← Chapters

ထွက်သွားစမ်း

Vol. 45 Ch. 624

ထွက်သွားစမ်း

Vol. 45 Ch. 624

မိုဝူကျိက ထွက်သွားခိုင်းပြီးသည့်နောက်  လွန်ချိုက် တကယ် လှည့်ထွက်သွားသည်ကို မြင်ကာ ယန်ကျင်းကျင်း၏ စိတ်နှလုံးသားကား အေးစက်သွားလေ၏။

ဒီခွေးကောင်က နယ်လှည့်ကျင့်ကြံသူလား …… မဟာဧကရာဇ် လွန်ချိုက်ပင် နာနာခံခံဖြင့် ထွက်သွားရလေရာ သူ ယန်ကျန်းကျန်းဆို လုံးဝ အသိမှတ်ပြု မခံရဘူးလား ….

“ ဆေးလုံးဆရာမို စောစောလေးက ကျုပ် အမှားပါ ….. အခု သွားလိုက်ပါဦးမယ် ” ယန်ကျန်းကျန်းက စကားပြောပြီးနောက် မိုဝူကျိ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ အမြန်နှုန်းဖြင့် ထွက်သွားတော့သည်။ “ ဆေးလုံးဆရာမို” အခေါ်အဝေါ်အား လွန်ချိုက်ဆီမှ ကြားလိုက်ရခြင်း ဖြစ်၏။

နိုက်ဟော်  စိတ်လည်း လေးလံလာမိသည်။ မိုဝူကျိကို လာရှာသည့် အကြောင်းအရင်းမှာ လောကထိပ်သီး အမှတ်အသားပြားကြောင့် ဖြစ်၏။ သဘောတရားပြောရမည်ဆိုလျှင် သူ့တွင် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့နောက်ခံ မရှိတော့ပြီ ဖြစ်၍ ညှိနှိုင်းဖို့ရာ ပို၍ လွယ်ကူသွားလိမ့်မည်ဟု ထင်မှတ်မိခဲ့သည်။ သို့သော်လည်း  လွန်ချိုက်ကိုပင် ထွက်သွားခိုင်းလေရာ သူမလို မဟာယီရှန်းအဆင့်လေးက ဘာလုပ်ရတော့မည်နည်း။

ကျင့်ကြံခြင်းလောကတွင် ရှိစဉ် သူမက မိုဝူကျိ၏ အနာဂတ် အောင်မြင်မှုများမှာ တိုင်းတာမရ ဖြစ်မည်မှန်း သေချာသိနေသော်လည်း  အရမ်းမြန်ဆန်လွန်းမနေဘူးလား။

ထိုမျှအချိန်တိုလေးအတွင်း မိုဝူကျိက ဤမျှကြီးထွားလာပြီလား ….

သူမက အင်မော်တယ်ဖွေရှာ အမှတ်အသားပြားနှင့် လောကထိပ်သီးအမှတ်အသားပြားတို့ကို ရဖို့ရာ  ကောင်းကင်ကို ထိကိုင်တွေ့ရသည့်အလား ခက်ခဲမည်မှန်း သိသော်လည်း မရပ်တန့်နိုင်ပေ။ ထိုအမှတ်အသားပြားနှစ်ခုမှာ သူမအတွက် အရမ်းအရမ်းကို အရေးကြီးပေသည်။

မိုဝူကျိက ထိုလူများကို ဂရုမစိုက်ပေ။ နောက်တစ်ဖန် ရင်းနှီးသည့် မျက်နှာကား သူ့ဆီ ချည်းကပ်လာပြန်သည်။

ဟန်ကျွင်း - ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ အဆင့် ၇  ဆေးလုံး ဧကရာဇ်

