← Chapters

တာ့ဟွမ်

Vol. 45 Ch. 614

တာ့ဟွမ်

Vol. 45 Ch. 614

အင်မော်တယ်ဘုရင်ဆေးလုံးက သူမ ပါးစပ်ထဲ ပျော်ဝင်သွားရာ  ဟန်လုံက သက်ပြင်းချလိုက်ပြီး သူမ မျှော်မှန်းထားသည့်ထက်ပင် ဆိုးရွားနေသေး၏။ ယခင် သူမက ဆေးလုံးမှာ အင်မော်တယ်ဘုရင် ဖြစ်လာမည့် အခွင့်အရေးကို မတိုးမြင့်ပေးလျှင်ပင် အနည်းဆုံးတော့  ကျင့်ကြံဖို့ရာ ဝိညာဉ်စွမ်းအားများ  ထောက်ပံ့ပေးနိုင်လိမ့်မည်ဟု မျှော်မှန်းထားမိ၏။ ထို့ကြောင့် သူမက ဆေးလုံးကို မျိုချလိုက်ပြီး သူမ ကျင့်စဉ်အတိုင်း စတင်ကျင့်ကြံလိုက်သည်။ သူမက အင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက်ကို နှိုးဆွလို၍ မဟုတ်ဘဲ  သူမအတွက် မိုဝူကျီ ကြိုးစားပေးထားသော ဆေးလုံးကို အလကား မဖြစ်စေလို၍ ဖြစ်၏။

သို့သော် လက်တွေ့၌ သူမ ပါးစပ်ထဲ ဆေးလုံး ဝင်သွားသည်နှင့် ဘာဆိုဘာမှ ဖြစ်ပျက်မလာပေ။ ဝိညာဉ်စွမ်းအားများလည်း မရှိသလို ၊ ဆေးဂုဏ်သတ္တိများလည်း မရှိနေချေ။ ဆိုလိုသည်မှာ မိုဝူကျီ ဖော်စပ်လိုက်သော ဆေးလုံးမှာ  အဖြူ၊ အနီ ရောစပ်နေသော သာမာန်ဆေးလုံးမျှသာ ဖြစ်နေလေ၏။

ပြောရလျှင် အင်မော်တယ်ဘုရင်အသီးနီဟုပင် ဆိုရမလား  ……

ဟန်လုံက မတ်တတ်ရပ်တော့မည့်ဆဲဆဲတွင် သူမ စိတ်အတွင်း တာအိုတစ်ခု ရုတ်ချည်း‌ ပေါ်ပေါက်လာသည်။ သူမက စတင်ကျင့်ကြံစဉ်အချိန် ပြန်ရောက်သွားသလို ခံစားလိုက်ရပြီး  ပထမဦးဆုံးအကြိမ် ဝိညာဉ်စွမ်းအား အမျှင်လေးကို စတင်စုပ်ယူနိုင်ခဲ့စဉ်က အတွေ့အကြုံမျိုးနှင့် စိတ်လှုပ်ရှားမှုမျိုးကို ပြန်လည်ကြုံတွေ့နေရသည်။

အဲဒါ  ဘယ်လောက်နှစ်တွေ ကြာမြင့်သွားပြီလဲ  …..

ထို့နောက် ဟန်လုံ ခန္ဓာအတွင်း  သူမ၏ ပထမ ဝိညာဉ်လမ်းကြောင်း ဖွင့်စဉ် ခံစားချက်မျိုးကို ခံစားမိလိုက်သည် ….. ထို့နောက် ဒုတိယမြောက် …. တတိယမြောက် ….

