← Chapters

အပိုင်း(၄၅၂)

Vol. 31 Ch. 452

အပိုင်း(၄၅၂)

Vol. 31 Ch. 452

အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူမှာ  ပြင်းထန်သောရေခဲစွမ်းအင်များထဲမှ ခပ်ရေးရေးဖြစ်ပေါ်နေသော ပုံရိပ်အားကြည့်လိုက်သည်။ ရုတ်တရက် ဆိုးရွားသော ခံစားချက်တစ်ခုက သူ၏နှလုံးသားထဲတွင်မြင့်တက်လာသည်။ သူကအရမ်းထိတ်လန့်သွားသောကြောင့် အလျှင်အမြန်အဝေးကိုထွက်ပြေးခဲ့ပြီး   အစောပိုင်းက သူတတွတ်တွတ်

ရေရွတ်နေသော စစ်ပွဲ၏ အကျိုးအမြတ်များကိုပင် လက်လျော့လိုက်၏။

“ဟမ့်  …အခုမှခင်ဗျားကပြေးချင်တာလား”

အေးစက်ကသော နှာမှုတ်သံတစ်ချက်က ပြင်းထန်သော စွမ်းအင်များကြားထဲမှ ထွက်ပေါ်လာသည်။ထို့နောက် ပုံရိပ်တစ်ခုက စွမ်းအင်များထံမှ ရွှတ်ခနဲ ထွက်ပေါ်လာသည်။သို့သော် ပုံရိပ်မှာပျံသန်းနေသကဲ့သို့ ကောင်းကင်ထဲ၌ တောက်ပနီရဲသောသွေးများကလည်း  သွေးမိုးများရွာသွန်းသကဲ့သို့

ပန်းထွက်နေသည်။

ထျန်းခွန်းဂိုဏ်း၏  အစွမ်းအထက်ဆုံးသိုင်းပညာရပ်၏

ထိမှန်မှုအားခံရပြီးနောက်တွင် ရှစ်ဖုန့်၌ ပြတ်ရှရာများ ပွန်းပဲ့ရာများဖြင့်ပြည့်နှက်နေ၏။ သူ၏အသားများက ဆိုးရွားစွာပုံပျက်နေပြီး သူ၏မျက်နှာ မှာ မှတ်မိနိုင်သော အနေအထားထက်ပင်ကျော်လွန်နေခဲ့ပြီဖြစ်သည်။သူ၏ဒဏ်ရာများကိုကုသရန်နှင့်  မူလစွမ်းအင်တို့အားပြန်လည်ဖြည့်တင်း

ရန်အတွက်  သူ၏ပါးစပ်အတွင်းဆေးလုံးများအား ဆက်တိုက်ထည့်ဝါးနေသည်။

“အမေ..အမေ..အကိုကြီးက မသေဘူး”

လှပသောကောင်မလေးက သွေးများ ရူးသွပ်စွာပန်းထွက်နေသည့် ပုံရိပ်အားမြင်တွေ့လိုက်ရသောအခါတွင်  လွန်စွာတုန်လှုပ်အံ့အားသင့်မှုတို့ဖြင့် အလန့်တကြားထပ်မံအော်ပြောလိုက်သည်။

ထို့‌နောက် သူမကပြောလိုက်သည်။

“ဒါပေမဲ့ သူတော်တော်လေးကို အပြင်းအထန်ထိခိုက်မိထားတဲ့ပုံပဲ.. ဒီလိုသာဆက်သွားရင်  သူ့ကိုယ်ထဲက

သွေးတွေ အကုန်လုံးဆုံးရှုံးသွားမှာကိုတောင် သမီးကြောက်မိတယ်”

“သူ တကယ် အသက်ရှင်နေသေးတာပဲ..”

လေအား တစ်ဟုန်ထိုးထိုးခွင်းပြီးသွေးများက အောက်သို့အဆက်မပြတ်ပန်း

ထွက်နေသော  ပုံရိပ်အားကြည့်၍   လှပသောအမျိုးသမီးက

မယုံကြည်နိုင်မှုတို့ဖြင့် တီးတိုးပြောလိုက်သည်။

“ငရဲကိုသွားစမ်း.. သောက် နှုတ်ခမ်းမွှေးကောင်”

ရှစ်ဖုန့်၏ ဆိုးရွားစွာ စုတ်ပြတ်သတ်နေသော ခန္ဓာကိုယ်က   ကိုနှုတ်ခမ်းမွှေးနှင့် နီးကပ်သည်ထက်နီးကပ်လာသည်။  သူကရုတ်တရက်ရှေ့သို့  သူ၏ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

