← Chapters

အပိုင်း(၄၅၃)

Vol. 31 Ch. 453

အပိုင်း(၄၅၃)

Vol. 31 Ch. 453

ရှစ်ဖုန့်၏ စွမ်းအားတို့က ကုန်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် သူ့အနေဖြင့် ရှေိ့သို့နောက်ထပ်ခြေတစ်လှမ်းလှမ်းရန်ပင် ခက်ခဲလှသည်ဟု ခံစားရသည်။

သို့သော် အဖျားကော့သော  နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူမှာလည်း  များစွာအခြေအနေကောင်းမွန်ခြင်းမရှိပေ။  သို့သော် ရှစ်ဖုန့်၌ ဝှက်ဖဲတစ်ခုဖြစ်သည့် သွေးသောက် ဓား၏ လက်နက်ဝိညာဉ်ဖြစ်သော သွေးအရိပ် (ဝါ) သွေးယင်သားရဲရှိနေဆဲဖြစ်သည်။

သူ၏လက်ရှိအခြေအနေဖြင့် သိုင်းပညာရပ်များသို့မဟုတ် မည်သည့်ဓားနည်းစနစ်ကိုမှ ပြုလုပ်ဆောင်ရွက် ထပ်မံအသုံးပြုနိုင်ခြင်းမရှိပေ။သို့သော်  သွေးသောက်ဓား၏လက်နက်ဝိညာဉ်ဖြစ်သော သွေးယင်သားရဲမှာ  ၎င်း၏ အထွတ်အထိပ်အခြေအနေတွင်ရှိ

နေဆဲဖြစ်သည်။  သွေးယင်သားရဲမှာ အဆင့်ခြောက် ဘိုးဘေးနယ်ပယ်အဆင့်၌သာရှိသော်လည်း  အဆင့်ခြောက်နယ်ပယ်တွင်ရှိနေသော  သွေးဓား၏ သတ်ဖြတ်ခြင်းလှုပ်ရှားမှုက  သူ့ထက်များစွာ အခြေအနေကောင်းမွန်ခြင်းမရှိသော ကိုနှုတ်ခမ်းမွှေးအားသတ်ရန်အတွက်လုံလောက်သည်ကိုရှစ်ဖုန့်သိသည်ဖြစ်သည်။

သွေးနီရောင်အလင်းက ပျံသန်းလာပြီး  သွေးနီရောင်အလင်းအတွင်း ဝိုးတိုးဝါးတားမြင်တွေ့ရနိုင်သော  ကြမ်းကြုတ်သည့်သားရဲအား  မြင်တွေ့လိုက်ရသောအခါတွင် မူလက အေးဆေးတည်ငြိမ်နေသော သက်လတ်ပိုင်းအရွယ်ကိုနှုတ်ခမ်းမွှေး၏  အမူအယာမှာ သိသိသာသာကိုရုတ်ခြည်းပြောင်းလဲသွားသည်။ ပါးလျသော ရေခဲချီတို့ဝန်းရံနေသည့်သူ၏ညာလက်ဖြင့် ရုတ်ခြည်း   ပျံသန်းလာနေသော သွေးနီရောင်အလင်းထံ ခုတ်ပိုင်းချလိုက်သည်။

“စွပ်”

“မဟုတ်ဖူး”

အသံနှစ်ခုက ကိုနှုတ်ခမ်းမွှေးထံမှ တစ်ချိန်တည်းထွက်ပေါ်လာသည်။

“မဟုတ်ဖူး”

အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူမှာ လက်သင့်မခံနိုင်စွာဖြင့် အော်ဟစ်လိုက်သည်။ “စွပ်” ဟူသောအသံမှာ  သွေးသောက်ဓား၏ ထိုးစိုက်ခြင်းကိုခံလိုက်ရသော  ကိုနှုတ်ခမ်းမွှေး၏ လက်ဝါးမှထွက်ပေါ်လာခြင်းဖြစ်သည်။

“ဝေါင်း”

ထို့နောက် ကြမ်းကြုတ်သော ဟိန်းဟောက်သံနှင့်အတူ  ဝိုးတိုးဝါးတားမြင်တွေ့ရနိုင်သော သွေးယင်သားရဲနှင့် သွေးသောက်ဓားက ကိုနှုတ်ခမ်းမွှေး၏ နှလုံအား ထိုးဖောက်သွားပြီး  သူ၏ကျောဘက်မှ ပြန်လည်ထွက်လာသည်။