ထို့နောက် သူမက  လူသားအဆင့်ကို ကျော်လွန်ကာ အမြုတေကို ဖွဲ့စည်းနိုင်ခဲ့သည်။

မကြာခင် သူမက  လောကအင်မော်တယ်အဆင့် တက်လှမ်းတော့မည့် ခံစားချက်မျိုးကို ပြန်လည် ခံစားနေရပြီး  မြေကမ္ဘာအင်မော်တယ် ….. ကောင်းကင်အင်မော်တယ် …. ကျင်းရှန်း  ……

ဟန်လုံက ထိုကျင့်ကြံဆင့်များကို ကျော်ဖြတ်ပြီးသား ဖြစ်ကာ အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေခြင်း ဖြစ်၏။ သူမ၏ အနက်ရှိုင်းဆုံးသော  စိတ်အတွင်းပိုင်း၌ ထိုအဆင့်များကို ကျော်ဖြတ်စဉ်က ခံစားချက်များကား ပြန်လည် သရုပ်ပေါ်လာသည်။ သူမက သာမာန်သေမျိုးတစ်ယောက် ဖြစ်လာပြီး  အင်မော်တယ်လမ်းစဉ်ကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာသကဲ့သို့ ဖြစ်၏။

နောက်ဆုံး၌  သူမက မဟာလော့ရှန်းအဆင့် ရောက်ရှိပြီးလေပြီ။ မဟာလော့ရှန်းအဆင့်အဖြစ် ဟန်လုံ ကုန်ဆုံးခဲ့ရချိန်မှာ အတိုတောင်းဆုံး ဖြစ်သောကြောင့်  အဆင့်တက်လှမ်းမည့် ခံစားချက်မှာ ရင်းနှီးနေဆဲ ဖြစ်သည်။ ထိုစဉ် သူမက ရင်းနှီးသည့် ခံစားချက်မျိုး ခံစားလိုက်ရပြန်သည်။

မကြာခင် သူမက မိုးမြေဆီမှ စွမ်းအားကဲ့သို့သော အင်မော်တယ်ဘုရင်၏ တာအိုကို ခံစားမိလိုက်သည်။ မိုးမြေဆီမှ စွမ်းအားအသစ်ကို ခံစားမိလိုက်စဉ် သူမခန္ဓာကိုယ်ကို တားဆီးထားသော  အတားအဆီးများအားလုံးကို ဖယ်ရှားလိုက်နိုင်ခဲ့၏။

သူမက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းနိုင်သရွေ့  ကိုယ့် ကံတရားကို ထိန်းချုပ်နိုင်စွမ်း ရှိသည့် အစစ်အမှန် ကျင့်ကြံသူ တစ်ဦး ဖြစ်လာလိမ့်မည်။

ဟန်လုံက ထိုခံစားချက်များမှာ အင်မော်တယ်ဘုရင်ဆေးလုံးကြောင့်လေလားဟု တွေးတောနေရန် အချိန်မရှိပေ။ ထိုစဉ် သူမ၏ အင်မော်တယ်ဘုရင် အသိဉာဏ်ပွင့်လာမှုက ပို၍ နက်ရှိုင်းလာပြီး ဟန်လုံအနေနှင့်  တစ်ခါမှ မကြုံတွေ့ဖူးသေးသည့်  သူမ ကိုယ်ပိုင် တာအိုကို ရှင်းရှင်းလင်းလင်း ပြန်လည် သဘောပေါက်နားလည်လာသည့်အထိ ရောက်ရှိလာသည်။

သူမက အင်မော်တယ်ဘုရင်အဆင့် ရောက်ရှိသွားလျှင်ပင် ဤသို့မျိုး ကိုယ်ပိုင် တာအိုကို လေးလေးနက်နက် နားလည်သဘောပေါက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။ ထိုနားလည်နိုင်စွမ်းမှာ သူမဦးနှောက်မှ သူ့အလိုလို ပုံဖော်ကာ ဖြစ်တည်လာပြီး အတွေးတစ်ချက်ဖြင့် ထိုအဆင့်ကို ရောက်ရှိသွားစေခြင်း ဖြစ်၏။

ဝိညာဉ်စွမ်းအား စုစည်းရေး အစီအရင်က  နောက်ဆုံးတွင် အသုံးဝင်လာ၏။ ထိုစဉ် ဟန်လုံက ဝိညာဉ်စွမ်းအားများကို အသည်းအသန် စုပ်ယူနေသည်။ ကောင်းကင်က မှိန်ကျလာပြီး  ပြင်းထန်သည့် မိုးကြိုးလျှပ်စီးတိမ်တိုက်များ ဖြစ်ပေါ်လာစေသည်။

