← Chapters

ထွက်သွားစမ်း

Vol. 45 Ch. 623

ထွက်သွားစမ်း

Vol. 45 Ch. 623

“ အာ  … ရှင်ပါ့လား  ”  တအံ့တဩ ရေရွတ်လိုက်သံက  မိုဝူကျိ၏ အာရုံထဲ ဝင်ရောက်လာသည်။

ဆံဖြူပိုင်ရှင် မိန်းမလှလေး တစ်ဦးက လျှောက်လှမ်းလာလေ၏။ သူမ မျက်လုံး၌ ပျော်ရွင်သည့် အရိပ်အယောင်များ  ရှိနေပြီး မိုဝူကျိကို မြင်မိ၍ မည်မျှပျော်ရွင်နေကြောင်း သိသာနေပေသည်။

မိုဝူကျိက ထိုဆံဖြူမိန်းကလေးကို သိ၏။ ထိုမိန်းကလေးနာမည်မှာ နိုက်ဟော် ဖြစ်ပြီး သူ့ကို မြင်၍  ပျော်ရွင်သွားသည့် အကြောင်းအရင်းမှာ သူ့ဆီ၌ အင်မော်တယ် ဖွေရှာအမှတ်အသားပြားနှင့် လောကထိပ်သီး အမှတ်အသားပြား ရှိနေ၍ ဖြစ်ပေသည်။

ထို့ကြောင့်  မိုဝူကျိက သူမကို မြင်ရ၍ ထိုမျှ စိတ်လှုပ်ရှားမနေပေ။ နိုက်ဟော်က သူ့ဆီမှ အမှတ်အသားပြား နှစ်ခုကို လိုချင်သည့် အချက်အပြင် သူမကို များများစားစား ပြောစရာ မရှိပေ။ ထိုအမျိုးသမီးမှာ ပါရမီကောင်းပြီး မဟာယီရှန်းအဆင့်ကို အချိန်တိုလေးအတွင်း ရောက်ရှိခဲ့သည်။

“ ဂျူနီယာညီမ နိုက်ဟော်က သူ့ကို  သိနေတာလား  …” ယန်ကျန်းကျန်းအနေဖြင့်  နိုက်ဟော်ကို သိသည်မှာ ပုံမှန် ဖြစ်သော်လည်း  သူမက ထိုသူ့ကို မြင်လိုက်ရ၍   ဤမျှပျော်ရွင်နေလေရာ ဤလူက  နယ်လှည့်ကျင့်ကြံသူ အစစ်အမှန် ဟုတ်ရဲ့လားဟု သံသယဝင်လာမိသည်။

ယန်ကျန်းကျန်းက နိုက်ဟော်၏ နောက်ခံမှာ နတ်ဘုရားအင်မော်တယ်ဂိုဏ်း၏ ပင်မတပည့်တစ်ယောက် ဖြစ်ကြောင်း သိထားသည်။ နတ်ဘုရားအင်မော်တယ်နယ်မြေတွင် ရှိစဉ် မည်သူကများ  နတ်ဘုရား အင်မော်တယ်ဂိုဏ်းကို အသုံးမကျကြောင်း ပြောရဲမည်နည်း။ နတ်ဘုရားအင်မော်တယ်ဂိုဏ်းမှာ နတ်ဘုရားအင်မော်တယ်နယ်မြေ ထိပ်တန်းဂိုဏ်းထဲမှ တစ်ခု ဖြစ်ပေရာ ထိပ်ဆုံးမှ ကျဆင်းလာသော်လည်း ဂိုဏ်းကြီးအဖြစ် ရပ်တည်နေဆဲ ဖြစ်၏။ ဤသို့သော  ဂိုဏ်းကြီးမျိုးမှာ  အခြေခံခိုင်မာသောကြောင့် အချိန်မရွေး ပြန်လည် မြင့်တက်လာနိုင်သည်။

ထို့ကြောင့်  တာအိုဖွေရှာနန်းတော်မှာ  ယခုအခါ နာမည်ကျော်ကြားနေသော်လည်း  ယန်ကျန်းကျန်းအနေဖြင့် နိုက်ဟော်အပေါ် မလေးမစား မပြုမူရဲပေ။

