← Chapters

နောက်ဆုံးခုခံမှု

Vol. 71 Ch. 994

နောက်ဆုံးခုခံမှု

Vol. 71 Ch. 994

သေရေးရှင်ရေးနှင့် ရင်ဆိုင်ရချိန်တွင် စင်းခေါက အကြံဉာဏ်ထုတ်နေလေသည်။ မရဏဒယနဗုဒ္ဓဆရာသခင်၏သစ္စာဖောက်မှုက သူ့အား ဒေါသထွက်စေသော်လည်း သူက ဆင်ခြင်တုံတရား မဆုံးရှုံးခဲ့ပေ။ သတ်ဖြတ်လိုစိတ်က စိတ်ထဲ၌ လိမ့်တက်လာပြီး သူက အင်္ကျီလက်မှ ရွှေရောင်ချည်မျှင်လိပ်တစ်ခုအား ယူထုတ်လိုက်လေသည်။

"ချည်နှောင်စမ်း....."

ရွှေချည်မျှင်က ဖြန့်သွားပြီး ဘုန်းကြီးခြေထောက်အား ပစ်လွှတ်လိုက်လေသည်။ ခြေထောက်အား ချည်မိသွားသောအခါ သူက ချည်မျှင်အား လျင်မြန်စွာ ဆွဲလိုက်ရာ ဘုန်းကြီးက နောက်ပြန်လဲကျသွား၏။ ချက်ချင်းလျှင်ပင် သူက မရဏဒယနဗုဒ္ဓဆရာသခင်အား ကျော်ဖြတ်လျက် ရှေ့သို့ လစ်ပြေးသွားတော့သည်။

"မင်း၊ ခွေးကောင်၊ စင်းခေါ....."

မရဏဒယနဗုဒ္ဓဆရာသခင်က အလွန်ဒေါသထွက်နေပြီး သူ့နှလုံးသားက နောင်တတရားတို့ လွှမ်းခြုံနေလေသည်။ စင်းခေါအား အလွန်တော်သောလူငယ်တစ်ယောက်အဖြစ် အကဲဖြတ်ခဲ့ပြီး သူ့အား ခေါ်ယူရန် အပေါင်းအဖော်များနှင့်အတူ ခရီးထွက်လာခဲ့သည်။ ဤအကောင်အား ကယ်ဆယ်ရန် အဖော်ခြောက်ယောက်အား ဆုံးရှုံးခဲ့ရုံသာမက  နောက်ကျောအား ဓားထိုးခံရမည်ဟု မည်သူက ထင်ထားမည်နည်း။

ထန်ရှု၏လျှပ်စစ်အလားပုံရိပ်က ဘုန်းကြီးမှ ဆယ်မီတာအကွာတွင် ထွက်ပေါ်လာပြီး သူက နတ်ဘုရားဓားအား ရှေ့သို့ ခုတ်လိုက်သည်။ ဘုန်းကြီးက ခုတ်ချက်အား အသည်းအသန်ရှောင်နေချိန်တွင် အင်မော်တယ်ဓားတစ်လက်က သူ့လည်ပင်အား ချိန်ရွယ်လာသည်။ ခုတ်ချက်က သူ့အား ခေါင်းမဖြတ်သွားသော်လည်း သူ့လည်ကုတ်ပေါ်တွင် သွေးထွက်ဒဏ်ရာတစ်ခု ချန်ရစ်ခဲ့လေ၏။

ထန်အန်က ဒဏ်ရာရထားပြီး ထန်ရှု၏အမိန့်ကြောင့်သာ သူမက ဒဏ်ရာအား လစ်လျူရှုလျက်  ဘုန်းကြီးမလွတ်သွားစေရန် အစွမ်းကုန်အားထုတ်ခဲ့သည်။ သူမ၏လှုပ်ရှားမှုများက တုန်လှုပ်စရာစွမ်းအားမပါရှိသော်လည်း အားကောင်းနေသေးသည်။