သက်လတ်ပိုင်းအရွယ် ကိုနှုတ်ခမ်းမွှေး၏  အထက်တွင်   ဧရာမ အဖြူရောင်

ဓားချီတစ်ခုက ရုတ်တရက်ပေါ်လာသည်။  ရှစ်ဖုန့်၏လှုပ်ရှားမှုနောက်သို့လိုက်ပါ၍  အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်   သက်လတ်ပိုင်းအရွယ်  လူထံသို့  ရုတ်တရက်ခုတ်ပိုင်းချလိုက်သည်။

“ချိုးဖျက်စမ်း”

အထက်မှနေ၍ ခုတ်ပိုင်းကျဆင်းလာသော ဧရာမဓားကြီးအားတွေ့ရသောအခါတွင် သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးမှာ

ရှေ့သို့ တစ်ဟုန်ထိုးတိုး၍ ရုတ်တရက် ပေါ်သို့ အရှိန်အဟုန်ဖြင့်ထိုးတက်လိုက်ကာ  ကျဆင်းလာသော ဧရာမဓားချီထံသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ဝုန်း”

မြည်ဟိန်းသံတစ်ခုနှင့်အတူ  ကိုနှုတ်တခမ်းမွှေး၏လက်သီးချက်ကြောင့်  ဓားချီမှာ ရုတ်ခြည်းပြိုကွဲသွားသည်။

ထို့နောက် သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးမှာ ရုတ်တရက်လှည့်လိုက်သည်။  သူ့ထံသို့ တစ်ဟုန်ထိုးချဉ်းကပ်လာနေသော  ရှစ်ဖုန့်အားရင်ဆိုင်ရင်း  ဒေါသတကြီးအော်ဟစ်လိုက်၏။

“တော်တယ်ကောင်လေး.

.ဒီလိုဖြစ်နေတာတောင်မင်းမှာ ဒီလိုမျိုးခွန်အားတွေကျန်နေသေးတယ်..ဒီအရှင်က စွမ်းအားတွေအများကြီး သုံးစွဲထားပေမဲ့ ဒီလောက်ထိ ထိခိုက်မှုတွေခံပြီးတော့ ဒီအရှင်ရဲ့ အားကောင်းတဲ့တိုက်ခိုက်မှုကိုတားဆီးခဲ့တယ်.. မင်းကိုယ်ထဲက အဆီအနှစ်စွမ်းအင်ပမာဏက အများကြီးကျန်တော့မှာမဟုတ်ဖူး.. ဆက်ပြီးတိုက်ခိုက်ကြမယ်ဆိုရင် မဖြစ်မနေသေဆုံးရမှာက ဒီအရှင်ဖြစ်မှာမဟုတ်ဘူး”

လက်သီးတစ်ချက်ဖြင့် ရှစ်ဖုန့်၏ တိုက်ခိုက်မှုအားချိုးဖျက်ပြီးနောက်  ကိုနှုတ်ခမ်းမွှေး၏ စိတ်ပူပန်မှုအများလုံးဝပျောက်ကွယ်သွားသည်။ ထို့နောက်သူက အော်ပြောလိုက်၏။

“ကောင်းကင်မြူလက်သီး”

သက်လတ်ပိုင်းအရွယ် ကိုနှုတ်ခမ်းမွှေးက  ချဉ်းကပ်လာနေသော ရှစ်ဖုန့်ထံ  ထပ်မံ လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။  သူ၏လက်သီးဖြတ်သန်းသွားရာ

နေရာတိုင်းတွင်  လေအေးများ ပေါက်ကွဲထွက်ပေါ်လာ၏။

သက်လတ်ပိုင်းအရွယ်လူ၏ လက်သီးအားမြင်တွေ့လိုက်ရသောအခါတွင် နီရဲသောသွေးများစွန်းထင်းနေသည့် ရှစ်ဖုန့်  အမွှေးများဖြင့်ညာလက်က   သွေးနီရောင်အလင်းတစ်ခု လင်းလက်သွားပြီး  သွေးဓားက သူ၏လက်ချောင်းပေါ်၌  ဓားအမှတ်အသားတစ်ခုအဖြစ်ပြန်