ဟန်လုံက  မျက်လုံးများကို ပိတ်ထားပြီး လက်နှစ်ဖက်လုံးမှာ  လက်ဟန်သင်္ကေတများ ဆက်တိုက် ပြုလုပ်နေသည်။ ထိုစဉ် သူမ အရှိန်အဝါမှာ ဆက်တိုက် အားကောင်းလာနေ၏။

ဘေးတွင် ရှိနေသော  မိုဝူကျီက  စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ သူက  ဝိညာဉ်စွမ်းအား  အစီအရင်ထဲ အင်မော်တယ်ကျောက် တစ်သန်းလောက်ကို ပစ်ထည့်ပေးလိုက်သည်။

ယခင် ဟန်လုံက သူ့အင်မော်တယ်ဆေးလုံးများမှာ ပြဿနာရှိနေကြောင်း ပြောစဉ်က အလွန်တုန်လှုပ်မိခဲ့သည်။ အမြင်နှင့်တင် ထိုပြဿနာများကား ရှိဟန် မပေါ်တော့ပေ။ မဟုတ်လျှင် ဟန်လုံအနေဖြင့်  အင်မော်တယ်ဘုရင် မိုးကြိုးစမ်းသပ်ချက်ကို ခေါ်ဆောင်နိုင်မည် မဟုတ်ပေ။

မိုဝူကျီ၏ အင်မော်တယ်ဘုရင်ဆေးလုံးများတွင် မည်သို့ ပြဿနာများ ရှိနိုင်မည်နည်း။

အကယ်၍ ဟန်လုံသာ ယခုစကားပြောနိုင်ပါက  ထိုဆေးလုံးမှာ   လောကတစ်ခုလုံး၌  နံပါတ်တစ် အင်မော်တယ်ဘုရင်ဆေးလုံးဟုသာ ပြောဆိုပေလိမ့်မည်။

မဟုတ်သေးဘူး  …..  အင်မော်တယ်ဘုရင်ဆေးလုံးအဖြစ် ယူဆ၍ မရ‌ပေ။ အင်မော်တယ်ဘုရင်ဆေးလုံးက ထိုမျှသိပ်သည်းနေသော ဆေးလုံးတာအိုစွမ်းအားများ ပါဝင်မည် မဟုတ်ချေ။

“ ဘုန်း ဘုန်း ဘုန်း  ”  မိုးကြိုးချက်များက ဆင်းသက်လာလေ၏။ မိုဝူကျီက  အရာအားလုံးမှာ ဟန်လုံပေါ်တွင် မူတည်နေကြောင်း သိပေသည်။

ယနေ့အတွက် သူမ မည်မျှ စောင့်မျှော်ကာ ပြင်ဆင်ထားရကြောင်း သူမ တစ်ယောက်တည်းသာ သိပေသည်။ မိုးကြိုးချက်များ ဆင်းသက်လာသည်နှင့် သူမက ကာကွယ်ရေး ရတနာကို ထုတ်ယူပြီး  ဆက်တိုက်ဆိုသလို သူမ အင်မော်တယ် သဘာဝစွမ်းအားများကို စုစည်းထားလိုက်သည်။

ဘေးတွင် မိုဝူကျီက မိုးကြိုးချက်များကို ကြည့်ကာ တွေးတောနေမိ၏။ အကယ်၍ သူသာ ဟန်လုံ၏ အင်မော်တယ်ဘုရင်  မိုးကြိုးစမ်းသပ်ချက်ကို ရင်ဆိုင်ရလျှင် ဟန်လုံထက် ပို၍ သက်သက်သာသာ ကျော်ဖြတ်နိုင်လိမ့်မည်။