"ထန်ရှု၊ ဘာပဲပြောပြော၊ ငါတို့က ရန်ငြိုးတွေ မရှိဘူးလေ။ ဘာလို့ မင်းက သတ်ဖြတ်ဖို့ ဒီလောက်စိတ်ပိုင်းဖြတ်ထားရတာလဲ"ထန်ရှု၏တိုက်ခိုက်မှုအား ရှောင်တိမ်းရင်း မရဏဒယနဗုဒ္ဓဆရာသခင်က ဒေါသတကြီးအော်လိုက်သည်။ တိုက်ပွဲပေါင်းမရေမတွက်များစွာအား ရင်ဆိုင်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ သနားစရာကောင်းလှသောအနေအထားမျိုး ဘယ်သောအခါမှ မရှိခဲ့ပေ။

ထန်ရှုက ပျံတက်သွားပြီး လေထဲတွင် ရပ်လျက် ပြန်ချေပလိုက်သည်"အရင်က ငါတို့က ရန်ငြိုးမရှိပါဘူး၊ မရဏဒယန။ ဒါပေမယ့် မင်းက အရှုပ်ထုပ်လုပ်ပြီး ဒီအနေအထားထိ ရောက်အောင် လုပ်ခဲ့တာလေ။ ဒါ့အပြင် စင်းခေါက ငါ သတ်ဖို့ရည်ရွယ်ထားတဲ့ဝံပုလွေတစ်ကောင်ပဲ။ မင်းပြောခဲ့တာတွေ မင်း မေ့နေပြီးလား။ ငါ အခု မင်းကို သတ်တော့မှာမို့ ငါ့ကို နားပူနားဆာလုပ်မနေတော့နဲ့"

"မင်းက တကယ်ပဲ မညှိနှိုင်းချင်တာလား"မရဏဒယနဗုဒ္ဓဆရာသခင်က အော်ပြောလိုက်သည်"ငါ့ကို တားမြစ်ပညာရပ်ထုတ်ဖော်ရအောင် ဖိအားမပေးနဲ့၊ မင်းကို ငါနဲ့အတူ ငရဲကို ဆွဲခေါ်သွားရလိမ့်မယ်။ မင်း ငါ့ကို အခုသွားခွင့်ပေးရင် ငါ အဲဒီခွေးကောင်စင်းခေါကို ငါကိုယ်တိုင် သတ်မှာပါ။ ငါ့ကို သွားခွင့်ပဲ ပေးပါ"

"နတ်ဘုရားဓား- ကောင်းကင်ဘုံသို့ ဂါဝရပြုခြင်း"

ဘုန်းကြီးက တောင်းပန်သော်လည်း ထန်ရှုက ထပ်မငြင်းခုံလိုတော့ပေ။ ထိုအစားဘုန်းကြီး၏ထွက်‌ပြေးခြင်းအား တားဆီးရန် နတ်ဘုရားဓားအား ရှေ့သို့ ခုတ်ထွင်လိုက်သည်။ သူ့အား တိုက်ခိုက်ရန် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသောထန်အန်လဲ ရှိသေးသောကြောင့် မရဏဒယနဗုဒ္စဆရာသခင်က စိုးရိမ်တကြီးဖြစ်နေလေသည်။

ရူးသွပ်မှုက ဘုန်းကြီး၏မျက်လုံးထဲတွင် ပြည့်နှက်သွား၏။ အံကြိတ်လျက် တောင်ဝှေးအား နှစ်ပိုင်းခြမ်းလိုက်သည်။ တစ်မီတာဝက်ရှည်သောကင်းခြေများတစ်ကောင်အား ပစ်ထုတ်လိုက်ပြီး ထန်အန်မျက်နှာအရှေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။ ‌မရဏဒယနဗုဒ္ဓဆရာသခင်က ထန်အန်းထက် ပိုပြင်ဆင်ထားပြီး တောင်ဝှေးနှစ်ပိုင်းအား ဝှေ့ယမ်းကာ ထန်အန်း၏ဘယ်နှင့်ညာအား ပိတ်ဆို့လိုက်သည်။

လေထဲတွင် ရပ်နေရင်း ထန်ရှု၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားသည်။ သူ့ခန္ဓာကိုယ်က ထိုးဆင်းလာပြီး စက်ဝိုင်းလက်ဟန်တစ်ခုပြုလုပ်ကာ နတ်ဘုရားဓားအား ဗုဒ္ဓဘုန်းကြီးထံ ပစ်လွှတ်လိုက်သည်။ သူမအား ကယ်ဆယ်ရန် ‌နောက်ကျလွန်းနေပြီဖြစ်သောကြောင့် လက်ရှိအချိန်တွင် သူက ဒါသာ ပြုလုပ်နိုင်ခဲ့သည်။

"ဗလာအကာပျောက်ကွယ်ပညာရပ်....."

