ကျုပ်ရဲ့ ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ လာခဲ့
Vol. 45 Ch. 615
လဝက်အကြာတွင် ဟန်လုံ၏ မိုးကြိုးစမ်းသပ်ချက်က ဖြည်းဖြည်းချင်း ပျောက်ပျက်သွားလေ၏။ မိုဝူကျိက ဟန်လုံကို ကြည့်ဖို့ရာပင် မလိုပေ။ သူမ စွမ်းအားများကို ခံစားလိုက်ရုံဖြင့် ဟန်လုံက အင်မော်တယ်ဘုရင်အဆင့် ရောက်ရှိသွားပြီး သူမ ကျင့်ကြံဆင့် တည်ငြိမ်အောင် ဝိညာဉ်စွမ်းအားများ စုပ်ယူနေခြင်း ဖြစ်ကြောင်း ပြောနိုင်သည်။
မိုဝူကျိက အလျှင်မလိုပေ။ သူက တာ့ဟွမ်နှင့် စကားလက်ဆုံ ပြောနေလိုက်၏။ တာ့ဟွမ် သိထားသည်မှာ အနည်းငယ်မျှသာ ရှိပြီး သူ့ကို ဖန်တီးပေးခဲ့သူမှာ အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားတစ်ဦး ဖြစ်ကြောင်းသာ သိ၏။ ကြည့်ရသည်မှာ ထိုအစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားက မှော်ရတနာများကို ထုဆစ်စဉ် ကျန်ရှိနေသော လက်ကျန်ပစ္စည်းများကို သုံးကာ တာ့ဟွမ်ကို ဖန်တီးထားခြင်း ဖြစ်ပေသည်။
အစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသား၏ သွင်ပြင်၊ နာမည်နှင့် တည်နေရာကို တာ့ဟွမ်အနေဖြင့် ဘာဆိုဘာမှ မသိပေ။ သူ သိသည့် တစ်ခုတည်းသော အရာမှာ ထိုလူ ဖန်တီးပြီးနောက် စိတ်ကျေနပ်ပုံ မရသည့်အချက် ဖြစ်၏။ ထိုလူက တာ့ဟွမ်မှာ အလွန်ရုပ်ဆိုးနေသောကြောင့် အာကာပြင်ထဲ လွှင့်ပစ်လိုက်ခြင်း ဖြစ်၏။
အစပိုင်းတွင် မိုဝူကျိက ထိုအစိမ်းရောင်ဝတ်ရုံနှင့် အမျိုးသားကို လေးစားမိ၏။ သူက ဤသို့မျိုးအားကောင်းသည့် အင်မော်တယ်အရုပ်မျိုးကို အလွယ်တကူ ဖန်တီးနိုင်ပေသည်။ ထိုအမျိုးသားက စိတ်မကျေနပ်ရုံမျှလောက်ဖြင့် တာ့ဟွမ်ကို အာကာပြင်ထဲ လွှင့်ပစ်လိုက်သည်ကို ကြားသောအခါ မိုဝူကျိ၏ အထင်ကြီးလေးစားမှုမှာ အနည်းငယ် လျော့ကျသွားလေ၏။
အကယ်၍ တာ့ဟွမ်က သာမာန်အင်မော်တယ်အရုပ် ဖြစ်နေလျှင် ထားလိုက်ပါတော့ …..