အမှန်တိုင်းဆိုရလျှင် မိုဝူကျိက ဟန်ကျွင်းနှင့် ကုန်းယန်ရွယ်အပေါ် အမြင်ကောင်းများ ရှိပေသည်။ ထိုအရာက  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ဘာမှ မသက်ဆိုင်ပေ။ သူတို့နှစ်ယောက်လုံး၏ အံ့အားသင့်စရာ အကောင်းဆုံးအပိုင်းမှာ  သူတို့၏ ကျင့်ကြံဆင့် မဟုတ်ဘဲ သူတို့၏ ဆေးလုံးတာအို ဖြစ်၏။ အစပိုင်း  သူတို့ ဆေးလုံးဧကရာဇ်နှစ်ယောက်နှင့် ဆေးလုံးတာအိုအကြောင်း ဆွေးနွေးကြစဉ်  သူ့အနေနှင့် ဘာမှလျို့ဝှက်မထားပေ။ အချိန်ကန့်သတ်ချက်ကြောင့်သာ  ဆေးလုံးဧကရာဇ်နှစ်ယောက်က  သူ့ဆီမှ တချို့တဝက်သာ ရသွားခြင်း ဖြစ်၏။

နောက်ပိုင်း ဖြစ်လာသည့် ကိစ္စများက သူ့အား အလွန်စိတ်ပျက်စေသည်။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က စူးခရာအင်မော်တယ် မြို့ဟောင်းမှ သူ့ဆေးဆိုင်အား လက်လျော့လိုက်ပေရာ ကုန်းယန်ရွယ်အနေနှင့် ထိုကိစ္စအား  မသိသည်မှာ ဖြစ်နိုင်လောက်ပေသည်။ ထိုလူက ဆေးဖော်စပ်ခြင်းအား အရူးအမူး စွဲလမ်းနေသူ ဖြစ်ပေရာ တခြားဘာကိုမှ ဂရုမစိုက်တတ်ချေ။ သို့သော် ဟန်ကျွင်းက ဘာမှ မသိဘူးဟု ဆိုလာလျှင် မိုဝူကျိအနေနှင့် လုံးဝ မယုံနိုင်ပေ။

ဟန်ကျွင်းက သူတို့၏ ဆေးလုံးတာအို ဆွေးနွေးပွဲကို ထောက်ထား၍  ကူညီခဲ့သင့်ကြောင်း သိပေသည်။ အကယ်၍ မိုဝူကျိ ဖြစ်နေပါက  ဟန်ကျွင်းပင် ဖြစ်စေ၊ ကုန်းယန်ရွယ်ပင် ဖြစ်စေ သူတို့၏ မိသားစု ပြဿာနအခက်အခဲ ရှိနေသည်ဆိုလျှင် သူက ကူညီပေးမည် ဖြစ်၏။

သို့သော်လည်း  တျန်းဂျီဆေးဆိုင်မှာ လွန်ချိုက်၏ ဖျက်စီးခြင်းကို ခံလိုက်ရပြီး  ဆေးဆိုင်ထဲမှ လူများလည်း အသတ်ခံလိုက်ရသောကြောင့် ဟန်ကျွင်းက လုံးဝ မကူညီခဲ့ကြောင်း သိသာနေ၏။

“ ဆေးလုံးဆရာမို  ကျုပ်တို့တွေ မတွေ့တာတောင် အတော်ကြာပြီနော် …”  ဟန်ကျွင်းက အဝေးမှ လေးလေးစားစား ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။ သူ လျှောက်လှမ်းလာရင် ရယ်သံကိုပင် ကြားနေရသည်။

မိုဝူကျိ မျက်နှာမှာ အမူအယာကင်းမဲ့နေဆဲ ဖြစ်ပြီး  အပြုံးတစ်ပွင့်ပင် မရှိသလို  ပြန်၍လည်း ဦးညွှတ်မနှုတ်ဆက်ပေ။ ဟန်ကျွင်းက  ပေါင်းသင်းဖို့ရာ မထိုက်တန်သည့်အတွက်  ထိုအတုအယောင် အပြုအမူများက သူ့အတွက် အပိုသာ ဖြစ်၏။