မရဏဒယနက အော်လိုက်သည်။ သူ့ခန္ဓာကိုယ်က ဘေးသို့ ရုတ်တရက် ရိပ်ခနဲလှုပ်ရှားသွားပြီး တောင်ဝှေးနှစ်ပိုင်းက ထန်အန်၏ပခုံးများအား ထိုးဖောက်သွားသလို ကင်းခြေများကလည်း သူမလည်ကုတ်ပေါ်သို့ ကျသွားကာ လည်ပင်းအား ကိုက်လိုက်ချေသည်။

ဝှစ်.....

သို့သော် ဓားအလင်းမိုးတစ်ခုကလည်း ဘုန်းကြီး၏ခန္ဓာကိုယ်အား ထိုးဖောက်သွားခဲ့သည်။ သူက အရူးအမူးသွေးအန်ထုတ်ပြီး သူ့ပုံရိပ်က ပျောက်ကွယ်ကာ လေးမီတာကျော်အကွာ၌ ထွက်ပေါ်လာပြီး ယိမ်းယိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွား၏။

တည်‌‌နေရာရွှေ့ပြောင်းတာလား။

သူ လုပ်ခဲ့သည်ကား ထန်ရှုအား စိတ်ထဲ၌ အံ့အားသင့်သွားစေသည်။ သို့သော် ဤအတွေးအား ချက်ချင်းထုတ်ပယ်လိုက်သည်၊ တည်‌နေရာရွှေ့ပြောင်းရေးနည်းစနစ်တစ်ခုအား အခြေတည်စိတ်ဝိညာဉ်အဆင့်ချိုးဖြတ်ပြီးသူများသာလျှင် အသုံးပြုနိုင်သောကြောင့်ပင်။ ထိုကျင့်ကြံခြင်းအဆင့်အောက်ရှိသူများအနေနှင့် ထိုသို့ပြုလုပ်ရန်မဖြစ်နိုင်ပေ။ မရဏဒယနဗုဒ္ဓဆရာသခင်၏စွမ်းအားက ရွှေအမြုတေအလယ်ဆင့်နှင့်သာ ယှဉ်နိုင်သောကြောင့် တည်နေရာရွှေ့ပြောင်းခြင်းမဖြစ်နိုင်ပေ။ ထို့ပြင် တည်နေရာရွှေ့ပြောင်းရေးနည်းစနစ်က အကွာအဝေးအရှည်ကြီးသို့ ရောက်ရှိနိုင်သည်၊ သူ လုပ်ခဲ့သည်ကား လေးမီတာကျော်မျှသာလျှင်။

"သေစမ်း"

ဓားက ရှည်လျားသွားပြီး လေနှင့်အတူ ရှေ့သို့ လျှပ်တစ်ပြက်သွားလေသည်။

မရဏဒယနဗုဒ္ဓဆရာသခင်၏ခန္ဓာကိုယ်က အကြိမ်အနည်းငယ်တုန်ယင်သွား၏။ စိတ်ပျက်လက်ပျက်နှင့် သူ့ရင်ဘက်အား ‌ငုံ့ကြည့်လိုက်သည်။ သူ့နှလုံးတည်‌နေရာက ဟောင်းလောင်းပေါက်နေလေ၏။ ပခုံးနှင့်ခြေထောက်များတွင်လည်း ဒဏ်ရာများစွာ ရှိသည်။

"ထန်ရှု....."

ဘုန်းကြီးက ထန်ရှုအား နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ သူ့အသက်အားက လျင်မြန်စွာ လျော့ကျလာသော်လည်း သူက လေထဲသို့ ပျံတက်ကာ လက်ကျန်ခွန်အားများအသုံးပြုလျက် ထန်ရှုအား သတ်ချင်နေသေးသည်။

"ဟမ့်....."