သို့သော် အဓိကအချက်မှာ တာ့ဟွမ်၌ လူလုပ်ပစ္စည်း စိတ်ဝိညာဉ် ရှိနေသည် မဟုတ်ပါလော။ ဆိုလိုသည်မှာ အသက်ဘဝ ဖြစ်တည်လာဖို့ရာ ဖြစ်နိုင်ချေ ရှိပေသည်။ ထိုသို့မျိုး အရုပ်မျိုးကို လွှင့်ပစ်လိုက်ဖို့ရာ မိုဝူကျိ ကိုင်တွယ်သည့် ပုံစံနှင့် အမှန်တကယ် ကွာခြားလွန်းပေသည်။
ခြင်ကြီး ရွိုက်ကောက မိုဝူကျိ တာ့ဟွမ်အား ဆက်ဆံပေးသည့်ပုံကို အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ သူ့စိတ်ထဲ၌ ဘယ်သူက အထက်လူကြီးလဲဆိုတာ သိအောင်ပြဖို့ နည်းလမ်းကို စဉ်းစားနေမိသည်။
သူ့သခင်ကြီး မိုဝူကျိ မရှိသည့်အချိန်ကို စောင့်ဆိုင်းရမည်။
သုံးရက်ကုန်ဆုံးပြီးနောက် ဟန်လုံက သူမကျင့်ကြံဆင့် အခြေတည်ငြိမ်သွားလေပြီ။ သူမ ပထမဆုံးလုပ်သည့်အရာမှာ မိုဝူကျိကို ရှာဖွေခြင်း ဖြစ်၏။ မိုဝူကျိကို စိတ်ခံစားချက်အစုံဖြင့် ဦးညွှတ်ကာ
“ ဆေးလုံးဆရာမို …. ရှင့်ရဲ့ အင်မော်တယ်ဘုရင်ဆေးလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျမ မြင်ဖူးသမျှအထဲ အကောင်းဆုံး အင်မော်တယ်ဘုရင်ဆေးလုံးပါ။ တခြားအင်မော်တယ်ဘုရင်ဆေးလုံးတွေက အင်မော်တယ်ဘုရင် ဖြစ်လာနိင်ချေကို ၃၀ ရာခိုင်နှုန်းလောက် တိုးပေးပေမဲ့ ရှင့်ဆေးလုံးက ၉၀ ရာခိုင်နှုန်းလောက်အထိကို တိုးမြင့်ပေးတယ်။ မဟုတ်သေးဘူး …. မဟာလော့ရှန်းဆင့် ကျင့်ကြံသူကို အင်မော်တယ်ဘုရင် ဖြစ်လာဖို့ ရာနှုန်းပြည့်ကို သေချာနေတာ ”
မိုဝူကျိက ရယ်မောကာ “ ကျုပ်ကို တာအိုရောင်းရင်းဟန်က ယုံကြည်ပြီးအပ်နှံ့ပေးထားမှတော့ ကျုပ်လည်း အကောင်းဆုံး ကြိုးစားရတာပေါ့။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ အင်မော်တယ်ဘုရင်အဆင့် ရာနှုန်းပြည့် ဖြစ်လာစေနိုင်တဲ့ အင်မော်တယ်ဘုရင်ဆေးလုံးဆိုတာ မရှိပါဘူး။ တာအိုရောင်းရင်းဟန်က အကောင်းဆုံး ပြင်ဆင်ထားလို့ပါ ”
ဟန်လုံက အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းသွားပြီးနောက် သူမ ရင်သားများလည်း နဂိုအတိုင်း ပြန်ဖြစ်လာလေပြီ။ ယခု သူမတွင် အလှပဂေးတစ်ယောက် ရှိသင့်သည့် ကောက်ကြောင်းများ ရှိနေပြီ ဖြစ်၏။ ထိုအရာက မိုဝူကျိ ကျေနပ်သွားစေသည်။ သူက ဟန်လုံကို ကူညီပေးလိုက်နိုင်၏။ တာ့ဟွမ်နှင့် ယှဉ်လျှင် အင်မော်တယ်ဘုရင်ဆေးလုံး တစ်သုတ်စာလောက်က ဘာမှ မထိုက်တန်ပေ။ အင်မော်တယ်ဘုရင်ဆေးလုံး၏ တန်ဖိုးမှာ တာ့ဟွမ်နှင့် နှိုင်းယှဉ်၍ပင် မရချေ။
