← Chapters

S 2 အဆင့်ရောက်ပြီ

Vol. 4 Ch. 34

S 2 အဆင့်ရောက်ပြီ

Vol. 4 Ch. 34

အခန်း (၃၄)

S2 အဆင့်ရောက်ပြီ

အသေးလေး၏အသံ ထွက်လာသည်။

“ ပစ်မှတ်များ ချေမှုန်းပြီး ”

“ ဆရာ ဒုံးကျည်သုံးစင်းအတွက် UM နှစ်သောင်းတစ်ထောင်ကုန်ကျပါတယ် ”

“ ဒါပေမယ့်ဆရာ ဆရာ့လုပ်ရပ်အတွက် ကျနော် ဂုဏ်ယူပါတယ် ”

“ ဆရာကမှ တကယ့်သူရဲကောင်း အစစ်အမှန်ပါ ”

လပ်က မျက်နှာရှုံ့မဲ့ရင်း ပြောလိုက်သည်။

“ တော်တော့ဟေ့ရောင် မင်းပါးစပ်ပိတ်လိုက်တော့ ”

“ တွီ တွီ ဟုတ်ကဲ့ဆရာ ”

“ ဒါပေမယ့် ကျနော် ထူးခြားတာတစ်ခု ရှာဖွေတွေ့ရှိထားပါတယ်ဆရာ ” A.I အသေးလေးက ပြောလိုက် သည်။ လပ်၏မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။

“ ဘာတွေများတွေ့ထားလဲ အမြန်ပြောစမ်း ”

“ အဲဒီတောင်ကြောရဲ့အောက် ငါးမိုင်အကွာမှာ ထူးဆန်းပစ္စည်းတစ်ခုရှိနေတယ် ဒါက ကျနော့စွမ်းရည် ထဲက တစ်ခုပဲ ဟဲ ဟဲ ဟဲ ”

“ အဲဒီကို ယာဉ်ပျံနဲ့ သွားလို့ရမလား ”

“ ဟုတ်ကဲ့ဆရာ သွားလို့ရပါတယ် ဒါပေမယ့် နှစ်မိုင်အလိုကို ရောက်ရင် အရမ်းအေးတာကြောင့် ကျနော် တို့စနစ်တွေ ရပ်ဆိုင်းသွားလိမ့်မယ် ”

“ အေး ဟုတ်ပြီ နှစ်မိုင်အလိုထိရောက်အောင် မောင်းကွာ ”

“ ဟား ဟား ဟား ဒါ ဘာရတနာလဲမသိဘူး တခြားလူတွေမတွေ့ခင် ငါရမှဖြစ်မှာ သွား သွား အသေးလေး အမြန်ဆုံးမောင်းတော့ ”

“ ဟုတ်ကဲ့ဆရာ ”

“ တွင် ဝှစ် ဟူး ”

ယာဉ်ပျံမှာ အသေးလေး၏ ပဲ့ကိုင်မောင်းနှင်မှုဖြင့် ရေခဲတောင်ကြားအတွင်းသို့ တိုးဝင်လာခဲ့လေတော့သည်။

တဖြည်းဖြည်း အအေးဒဏ်မှာ ပိုမိုပြင်းထန်ထာပြီး ယာဉ်ပျံအစီအရင်များကို တိုက်စားလေတော့သည်။ သို့သော် A.I အသေးလေး၏ မောင်းနှင်မှုမှာ အံ့မခန်းပင်။ ရေခဲချောက်နက်အတွင်း ယာဉ်ပျံကို စောက်ထိုးပျံသန်းရင်း ရေခဲအချွန်အတက်များကို ရှောင်တိမ်းကာ ဆင်းသွားလေသည်။

“ တွီ တွီ

ဆရာ နှစ်မိုင်အကွာပဲ ရှေ့ဆက်သွားလို့မရတော့ဘူး ရေခဲစွမ်းအားကြောင့် စက်အားလုံး ရပ်သွားလိမ့်မယ် ”

အသေးလေးက အမြန်ပြောလိုက်သည်။

လပ်က “ ဟုတ်ပြီ ငါ့ကို တံခါးဖွင့်ပေး ငါ ဒီကနေ ဆင်းသွားမယ် ” ဟု ဆိုလေသည်။

“ ဟုတ်ကဲ့ဆရာ သတိထားပါ ”