ဟန်ကျွင်းလည်း မိုဝူကျိ၏ ရည်ရွယ်ချက်ကို နားလည်လေရာ  လက်ကို နေရခက်စွာ ချလိုက်တော့သည်။ အစပိုင်း ဟူကျန်းယွီက မိုဝူကျိအပေါ် လက်လျော့လိုက်ကြောင်း သိစဉ်က    နည်းနည်း နောင်တရနေမိသည်။ တျန်းဂျီဆေးဆိုင်ကို မကယ်တင်နိုင်သော်လည်း  အထဲမှ လူများကို ကယ်လိုက်ဖို့ရာ  သူ့အနေနှင့် တတ်စွမ်းနိုင်ပေသည်။

သူ့အမြင်အရ ကူဖော်လောင်ဖက်များ သေဆုံးသွားခြင်းက အဓိပ္ပါယ်များများစားစား မရှိချေ။ သို့သော် မိုဝူကျိက ထိုလူများကို အရမ်းတန်ဖိုးထားနေခြင်း  မဟုတ်လျှင် လွန်ချိုက်အား ထွက်သွားခိုင်းမည် မဟုတ်ပေ။

ရှောင်လီရှီက မိုဝူကျိ ဟန်ကျွင်းကို လျစ်လျူရှုထားသည်ကို မမြင်သည့်အလား ပြုမူကာ ပြုံးရင်း နှုတ်ဆက်လိုက်လေ၏  “ ဆေးလုံးဆရာမိုအကြောင်း ကြားဖူးနေတာ ကြာပါပြီ။ ကောလဟာလတွေအတိုင်း ခင်ဗျားက တကယ်ထူးချွန်တာပဲ  ”

အားကောင်းသည့် အရှိန်အဝါက ရောက်ရှိလာရာ  မိုဝူကျိက အနည်းငယ် မျက်မှောင်ကျုတ်လိုက်သည်။ မိုဝူကျိက ဤရှောင်လီရှီမှာ မရိုးရှင်းကြောင်း  ခံစားမိ၏။  ထိုလူက လူငယ်လေးနှင့် တူသော်လည်း   မိုဝူကျိ၏ ခန့်မှန်းချက်အရ  ထိုသူမှာ အနည်းဆုံး အလယ်အလတ် အင်မော်တယ် ဧကရာဇ် အဆင့် ရှိပေလိမ့်မည်။

ထိုသို့မျိုး လူမျိုးက သူ့အား အဘယ်ကြောင့်  ဖော်ဖော်ရွေရွေ ဆက်ဆံနေသနည်း။

တစ်ဖက်လူက  အင်မော်တယ် ဧကရာဇ်ဖြစ်သောကြောင့် မိုဝူကျိက ပြန်ဦးညွှတ်ကာ  “ ဒီက တာအိုရောင်းရင်းက ဘယ်သူများလဲ  ”

ရှောင်လီရှီက ပြန်ဖြေလိုက်၏

“ တကယ်တော့  ကျုပ်တို့ကြားမှာ ရန်ကြွေးအကြီးကြီး ရှိတဲ့ပုံပါပဲ  ….  အရင် ကျုပ် တံခါးပိတ် လေ့ကျင့်နေတာဆိုတော့  ဟူကျန်းယွီရဲ့  ရူးကြောင်ကြောင်ဆုံးဖြတ်ချက်ကို  ကျုပ် ထွက်လာမှ သိလိုက်ရတယ်။

ကျုပ်က ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့  ကိုယ်စား ဆေးလုံးဆရာမိုကို တောင်းပန်ချင်ပါတယ်။ စိတ်မပူပါနဲ့  … ကျုပ်တို့ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က ခင်ဗျားအတွက် အမြဲတမ်း တံခါးဖွင့်ကြိုဆိုနေပါတယ်။ အချိန်မရွေး ပြန်လာလို့ ရပါတယ်။  ခင်ဗျားရဲ့ ဆုံးရှုံးမှုအတွက်  မဟာမိတ်အဖွဲ့က  အဆများစွာ ပြန်ပေးဆပ်ပါ့မယ် … ”