ဟန်လုံက လေးလေးနက်နက် ဆက်ပြောလိုက်သည် “ မဟုတ်ပါဘူး … အရင် ကျမ မှားခဲ့တယ်။ ရှင့်ရဲ့ အင်မော်တယ်ဘုရင်ဆေးလုံးက တခြားဆေးလုံး ဧကရာဇ်တွေ ဖော်စပ်ထားတာနဲ့ ကွဲပြားနေတာ …. ကျမကို သာမာန်အတွင်းက ထူးခြားမှုကို ခံစားမိစေခဲ့တယ်။ ပြီးတော့ အဆုံးမဲ့ကြာရှည်ခံနေတဲ့ တာအိုစွမ်းအားတွေလည်း ပါဝင်နေသေးတယ် .. အဲဒါကြောင့် ကျမ အင်မော်တယ်ဘုရင်အဆင့်ကို အတားအဆီးမရှိ တက်လှမ်းနိုင်သွားတာ ဘာမှတောင် မလိုအပ်လိုက်ဘူး …. ”
ထိုစကားများမှာ အမှန်တကယ် ပြောလိုက်ခြင်း ဖြစ်၏။ သူမက မိုဝူကျိ၏ ဆေးလုံးမှ ထူးခြားမှုကို ခံစားမိခဲ့သည်။ ဤသာမာန်ဆေးလုံးများက ထူးခြားသော တာအိုများကို ဖန်တီးနိုင်ခဲ့သည်ဟု ဆို၍ ရပေသည်။ မူလက သူမအနေဖြင့် အင်မော်တယ်ဘုရင်အဆင့်သို့ တက်လှမ်းရန် နှစ်ငါးဆယ်သုံးရန် ရည်ရွယ်ထားသော်လည်း တစ်နှစ်ပင် မကြာမြင့်လိုက်ဘဲ အင်မော်တယ်ဘုရင်အဖြစ် ရောက်ရှိသွားလိမ့်မည်ဟု မထင်ထားမိပေ။ သူမ လက်ရှိ ခံစားချက်နှင့် ကျေးဇူးတင်မှုများက စကားဖြင့်ပင် ဖော်ပြ၍ မရပေ။
ထိုသို့ပြောပြီးနောက် ဟန်လုံက ကျောက်စိမ်းပုလင်းကို ထုတ်ကာ “ ဆေးလုံးဆရာမို ဒီလိုမျိုးအားကောင်းတဲ့ ဆေးမျိုးဆို သုံးလုံးဆို လုံလောက်ပါပြီ။ ကျန်ရှိနေတဲ့ ဆေးသုံးလုံးကို ရှင် ပြန်သိမ်းထားလိုက်ပါ ”
မိုဝူကျိက လက်ကာပြာက ဟန်လုံအား သိမ်းထားရန် ပြောလိုက်၏ “ ကျုပ်က ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံး ဧကရာဇ် ဖြစ်နေပြီလေ။ အဲဒီဆေးလုံးက ကျုပ်အတွက် ဘာမှမဟုတ်ပါဘူး ၊ ခင်ဗျားပဲ သိမ်းထားလိုက်ပါ …. အခု ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ပြန်ကြစို့ ….. ပြီးသွားရင် စူးခရာအင်မော်တယ်မြို့ဟောင်းဆီ သွားဖို့ ရည်ရွယ်ထားတယ် ”
သူမက မိုဝူကျိ ငြိမ်းချမ်းရေး ကျွန်းဆွယ် ပြန်ရန်ပြောသည်ကို ကြားသောအခါ ဟန်လုံက မြန်မြန် ဝင်တားလိုက်သည် “ ဆေးလုံးဆရာမို …ကျမတို့တွေ ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ပြန်လို့ မရသေးဘူး။ တကယ်လို့ မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ မနေချင်ရင် ငြိမ်းချမ်းရေး ကျွန်းဆွယ်ကို ပတ်သွားပြီးတော့ တခြားနေရာ ရှာလို့ ရတယ်လေ ”