ပြောင်းသွားသည်။

ထို့နောက်ချက်ချင်း  ရှစ်ဖုန့်က  သူ၏ညာလက်အား လက်သီးအဖြစ်ဆုပ်လိုက်ပြီး  လာနေသော ကောင်းကင်မြူလက်သီးထံသို့  လက်သီးကိုပစ်သွင်းလိုက်သည်။

“ဝုန်း”

လက်သီးနှစ်ခုက တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ပစ်ဆောင့်သွားပြီး  အသံလှိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်သွားသည်။  ရှစ်ဖုန့်၏ကိုယ်နှင့် ကိုနှုတ်ခမ်းမွှေးတို့၏ကိုယ်မှာ မြင့်မားသော အဟုန်ဖြင့်  နောက်သို့ လွင့်ပျံထွက်သွား၏။

သူတို့နှစ်ဦးစလုံးက များပြားသောစွမ်းအင်တို့ကို သုံးစွဲခဲ့ကြ၏။ထို့ကြောင့် သူတို့နှစ်ဦးကြား၌ အနိုင်အရှုံး က ရှင်းလင်းစွာဖြစ်ပေါ်ခြင်းမရှိချေ။

‌

နောက်သို့ လွင့်ပျံနေရင်းရှစ်ဖုန့်က  သူ၏ဘယ်လက်အတွင်းမှလပြည့်ဓားအား သိုလှောင်လက်စွပ်အတွင်း

ပစ်ထည့်လိုက်သည်။ ဤအချိန်တွင် သူ၏ကိုယ်အတွင်းမှ ငရဲဘုံကိုးခု သေခြင်းစွမ်းအင်(ဝါ) အမှောင်စွမ်းအင်မှာ နည်းပါးနေပြီး  သူ့အနေဖြင့် လပြည့်ဓား အားတိုက်ခိုက်ရန်အတွက် အသက်မသွင်းနိုင်ပေ။ အကယ်၍ ၎င်းအား သူကိုင်ထားလျှင်တောင် ၎င်းက အနှောက်အယှက်တစ်ခုသာဖြစ်

လိမ့်မည်ဖြစ်သည်။

ကိုနှုတ်ခမ်းမွှေးနှင့်ထိပ်တိုက်တွေ့ဆုံပြီးနောက်  ကိုနှုတ်ခမ်းမွှေးမှာ သူ၏အဆီအနှစ်စွမ်းအင် (ဝါ)မူလစွမ်းအင်တို့အား  အများအပြားသုံးစွဲခဲ့ရုံသာမက  ထျန်းခွန်း လက်ဝါးပုံရိပ်အားအသုံးပြုပြီးနောက်  ၎င်း၏ တိုက်ခိုက်ရေးစွမ်းအားအား ကြီးမားစွာလျော့ကျစေသည့် တန်ပြန်သက်ရောက်မှုကိုခံစားခဲ့ရ

သည်ကိုရှစ်ဖုန့်သိလိုက်သည်။

“နောက်တစ်ခါ”

ရှစ်ဖုန့်၏ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောမျက်နှာက  ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ကိုယ်က နောက်သို့ လွင့်ပျံနေရာမှ ချက်ချင်းရပ်တန့်သွားပြီးနောက်  သူ့ရှေ့တွင်ရှိနေသောကိုနှုတ်ခမ်းမွှေးထံသို့  လျှင်မြန်စွာပျံသန်းသွားလိုက်သည်။

ဤလူက ကောင်းကင်ဝိညာဉ်အပြာရောင်

သလင်းကျောက်အားခိုးယူခဲ့ပြီး   သူ၏လက်အား ရေခဲဓားမြှောင်ဖြင့် ဖြတ်လုနီးပါးဖြစ်စေခဲ့သည်ဖြစ်သည်။ သူကရှစ်ဖုန့်၏ရတနာများနှင့်သိုင်းပညာရပ်များကိုလည်းငမ်းငမ်းတက်လိုချင်နေခဲ့သည်။ ယခုရှစ်ဖုန့်မှာ ထျန်းခွန်းလက်ဝါးပုံရိပ်ကြောင့်  ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သူ့အနေဖြင့် ဤလူအားသတ်ကိုသတ်ရမည်ဖြစ်သည်။

“တိုက်”

အခြားတစ်ဖက်တွင်ရှိနေသော  သက်လတ်ပိုင်းအရွယ် ကိုနှုတ်ခမ်းမွှေးကလည်း  ကျယ်လောင်စွာအော်လိုက်သည်။ သူ၏ရွှေရောင်ခန္ဓာကိုယ်ကလည်း ရှစ်ဖုန့်ထံပျံသန်းသွား၏။

