးမှုကြီးမားနေသည်ကို သူ မြင်၏၊ သူ၏လွတ်မြောက်မှု၊ အသက်ရှင်ရန်အခွင့်အလမ်းက သူတို့အပေါ်တွင် မူတည်သည်၊ ထို့ကြောင့် သူတို့အား ဖုံးအုပ်ရန် အနက်ရောင်မြူအား ဖွဲ့စည်းလိုက်သည်။

"ချိုးဖောက်စမ်း၊ ချိုးဖောက်စမ်း"

မရဏဒယနဗုဒ္ဓဆရာသခင်က ယခင်‌နေရာသို့ တစ်ဟုန်ထိုးပြေးသွား၏။ ဗုဒ္ဓတောင်ဝှေးကို အသုံးပြုလျက် အစီအရင်၏အားအနည်းဆုံး‌နေရာအား ခုတ်ပိုင်းလိုက်သည်။ ဒိုင်းကာပေါ်တွင် အက်ကြောင်းဒါဇင်ကျော် ထွက်ပေါ်လာပြီး ‌တောင်ဝှေးအား အက်ကြောင်းများထဲသို့ ပစ်ထည့်ကာ အပေါက်တစ်ခု ဖန်တီးလိုက်လေ၏။

"မြန်မြန်ပြေးကြ...."

ဘုန်းကြီးက ကျန်လူများအား ကူညီရန်ပင် ကြည့်မအားဘဲ အပေါက်အား လျင်မြန်စွာ ဖြတ်သွားလေသည်။

"ပြေးကြ....."

"မြန်မြန်ထွက်ပြေးကြ....."

ကျန်လူများက ကောင်းကင်မှချီးမြှင့်ထားသည့်လွတ်မြောက်ရန်အခွင့်အလမ်းတစ်ခုအား မြင်လိုက်ရသလိုပင်။ သူတို့က အပေါက်ဆီ အရှိန်တင်ပြေးလာကြ၏၊ စင်ခေါအပါအဝင်ဖြစ်ပြီး သူက မရဏဒယနဗုဒ္ဓဆရာသခင်နောက်မှ ကပ်လိုက်လာသည်။

"မင်းတို့က ထွက်ပြေးချင်တာလား။ ငါ့ခွင့်ပြုချက်ကို မေးခဲ့ကြလို့လား"ထန်ရှုက ‌အေးစက်စက်နှင့် အော်ပြောလိုက်သည်။

နတ်ဘုရားဓားက အဆုံးမဲ့ဓားပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး အက်ကြောင်းဆီသို့ ရိုက်ချလာသည်။ မျက်စိတစ်မှိတ်အတွင်း နောက်ဆုံးမှ ဗန်ပိုင်းယားနှင့်တူသောလူနှစ်ယောက်အား ဓားစွမ်းအင်များက ထိုးဖောက်သွားကာ အက်ကြောင်းအပြင်ဘက်၌ လဲကျသွားတော့သည်။

အစီအရင်ပျက်ဆီးသွားသည့်အခိုက်တွင် ထန်ရှုနှင့်ကျင်းရှီက အလောင်းနှစ်လောင်းဘေးနား၌ ထွက်ပေါ်လာပြီး မရဏဒယနဗုဒ္ဓဆရာသခင်၊ စင်းခေါနှင့် ထူးဆန်းသောဝတ်စုံနှင့်လူငယ်တို့က အ‌ဝေးသို့ ထွက်ပြေးသွားခဲ့သည်။

"ကွမ်း၊ အန်၊ ဘာပဲဖြစ်ဖြစ် အဲဒီဗုဒ္ဓဘုန်းကြီးနဲ့စင်းခေါတို့ သေရမယ်"သူတို့သုံး‌ယောက်အား လိုက်ဖမ်းရင်း ထန်ရှုက ကျယ်လောင်စွာ ‌အော်လိုက်သည်။

"နားလည်ပါပြီ"