ဟန်လုံအား အသိဉာဏ်ပွင့်လာစေသော အင်မော်တယ်ဘုရင်ဆေးလုံးမှာ  သူ့ကိုယ်တိုင် ဖော်စပ်ထားခြင်း ဖြစ်၍  သူက ဘေးပတ်လည်မှ ကောင်းကင်တာအိုစွမ်းအားများကို လုံးဝ စိတ်မဝင်စားချေ။ ထိုအရာများမှာ လက်ကျန်မျှသာ ဖြစ်၏။

သူက အင်မော်တယ်အရုပ်ကို ထုတ်ယူလိုက်ပြီး အရုပ်၏ ကျောက် အက်ကြောင်းထဲ  အစိမ်းရောင်ကျောက်ကို ထည့်ပေးလိုက်သည်။ ကျောက်က အရုပ်ထဲ ဝင်သွားသည်နှင့် အရုပ်၏ အပေါ်ယံ၌  ပြောင်းလဲမှု ဖြစ်လာသည့်ဟန် မပေါ်သော်လည်း အင်မတန် ရုပ်ဆိုးနေဆဲ ဖြစ်၏။ သို့သော်လည်း  မိုဝူကျီက အရုပ်အတွင်းမှ ပြောင်းလဲမှုကို ချက်ချင်း ခံစားမိလိုက်သည်။

ထိုသို့မျိုး စွမ်းအားမှာ မိုးနှင့်မြေကို ထက်ခြမ်း ခြမ်းကာ ဖျက်စီးနိုင်စွမ်း ရှိဟန် ပေါ်သည်။ ထိုစဉ် မိုဝူကျီက  သူ အလိုရှိလျှင် ထိုအင်မော်တယ်အရုပ်ကို  ထိုသို့ လုပ်ရန် စေခိုင်းနိုင်ကြောင်း ခံစားမိနေသည်။ ထိုအရာမှာ  ပုံရိပ်ယောင်ခံစားချက်တစ်ခု ဖြစ်သော်လည်း  ထိုအရုပ်က မည်မျှအံ့ဩဖို့ကောင်းကြောင်း ဖော်ပြနေခြင်း မဟုတ်ပါလော။

အကယ်၍ အရုပ်က ထိုကျောက်မှ စွမ်းအားအများအပြား သုံးပစ်မည်ကို စိုးရိမ်နေခြင်း ကြောင့်သာ မဟုတ်လျှင်  မိုဝူကျီအနေဖြင့် ထိုအရုပ်၏ လက်သီးချက်က မည်မျှအားပြင်းကြောင်း သိမြင်လို၏။

မိုဝူကျီက  အရုပ်ခေါင်းလေးကို ပွတ်ပေးလိုက်ပြီး ထိုအရုပ်မှာ ခွေးကောင်လွန်ချိုက်ကို  တားဆီးရန် လုံလောက်နိုင်မလား ဟု စဉ်းစားနေမိသည်။

“ ရွိုက်ကော မင်းလည်း ထွက်လာခဲ့ ….” မိုဝူကျီက  ဟန်လုံ၏ မိုးကြိုးစမ်းသပ်ချက်မှာ  အချိန်ကြာမြင့်ဦးမည်ကို  ခံစားမိ၍ ရွိုက်ကောကို ထုတ်လိုက်သည်။

ရွိုက်ကောက ဟန်လုံကို တစ်ချက်ကြည့်ပြီးနောက် စိတ်မဝင်စားတော့ပေ။ သူ့အမြင်အရ မိုဝူကျီ၏ မိုးကြိုးစမ်းသပ်ချက်မှာ ပို၍ ခမ်းနားကြီးကျယ်ပေသည်။

“ သခင်ကြီး …  အဲဒီရုပ်ဆိုးဆိုး  ဘုတ်ထိုင်းကြီးက  တုံးအတဲ့ ပုံကြီး  ကြည့်ရတာ  .. …. ” ရွိုက်ကောက အင်မော်တယ်အရုပ် ပခုံးပေါ် နားကာ ပြောလိုက်သည်။

ထိုစကားမဆုံးခင် အင်မော်တယ်အရုပ် နှာခေါင်းရှုံ့ကာ   “ မင်းသာ   ရုပ်ဆိုးဆိုး ဘုတ်ထိုင်းကြီး …. မင်းတို့ တစ်မိသားစုလုံး ရုပ်ဆိုးဆိုး ဘုတ်ထိုင်းကြီး  … ”