သို့သော်လည်း မိုဝူကျိ မျက်လုံးများက အေးစက်သွားကာ  ယခင်ကဲ့သို့ မဖော်ရွေနေတော့ဘဲ   “ ခင်ဗျားက  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ရဲ ခေါင်းဆောင် ရှောင်လီရှီလား ”

“ ဟုတ်ပါတယ် ကျုပ်က ရှောင်လီရှီပါ … ” ရှောင်လီရှီ စိတ်ထဲ ဒေါသတရားများ ပေါက်ဖွားလာ၏။ သူက  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင် ဖြစ်ပြီး  အင်မော်တယ် ဧကရာဇ်တစ်ယောက်လည်း ဖြစ်ပေရာ  မိုဝူကျိက အနည်းငယ် ရိုင်းစိုင်းနေပေ၏။

“ မဟာမိတ်ခေါင်းဆောင်ရှောင် ပြောတာ အမှန်ပဲလား  ” မိုဝူကျိက ရုတ်ချည်း မေးလိုက်သည်။

“ ဒါပေါ့ ….  ကျုပ် ရှောင်လီရှီက  ဘယ်တော့မှ မညာဘူး။ ဟူကျန်းယွီကိုလည်း ခင်ဗျားကိစ္စကြောင့်  သူ့ ဒုခေါင်းဆောင် နေရာကနေ ဖယ်ထုတ်လိုက်ပါပြီ  ” ရှောင်လီရှီက ရှင်းပြလိုက်သည်။ သူ့မျက်နှာတွင် ကြင်နာတတ်သော အမူအယာ ရှိနေသော်လည်း  ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာတော့ ရှိမနေချေ။

“ အဲဆို မဟာမိတ်ခေါင်းဆောင်ရှောင်က ကျုပ်နဲ့ လွန်ချိုက်ကြားက ရန်ကြွေးကိုလည်း ကောင်းကောင်း သိမှာပေါ့  ” မိုဝူကျိက မေးလိုက်သည်။

ရှောင်လီရှီက ခေါင်းညိတ်ကာ  “ သိပါတယ် … တကယ်လို့ အခု လွန်ချိုက်သာ လှုပ်ရှားရဲရင် ကျုပ်လည်း  ဝင်ပါတော့မလို့ပါ ”

“ အို …” မိုဝူကျိက  အမူအယာကင်းမဲ့စွာ ပြောလိုက်၏

“ ဒီဆိုဆိုမှတော့  လွန်ချိုက်က ဘာလို့ ဒီနေရာမှာ ရှိနေဦးမှာလဲ။ ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့က မဟာဧကရာဇ် လွန်ချိုက်တစ်ယောက်ကိုတောင်  မကိုင်တွယ်နိုင်ဘူးလား ။ ဒါမှမဟုတ် လွန်ချိုက်ရဲ့ အနှောင်အဖွဲ့ကင်းနန်းတော်က ဘယ်နေရာမှာ ရှိတာကို မသိတာများလား … ”

“ ….. ” ရှောင်လီရှီက မည်သို့တုံ့ပြန်ရမှန်း မသိတော့ချေ။

မိုဝူကျိက နည်းနည်း  အကျိုးအကြောင်းမသင့်သလို ဖြစ်မနေဘူးလား  …..

ဤသို့မျိုး တကယ်တောင်းဆိုဖို့ရာ  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ကို သိသိသာသာ မလေးမစား လုပ်နေခြင်း မဟုတ်ဘူးလား …..