“ဝုန်း”

လက်သီးနှစ်ခုက ထပ်မံ၍ပြင်းထန်စွာ ပစ်ဆောင့်ကြပြန်သည်။

ပုံရိပ်နှစ်ခုက နောက်တစ်ကြိမ်ထပ်မံ၍ နောက်သို့လွင့်ပျံသွားပြန်၏။ သို့သော် ဤတစ်ကြိမ်တွင် ပုံရိပ်နှစ်ခုမှာသူတို့ရပ်တန့်ခြင်းပြုရန်အတွက် သိပ်ဝေးဝေးသို့ မလွင့်ပျံသွားပေ။

ထို့နောက် သူတို့ရှေ့သို့ပျံသန်းလာပြီ  တစ်ယောက်နှင့်တစ်ယောက် တစ်ကြိမ်ပြီးတစ်ကြိမ်ထိပ်တိုက်

တွေ့ကြပြန်သည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

ပုံရိပ်နှစ်ခုမှာ ထပ်မံထိပ်တိုက်တွေ့လိုက် ထပ်မံကွဲကွာလိုက်နှင့် ထပ်ခါထပ်ခါဖြစ်နေကြ၏။သို့သော်  ထုတ်လွှတ်ဖြစ်ပေါ်နေသော အသံလှိုင်းပေါက်ကွဲမှုကတော့ အားနည်းသည်ထက်အားနည်းလာသည်။ တိုက်ပွဲအတွင်း ပုံရိပ်နှစ်ခု၏စွမ်းအားတို့က  အရှိန်အဟုန်ဖြင့်ကုန်ဆုံးလာသည်မှာသိသာ၏။ နှစ်ယောက်စလုံးအားနည်းသည်ထက်အားနည်းလာကြသည်။

သိပ်မကြာခင် ဟင်းလင်းပြင်ထဲ၌တိုက်ခိုက်နေကြသော ပုံရိပ်နှစ်ခုမှာ  တိုင်ပင်ထားကြသကဲ့သို့  ပြင်းထန်သော လက်သီးတစ်ခုစီကိုထုတ်ဖော်လိုက်ကြသည်။  ဟင်းလင်းပြင်ထဲ၌ ဆိုင်းငံ့ဝဲနေသောပုံရိပ်တို့မှာ  မြေပြင်ပေါ်သို့ ကျဆင်းလာသည်။

သူတို့၏ခြေထောက်များက မြေပြင်အားထိတော့မည့်အချိန်တွင်  ရုတ်တရက် ပြင်းထန်သောလက်သီးချက်တစ်ခုအား တစ်ချိန်တည်းထုတ်ဖော်လိုက်ကြသည်။ လက်သီးတို့၏ ပေါက်ကွဲမှုအောက်တွင်  နှစ်ယောက်သား ထပ်မံ၍ နောက်သို့ တစ်ဟုန်ထိုးလွင့်ပျံသွားသည်။

“ဘန်း..ဘန်း.”

ပုံရိပ်နှစ်ခုမှာမြေပြင်ပေါ်သို့ပြင်းထန်စွာကျဆင်းသွား၏။သူတို့၏ သန်အာသော ခန္ဓာကိုယ်များက သူတို့အောက်ရှိများစွာသော အပြာရောင်သလင်းကျောက်များအား ခြေမွပစ်လိုက်သည်။

“ဟူး.ဟူး..”

“ဟူး..ဟူး”

မြေပြင်ထက်၌ လဲနေသော ပုံရိပ်နှစ်ခုမှာ ပြင်းထန်စွာ အသက်ရှုနေကြရသည်။ ထို့နောက် ပုံရိပ်နှစ်ခု မြေပြင်မှ ဖြည်းဖြည်းချင်း

ထလာပြီး  တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင်လိုက်ကြ၏။

“ဟူး..ဟူး….ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်အဆင့်နဲ့ငါ့ကိုဒီအခြေအနေအထိရောက်အောင်တွန်းပို့တဲ့သူက မင်းကပထမဆုံးပဲ”

သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးက သူ့ရှေ့ရှိ မှတ်မိရန်ပင်ခက်ခဲလောက်အောင်