မိုဝူကျိအကြောင်း ပြောနေဖို့ရာ မလိုပေ။ ဟန်လုံပင် ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ပြန်မသွားနိုင်ကြောင်း သိနေလေပြီ။ သူမက မိုဝူကျိ ငြိမ်းချမ်းရေး ကျွန်းဆွယ်မှ ခေါ်ထုတ်လာသူ ဖြစ်ရာ အကယ်၍ ပြန်သွားကြပါက ထိုအဆင့်မြင့် ကျင့်ကြံသူများက သူမကို မိုဝူကျိ၏ တည်နေရာအား အတင်းကျပ် မေးမြန်းကြလိမ့်မည်။
မိုဝူကျိက တာ့ဟွမ်ကို ပုတ်ကာ ပြောလိုက်သည် “ အရင် ကျုပ်တို့တွေ ပြန်မသွားနိုင်ပေမဲ့ အခု ပြန်သွားလို့ ရပြီ ”
“ ဒီအရုပ်ပေါ် မှီခိုမလို့လား ” ဟန်လုံက လူတစ်ဝက်လောက် အရွယ်ရှိ အရုပ်ကို ကြည့်ကာ တအံ့တဩ မေးလိုက်သည်။
“ ဟုတ်တယ် … သူ့နာမည် တာ့ဟွမ်တဲ့ …. ကျုပ်ကို ကူညီပေးနိုင်တယ်။ ကျုပ်က ခင်ဗျားကို ကျေးဇူးတင်ရမှာ …. တကယ်လို့ ခင်ဗျားသာ ကျုပ်ကို မဟာကင်းမဲ့ပင်လယ်နယ်ပယ်ဆီ ခေါ်မလာရင် ကျုပ်တော့ တာ့ဟွမ်နဲ့ ဆုံဖြစ်မှာ မဟုတ်ဘူး ” ဟန်လုံက မိုဝူကျိကို ကျေးဇူးတင်သကဲ့သို့ မိုဝူကျိလည်း ဟန်လုံအား ကျေးဇူးတင်မိနေသည်။
“ ဒါပေမဲ့ အဲဒါက အဆင့် ၉ အရုပ်ဆိုရင်တောင် အင်မော်တယ် ဧကရာဇ်နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ဆေးလုံးဆရာမို သာမာန်အရုပ်တွေက အဆင့်တူ တာအိုခန္ဓာကိုယ်နဲ့ မယှဉ်နိုင်တာကို ရှင်လည်း သိမှာပါ ”
ဟန်လုံ စကားမဆုံးခင် တာ့ဟွမ်က ဖြတ်ပြောလိုက်သည် “ ကျုပ်က သာမာန်အရုပ်လို့ ဘယ်သူက ပြောတာလဲ … ကျုပ် တာအိုခန္ဓာထက် အဆင့်မနိမ့်ဘူး … အင်မော်တယ် ဧကရာဇ်လောက်တော့ ကျုပ်မျက်လုံးထဲတောင် မထည့်ဘူး ”
“ …. ” ဟန်လုံက တာ့ဟွမ်ကို တုန်လှုပ်တကြီး ကြည့်လိုက်သည်။ အချိန်အတော်ကြာသည့်အခါမှ ရေရွတ်နိုင်လိုက်သည် “ စကားပြောနိုင်တာလား …. အသက်ရှိနေတဲ့ တာအိုခန္ဓာလား ”
တာအိုခန္ဓာ ဆိုသည်မှာ ကြီးထွားလာဖို့ရာ အသိဉာဏ်နှင့် အသက် ရှိနေခြင်း ဖြစ်၏။
“ အဲလို တာအိုခန္ဓာ ဖြစ်နေဦးမယ် အားကြီးကြီး …. လူလုပ် ပစ္စည်းစိတ်ဝိညာဉ်လေးကများ …” ရွိုက်ကောက ဘေးမှ ဝင်ပြောလိုက်ပြန်သည်။
ရွိုက်ကောက လက်ရှိ သူ့ကျင့်ကြံဆင့်နိမ့်နေသည်ကိုသာ ငြီးငြူနိုင်လေသည်။ သူသာ နည်းနည်းအားကောင်းနေပါက မည်သူမှ မလေးမစားပြုမူရဲမည် မဟုတ်ပေ။
ဒီခန့်ညားချောမောတဲ့ ဌက် … အဲလေ ခြင်ကြီး ရွိုက်ကောက ဘာလုပ်နိုင်လဲဆိုတာ ပြရမယ် ….