မိုဝူကျိ အမုန်းဆုံးသူများမှာ  လိမ်ညာနေခြင်း အပြုံးပန်းဆင်ထားသော  ရှေ့တစ်မျိုး ကွယ်တစ်ရာတစ်မျိုး လုပ်တတ်ကြသူများ ဖြစ်၏။ ထိုစဉ် ရှောင်လီရှီ ကြောင်အမ်းသွားပြီးနောက် အော်ပြောသံကို ကြားလိုက်ရသည်  “ ထွက်သွားစမ်း ”

ဤသို့ ကြောင်သူတော် အမှိုက်အတွက် သူက အချိန်ကုန်မခံတော့ပေ။ မိုဝူကျိအနေဖြင့် ရှောင်လီရှီက သူ့အား သတ်ဖို့ရာ  ကြံရွယ်ခဲ့ကြောင်း မသိသေးပေ။ အကယ်၍ သူသိလျှင် “ထွက်သွားစမ်း” တစ်ခွန်းတည်း ပြောနေမည် မဟုတ်ပေ။

“ မင်းက …. ” ရှောင်လီရှီက ဒေါသတကြီး ထွက်သွားလေ၏။ သူက လွန်ချိုက် မဟုတ်ပေ။ မိုဝူကျိ၏ အင်မော်တယ်အရုပ်မှာ အားကောင်းမှန်း မှန်းဆမိသော်လည်း မဟာဧကရာဇ်လောက် အားကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။

အဆင့် ၅  ဆေးလုံးဘုရင်လေးက သူ့လို ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ထွက်သွားခိုင်းသည်မှာ  သူက သေချင်နေတာ များလား။

အင်မော်တယ် ဧကရာဇ်တစ်ယောက်၏ ဂုဏ်သိက္ခာဖြင့်  ပါးမွှားလေး၏ မလေးမစား အပြုအမူကို မည်သို့ ခွင့်ပြုရမည်နည်း။

အားကောင်းသော စွမ်းအားလှိုင်းက မိုဝူကျိဆီ ရောက်ရှိလာသည်။ သူက တန်းမတိုက်ခိုက်ဘဲ မိုဝူကျိကို သူ့စွမ်းအားစက်ကွင်း အရှိန်အဝါဖြင့် မသန်မစွမ်း ဖြစ်စေရန် ရည်ရွယ်ထား၏။ မိုဝူကျိကို သူတို့ဖက် မခေါ်နိင်သည့်အတွက်  ထိုအကြောင်းပြချက် အသုံးချ၍ မိုဝူကျိအား မသန်မစွမ်း ဖြစ်စေလိုက်မည်။

နှာခေါင်းတစ်ချက် ရှုံ့ကာ  မိုဝူကျိဘေးမှ တူညီသော အားလှိုင်းများက ထွက်ပေါ်လာသည်။ နှစ်ဖက်လုံးမှ အရှိန်အဝါများက ထိပ်တိုက်တွေ့ဆုံမိပြီး  လေထုထဲ ပေါက်ကွဲထွက်ကုန်သည်။ မဟာဧကရာဇ်နှစ်ယောက် တိုက်ခိုက်မှု မပါလျှင်ပင်  ဤသို့သော ပေါက်ကွဲမှုမှာ  အရာအားလုံးကို ဖျက်စီးနိုင်စွမ်း ရှိ၏။

သို့သော်လည်း  ပြင်းထန်သော စွမ်းအားများ ထွက်ပေါ်မလာခင် အညိုရောင်ဝတ်ရုံနှင့် အမျိုးသားက ဘေးဖက် ရောက်လာကာ  လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့်  ထိုစွမ်းအားများက အစအနမရှိ ပျောက်ကွယ်သွားလေသည်။

ထိုစဉ် ရှောင်လီရှီ၏ ဒေါသတရားများလည်း ပျောက်ကွယ်သွားလေပြီ။ သူက မိုဝူကျိဘေးမှ တာ့ဟွမ်ကို အလန့်တကြား စိုက်ကြည့်လိုက်သည်။ သူ့ပြင်းထန်သော အရှိန်အဝါနှင့် သတ်ဖြတ်ငွေ့များကို ထိုအင်မော်တယ်အရုပ်ကြောင့် အလွယ်တကူ ပျံ့နှံ့သွား၏။ အင်မော်တယ်အရုပ်၏ အင်အားမှာ သူ့ထက်ပင် အားကောင်းနေဟန် ပေါ်၏။