ထန်ကွမ်းက အလွန်လျင်မြန်စွာ ရှေ့သို့ ရွေ့သွားသည်။ သူ့အရှိန်က ကျင်းရှိီထက် ပိုမြန်သည်။ ကျင်းရှီအား ‌နောက်ချန်ထားလျက် သူက ထန်ရှုနောက်မှ ကပ်လိုက်လာသည်။ သို့သော် ထန်ရှုနှင့်ထန်ကွမ်းတို့အရှေ့ရှိလေက ဂယက်ထနေပြီး ခပ်ဖျော့ဖျော့အရှိန်အဝါတစ်ခုအား အာရုံခံနိုင်၏၊ သူတို့ထက် အနည်းငယ်ပိုမြန်သူတစ်ယောက်ရှိသကဲ့သို့ပင်။

အံ့အားသင့်သောအကြည့်တစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားပြီး သူက စိတ်ထဲ၌ တွေးလိုက်သည်"ထာဝရခန်းမတစ်ခုလုံးမှာ ထန်အန်ရဲ့အရှိန်က ချီးမိန်နဲ့ယန်အာတို့ပြီးရင် အမြန်ဆုံးပဲ။ ငါ့မှာ ရွေ့လျားရေးနည်းစနစ်တွေ အများကြီးရှိပေမယ့် သူမရဲ့စွမ်းအားက ရွှေအမြုတေအဆင့်အထွတ်အထိပ်မှာ ရှိရင် သူမရဲ့ဟင်းလင်းပြင်နည်းစနစ်နဲ့ဆိုရင် ငါ့မြန်နှုန်းကို ကျော်ဖြတ်နိုင်မှာသေချာတယ်"

"ဒီဆုံးရှုံးမှုတွေအားလုံးက မင်းကို ကယ်ခဲ့လို့ပဲ၊ စင်းခေါ။ အခု မင်း ငါတို့ကို ပြန်ပေးရမယ့် အလှည့်ပဲ။ ကျန်ရစ်ပြီး သူတို့ကို တားဆီးထား။ မင်း ဒီတစ်ကြိမ်မသေရင် ငါတို့က ညီအကိုတွေ ဖြစ်လာမယ်လို့ ကတိပေးတယ်"မရဏဒယနဗုဒ္ဓဆရာသခင်၏နှလုံးခုန်နှုန်းက ပိုပိုမြန်လာသည်။ သူတို့အနောက်မှ လျင်မြန်စွာ ချဉ်းကပ်လာနေသည့် ခပ်ဖျော့ဖျော့စွမ်းအင်အတက်အကျအား အာရုံခံမိသည်၊ ဆန်းကြယ်သောအမျိုးသမီးလူသတ်သမားဖြစ်မည်ဟု သူက ခန့်မှန်းထား၏။

စင်းခေါ၏မျက်နှာက အကြီးအကျယ်ပြောင်းလဲသွားသည်။ မရဏဒယနဗုဒ္ဓဆရာသခင်က ဤသို့တောင်းဆိုမှုတစ်ခုပြုလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ဤနေရာတွင် ကျန်ရစ်လျက် ထန်ရှုနှင့်သူ့လူများအား တားဆီးခြင်းက တစ်ခုသာ ဆိုလိုသည်- သူ၏သေခြင်းပင်။

ဒါပေမယ့်.....သူ ဒီနေရာမှာ မသေနိုင်ဘူး.....

သူက မရဏဒယန‌‌ဗုဒ္ဓဆရာသခင်အား ဆန့်ကျင်ရလျှင်တောင်၊ ဖြေဆေးအား ခြောက်လတစ်ကြိမ် လိုအပ်လျှင်‌တောင် ဤ‌နေရာ၌ ရပ်ပြီး သေဖို့‌မစောင့်နိုင်ပေ။ ကမ္ဘာကြီးက ကျယ်ပြော၏၊ ဤနေရာမှ ထွက်ပြေးလွတ်မြောက်လျှင် ပုန်းရန် နေရာတစ်ခု ရှာနိုင်သည်။ အဆိုးဝါးဆုံးဖြစ်လာလျှင် နောက်ဆုံးအားကိုးရာအနေနှင့် အမှောင်နတ်ဆရာကလန်သို့ ပြန်နိုင်သည်။ သူ့အား ထန်ရှုနှင့်စင်းလုအန်တို့ သတ်ဖြတ်မည်ကို သူ့အဖေက ထိုင်ကြည့်မနေဟု သူ ယုံကြည်သည်။

***

All Chapters