“ ဆေးလုံးဆရာမို  …. ဧကရာဇ်လွန်ချိုက်က နှုတ်ဆက်ပါတယ် ….” ထိုစဉ် မဟာဧကရာဇ် လွန်ချိုက်လည်း ရောက်ရှိလာသည်။ မိုဝူကျိကို အံ့ဩသွားစေသည်က မဟာဧကရာဇ် လွန်ချိုက်က သူ့အား အမှန်တကယ် ဦးညွှတ်၍ နှုတ်ဆက်လိုက်ခြင်း ဖြစ်၏။

နိုက်ဟော်ပင် ဖြစ်စေ၊ ယန်ကျန်းကျန်းပင် ဖြစ်စေ အားလုံးက ကြောင်အမ်းသွားကြသည်။ သူတို့အနေဖြင့် မဟာဧကရာဇ် လွန်ချိုက်ကို  မည်သို့ မသိဘဲ နေမည်နည်း။ တမူထူးခြားသော စိတ်နှစ်ခွနှင့် မဟာဧကရာဇ် ဖြစ်ပေသည်။ ထို့အပြင် သူက အလွန်အားကောင်းသည့်အတွက် တခြားသူများကို ဒေါသဆွရမည့် ကိစ္စများအား ပြုမူရသည်ကို နှစ်သက်ပေ၏။

ဤသို့သော လူမျိုးက  နယ်လှည့် ကျင့်ကြံသူ ဖြစ်သည့်  မိုဝူကျိကို အဘယ်ကြောင့် ဦးညွှတ်နှုတ်ဆက်နေသနည်း။

 သူတို့များ အမြင်မှားနေတာလား …..

“ မဟာ …. မဟာဧကရာဇ် ….” ယန်ကျန်းကျန်းက ထစ်ထစ်အအဖြင့်  နှုတ်ဆက်လိုက်စဉ် နိုက်ဟော်နှင့် မိုရှန်းမိုတို့လည်း ဘေးမှ နှုတ်ဆက်လိုက်ကြပြီး  အသက်ပင် ဖြောင့်ဖြောင့်မရှုရဲကြချေ။

တာအိုဖွေရှာနန်းတော်၊ နတ်ဘုရားအင်မော်တယ်ဂိုဏ်းနှင့် စိမ်းစို အင်မော်တယ်အိမ်တော်တို့က  လွန်ချိုက်ကို မကြောက်သော်လည်း  ဂိုဏ်းများက ဂိုဏ်းများသာ ဖြစ်ပေသည်။ အကယ်၍ လွန်ချိုက်၏ ပုံမှန်မဟုတ်သည့် ဒေါသများ ထွက်ပေါ်လာလျှင်  သူတို့ကို သတ်ခြင်းမှ  မည်သူက တားဆီးနိုင်မည်နည်း။ တစ်ချက်တည်းဖြင့် မသန်မစွမ်း ဖြစ်သွားနိုင်လေရာ  မည်သူကမှ သူတို့၏ ခါးသီးမှုများကို နားထောင်ပေးကြမည် မဟုတ်ပေ။

နိုက်ဟော်က  စိတ်ထဲ၌ နောင်တရနေမိသည်။ သူမက မိုဝူကျိကို  မြင်မိသည်နှင့် ဘေးပတ်လည်ကို အာရုံမရှိ ဖြစ်မိသွားသည်။ အကယ်၍ မဟာဧကရာဇ် လွန်ချိုက် ကို စောစီးစွာ မြင်လိုက်ပါက  သူမအနေဖြင့် မိုဝူကျိအား လာရောက်တွေ့ဆုံမည် မဟုတ်ပေ။ မိုဝူကျိက  ဤနေရာကို ရောက်လာပြီ ဖြစ်၍ မြန်မြန်ဆန်ဆန် ထွက်မသွားလောက်ချေ။

သူမက  လွန်ချိုက်၏ မိုဝူကျိအပေါ် ဆက်ဆံပုံကို အံ့အားသင့်မိနေသည်။ သူမက လွန်ချိုက်နှင့် မိုဝူကျိကြားမှ အဖြစ်အပျက်များကို ပိုသိပေသည်။ အကယ်၍ မိုဝူကျိက  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့မှ ဂုဏ်ထူးဆောင် အကြီးအကဲ တစ်ယောက် ဖြစ်နေလျှင်ပင်  လွန်ချိုက်က သူ့အား လေးလေးစားစား ဆက်ဆံဖို့ရာ မဖြစ်နိုင်သေးချေ။

ယနေ့ ဘာတွေများ ဖြစ်နေတာလဲ  …..