“ ဟန်လုံက အခုလေးတင် မလေးမစားလုပ်မိသွားတယ် …ခွှင့်လွတ်ပေးဖို့ မျှော်လင့်ပါတယ် ” ဟန်လုံက တာ့ဟွမ်မှာ ကိုယ်ပိုင်အတွေးများ ရှိပြီး အင်မော်တယ် ဧကရာဇ်ကိုပင် မျက်လုံးထဲ မထည့်သည့်အကြောင်း သိသည့်အခါ သူမက လက်နှစ်ဖက် ယှက်၍ တောင်းပန်လိုက်သည်။
သူမကဲ့သို့ ကျင့်ကြံသူ မျက်လုံးထဲ၌ အဆင့်မြင့် ကျင့်ကြံသူမှာ အဆင့်မြင့် ကျင့်ကြံသူ ဖြစ်ပြီး အားနည်းသူမှာ အားနည်းသူမျှသာ ဖြစ်ပေ၏။ တာ့ဟွမ်ရှေ့၌ သူမက အားနည်းသူ ဖြစ်ပေသည်။
………….…
ငြိမ်းချမ်းရေး ကျွန်းဆွယ်
မဟာ ဧကရာဇ် လွန်ချိုက်နှင့် ကျော့ဖျင်အန်းတို့ကြားမှ တိုက်ပွဲအပြီးတွင် ဤနေရာမှာ နဂိုသွင်ပြင်အတိုင်း ပြန်ဖြစ်နေလေပြီ။ တချို့သော အင်မော်တယ်ဘုရင်များနှင့် အင်မော်တယ် ဧကရာဇ်များက မိုဝူကျိမှာ ငြိမ်းချမ်းရေး ကျွန်းဆွယ်တွင် မရှိကြောင်း သိ၍ ထွက်သွားကြတော့သည်။
မိုဝူကျိနှင့် ဟန်လုံတို့ ငြိမ်းချမ်းရေး ကျွန်းဆွယ် ပြန်ရောက်လာသည့်အခါ သူတို့က ရုတ်ရုတ်သည်းသည်း မဖြစ်စေခဲ့ပေ။ သူ့ကို မမှတ်မိကြသော လူများပင် ရှိနေသေး၏။
အခြားသော အဆင့်မြင့်ကျင့်ကြံသူများက သွားကြပြီ ဖြစ်သော်လည်း ကျော့ဖျင်အန်းက ရှိနေဆဲ ဖြစ်၏။ ပထမဆုံးအကြိမ်တုန်းက ကျော့ဖျင်အန်းအနေဖြင့် မိုဝူကျိ သူ့ပိုက်နက်ထဲ ရောက်ရှိလာပြီးမှ ပြန်ထွက်သွားသည့် အဖြစ်မျိုး အဖြစ်ခံခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်ဖြစ်ခွင့်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် မိုဝူကျိ ငြိမ်းချမ်းရေး ကျွန်းဆွယ်ဆီ ပြန်ရောက်လာသည့် အခိုက်အတန့် ကျော့ဖျင်အန်းက ချက်ချင်း သိပေ၏။
" ကျအတို့ ထွက်မသွားခင် ငြိမ်းချမ်းရေး ဧည့်ရိပ်သာဆီ အရင်သွားကြတာပေါ့။ ကျမ သွားနှုတ်ဆက်လိုက်ဦးမယ် " ငြိမ်းချမ်းရေး ကျွန်းဆွယ် ဆိပ်ကမ်း ရောက်လာပြီးနောက် ဟန်လုံးက ပြောလိုက်သည်။
မိုဝူကျိက ကိုင်ကွမ်းယီတို့ကို နှုတ်ဆက်ရန် ရည်ရွယ်ထားသည့်အကြောင်း ပြောတော့မည့်ဆဲဆဲတွင် ဘေးနားမှ ညင်ညင်သာသာ အသံလေး ထွက်ပေါ်လာလေ၏ " ဆေးလုံးဆရာမို .... ကျုပ်က ကျော့ဖျင်အန်းပါ။ တကယ်လို့ ဆေးလုံးဆရာမို လုပ်စရာမရှိရင် ကျုပ်ရဲ့ ငြိမ်းချမ်းရေးတည်းခိုဆောင်ဆီ လာပြီး စကားစမြည် ပြောရအောင်လေ"
"ဘာဖြစ်လို့လဲ " ဟန်လုံက မိုဝူကျီ မျက်နှာပေါ်မှ အမူအယာမြင်တွေ့လိုက်သည့်အခါ မြန်မြန် မေးမြန်းလိုက်လေ၏။