ရွိုက်ကော တစ်ယောက်တည်း အံ့ဩသွားခြင်း မဟုတ်ပေ။ မိုဝူကျီပင် အံ့ဩသွားမိ၏။ အင်မော်တယ်အရုပ်က  စကားပြောနိုင်ပြီး အသိဉာဏ်ရှိလိမ့်မည်ဟု မထင်ထားမိပေ။ စကားပြောနိုင်ရုံသာမက  ထိုကောင်လေး စကားပြောပုံက  အဘယ်ကြောင့် ရင်းရင်းနှီးနှီး ပြောနေရတာလဲ

“ မင်းက စကားပြောနိုင်တာလား … အဲဆို ငါ မင်းကို မွမ်းမံသန့်စင်တုန်းက ဘာလို့ ဘာမှ မခံစားခဲ့ရတာလဲ ” မိုဝူကျီက တအံ့တဩ မေးလိုက်သည်။

မိုဝူကျီက  ရိုးရိုးတမ်းတမ်း မေးလိုက်ဟန် ပေါ်သော်လည်း  စိတ်ထဲ၌ သတိကြီးကြီး ထားထားမိ၏။ အကယ်၍ စကား  ပြောနိုင်လျှင် ကိုယ်ပိုင် အသိဉာဏ်လည်း ရှိနေနိုင်၏။ အကယ်၍ ကိုယ်ပိုင်အသိဉာဏ် ရှိနေလျှင် ထိုအရုပ်တွင် ကိုယ်ပိုင် အမြင်များ ရှိပေလိမ့်မည်။ ကိုယ်ပိုင် အမြင်ရှိသော  အရုပ်က ကြောက်စရာ မကောင်းသော်လည်း  ကြောက်စရာ အကောင်းဆုံး အပိုင်းမှာ အရုပ်ကို  အပြည့်အဝ မထိန်းချုပ်နိုင်ခြင်း ဖြစ်၏။ စကားပြောနိုင်သည့်  စွမ်းရည်မှာ ကွန်ပျူတာ ချစ်ပ်ပြားကြောင့် မဟုတ်မချင်း သူ့အနေနှင့် စိတ်မအေးနိုင်ပေ။

အင်မော်တယ်အရုပ်က စကားတိုးတိုးပြောလိုက်သည်  “ ကျုပ်က စကားအမြဲတမ်း ပြောတတ်ပါတယ်။ အဲဒါကို ဟန်ယီက ချိတ်ပိတ်ထားခဲ့လို့  … ကျောက် ဝင်လာတဲ့အခါမှ ကျုပ် ပြန်အန်ထုတ်လိုက်ပြီး ခင်ဗျား  မွမ်းမံပေးလို့ ရမှာ ”

စကားဆုံးတွင် အင်မော်တယ်အရုပ်က ပါးစပ်ဟကာ  လက်သီးအရွယ် ပစ္စည်းတစ်ခု အန်ထုတ်လိုက်၏။ သင်္ကေတများစွာ ထိုးထွင်းထားသော ထိုပစ္စည်းမှာ မိုဝူကျီလက်ထဲ ရောက်ရှိလာသည်။

မိုဝူကျီက ထိုပစ္စည်းကို လက်ခံလိုက်သည်နှင့်  အင်မော်တယ်အရုပ်မှာ  ကွန်ပျူတာချစ်ပ်ပြားကြောင့် မဟုတ်ဘဲ လူလုပ်ပစ္စည်း စိတ်ဝိညာဉ် ကြောင့် ဖြစ်မှန်း သိလိုက်ရသည်။