တူညီသောသတ်ဖြတ်ခြင်းဆန္ဒက ထန်ရှုထံမှ ပျံ့လွင်လာသည်။ ထန်အန်း၏လက်ရှိအခြေအနေအား သူ မသိပေ၊ ထို့ကြောင့် ပေါက်ကွဲရေးအဆောင်နှစ်ခုအား ဘုန်းကြီးပေါ် ပစ်ထုတ်လိုက်၏။

အုံး.....

မရဏဒယနဗုဒ္ဓဆရာသခင်၏ခန္ဓာကိုယ်က အကြီးအကျယ်တုန်ခါသွားသည်။ စိတ်ပျက်လက်ပျက်အကြည့်တစ်ခုက သိသိသာသာပေါ်လာပြီး နတ်ဘုရားဓားက သူ့လည်ပင်အား ခုတ်ပိုင်းလာခဲ့သည်။ ထို့ပြင် သွေးရောင်အရည်စက်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ဓားထဲသို့ စုပ်ယူသွားခဲ့၏။

ဤအချိန်တွင် နတ်ဘုရားဓား၏စွမ်းအားက အကြီးအကျယ်တိုးမြှင့်လာပြီး စွမ်းအားအပေါ်သူ၏အာရုံခံနိုင်စွမ်းက အကြီးအကျယ်တိုးတက်လာသည်ကို ထန်ရှုက ရှင်းလင်းစွာ အာရုံခံနိုင်သည်။ သူ့ခန္ဓာကိုယ်က ထန်အန်အရှေ့၌ ရိပ်ခနဲ ထွက်ပေါ်လာပြီး ဓားမြှောင်တစ်ချောင်းဆွဲထုတ်လျက် ကင်းခြေများအား သတ်ပစ်ခဲ့သည်။ ထို့နောက် သူမ၏လက်ကောင်ဝတ်အား ဆုပ်ကိုင်ကာ သွေးခုန်နှုန်းအား စမ်းသပ်လိုက်သည်။

"အဆိပ်ပြင်းကင်းခြေများလား"

ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ သူက သိုလှောင်လက်စွပ်မှ ငွေရောင်အပ်အချို့ယူထုတ်ကာ ထန်အန်းလည်ပင်းရှိ‌သွေးကြောမှတ်အချို့အား ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းတွင် သူ၏အခြားလက်တစ်ဖက်က ထန်အန်းဝတ်ရုံအား လျင်မြန်စွာ ဆုတ်ဖြဲ၏။ ထို့နောက် သူမပခုံးအား ဆုပ်ကိုင်လျက် လက်သည်းကို အသုံးပြုကာ အသားပေါ်ရှိနေရာတစ်ခုအား ထိုးဖောက်လိုက်သည်။

"ဆရာအဘိုး....."

ထန်အန်းက ထိတ်လန့်တုန်လှုပ်ကာ ပဟေဠိဖြစ်သွားသည်။

"စကားမပြောနဲ့၊ မင်းရဲ့စွမ်းအင်ကို မလှည့်ပတ်နဲ့"ထန်အန်းက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။"ကင်းမြီးကောက်အဆိပ်က အရမ်းပြင်းတယ်၊ အဲဒါက မင်းရဲ့ပခုံးထဲထိ ရောက်သွားပြီ။ ငါ အဲဒါကို မင်းရဲ့ခန္ဓာကိုယ်ကနေ ထုတ်ရမယ်"

ဤသည်ကို ကြားပြီး ထန်အန်းက စိုးရိမ်ခြင်းမရှိတော့ပေ။ ထိုအစား ရှက်ရွံ့သလို ဖြစ်သွားပြီး သူမက တိတ်တဆိတ်ခေါင်းညိတ်လိုက်သည်။

"သွေးတွေကို ထုတ်ပြီး သွေးကြောအချို့ကို ပိတ်ဆို့ရမယ်"