မိုဝူကျိက မသာမယာ ပြောလိုက်လေ၏ "ကျော့ဖျင်အန်းက သူ့ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ လာဖို့ ဖိတ်နေတာ "
ကျော့ဖျင်အန်းက ဖိတ်ကြားခြင်း ဆိုသည်ထပ် မိုဝူကျိအား လာရောက်ရန် အတင်းကျပ်ပြောနေခြင်းသာ ဖြသ်၏။
"အာ..." ဟန်လုံးက တအံ့တဩ ဖြစ်မိသွားသည်။ ထို့နောက်မိုဝူကျိထံ စိတ်ဖြင့်ဆက်သွယ်ကာ " ဝူကျိ... သူ့ကို ကျော့ဖျင်အန်းလို့ တည့်တိုးခေါ်လို့ မရဘူးလေ ... သူက မဟာဧကရာဇ် ဖျင်အန်း ဒါမှမဟုတ် စီနီယာဖျင်အန်းလို့ ခေါ်ရမှာ "
မိုဝူကျိက ခပ်ယဲ့ယဲ့ပြုံးကာ သူက ကျော့ဖျင်အန်းအား စီနီယာ သို့မဟုတ် မဟာဧကရာဇ် ဟု မခေါ်ဆိုလိုခြင်း မဟုတ်ပေ။ သူက ကျော့ဖျင်အန်းနှင့် အလဲအလှယ် လုပ်ရန် ကြံစည်ထား၍ ထိုသူ့အား စီနီယာဟု ခေါ်ဝေါ်လိုက်လျှင် အလဲအလှယ်၌ ညီတူညီမျှ ဖြစ်မည် မဟုတ်တော့ချေ။
"ရှင် သွားရင် လိုက်ခဲ့ပါ့မယ် " ဟန်လုံက မိုဝူကျိ ပြန်ဖြေဖို့ရာပင် မစောင့်ဘဲ မြန်မြန် ထပ်ပြောလိုက်သည်။
" အလျှင်မလိုပါဘူး။ ငြိမ်းချမ်းရေး တည်းခိုဆောင်ဆီ မသွားခင် ငြိမ်းချမ်းရေး ဧည့်ရိပ်သာဆီ သွားပြီး မိတ်ဆွေအချို့ကို နှုတ်ဆက်လိုက်ဦးမယ်။ ငြိမ်းချမ်းရေး တည်းခိုဆောင် သွားပြီးတာနဲ့ ကျုပ် ဒီနေရာကနေ ထွက်သွားမယ် " မိုဝူကျိက အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
မိုဝူကျိက မိတ်ဆွေများဆီ အရင်သွားတွေ့မည့်အကြောင်း ကြားသောအခါ ဟန်လုံအနေဖြင့် ပြောစရာ ရှာမတွေ့တော့ပေ။
မိုဝူကျိနှင့် ဟန်လုံတို့ ငြိမ်းချမ်းရေး ဧည့်ရိပ်သာဆီ ရောက်ရှိလာသည့်အခါ ကိုင်ကွမ်းယီတို့မှာ လွန်ခဲ့သည့် လအနည်းငယ်က ထွက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ သူတို့က မဟာကင်းမဲ့ပင်လယ်နယ်ပယ်ထဲ ထွက်သွားဟန် ပေါ်၏။
မိုဝုကျိက ငြိမ်းချမ်းရေး ဧည့်ရိပ်သာမှ အစောင့်အား ကိုင်ကွမ်းယီတို့ဆီ ပြန်ပြောပေးရန် သတင်းစကား ချန်ထားပေးခဲ့လိုက်သည်။
….........
တစ်ချိန်တည်းတွင် ငြိမ်းချမ်းရေး တည်းခိုဆောင် အမြင့်ဆုံးအထပ်ပေါ်၌ ဖြူဖျော့ဖျော့ လူငယ်လေးက မကျေမနပ်ပြုံးကာ "ကျော့ဖျင်အန်း ဟားဟား နှစ်တွေ ဘယ်လောက်ရှိသေးလို့ ဂျူနီယာကတောင် ဒီလိုခေါ်ရဲနေပြီလား... ငြိမ်းချမ်းရေး ကျွန်းဆွယ်က ထွက်သွားမယ်တဲ့လား နောင်ဘဝမှာပဲ ဖြစ်လိမ့်မယ်.... "
သူ့အမြင်အရ မိုဝူကျိ ရောက်လာပြီ ဖြစ်၍ သူ့အတွက် ဆေးဖော်စပ်ပေးရမည် ဖြစ်၏။ ထွက်သွားဖို့လား .... မိုဝူကျိက အိပ်မက်မက်နေခြင်းသာ ဖြစ်လိမ့်မည်။
…......