ထိုလူလုပ်ပစ္စည်း စိတ်ဝိညာဉ် မှာ  အမည်မသိ သတ္တုဖြင့် ပြုလုပ်ထားဟန် ပေါ်ကာ အသက်စွမ်းအား အရိပ်အယောင်တချို့ ပါဝင်နေ၏။ ပြောရလျှင် ထိုအရုပ်ကို ကောင်းကင်တာအိုစွမ်းအားနှင့် ဆေးကြောထားလျှင် ထိုလူလုပ်ပစ္စည်း စိတ်ဝိညာဉ်မှာ အစစ်အမှန် စိတ်ဝိညာဉ် ဖြစ်လာလိမ့်မည်။ ထိုအရုပ်တွင် အသက်နှင့် အသိဉာဏ်ရှိသောကြောင့် အသက်ဝင်လာဖို့ရာ မဖြစ်နိုင်ခြင်း မဟုတ်ပေ။

ဘယ်လောက်တောင် အံ့ဩဖို့ ကောင်းတဲ့  ထုလုပ်ဖန်တီးထားသည့် အရည်အချင်းလဲ ………

မိုဝူကျိက  လူလုပ်ပစ္စည်း စိတ်ဝိညာဉ်ကို မွမ်းမံသန့်စင်ရင်း ချီးကျူးမိလိုက်၏။ အမွေးတိုင်တစ်ဝက်စာကြာချိန်အတွင်း  မိုဝူကျီက  ထိုပစ္စည်းကို မွမ်းမံ၍ ပြီးဆုံးသွားလေပြီ။ ထိုအခါမှ မိုဝူကျီက  စိတ်ပေါ့ပေါ့ပါးပါး နေနိုင်တော့သည်။

ထိုအင်မော်တယ်အရုပ်က ပိုင်ရှင်ကို ပြန်မပုန်ကန်ကြောင်း သင်ယူထားပြီးလေပြီ။ ထိုလူလုပ်ပစ္စည်း စိတ်ဝိညာဉ်မှာ  အင်မော်တယ်အရုပ်အတွက် အသက်အရင်းအမြစ် ဖြစ်လာလိမ့်မည်။ တစ်ချက်တည်းတွေးရုံဖြင့် သူက ထိုအရုပ်ကို လုံးဝ ဖျက်စီးပစ်နိုင်လိမ့်မည်။

မိုဝူကျီက ဟန်ယီသည် ထိုလူလုပ် ပစ္စည်းစိတ်ဝိညာဉ်ကို အဘယ်ကြောင့်  ချိတ်ပိတ်ခဲ့ကြောင်းနှင့် ဝင်ရောက်ပြုပြင်ဖို့ရာ အစိမ်းရောင်ကျောက် လိုကြောင်း နားလည်သွားလေ၏။ ဟန်မျိုးနွယ်စုက ဆင်းသက်လာသည့်သူ မဟုတ်သရွေ့ ထိုအရုပ်ကို ရရှိပြီးလျှင်ပင် အသုံးချနိုင်ကြမည် မဟုတ်ပေ။ အကြောင်းမှာ သူတို့၌  အစိမ်းရောင်ကျောက် မရှိပေ။ ဟန်မျိုးနွယ်စု သွေးမျိုးဆက်သာ မဟုတ်လျှင်  လက်စွပ်က ပိုင်ရှင်အဖြစ်  အသိမှတ်ပြုမည် မဟုတ်ပေ။ အတင်းကျပ်ဖွင့်ပါက လက်စွပ်က သူ့အလိုလို ပျက်စီးသွားပြီး  အထဲရှိ အရာများမှာလည်း ပျက်စီးသွားလိမ့်မည်။

သူက ထိုသဘောတရားကို နားလည်သည့်အခါ ပို၍ ခံစားချက် ကောင်းလာလေ၏။ သူက လူလုပ်ပစ္စည်း စိတ်ဝိညာဉ်ကို  အရုပ်ပါးစပ်ထဲ ပြန်ထည့်ပေးလိုက်ပြီး ပြောလိုက်သည်  “ ဒါကို ပြန်ယူထားလိုက် …. ဒါနဲ့ ကျုပ်က အင်မော်တယ် ဧကရာဇ်ကို ရန်စမိထားတာ  …. မင်း သူ့ကို အနိင်ယူနိုင်ပါ့မလား  ”