ထန်ရှု၏အခြားလက်တစ်ဖက်က ထန်အန်းပခုံးမှ သွေးများထုတ်ယူကာ သူ့လက်ဖဝါးထဲသို့ ထည့်နေလေသည်။ အစတွင် ထုတ်ယူခဲ့သောသွေးများက အနက်ရောင်ဖြစ်ပြီး အနည်းငယ်အနံ့ပြင်းသလိုရှိသော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် အနီရောင်ပြောင်းသွားခဲ့၏။

များမကြာမီ ထန်ရှုက ထုတ်ယူခဲ့သောသွေးများအား အဝေးသို့ ပစ်ထုတ်လိုက်သည်။ ထန်အန်း၏လည်ပင်းအား ဆက်ကိုင်ထားလျက် သူ့လက်ချောင်းများက သူမလည်ပင်းအား ပွတ်ရင်းဖိရင်း သွေးကြောမှတ်များတွင်ထိုးစိုက်ထားသောအပ်အချို့အား ဆွဲထုတ်၏။ သွေးများက အပ်စိုက်ခဲ့သည့်အမှတ်တစ်ခုစီမှ ပန်းထွက်လာသည်။ ထိုအတိုင်း ထန်ရှု၏လက်ချောင်းများက အဆက်မပြတ်ဖိနေရင်း ထုတ်ယူခြင်းဖြစ်စဉ်က ပိုနှေးကွေးလာသည်။

ဝှစ်.....

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှုက ထန်အန်းအား လွှတ်လိုက်ပြီး သူ့ဘေးနားရှိလူဒါဇင်အား ကြည့်ကာ အော်လိုက်သည်"မင်းတို့ကောင်တွေ ဒီမှာ ဘာလုပ်နေတာလဲ။ စင်းခေါနောက်ကို လိုက်ကြလေ"

"ထန်ကွမ်းက သူ့နောက်လိုက်သွားပြီ၊ သူဌေး"ကိုင်ရှီက တိုးတိုးလေးပြန်ဖြေသည်"ငါတို့အရှိန်က သူ့နောက်လိုက်ဖို့ မမြန်ဘူးလေ"

"မင်းတို့ဘယ်လောက်ပဲ နှေးနှေး၊ သူ့ကို သွားသတ်....."ထန်ရှုက နက်ရှိုင်းသောအသံနှင့် ကြိမ်းမောင်းလိုက်သည်"ဘာအတားအဆီးပဲရှိရှိ မင်းတို့ သူတို့ကို မလွတ်သွားစေရဘူး။ ငါတို့ သူ့ကို အခုမသတ်ရင် နောက်ကျရင် ခေါင်းကိုက်စရာတွေ ဖြစ်လာလိမ့်မယ်"

သူအမိန့်ပေးပြီးသည်နှင့် ကျင်းရှီနှင့်ကျန်လူများက စင်းခေါနှင့်ထူးဆန်းသောလူငယ်တို့နောက်သို့ လိုက်သွားသည်။ စင်းလုအန်နှင့်သူ့လူများကလည်း နောက်မှ လိုက်သွား၏။ စင်းလုအန်က စင်းခေါသေသည်ကို အမြင်ချင်ဆုံးသူဖြစ်၏၊ အနာဂတ်မှာ မည်သည့်စိုးရိမ်စရာတစ်ခုမှ သူက မချန်ထားလိုပေ။

ထို့နောက် ထန်ရှုက သိုလှောင်လက်စွပ်မှ သန့်စင်ဒဏ်ရာပျောက်ဆေးထုတ်ကာ ထန်အန်ပါးစပ်ထဲသို့ ထည့်ပေးပြီးနောက် တိုးတိုးလေးပြောလိုက်သည်"ငါ မင်းရဲ့ခန္ဓာကိုယ်ကနေ အဆိပ်ထုတ်ပြီးပြီ။ ဒါပေမယ့် မင်းရဲ့ဒဏ်ရာတွေက အရမ်းပြင်းထန်တယ်၊ ဒါကြောင့် အချိန်အနည်းငယ် အနားယူရမယ်။ ငါ မင်းကို ကာကွယ်ပေးမယ်"

"စင်းခေါနောက်ကို လိုက်သွားပါ၊ ဆရာအဘိုး။ ငါတစ်ယောက်တည်း အဆင်ပြေပါတယ်"ထန်အန်းက ခေါင်းခါယမ်းလိုက်သည်။