“အူး”

အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်း

အရွယ်လူမှာ ခန္ဓာကိုယ်က ကွေးကျသွားသည်။ သူ၏မျက်နှာထက်တွင် လက်သင့်မခံနိုင်မှုတို့ဖြင့် ပြည့်နှက်နေသည်။  သူ၏မျက်လုံးတို့က ပြူးကျယ်စွာပွင့်နေပြီး ခေါင်းငုံ့ထားကာ သူ၏နှလုံးအား ထိုးဖောက်ဝင်ရောက်သွားသော  သွေးနီရောင်ဓားကို စိုက်ကြည့်နေသည်။ ထို့နောက် သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သော အမူအယာတစ်ခုပေါ်လာပြီး  သူ့နှုတ်ခမ်းညာဘက်ထောင့်မှ   သွေးစီးကြောင်းတစ်ခုစီးဆင်းလာသည်။

“မဟုတ်ဖူး. ငါကဘယ်လိုဖြစ်ပြီး ဒီလိုမျိုး ရှုံးနိမ့်ရမှာလဲ. ငါ.. ငါသေရတော့မှာလား.. ငါမသေချင်သေးဘူး..ငါ….”

အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင်သက်လတ်ပိုင်းအရွယ်လူမှာ ဆက်လက်စကားပြောဆိုလိုသော်လည်း သူ၏အသိက  ရုတ်ရက် ဒီရေအလား ဆုတ်ခွာ လာသည်။ သူ၏ခေါင်းက အနည်းငယ် ငုံ့သွားပြီး ရုတ်တရက် စိုက်ကျသွားသည်။

ထျန်းခွန်းဂိုဏ်း၏  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ် မိသားစုအမည်ကော်ဖြစ်ပြီးအမည်အပြည့်အစုံအား မသိလိုက်ရသောသူမှာ သေဆုံးသွားခဲ့ပြီဖြစ်သည်။

“ဟားဟား….ဟီးဟီးဟီး”

ဖော်မပြနိုင်လောက်သော အခက်အခဲများနှင့် သေလုနီးပါးဖြစ်သွားခဲ့ရပြီးနောက် ကိုနှုတ်ခမ်းမွှေးအားနောက်ဆုံး၌ သူမည်ကဲ့သို့သတ်လိုက်သည်ကိုကြည့်ရင်း

ရှစ်ဖုန့်တစ်ယောက် လွတ်လွတ်လက်လက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ ရုတ်တရက်သူ၏နှလုံးသား က ပေါ့ပါးသွား မှုကိုခံစားလိုက်ရသည်။

ငရဲဘုံကိုးခု အမှောင်ပညာရပ်ကိုအဆက်မပြတ်

လည်ပတ်လိုက်ပြီး  ကိုနှုတ်ခမ်းမွှေး ၏ သေခြင်းစွမ်းအင်နှင့်ဝိညာဉ်တို့အား ဝါးမျိုပြီးနောက် ရှစ်ဖုန့်တစ်ယောက်  ၎င်း၏သွေးကိုလည်း ဆက်လက်ဝါးမျိုလိုခဲ့သည်။ ရုတ်တရက်  သူ၏သတိက သူ၏ စိတ်ထဲမှ ဒီရေအလားတစ်ဟုန်ထိုးလျော့ပါးလာသည်။ ရှစ်ဖုန့်၏ ကိုယ်က လုံးဝပေါ့ပါးလာသည်။  “ဘန်း” ဟူသောအသံနှင့် အတူ  မိုးပြာရောင် မြေပြင်ထက်သို့ နောက်ပြန်လဲကျသွားသည်။

နောက်တစ်ကြိမ်ထပ်မံ၍  မြေပြင်ပေါ်တွင်ရှိနေသော မိုးပြာရောင်သလင်းကျောက်များစွာ

အားခြေမွပစ်လိုက်သည်။

ဤအခိုက်အတန့်တွင် ရှစ်ဖုန့်၏ ထိန်းချုပ်ခြင်းမရှိဘဲ သွေးသောက်ဓားက အဖျားကော့သောနှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူ၏  သွေးတို့နား တောက်ပသော သွေးနီရောင်အလင်းနှင့်အတူ ဆက်လက်စုပ်ယူနေသည်။ သွေးသောက်ဓားနှင့်  သွေးယင်သားရဲတို့က  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ၏  ခန္ဓာကိုယ်မှ သွေးတို့အား  ရူးသွပ်စွာစုပ်ယူနေကြ၏။