အင်မော်တယ်အရုပ်က စဉ်းစားပြီးနောက် ပြောလိုက်သည်  “ အင်မော်တယ် ဧကရာဇ် နောက်ဆုံးအဆင့်လောက်တော့  မရှိတဲ့ လေလို ပါပဲ   ”

မိုဝူကျီက များများစားစား ဆက်မတွေးတော့ပေ။  သူက ထိုစကားများကြားသည့်အခါ အင်မော်တယ်အရုပ် ခေါင်းကို အသာပုတ်ပေးလိုက်ပြီး  “ မဆိုးဘူး … မဆိုးဘူး .. နောင်ကျ မင်းကို  … ”

မိုဝူကျီက အင်မော်တယ်အရုပ်အတွက် နာမည်တွေးပေးနေသည်။ အင်မော်တယ်အရုပ်စကားနောက်ကွယ်မှ အဓိပ္ပါယ်အစစ်အမှန်မှာ ယခင် သူက အင်မော်တယ် ဧကရာဇ် နောက်ပိုင်းအဆင့်များစွာ မြင်တွေ့ဖူးခြင်းကို ဖြစ်ပြီး  အင်မော်တယ်ဧကရာဇ်တစ်ယောက်၏ စွမ်းအားမှာ  သူနှင့် ယှဉ်လျှင် မရှိသည့်လေလုံးအဖြစ် ယူဆနိုင်ကြောင်းကို ဆိုလိုခြင်း မဟုတ်ချေ။ အကယ်၍ မိုဝူကျီသာ သိပါက နာမည်စဉ်းစားပေးနေမည့် ခံစားချက် ရှိလာမည့် မဟုတ်ပေ။

“ သခင်ကြီး  … သူ့ကို ရွိုက်ဝမ်လို့ ဘာလို့ မပေးတာလဲ  …. ကျတော်က ရွိုက်ကောလေ … သူ့ကို ရွိုက်ဝမ်ဆို အဆင်ပြေဘူးလား ” ရွိုက်ကောအနေဖြင့်  မိုဝူကျီက  ရုပ်ဆိုးဆိုး ဘုတ်ထိုင်းကို နာမည်ပေးရန် စဉ်းစားပေးနေကြောင်း မြင်သောအခါ ချက်ချင်းဆိုသလို အကြံဆိုပေါ်လာလေ၏။ သူ့မျက်လုံး၌  အိုးက ပန်းကန်လုံးထက် ပိုအရေးကြီးပေသည်။

(မှတ်ချက် -  ကောမှာ အိုး ဖြစ်ကာ ဝမ်မှာ  ပန်းကန်လုံး ဖြစ်ပေ၏။ မိုဝူကျီ အနာဂတ် သားရဲလေး နာမည်က ခက်ရင်း ဖြစ်မလား  … ဓားဖြစ်မလား  …. )

“ သခင်ကြီး အဲဆို ကျတော့  နာမည် ရွိုက်ကောလို့ ပေးလိုက်မယ် …. ” အင်မော်တယ်အရုပ်က လူလုပ်ပစ္စည်းစိတ်ဝိညာဉ်ကို သိမ်းဆည်းပြီးနောက် တုံ့ဆိုင်းမနေဘဲ ဝင်ပြောလိုက်သည်။ သူက ရွိုက်ကောဆီမှ မိုဝူကျီကို သခင်ကြီးဟု ခေါ်သည့်အတိုင်း သင်ယူလိုက်သေး၏။

“ မရပါဘူး  … ရွိုက်ကောက ငါ့နာမည် … မင်းနာမည်က ရွိုက်ဝမ်ပဲ  ။  သခင်ကြီးဆိုတာ  ငါခေါ်ဖို့ ။ မင်းက အရုပ်လေ အဲဆိုတော့ သူကို  ပိုင်ရှင်လို့ ခေါ်သင့်တယ်  ” ခြင်က  ဘုတ်ထိုင်း သူ့နာမည် ခိုးယူနေသည်ကို မြင်သောအခါ ချက်ချင်းဆိုသလို ဒေါသထွက်လာလေ၏။