သူတို့  စတင်တိုက်ခိုက်လိုက်သည်နှင့် ရှောင်လီရှီက  ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့၏ မျက်နှာကို ပျက်စေသလို ဖြစ်သွားလိမ့်မည်။ လွန်ချိုက် မလှုပ်ရှားရဲသည်မှာ အံ့ဩစရာတော့ မဟုတ်ချေ။

ထို့ကြောင့် တိုက်ခိုက်ဖို့ရာ လက်လျော့လိုက်ပြီး  အညိုရောင်ဝတ်ရုံနှင့် အမျိုးသားအား ဦးညွှတ်ကာ  “ မြို့စားကူ … ကျုပ် နည်းနည်း လွန်မိသွားတယ် ”

ထိုလူက ရှောင်လီရှီကိ သိဟန်ဖြင့်  ပြန်ဦးညွှတ်ကာ

“ မဟာမိတ်ခေါင်းဆောင် ...   ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါး မြို့ကို ထောက်ထားပြီးတော့   မတိုက်ရင်  ကျုပ် ကူကျူးက အရမ်းကျေးဇူးတင်မိမှာပါ  ”

“  မြို့စားကူကျူးက  ပြောပုံအရဆို မှားတဲ့သူက ကျုပ်ပါပဲ  … ကျုပ်တို့တွေ နောင်မှ ထပ်တွေ့ကြတာပေါ့  ”  ရှောင်လီရှီက မိုဝူကျိကိုပင် မကြည့်ဘဲ  လှည့်ထွက်သွားတော့သည်။

“ မိုဝူကျိက  မြို့စားကူကို နှုတ်ဆက်ပါတယ် ” မိုဝူကျိက မလေးမစား မပြုမူရဲပေ။ သူက  ကူကျူး၏ အင်အားမှာ ရှောင်လီရှီထက် အားနည်းနေမှန်း ခန့်မှန်းမိသော်လည်း   ထိုလူက အင်မော်တယ်ဧကရာဇ်တစ်ယောက် ဖြစ်နေသေး၏။

ကူကျူးက  အင်မော်တယ်ဧကရာဇ် အရှိန်အဝါကို သုံးပြီး မိုဝူကျိအား သင်ခန်းစာ  မပေးဘဲ  ပြုံးကာ ပြောလိုက်သည်

“ အင်မော်တယ်ရောင်းရင်းမို  အရမ်းအားနာလွန်းနေပါပြီ။ ဒီနေရာက ကျုပ်တို့ကောင်းကင်ချောက်ကမ်းပါး မြို့ရဲ့ ဧည့်သည်တွေပါပဲ ။  တကယ်လို့ အင်မော်တယ်ရောင်းရင်းမိုက စိတ်မရှိရင် ရှေ့တန်းမှာ ထိုင်ဖို့ စီစဉ်ပေးပါ့မယ်  ”

ယခုလေးပင် မိုဝူကျိက  လွန်ချိုက်နှင့် ရှောင်လီရှီတို့အား ထွက်သွားခိုင်းလိုက်ရာ  နှစ်ယောက်လုံးက ဘာမှမလုပ်နိုင်ကြပေ။ ထို့ကြောင့် ကူကျူးက မိုဝူကျိအကြောင်း  သေချာမသိသေးသော်လည်း  ဤလူက မရိုးရှင်းကြောင်း ခံစားမိ၏။

အကယ်၍ မိုဝူကျိက ဂိုဏ်းတည်ထောင်ဖို့ရာ အလိုမရှိလျှင် သေချာပေါက် ဤအခွင့်အရေးအား ငြင်းဆန်မိပေလိမ့်မည်။ သို့သော် သူက ထိုသို့လုပ်ချင်လျှင်ပင် သူ့ဂိုဏ်းအား နာမည်ကြီးမလာခင်  သူ့ကိုယ်သူ ကြေညာဖို့ လိုအပ်ပေ၏။ ထို့အပြင်  သူက  ရှုစုရန်နှင့် ရင်းနှီးချင်သေး၏။