"မရဘူး၊ မင်းရဲ့အခြေအ‌နေက ပိုအရေးကြီးတယ်"ထန်ရှုက ခေါင်းခါယမ်းကာ ပြော၏"ဒီကို နောက်ထပ်ရန်သူတွေ ရောက်လာမလား ဘယ်သူမှ မပြောနိုင်ဘူး။ ငါတို့တွေ အုန်းခြံကို ပြန်သွားမယ်။ ငါ ထင်တာမှန်ရင် ခန်အဂျာက အဲကို ရောက်နေလောက်ပြီ၊ ဒါကြောင့် ငါတို့ ပြန်ကြတာပေါ့"

"ကောင်းပါပြီ"

ထန်အန်းက ထန်ရှု၏အကြံပြုချက်အား မငြင်းတော့ပေ၊ ထန်ရှုက သူမခါးအား ကိုင်လျက် ကောင်းကင်သို့ ပျံသန်းကာ အုန်းခြံသို့ ဦးတည်လိုက်၏။

အုန်းခြံတွင်။

ခန်အဂျာက စီးကရက်သောက်ရင်း သူ့အရှေ့ရှိကျိုတာချွမ်းအား စိုက်ကြည့်လိုက်သည်။ ယခင်က သူက ဤလူအား မျက်နှာသာမပေးခဲ့ပေ။ သို့သော် ဤလူ၏သမီးက ထန်ရှုနှင့်ဆက်ဆံရေးကောင်းရှိသည်ကို သိလိုက်ရပြီးနောက် သူက ပြောင်းလဲဆက်ဆံရတော့၏။

"ပွင့်ပွင့်လင်းလင်းပြောရရင် မင်းက မစ္စတာထန်ကို မင်းနေရာကနေ မောင်းထုတ်ခဲ့တာပေါ့လေ"ခန်အဂျာက မေး၏။

"ဟုတ်တယ်၊ ငါ သူ့ရဲ့အထောက်အထားကို မသိခဲ့လို့ပါ။ သူက ဟွမ်တွေနဲ့ ဘယ်လိုဆက်ဆံရေးရှိသလဲဆိုတာ မသိခဲ့ဘူးလေ"ကျိုတာချွမ်းက အကူအညီမဲ့သောမျက်နှာနှင့် ပြန်ဖြေသည်"ဟွမ်မိသားစုက ငါ့ရဲ့ကမ္ဘာရန်သူပဲ။ သူ့ကို ခိုလှုံခွင့်ပေးလိုက်ရင် ရတာထက် ဆုံးရှုံးတာက ပိုများမယ်လို့ တွေးခဲ့တာ"

"ဟာကွာ။ မင်းက ကြီးမားတဲ့အခွင့်အရေးတစ်ခုကို တကယ် ဖြုန်းတီးခဲ့တာပဲ။ ဒါ ဘယ်လောက်မိုက်မဲလဲဆိုတာ မင်း သိလား"ခန်အဂျာက ခေါင်းခ်ယမ်းကာ သက်ပြင်းချလိုက်သည်"အာ....ထားလိုက်တော့။ အဲဒါနဲ့ပတ်သက်ပြီး ငါ ဘာမှမလုပ်နိုင်ဘူး။ ဒီနေရာက မင်းနေရာပဲ၊ ဒါကြောင့် ဒီနေရာကအပျက်အဆီးတွေကို အမြန်ဆုံးရှင်းဖို့ မင်းလူတွေကို ပြော။ အလောင်းတွေကို နေရာချဖို့ ငါ့လူတွေကိုလဲ အမိန့်ပေးလိုက်မယ်။ မစ္စတာထန်က ကူညီခိုင်းထားတာဆိုတော့ မင်းနေရာကို ပြန်တည်ဆောက်ဖို့ ငါ့ရဲ့အပိုင်းကို လစ်လျူမရှုပါဘူး။ ဆောက်လုပ်ရေးကုန်ကျစရိတ်တွေကို ငါ့ကို ပေးရမယ့် အကြွေးက‌နေ မင်း နှုတ်လို့ရတယ်"

***

All Chapters