အလောင်းမှာမူ  ၎င်းတို့၏သွေးအား သွေးရူးသွေးတန်းဝါးမျိုမှုအောက်တွင်  လျှင်မြန်စွာရှုံ့တွလာပြီး  သေခြင်းတားမြစ်နယ်မြေအတွင်းမှ နောက်ထပ်ခြောက်သွေ့သော

အလောင်းတစ်ခုဖြစ်လာသည်။ရုတ်တရက်  တောက်ပသော သွေးနီရောင်အလင်းတစ်ခုက သွေးသောက်ဓားပေါ်၌ ဖျက်ခနဲလင်းလက်သွားသည်။

“ဝေါင်း”

ထို့နောက်ချက်ချင်း  ကြမ်းကြုတ်သောသားရဲတစ်ကောင်၏ ဟိန်းဟောက်သံက  ဧရိယာတစ်ဝိုက်ဖြတ်သန်းပဲ့တင်ထပ်လာသည်။  ကြယ်ခုနှစ်ပွင့်သူတော်စင်နယ်ပယ်

ကျွမ်းကျင်သူတစ်ဦး၏ သွေးတို့အား စုပ်ယူပြီးသည့်နောက်တွင်  သွေးဓားနှင့်သွေးယင်သားရဲတို့နှစ်ခုစလုံး အဆင့်ချိုးဖျက်သွားသည်။ သွေးဓဦးကလည်း အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ရွှမ်းလက်နက်တစ်ခုဖြစ်လာသကဲ့သို့  သွေးယင်သားရဲကလည်း အဆင့်ခုနှစ် သူတော်စင်နယ်ပယ်  နတ်ဆိုးသားရဲတစ်ကောင်ဖြစ်လာသည်။

“စွပ်” ဟူသော အသံတစ်ခုနှင့်အတူ  သွေးသောက်ဓားက ခြောက်သွေ့သောအလောင်းမှာ သူ့ဖာသာသူ ဆွဲနှုတ်ထွက်လာသည်။ “ဘန်း”  ဟူသောအသံနှင့်အတူ ခြောက်သွေ့သောအလောင်းမှာ သွေးသောက်ဓား မရှိတော့သည့်နောက် ရုတ်ခြည်းမြေပြင်ပေါ်လဲပြိုကျသွားသည်။

သွေးသောက်ဓားက မြေပြင်ထက်၌လဲနေသော ရှစ်ဖုန့်ထံသို့ လျှင်မြန်စွာပျံသန်းလာသည်။  ဤအချိန်တွင်  သွေးသောက်ဓားပေါ်၌

ဝိုးတိုးဝါး ဖြစ်ပေါ်နေသော သွေးယင်သားရဲ၏ ပုံရိပ်မှာ လက်သီးဆုပ်အရွယ်မှ  လူတစ်ယောက်၏ဦးခေါင်းအရွယ်အ

စားဖြစ်လာသည်။ ၎င်း၏ကိုယ်အားဖုံးလွှမ်းနေသောအကြေးခွံများမှာ ပို၍ နီရဲလာ၏။ကြီးထွားလာသော  သွေးယင်သားရဲ (ဝါ)သွေးအရိပ်သားရဲ (ဝါ) သွေးလစန္ဒြာသားရဲ၏ပုံစံမှာ ပို၍ ကြမ်းကြုတ်ခက်ထန်သည်ထက်ခက်

ထန်လာသည်။

“ထန်” ဟူသော အသံနှင့်အတူ သွေးသောက်ဓားက ရှစ်ဖုန့်၏ နံဘေးတွင်သက်ဆင်းသွားပြီး သူ့ဘေးရှိ မိုးပြာရောင်မြေပြင်၌ ထိုးစိုက်သွားသည်။ထို့နောက်ချက်ချင်း  သွေးနီရောင်အလင်းကပျောက်ကွယ်သွားပြီး သွေးလစန္ဒြာသားရဲလည်း ထပ်ပြီးပေါ်မလာတော့ပေ။ရုတ်တရက်  သွေးလစန္ဒြာသားရဲမှာငြိမ်ကျသွားပြီး  ၎င်း ၏ သခင်ဖြစ်သူအား တိတ်တဆိတ်ကာကွယ်ပေးနေသကဲ့

သို့ဖြစ်နေသည်။

………………………..