“ မြို့စားကူကို ကျေးဇူးတင်ပါတယ် ” မိုဝူကျိက လက်ခံလိုက်၏။

မိုဝူကျိ သဘောတူညီသည်ကို မြင်လိုက်ပြီးနောက် ကူကျူးက မိုဝူကျိကို ပို၍ အမြင်ကောင်းလာသည်။ ပထမနှစ်တန်းမှာ  အလွယ်တကူ ဝင်ထိုင်လို့ ရသည့် နေရာများ မဟုတ်ပေ။ တစ်ခါတစ်ရံ၌  ထိုင်ခုံနေရာပေးလျှင်ပင် ဝင်မထိုင်ရဲသည့် အနေအထားမျိုး ရှိတတ်၏။ မိုဝူကျိက ပထမတန်းတွင် ထိုင်ရဲသောကြောင့် သူက ဤမျှလုံလုံလောက်လောက် အားကောင်းနေသည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။

“ အင်မော်တယ်ရောင်းရင်းယန် စောစောလေးက ကျေးဇူးတင်ပါတယ် ..  ကျုပ် ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ပါ။  တကယ်လို့ ဆေးလုံးလိုအပ်ရင်  ကျုပ်ကို လာရှာလို့ ရပါတယ် ….” သူက ထွက်မသွားခင် မိုဝူကျိက ယန်ဝေဘက် လှည့်ကာ  ကျေးဇူးတင်လိုက်သည်။

“ အာ  ကျေးဇူးပါ … ကျေးဇူးအများကြီးတင်ပါတယ် …” ယန်ဝေက အင်မော်တယ်ဘုရင် ဖြစ်သော်လည်း စိတ်လှုပ်ရှားမိသွားသည်။

မိုဝူကျိက တာအိုဖွေရှာနန်းတော်၏ပင်မတပည့်၊ မဟာဧကရာဇ် လွန်ချိုက်နှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုပင် ထွက်သွားခိုင်းလေရာ  ထိုအရာများက  မိုဝူကျိ၏ အင်အားနှင့် စွမ်းအားကို ပြသနေခြင်း မဟုတ်ပါလော။ ဤသို့မျိုး  လူမျိုးမှာ ရင်းနှီး  ကျွမ်းဝင် သင့်ပေသည်။

မဟုတ်သေးဘူး …..  အဓိကအချက်မှာ မိုဝူကျိက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်နေခြင်း ဖြစ်ရာ မည်မျှပင် ကောင်းကင်ဘုံ သွေဖယ်နေသနည်း။

“ အင်မော်တယ်ရောင်းရင်းမိုက  ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်လား ” ကူကျူးက မိုဝူကျိ၏ ဇာစ်မြစ်မှာ  စိတ်လှုူပ်ရှားစရာ ကောင်းလိမ့်မည်မှန်း မှန်းဆမိ၏။ ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ဆိုသည်မှာ အဆင့် ၈ ဆေးလုံးဧကရာဇ်နှင့်ပင် ညီမျှနေသေး၏။  မိုဝူကျိ၏ အသက်ရွယ်အရ အဆင့် ၉ ဆေးလုံးဧကရာဇ်အဆင့် တက်လှမ်းဖို့ရာက ဖြစ်နိုင်ချေ  ရှိပေသည်။

သူက လွန်ချိုက်အနေနှင့် မိုဝူကျိကို အဘယ်ကြောင့်  တောင်းဆိုနေမှန်း နားလည်သွားပေသည်။ လွန်ချိုက်၏ အနှစ်သက်ဆုံး ကိုယ်လုပ်တော်မှာ အပြင်းအထန် ဖျားနာနေလေရာ  မိုဝူကျိအား ဆေးဖော်စပ်ဖို့ရာ အကူအညီတောင်းခြင်း ဖြစ်ပေလိမ့်မည်။

All Chapters