လပ်တစ်ယောက် ယာဉ်ပျံထွက်ပေါက်မှ အသာလျို၍ထွက်လိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ နှင်းခဲများအကြားတွင် အရာအားလုံး အေးခဲနေပြီး စွမ်းအားဖြင့် ကာကွယ်ထားသော လပ်ပင်လျှင် အတော် တုန်ခါ၍ အေးခဲနေပြီ ဖြစ်သည်။

လပ် ဌာနမှ ထုတ်ပေးထားသော ခြေနင်းလွန်းပျံယာဉ်ကို တပ်ဆင်လိုက်သည်။ ထို့နောက် အေးစိမ့်နေ သော ရေခဲချောက်နက်အတွင်း ထိုးဆင်းသွားလေသည်။

“ ဝှီး ဝှစ် ဝှစ် ဝူး ”

ထိုအေးစက်ကာ အပြာရောင်အလင်းတန်းများ ထွက်ပေါ်နေသော ထူးဆန်းရတနာထံသို့ လပ် အမြန်သွားလိုက် သည်။

သို့သော် ထိုရတနာထံသို့ ရောက်ရန် နှစ်မီတာခန်အလိုတွင် သူ ဆက်၍ ရှေ့မတိုးနိုင်တော့ပေ။

“ အား စွမ်းအားကို တောင့်မခံနိုင်တော့ဘူး ”

“ အား ဝုန်း ” ရုတ်တရက် ခြေနင်းလွန်းပျံယာဉ်နှင့် လပ် ဝတ်ဆင်ထားသော ကိရိယာများအားလုံး ရပ်တန့်သွားလေသည်။ ထို့နောက် လပ်တစ်ယောက် လေပေါ်မှ ပြုတ်ကျကာ အနီးရှိ ထင်းရှုးပင်ကဲ့သို့ အပင်ကြီး ပေါ်ရှိ အကိုင်းတွင် ချိတ်မိနေလေသည်။ ရေခဲစွမ်းအားများ ရိုက်ခတ်မှုကြောင့် လပ်တစ်ကိုယ်လုံး တောင့်တင်းကာ မေ့မြောသွားလေတော့သည်။

လပ် မေ့မြောနေစဉ်အတွင်း လပ်၏ရင်ဘတ်အတွင်းမှ စွမ်းအားတစ်ခု ရုတ်တရက် လက်ခနဲဖြစ်သွားပြီး ထွက်ပေါ် လာလေသည်။

ထိုစွမ်းအားအလုံးလေးမှာ ရေခဲဖြူရောင် တောက်ပနေပြီး ပြာလဲ့လဲ့ သမ်းနေသည်။ ထိုစွမ်းအား အလုံးလေးမှာ လပ်၏ရင်ဘတ်ထဲမှ ထွက်ကာ အဝေးသို့ ပျံသန်းသွားလေသည်။

ထို့နောက် တဖြည်းဖြည်းဖြင့် နှစ်မီတာခန့်အဝေးရှိ ကြာပန်းပုံသဏ္ဍာန်အရာဆီသို့ တိုးဝင်သွားလေသည်။

“ ဝှစ် ”

ရေခဲချောက်နက်အတွင်း ကြာပန်းပုံသဏ္ဍာန် ပြာလဲ့လဲ့အခဲလေးအတွင်း စွမ်းအင်လုံးဝင်ရောက်သွားသောအခါ ထိုကြာပန်းလေးမှာ ပိုမိုဝင်းလက်တောက်ပလာပြီး တကျီကျီ အသံထွက်နေလေသည်။

ထိုကြာပန်းပုံ၏အထက် တွင် အသက်သုံးဆယ်အရွယ် အမျိုးသမီးတစ်ဦး၏ ပုံရိပ်ပေါ်လာပြီး နှစ်လိုဖွယ်တစ်ချက်ပြုံးလိုက်သည်။ ထို့နောက် “ အိုး ဘယ်လောက်များ တိုက်ဆိုင်လိုက်သလဲ ရေခဲနတ်ဘုရားရဲ့ တပည့်နဲ့ လာတွေ့နေပါလား ”

“ ဟင်း ဟင်း ဟင်း အမ် သူ့ရဲ့ စိတ်စွမ်းအားလေး သွင်းပေးထားတာပဲ ”