ထိုစဉ် လူအများ၏ အာရုံစိုက်မှုက မိုဝူကျိဆီ ရောက်ရှိလာကြသည်။

“ ခင်ဗျားနာမည် လွန်ချိုက်မှန်း သိပြီးသား နှုတ်ဆက်နေဖို့ မလိုပါဘူး  ….” မိုဝူကျိက ထရပ်ကာ နောက်ဆုတ်လိုက်စဉ်  တာ့ဟွမ်က ရှေ့တက်လာလေ၏။ မိုဝူကျိနောက် ရပ်နေသည့်  တာ့ဟွမ်မှာ ယခု မိုဝူကျိရှေ့ ခြေလှမ်းဝက် ရောက်ရှိနေပေ၏။

သူ ထရပ်လိုက်သည့် အကြောင်းအရင်းမှာ  လွန်ချိုက်ကို လေးစားမှုကြောင့် မဟုတ်ဘဲ  လွန်ချိုက် တိုက်ခိုက်သည်နှင့် သူ့အနေနှင့် ထိုင်နေလျှင် လက်ဦးမှု ဆုံးရှုံးသွားနိုင်သည့်အတွက်ကြောင့် ဖြစ်ပေသည်။

လွန်ချိုက်၏ ဦးညွှတ်မှုအတွက် မိုဝူကျိက နားလည်ပေသည်။ သူ့စိတ်ထဲ၌ လွန်ချိုက်အပေါ် လေးစားမှုမှာ နည်းနည်း တိုးလာလေ၏။ ထိုလူက သူ့မာနများကို ဘေးဖယ်ထားနိုင်သည့်အထိ သူ့ ကိုယ်လုပ်တော်ကို အတော်လေး သဘောကျ၍သာ မိုဝူကျိကို လေးလေးစားစား ဦးညွှတ်ခဲ့ခြင်း ဖြစ်ပေသည်။  သို့သော်လည်း  မိုဝူကျိနှင့်  လွန်ချိုက်ကြားမှ ရန်ကြွေးမှာ တောင်းပန်ရုံနှင့် ကြေအေးသွားနိုင်မည့်အရာ မဟုတ်ပေ။  သူ့မိတ်ဆွေများကို သတ်ထားသူသည် သွေးကြွေးနှင့်သာ ပြန်ပေးဆပ်ရမည်။

“ ကျုပ် ခင်ဗျားကို ရန်စမိခဲ့တာက  ကျုပ်ရဲ့ ကိုယ်လုပ်တော်က အသည်းအသန် ဖျားနာနေလို့ပါ။  ကျုပ်တို့တွေ အင်မော်တယ် လမ်းစဉ်ကို လျှောက်နေကြတဲ့ သူအချင်းချင်း  ကျုပ်ကို ကူညီပေးလို့ ရမလား ” လွန်ချိုက်က ပြောပြီးနောက် နောက်တဖန် ဦးညွှတ်လိုက်ပြန်သည်။

မိုဝူကျိက လွန်ချိုက်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ အကယ်၍ တခြားနေရာ ဖြစ်နေပါက သူက ကျော့ဖျင်အန်းကို ခေါ်၍ ဤလူအား သတ်ခိုင်းမိလိမ့်မည်။

ခင်ဗျားရဲ့ ချစ်လှစွာသော  ကိုယ်လုပ်တော်လေးကို  ကုပေးဖို့ တဲ့လား  …. ဟားဟား လွန်ချိုက် လာနောက်နေတာလား …..