“ ဒါပေမဲ့ ငါက သခင်ကြီးလို့ပဲ ခေါ်ချင်တာ  …. သခင်ကြီး  သခင်ကြီး  … ” အင်မော်တယ်အရုပ်က ရွိုက်ကောကို “ မင်း ဘာတတ်နိုင်သေးလဲ” ဆိုသည့် မျက်နှာထားဖြင့်  ဆက်တိုက်  ရန်စနေလေ၏။

ရွိုက်ကော၏ အသက်ရှုသံများက ပြင်းထန်လာလေ၏။ သူက မိုဝူကျီနောက် လိုက်လာသည်မှာ  အချိန်အတော်ကြာမြင့်ပြီ ဖြစ်သော်လည်း  အဆင့် ၇ သားရဲ မျှသာ ဖြစ်နေသေး၏။ အင်မော်တယ်အရုပ်နှင့် နှိုင်းယှဉ်လျှင် သူတို့ကြား၌  မိုင်ပေါင်းသောင်းချီ ကွာဝေးနေသေး၏။

မိုဝူကျီက  လက်ကာပြကာ  “ မင်းကို တာ့ဟွမ်လို့ ခေါ်မယ် …မင်းကို မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲမှာ တွေ့တော့ ဒီနာမည်နဲ့  ကိုက်တယ်လေ ”

(မှတ်ချက် -  တာ့ဟွမ် မှာ မဟာကင်းမဲ့ အဓိပ္ပါယ် ရပေ၏ )

“ သခင်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျတော့နာမည် တာ့ဟွမ်က  ရွိုက်ကောထက် ပိုကောင်းတယ် ” အင်မော်တယ်အရုပ်က မိုဝူကျီအား မယဉ်မကျေး မပြုမူရဲပေ။

“ ညီလေးတာ့ဟွမ် … အကြီးတွေကို လေးစားရမယ်ဆိုတာ မသိဘူးလား။ အခုမှ ရောက်လာခါစကို ခေါင်းပေါ် တက်ထိုင်ချင်နေတာလား။ မင်းကို နည်းနည်းလေး ကိုက်ရုံနဲ့ စားပစ်လို့ ရတယ်ဆိုရင် ယုံလိုက် ….. ” အရုပ်စကားများက ရွိုက်ကောကို ဒေါသထွက်စေ၏။

ရွိုက်ကောထက် ပိုကောင်းတဲ့နာမည် ဘယ်လိုလုပ် ရှိမှာလဲ  …..

တာ့ဟွမ်က ပြန်လည်ချေပတော့မည့်ဆဲဆဲတွင် မိုဝူကျီက မြန်မြန် ပြောလိုက်ရသည် “ အားလုံး ရန်မဖြစ်နေကြနဲ့တော့  … နောင်ကျ တစ်ယောက်နဲ့ တစ်ယောက် ကူညီပေးရမယ် ”

မိုဝူကျီက ရွိုက်ကော၏ ဇာစ်မြစ်အကြောင်း အသေအချာ သိထားပေရာ တာ့ဟွမ်အနေဖြင့် ရွိုက်ကောစကားများကို များများစားစား မတွေးမိကောင်းသော်လည်း  ရွိုက်ကောက  သွေးဆာခြင်နက်မျိုးနွယ်မှ ဆင်းသက်လာသောကြောင့် ရွိုက်ကောစကားများက အမှန်ဖြစ်ကြောင်း သိပေသည်။ ထိုခြင်ကြီးက တာ့ဟွမ်ကို စားပစ်နိုင်စွမ်း အမှန်တကယ် ရှိ၏။

တစ်ရက်ကျ ဤခြင်က တာ့ဟွမ်၏ ကျောက် စွမ်းအားမရှိတော့သည့်အချိန် နှင့် သူ ကျင့်ကြံနေသည့်အချိန် စောင့်ဆိုင်းပြီး တာ့ဟွမ်ကို စားပစ်လိုက်လျှင် အမှန်တကယ် ဆုံးရှုံးမှုကြီး ဖြစ်လိမ့်မည်။

All Chapters