“ ငါလည်း သူနဲ့မတွေ့ရတာ အတော်ကြာလှပြီ ”

“ ဒီကောင်လေး ကံကောင်းတယ် နို့မို့ဆို သေတော့မှာ ကဲ ရောက်လာတဲ့နောက်တော့ ငါ့ရဲ့ ရေခဲကြာပန်းက စွမ်းအားတစ်ချို့ကို ပေးလိုက်ပါ့မယ်လေ ဒါမှ သူ့ဆရာ ငါ့ကို အကြွေးတင်သွားမှာ ဟိ ဟိ ဟိ ”

ထိုအမျိုးသမီးက လက်တစ်ချက်ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက် လပ်ရှိရာဘက်ကို တစ်ချက်ကြည့်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။

“ ဝှစ် ရွှမ်း ”

လပ်၏ စွမ်းအားအလုံးလေး ကြာပန်းအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး လပ်၏ ရင်ဘတ်အတွင်း ပြန်ဝင်သွား လေသည်။

“ အား ” လပ်တစ်ယောက် ပြန်လည်နိုးလာလေသည်။

“ အား ခုနကြုံလိုက်ရတာ S4 အဆင့်ထက် အတော်မြင့်တဲ့စွမ်းအားပဲ ကံကောင်းလို့မသေတာ

ဟူးးး” ဟု လပ် ရေရွတ်လိုက်သည်။

“ အမ် ငါ့ကိုယ်က ဘယ်လိုဖြစ်သွားတာလဲ ” သူ့ တစ်ကိုယ်လုံး ပြာလဲ့လဲ့အလင်းများ ရုတ်တရက် တောက်ပလာပြီး စွမ်းအားများ မထိန်းချုပ်နိုင်တော့ဘဲ ဘေးနားရှိ တောင်တစ်ခုကို လက်သီးတစ်ချက် ပစ်လွှတ် လိုက်သည်။

“ ဝှစ် ဝုန်း ” ရေခဲတောင်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ပြိုကျသွားလေသည်။

“ ဟေး ငါ့ စွမ်းအင်အနှစ်တွေက ရေအိုင်ကနေ ပင်လယ်ကြီးလို ဖြစ်သွားပြီ ”

“ ဟား ဟား ဟား ငါ S2 အဆင့်ရောက်ပြီကွ ” လပ် ဝမ်းသာစွာ အော်ဟစ်လိုက်သည်။

လပ်၏တစ်ကိုယ်လုံး စွမ်းအင်အော်ရာများ ထွက်ပေါ်လာပြီး ပြာလဲ့လဲ့အရောင် တောက်ပနေသည်။ စွမ်းအင်အနှစ်များမှာ ပထမ ရေအိုင်သဖွယ်မှ ယခုအခါ စွမ်းအားများမှာ ပင်လယ်ကြီးသဖွယ် ဆုံမှတ်များကို ဖြတ် သန်းစီးဆင်းနေလေသည်။

လပ်မှာ သူ၏လက်သီးတစ်ချက်လျှင် ပေါင်ဆယ်သန်းခန့် ခွန်အားရှိနိုင်ကြောင်း သူ ထင်မှတ်မိလေသည်။

“ ငါ့ရဲ့စွမ်းအား ဒီလောက်တိုးလာတာ အိုး ပင်လယ်လို စွမ်းအားအဆီအနှစ်က ခုနက ရတနာထဲက စွမ်းအားကြောင့်ဖြစ်မယ် ” လပ် တအံ့တသြ ရေရွတ်လိုက်သည်။

“ အဲဒီစွမ်းအားက ငါ့ဆရာရဲ့စွမ်းအားနဲ့ အော်ရာချင်း ဆင်တယ် ” လပ် စိတ်ထဲ တွေးနေမိသည်။

“ အခုလို မြန်မြန် S2 အဆင့်ကို ရောက်တာလည်း ငါ့ဆရာနဲ့ ပတ်သက်ရမယ် ”

သူ့ဆရာသည် အနောက်ဘက်အရပ်တွင် ရှိနေမည်ဟု သူ ရုတ်တရက် ခံစားမိလိုက်သည်။ လပ်တစ်ယောက် အနောက်အရပ်ကို လှည့်လိုက်ပြီး ဦးညွှတ်ကာ အရိုအသေလေးလိုက်လေတော့သည်။

All Chapters