ဆိုးရွားစုတ်ပြတ်နေသော ခန္ဓာကိုယ်အားကြည့်လိုက်သည်။ သူသည် ပြင်းထန်စွာခက်ခက်ခဲခဲအသက်ရှူနေရဆဲဖြစ်သည်။

“ဟမ့်…ဟူး.. ဒီသခင်လေးက  ခင်ဗျားကို ပထမဆုံးသတ်မဲ့ ကြယ်သုံးပွင့်သူတော်စင်နယ်ပယ်ပဲ”

ရှစ်ဖုန့်သည်လည်း ပြင်းထန်စွာအသက်ရှူနေရပြီး   ပြောလိုက်သည်။

“ဒီသခင်လေးဒီနေ့ ခင်ဗျားကိုသတ်မယ်”

ထို့နောက် သူ၏ အားအင်ကုန်ခမ်းပင်ပန်းနွမ်း

နယ်နေသောကိုယ်အား ဆွဲ၍ သက်လက်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေးထံ တစ်လှမ်းချင်း လျှောက်လှမ်းလာသည်။  သို့သော်  ရှစ်ဖုန့်၏လက်ရှိအခြေအနေအားကြည့်၍ သူ့အနေဖြင့် လမ်းပင် မှန်မှန်လျှောက်လှမ်းနိုင်ပုံမရချေ။

“ဟားဟား..မင်းကဒီလိုမျိုးနဲ့ငါ့ကိုသတ်ချင်သေးတာလား. ငါမင်းကိုသတ်ပြီးတဲ့နောက်မှာ မင်းမှာရှိတဲ့အရာအားလုံးကငါနဲ့

သက်ဆိုင်လိမ့်မယ်”

သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေး

ကပြောရင်း  သူ၏ ညာလက်အား အနည်းငယ်မြှောက်လိုက်သည်။သူ့လက်ဝါးအားသူ့ထံသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာနေသည့် ရှစ်ဖုန့်ထံမျက်နှာမူထားသည်။  ပါးလျသော လေအေးစီးကြောင်းတစ်ခုက သူ၏လက်ဖဝါးအတွင်းလှည့်ပတ်လာ၏။

“အိုး.အဲ့လိုလား”

ရှစ်ဖုန့်၏သွေးလွှမ်းနေသောမျက်နှာပေါ်မှာ  ရုတ်တရက်ကျောချမ်းဖွယ် အပြုံးတစ်ခုထွက်ပေါ်လာသည်။  ထို့နောက်  သူ၏ညာဘက်လက်ခလယ်အား

ကွေးညွှတ်လိုက်ပြီး သူ၏ လက်မနှင့်ဖိလိုက်သည်။ထို့‌နောက်  သူ၏လက်ခလယ်အား ရှေ့သို့တောက်ထုတ်လိုက်၏။

ရုတ်တရက်  သွေးနီရောင်အလင်းတစ်ခုက  ရှစ်ဖုန့်၏ အမွှေးနက်များဖြင့် လက်ခလယ်ပေါ်တွင် လင်းလက်လာသည်။ထို့နောက် သွေးနီရောင်အလင်းတစ်ခုက လက်ချောင်းထိပ်ဖျားမှာ ရွှတ်ခနဲထွက်သွားသည်။

ဤသွေးနီရောင်အလင်းမှာ ရှစ်ဖုန့်ပစ်လွှတ်လိုက်သော သွေးဓား(ဝါ)သွေးသောက်ဓား၏  အလင်းဖြစ်သည်။ ထို့နောက်သွေးသောက်ဓားထံမှ ကြမ်းကြတ်သောသားရဲတစ်ကောင်က ဟိန်းဟောက်နေ၏။ ၎င်းမှာ လက်သီးဆုပ်အရွယ်သာရှိပြီး

သေးငယ်သော သွေးနီရောင်အကြေးခွံများ ဖုံးလွှမ်းနေကာ  ဦးခေါင်း၌ ချွမ်မြသော ဦးချိုတစ်ခု ပါရှိသည်။၎င်း၏မျက်နှာကကြမ်းကြတ်

ခက်ထန်ပြီး  ၎င်း၌သွေးနီရောင်အလင်းတစ်ခု ဝိုးတိုးဝါးတားဖြစ်ပေါ်နေသည်။

၎င်းမှာ ရှေးဟောင်း  သားရဲရိုင်း သွေးယင်သားရဲဖြစ်သည်။

ဆက်ရန်………

ဘာသာပြန်သူ-ARISE

All Chapters