“အမေ..အကိုကြီးဘယ်ကိုသွားတာလဲ. သူဒီဘက်ဦးတည်ချက်အတိုင်းပျံသွား

တာတော့သမီးမှတ်မိတယ်”

ဗလာနတ္ထိမိုးပြာရောင် ဟင်းလင်းပြင်ထဲတွင် လှပသော အမေနှင့်သမီးဖြစ်သူတို့က ဖြည်းဖြည်းချင်းပျံသန်းနေသည်။သူမတို့၏မျက်လုံးများက ဗလာနတ္ထိဟင်းလင်းပြင်အား အဆက်မပြတ် စစ်ဆေးနေပြီး  သူမတို့အောက်ဘက်ရှိ မြေပြင်ပင်ပါရှိသေးသည်။ သူတို့က ရှစ်ဖုန့်အား ရှာဖွေနေကြခြင်းဖြစ်သည်။

ရှစ်ဖုန့်အား ရှာဖွေခြင်းအပြင် သူမတို့အတွက် အရေးအကြီးဆုံးသူဖြစ်သော ချူးယွဲ့ကိုလည်း ရှာနေကြသည်။

“အကိုကြီးက တော်တော် ဆိုးဆိုးဝါးဝါးကို ထိခိုက်ဒဏ်ရာရသွားတယ်.. အခုသူအဆင်ပြေရဲ့လားဆိုတာကို သမီးမသိဘူး..”

မြင့်မားသောအရှိန်အဟုန်ဖြင့် ပျံသန်းသွားပြီး  မြေပြင်ပေါ်သို့ သွေးများပန်းထွက်သွားသော ခန္ဓာကိုယ်အားတွေးမိသောအခါတွင်   ကောင်မလေး၏ မျက်နှာ၌ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

“အဲ့လူက မရိုးရှင်းဘူး. သမီး သူ့ကို အရမ်းကြီး စိတ်ပူနေဖို့မလိုပါဘူး. ..သူအဆင်ပြေလိမ့်မယ်လို့အမေထင်တယ်..”

သူမသမီးဖြစ်သူ၏ မျက်နှာထက်ရှိ စိုးရိမ်မှုတို့အားမြင်တွေ့လိုက်ရသောအခါတွင်  မိခင်ဖြစ်သူက သမီးအား ညင်သာစွာ နှစ်သိမ့်လိုက်သည်။

“အင်း..သမီးအဲ့လိုမျှော်လင့်ပါတယ်”

မိခင်ဖြစ်သူ၏ စကားတို့အားကြားပြီးနောက်  ကောင်မလေးက ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဟေး ..အမေ ကြည့်လိုက်..ကောင်းကင်ထဲမှာ လူတစ်ယောက်ထိုင်နေတဲ့ပုံပဲ..”

ရုတ်တရက် ကောင်မလေး၏ အံ့အားသင့်သော အသံခပ်တိုးတိုးထွက်ပေါ်လာသည်။ သူမရှေ့ရှိကောင်းကင်ထဲတွင်   အဖြူရောင်ပုံရိပ်တစ်ခုအားမြင်တွေ့လိုက်ရသည်။  ထိုပုံရိပ်က ဗလာနတ္ထိဟင်းလင်းပြင်ထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။

သူမတို့ကြားထဲတွင် အကွာအဝေးတစ်ခုကွာခြားကာ သူမတို့အနေဖြင် ထိုပုဂ္ဂိုလ်၏ တစ်ဖက်ခြမ်းကိုသာမြင်ရသော်လည်း  ထိုပုံရိပ်မှာ အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်လိမ့်မည်ဟု သူမတို့ပြောနိုင်သည်ဖြစ်သည်။ သို့သော် ထိုအမျိုးသမီး၏ ရှည်လျားသော ဆံပင်တို့က  သူမ၏နောက်ကျောပြင် သို့  ရေတံခွန်မှရေစီးသကဲ့သို့ဖြာကျနေပြီး တကယ့်ကို နှင်းကဲ့သို့ဖြူစွတ်သော အရောင်ဖြစ်နေသည်။