ဘေးပတ်လည်က မိုဝူကျိ တိတ်ဆိတ်နေသည်ကို မြင်ပြီး  သူ့အတွက် စိုးရိမ်နေကြသည်။ မဟာဧကရာဇ် လွန်ချိုက်က ပါးမွှားလေးအား  လေးလေးစားစား  ဆက်ဆံပေးနေသော်လည်း  ထိုပါးမွှားလေးက  နည်းနည်းလေးမျှ ဂရုမစိုက်ပေ။

ဤနေရာ၌ တင်းကျပ်သော စည်းမျည်းများ ချထားသော်လည်း  လွန်ချိုက်အနေဖြင့် မိုဝူကျိကို သတ်လိုက်လျှင်ပင်  သူ့အတွက် ဘာဆိုဘာမှ ဖြစ်လာမည် မဟုတ်ဘဲ  လဲလှယ်ရေးပွဲကိုပင် ဆက်လက် တက်နိုင်ဦးမည် ဖြစ်၏။

စည်းမျည်းများက  စည်းဝိုင်းတစ်ခုအတွင်းသာ သက်ရောက်မှု ရှိပြီး စည်းဝိုင်းပြင်ဘက် ရှိနေသူများအတွက် သက်ရောက်မှု စိုးစဉ်းမျှ မရှိချေ။ လွန်ချိုက်က စည်းဝိုင်းအပြင်ဘက်ရှိ လူတန်းစားမျိုး ဖြစ်၏။

“ ဆေးလုံးဆရာမို မဟာဧကရာဇ်ကို မြန်မြန် ပြန်ဖြေလိုက်‌လေ …” နိုက်ဟော်က လွန်ချိုက်ဆီမှ လူသတ်ငွေ့များကို ခံစားမိ၍  မိုဝူကျိထံ သတင်းစကားလှမ်းပို့လိုက်သည်။ မိုဝူကျိ အသတ်ခံရသည်နှင့် မိုဝူကျိတွင်  ရှိသော  ပစ္စည်းများလည်း ပါသွားပေလိမ့်မည်။ ထိုအခါ သူမအနေဖြင့် ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

မိုဝူကျိလည်း လွန်ချိုက်၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိသော်လည်း မကြောက်ချေ။ သူနှင့် တာ့ဟွမ်တွင် အကြံတစ်ခု ရှိပြီးသား ဖြစ်၏။ အကယ်၍ လွန်ချိုက်က သူတို့အား  တိုက်ခိုက်လာလျှင် သူတို့က ယခင်ကဲ့သို့ သူ့အား အလွယ်တကူ ထွက်သွာခွင့် ပေးမည် မဟုတ်ပေ။ တာ့ဟွမ်က လွန်ချိုက်ကို ထိန်းထားစဉ် ကျော့ဖျင်အန်းက အသက်တစ်ရှိုက်စာအတွင်း  ရောက်လာလိမ့်မည်။ ထိုအခါ  သူက ထောင်ချောက်အစီအရင်များ တပ်ဆင်ထားမည် ဖြစ်ပြီး သူ့အစီအရင်က လွန်ချိုက်အား အသက်ရှုကြိမ် ဆယ်ပုံတစ်ပုံမျှ ထိန်းထားနိင်သည်ဆိုလျှင် တာ့ဟွမ်နှင့် ကျော့ဖျင်အန်းတို့အတွက် လုံလောက်ပေလိမ့်မည်။

“ ဟန်ကျွင်း …. အဲဒါ ဘယ်သူလဲ …. မဟာဧကရာဇ် လွန်ချိုက်ကတောင် လေးလေးစားစား ဦးညွှတ်ရတယ်လား  ” မိုဝူကျိနှင့် မနီးမဝေးနေရာမှာ  တည်ကြည်ခန့်ငြားသော လူငယ်လေးက ကြည့်ကာ မေးလိုက်သည်။

ဆံနီ လူလတ်အရွယ် အမျိုးသားက လူငယ်လေးဘေး ထိုင်နေပြီး  ထိုလူလတ်အမျိုးသားမှာ  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ ဆေးလုံးဧကရာဇ် ဟန်ကျွင်း ဖြစ်ပေသည်။

“ မဟာမိတ်ခေါင်းဆောင်  …. သူက မိုဝူကျိပါ ” ဟန်ကျွင်းက လေးလေးစားစား ပြန်ဖြေလိုက်၏။ သူ့အသံတွင် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေရာ လွန်ချိုက်က မိုဝူကျိအား သတ်ချင်နေသည်ဟု ကြားထားမိသော်လည်း အဆုံးသတ်၌ လွန်ချိုက်က မိုဝူကျိကို လေးလေးစားစား ဆက်ဆံနေခြင်း ဖြစ်နေသည်။

တည်ကြည်ခန့်ငြားသော လူငယ်လေးက ရုတ်ချည်း ထရပ်ကာ  တအံ့တဩ မေးလိုက်သည်

“ သူက မိုဝူကျိလား … ဟူကျန်းယွီ လက်လျော့လိုက်တဲ့  ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဘုရင်လား ”

သူ မပြောလိုက်ရသည့် နောက်ထပ် စကားတစ်ခွန်းမှာ သူ    တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာပြီးနောက် သူတို့ခန့်မှန်းချက်၌ အမှားအယွင်း ရှိနေသေး၏။

ဟန်ကျွင်းက ခေါင်းကို ငုံ့ထားကာ ဘာမှဆက်မပြောတော့ပေ။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၌ သူနှင့် ကုန်းယန်ရွယ်တို့က မိုဝူကျိ၏ ဆေးလုံးတာအို အရည်အချင်းများကို အကောင်းဆုံး သိထားကြသည်။  သူတို့  မိုဝူကျိနှင့် ဆွေးနွေးခဲ့စဉ်က သူတို့အနေဖြင့် အကျိုးမြတ်တော်တော် ရရှိလိုက်ပြီး သူ့အနေဖြင့်လည်း  အဆင့် ၇ ဆေးလုံး ဖော်စပ်မှု အောင်မြင်နှုန်းကား ပို၍ မြင့်မားလာခဲ့သည်။ ထိုအရာအားလုံးမှာ  မိုဝူကျိကြောင့်သာ ဖြစ်ပေ၏။ သူ့အမြင်အရ မိုဝူကျိ၏ သန့်စင်မှုအပေါ် နားလည်နိုင်စွမ်းမှာ  အင်မော်တယ်လောက တစ်ခုလုံး၌ နံပါတ်တစ် ဖြစ်ပေလိမ့်မည်။  ယခု သူ့ဘေးတွင် ရှိနေသော  အဆင့် ၈ ဆေးလုံး ဧကရာဇ် ထိပ်ဆုံးဖြစ်နေသော  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင် ရှောင်လီရှီပင်  ထိုနယ်ပယ်၌ မိုဝူကျိထက် နိမ့်ကျပေလိမ့်မည်။

အကယ်၍ သူသာ မိုဝူကျိ  မသေမှန်း သိပါက  မိုဝူကျိ၏ တျန်းဂျီဆေးဆိုင်အား  ကူညီပေးခဲ့လောက်ပေသည်။

“ ဟန်ကျွင်း  တစ်ချက်သွားကြည့်ရအောင် ” ရှောင်လီရှီက အသက်ပြင်းပြင်းရှုကာ ပြောလိုက်၏။

“ ဒါပေမဲ့  ခေါင်းဆောင်က သူ့ကို  တိတ်တဆိတ် ရှင်းပစ်ဖို့ ပြောထားတာ မဟုတ်ဘူးလား ” ဟန်ကျွင်းက နားမလည်စွာ မေးလိုက်ပြန်သည်။

ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အနေနှင့် မအောင်မြင်သေးသော်လည်း ဤသို့သော အရာမျိုးမှာ အနှေးနှင့် အမြန် သိသွားမည် ဖြစ်၏။

ဒီလိုဆိုမှတော့  သူ့ဖက်က နေလိုက်လျှင် ဘယ်လိုလဲ  ….

ရှောင်လီရှီက အသက်ပြင်းပြင်းရှုကာ ရှင်းပြလိုက်သည်

“ အဲဒီအမိန့်ကို မပေးလိုက်သင့်ဘူး။ အရင်ဆုံး မိုဝူကျိက ဘယ်လိုလူစားလဲဆိုတာ သေချာကြည့်ရမယ်။ အဲဒီလိူက  မဟာဧကရာဇ်လွန်ချိုက်ရှေ့မှာတောင် တုန်လှုပ်တဲ့သူ မဟုတ်ဘူး။ သူက အရမ်းဉာဏ်ကောင်းတဲ့သူပဲ ဖြစ်လိမ့်မယ်။

တကယ်လို့ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က  သူ့ကို ရန်သူ လုပ်မိရင် ရလဒ်က ခန့်မှန်းကြည့်ဖို့တောင် ခက်တယ်။  ပြီးတော့ သူ့ဘေးမှာ အတော်လေး ထူးဆန်းတဲ့  အင်မော်တယ်အရုပ် ရှိနေသေးတာ ….. ”

“ …. ” ဟန်ကျွင်းက ထိုအပြုအမူနောက်မှ ရည်ရွယ်ချက်အား  တကယ်နားမလည်ပေ။ မိုဝူကျိက မည်မျှဉာဏ်ကောင်းစေကာမူ  သူက ပါးမွှားမျှသာ ရှိသေး၏။ ထို့ကြောင့်  သူ့ကို သတ်လိုက်လျှင် အရာအားလုံးက ပြေလည်သွားမည် မဟုတ်ဘူးလား ….

ဟူး …..

ရှောင်လီရှီအနေဖြင့် ဟန်ကျွင်း  တွေးနေသည့်အရာများကို နားလည်၏။ သို့သော်လည်း  မိုဝူကျိအား သတ်ဖို့ရာ မဖြစ်နိုင်ကြောင်း သူ ချန်ထားကာ ပြောခဲ့ခြင်း ဖြစ်၏။ လွန်ချိုက်ကဲ့သို့   အရူးအမူးပြုမူတတ်သည့်သူပင်  မိုဝူကျိအား လေးလေးစားစား ဆက်ဆံနေပေရာ  မိုဝူကျိနောက်ကွယ်မှ အင်အားမှာ လွန်ချိုက်ထက် အားမနည်းလောက်ချေ။ မဟုတ်လျှင် လွန်ချိုက်၏ စရိုက်အရ  မည်သို့ သဘောကောင်းနေမည်နည်း။

မိုဝူကျိက လွန်ချိုက်နှင့် ယှဉ်ပြိုင်နိုင်သည့် အင်အားရှိနေသောကြောင့် သူတို့အလွယ်တကူ ဖယ်ရှားပစ်နိုင်မည့် သူ မဟုတ်တော့ချေ။ ထို့ကြောင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့အနေနှင့် အကြံအစည်  ပြောင်းလဲရမည်။

……………………..

“ ဆေးလုံးဆရာမိုသာ ပြောလိုက်ရင် ကျုပ် တင်းကျူကို  အခုချက်ချင်း ခေါ်လာခဲ့မယ်။ ပြီးတော့ ဝန်ဆောင်ခအနေနဲ့ လိုချင်တာသာ ပြောလိုက် …. ကျုပ် လွန်ချိုက် လုပ်ပေးနိုင်တာဆိုရင် သေချာပေါက် ဖြစ်စေရမယ် …. ”

သို့သော်လည်း  မိုဝူကျိက အေးစက်စွာ ပြန်ဖြေလိုက်လေ၏

“ လွန်ချိုက် ကျုပ်တို့အကြွေးတွေကို ဖြည်းဖြည်းချင်း ရှင်းကြတာပေါ့။ ကျုပ်တျန်းဂျီဆေးဆိုင်က တပည့်တွေကို သတ်သွားတာကိုတော့ လုံးဝ ခွင့်လွတ်လို့ မရဘူး။ ဒီနေ့ ကောင်းကင်ချောက်ကမ်းပါးတည်းခိုဆောင်ကို ထောက်ထားပြီးတော့  ခင်ဗျားကို ဘာမှမလုပ်တော့ဘူး။

တစ်ရက်ကျ ကျုပ် မိုဝူကျိက ခင်ဗျားရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ် ”

မိုဝူကျိ၏ နောက်ဆုံးစကား ထွက်လာသည့်အခါ လွန်ချိုက် မျက်နှာပေါ်မှ သွေးကြောများပင် ထင်းထွက်လာသည်။ အကယ်၍ သူက မိုဝူကျိကို သတ်နိုင်လျှင်  တိုက်ခိုက်ပြီးလောက်လေပြီ။ သို့သော် သူက မလုပ်ရဲချေ။ အကြောင်းမှာ ဤနေရာမှ စည်းမျည်းများကို ဂရုစိုက်၍ မဟုတ်ဘဲ  ကျော့ဖျင်အန်းလည်း အနီးအနား၌ ရှိနေကြောင်း သိထား၍ ဖြစ်သည်။ ထို့အပြင်  ထိုရုပ်ဆိုးဆိုးအင်မော်တယ်အရုပ်၏ အင်မော်တယ် သဘာဝစွမ်းအားများက သူ့ထက်ပင် ပိုအားကောင်းနေဟန်  ပေါ်၏။

အကယ်၍ သူက အရင်ဆုံး လှုပ်ရှားလိုက်လျှင် သူ့အနေနှင့် ကောင်းကင်ချောက်ကမ်းပါး မြို့မှ ထွက်သွားနိင်လိမ့်မည် မဟုတ်ပေ။ ယခင် တိုက်ပွဲမှ ဒဏ်ရာများက အပြည့်အဝ ပြန်မကောင်းသေးသောကြောင့်  နောက်တစ်ခါ တိုက်ဖို့ရာ မဖြစ်နိုင်သေးချေ။

သူ့ဆင်ခြင်နိုင်စွမ်းက အနည်းငယ် ထူးဆန်းကာ  အတော်လေး မောက်မာသော်လည်း ထိုမောက်မာမှုမှာ  သူ့အန္တရာယ်ထဲ မရှိသည့်အချိန်ပေါ် မူတည်သေး၏။ သူ့အသက် အန္တရာယ် ရှိလာသည်နှင့်  ထိုလက္ခဏာများက လုံးဝ ပျောက်ကွယ်သွားလိမ့်မည်။

“ ကောင်းတယ် အရမ်းကောင်းတယ် … ကျုပ် လွန်ချိုက်က  ကျုပ်ရဲ့ အနှောင်အဖွဲ့ကင်းနန်းတော်ကနေ မင်းလက်စားလာချေမှာကို ထိုင်စောင့်နေမယ် ” လွန်ချိုက်က  လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ပြောလိုက်သော်လည်း  ဤနေရာ၌ မတိုက်ခိုက်ရဲပေ။

“ ထွက်သွားစမ်း  ” လွန်ချိုက်က မတိုက်ခိုက်ရဲသည်ကို မြင်သည့်အခါ မိုဝူကျိက အော်ပြောလိုက်သည်။

လွန်ချိုက်နှင့် မိုဝူကျိတို့ အချင်းများရာဝယ် လွန်ချိုက်က အားနည်းသူ ဖြစ်လိမ့်မည်ဟု မည်သူမှ မယုံပေ။

လက်တွေ့၌ မိုဝူကျိက လွန်ချိုက် တိုက်ခိုက်ဖို့ရာ မျှော်လင့်နေမိသည်။ လွန်ချိုက် တိုက်ခိုက်လိုက်သည်နှင့် သူ့ဖက်က  ကာကွယ်သူ အနေအထား ကျရောက်သွားလိမ့်မည်။ ထိုအခါ ကျော့ဖျင်အန်းကို ခေါ်ထုတ်နိုင်မည် ဖြစ်ပြီး ဘာကိုမှ မတွေးထားဘဲ  လွန်ချိုက်အား သင်ခန်းစာ ပေးနိုင်ပြီ ဖြစ်၏။ အကယ်၍ ကံကောင်းခဲ့ပါက  လွန်ချိုက်က သေဆုံးသွားနိုင်သလို  ဒါမှမဟုတ် သူ့ကျင့်ကြံဆင့် ကျသည့်အထိ ဒဏ်ရာရာသွားနိုင်ပေ၏။ ထိုအခါ သူက အနှောင်အဖွဲ့ကင်းနန်းတော်အား  အပြီးတိုင် ဖြိုချလိုက်မည် ဖြစ်သည်။

သို့သော်လည်း  လွန်ချိုက်က မတိုက်ခိုက်ရဲပေ။ ကြည့်ရသည်မှာ သူ့ပုံမှန်အကျင့်စရိုက်မှာ အတု ဖြစ်ဟန် ပေါ်၏။ ထိုအကြောင်းပြချက်မရှိ ဒေါသူပုန်ထမှုများက  တမင်လုပ်နေခြင်း ဖြစ်လိမ့်မည်။  ထိုအရာက  အားလုံးအတွက်  လွန်ချိုက်မှာ  အကြောင်းပြချက်မရှိ စိတ်ဆိုးဒေါသကြီးသည်ဟူသော အမြင်ကို ဖြစ်ပေါ်စေခြင်း ဖြစ်လိမ့်မည်။

ထိုအရာကို တွေးမိပြီး မိုဝူကျိ၏ ကျောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားလေ၏။ ထိုလူအိုကြီးများက အမှန်တကယ်ကို မရိုးရှင်းကြပေ။

All Chapters