"ဟန်လုံ ဒီနေရာက ခင်ဗျားတို့ ဧည့်ရိပ်သာထက် ဝိညာဥ်စွမ်းအား ပိုပြီး ကြွယ်ဝတာပဲ " မိုဝူကျိက ငြိမ်းချမ်းရေး တည်းခိုဆောင် အဝင်ပေါက်ရှေ့ ရောက်လာကာ သက်ပြင်းချရင်း ပြောလိုက်သည်။
သူက ဟန်လုံနှင့် အတော်လေး ရင်းနှီးနေပြီ ဖြစ်ရာ စကားပြောဆိုပုံမှာ ပို၍ ပေါ့ပါးလာလေ၏။
ဟန်လုံက ခပ်ယဲ့ယဲ့ ရယ်မောကာ " အဲဒီ ဧည့်ရိပ်သာက ကျမ အပိုင် မဟုတ်ပါဘူး.... အဲမှာ အလုပ်ဝင်လုပ်နေရုံလေးပါ "
"ဆေးလုံးဆရာမို ရောက်လာပြီလား" အစောင့်တစ်ဦးက အပြုံးပန်းများဝေဆာနေရင်း ကြိုဆိုလိုက်ကြ၏။ ဟန်လုံကိုတော့ လျစ်လျုရှုထားလေသည်။
"ဟုတ်ပါတယ် " မိုဝုကျိက ခေါင်းညိတ်ပြလိုက်၏။
အစောင့်က မြန်မြန် ပြောလိုက်သည် " ဆေးလုံးဆရာမို ကျေးဇူးပြုပြီး ကျုပ် နောက်လိုက်ခဲ့ပေးပါ"
မိုဝူကျိက ဟန်လုံအား လက်ဟန်ပြကာ နှစ်ယောက်သား တည်းခိုဆောင်အတွင်း ရွိုက်ကောနှင့် တာ့ဟွမ်ကို ခေါ်လာလိုက်သည်။ ကျော့ဖျင်အန်းဘေးတွင် လူတစ်ယောက် ရှိနေပြီး တာ့ဟွမ်သာ ဘေး၌ မရှိပါပ မိုဝူကျိ ဝင်ရဲမည် မဟုတ်ချေ။
အစောင့်က မိုဝူကျိကို အဝင်ပေါက်မှ ငါးလွှာသို့ တန်းခေါ်ဆောင်လာပြီး " ဆေးလုံးဆရာမို အထဲ ဝင်ပါခင်ဗျ .... ကျတော် သွားလိုက်ပါဦးမယ် "
ထို့နောက် မိုဝူကျိ၊ ဟန်လုံနှင့် တာ့ဟွမ်တို့ ဧရညမအခန်းကျယ်ထဲ ရောက်ရှိလာကြသည်။
အခန်းထဲ၌ ဖြူဖျော့ဖျော့ လူငယ်လေး တစ်ဦးတည်းသာ ထိုင်နေလေ၏။ သူ့ရှေ့တွင် အင်မော်တယ် အခါးရည် တစ်ခွက်ရှိနေပြီး အခါးရည်တစ်စုံစာအပြင် ခေါက်ယပ်တောင်တစ်ခု ရှိပေသည်။
လူငယ်လေး၏ အသားရည်မှာ အင်မတန် ဖြူဆွတ်လွန်းနေပြီး မိုဝူကျိအနေနှင့် သတိမပြုမိစေဖို့ရာ ခက်ခဲလှ၏။
အခန်းကား ဗလာကျင်းနေဟန် ပေါ်ပေသည်။ အခါးရည် တစ်စုံစာနှင့် လူငယ်လေး ထိုင်နေသော ထိုင်ခုံအပြင် ဘာဆိုဘာမှ မရှိချေ။ မိုဝူကျိနှင့် ဟန်လုံတို့ ထိုင်ရန်ပင် မရှိချေ။