သမီးဖြစ်သူ၏ စကားတို့အားကြားပြီးနောက်  လှပသောအမျိုးသမီးကလည်း   သမီးဖြစ်သူ၏မြင်ကွင်းအတိုင်း လိုက်ပါကြည့်ရှုလိုက်ပြီး   အဖြူရောင်ပုံရိပ်အား မြင်တွေ့လိုက်ရသည်။ ထို့နောက်ချက်ချင်း  လှပသော အမျိုးသမီး၏ပျံသန်းနေသော ပုံရိပ်မှာ ရပ်တန့်သွားသည်။ သူမကဘေးတွင်ရှိနေသောသမီးဖြစ်သူအား ဖမ်းဆွဲလိုက်ပြီး  ရှေ့သို့ပျံသန်းနေခြင်းကို တားဆီးလိုက်၏။ လေးနက်သောမျက်နှာထားဖြင့်  သူမ၏သမီးဖြစ်သူအားပြောလိုက်သည်။

“ဒီပုဂ္ဂိုလ်ပုံစံက  နည်းနည်းထူးဆန်းနေတယ်. တို့တွေအဲ့ဘက်ကိုမသွားတာ အကောင်းဆုံးပဲ”

“အင်း ..သမီးလည်းအဲ့လိုထင်တယ်”

သူမမိခင်ဖြစ်သူ၏စကားအားကြားပြီးနောက်  ကောင်မလေးက အဖြူရောင်ပုံရိပ်အားထပ်မံကြည့်လိုက်ကာ  နာခံမှုရှိစွာဖြင့်ခေါင်းညိမ့်လိုက်သည်။

ထို့နောက်   သားအမိနှစ်ဦး မှာ သူမတို့၏ဦးတည်ချက်အားပြောင်းလဲလိုက်ပြီး သူမတို့ရှာဖွေနေသော လူအား ရှာဖွေရန် ဆက်လက်ပျံသန်းသွားကြသည်။  သူမတို့ က အဖြူရောင်ပုံရိပ်နှင့်အကွာအဝေးတစ်ခုကို  ဆက်လက်ထိန်းထား၏။

ဤအချိန်တွင် အကွာအဝေးတစ်ခုရှိ အနည်းငယ်ထူးဆန်းသည်ဟုသား အမိနှစ်ယောက်ပြောဆိုသော အဖြူရောင်ပုံရိပ်က  ရုတ်တရက်သူမခေါင်းအားလှည့်၍ သားအမိနှစ်ဦး ၏ဦးတည်ချက်သို့ ကြည့်လိုက်သည်။မူလက ပိတ်နေသာ သူမ၏မျက်လုံးတို့မှာ ရုတ်တရက်ပွင့်လာသည်။

ရှည်လျားသော နှင်းဖြူရောင်ဆံနွယ်တို့အောက်တွင်ရှိနေသာ မျက်နှာက မြို့ရွာတိုင်းပြည်များကိုပင်လဲပြိုသွားစေနိုင်၏။ ၎င်းကတပ်မက်ဖွယ်ကောင်းပြီး သန့်စင်ကာ  သေမျိုးကမ္ဘာ၏ အစွန်းအထင်းမရှိသော အရာတစ်ခုကဲ့သို့ပင်ဖြစ်သည်။သို့သော် ဤအချိန်တွင်လှပသောမျက်နှာလေးက တည်ငြိိမ်နေပြီး  ဘာစိတ်ခံစားမှုအတက်အကျတို့မှဖြစ်မနေပေ။သူမမျက်နှာထက်ရှိ အဖြူရောင်အသားအရည်သည်ပင် အနည်းငယ်ဖြူလွန်းနေသည်ဖြစ်သည်။

အကယ်၍ရှစ်ဖုန့်သာ ဤနေရာ၌ရှိနေခဲ့လျှင် ဤလှပသောအမျိုးသမီးအားသေချာပေါက်မှတ်မိလိမ့်မည်ဖြစ်သည်။ ဤအမျိုးသမီးမှာသူသေခြင်းတားမြစ်နယ်မြေထဲသို့ဝင်၍ အသက်ကိုစွန့်စားကာ ခက်ခက်ခဲခဲကြိုးစားရှာဖွေနေသော ယွဲ့ဝူရှန့်ပင်ဖြစ်လေသည်။

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters