← Chapters

ရှုစုရန်

Vol. 45 Ch. 625

ရှုစုရန်

Vol. 45 Ch. 625

မိုဝူကျိက သူ့ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ဖြစ်ကြောင်း ကြေညာလိုသောကြောင့်  သူ့စကား၌ အောက်ကျို့နေသည့် အရိပ်အယောင်များ မရှိပေ

“ ဒါပေါ့ … မြို့စားကူလည်း နောင်ကျ အဆင့် ၇ ဒါမှမဟုတ် အဆင့် ၈ ဆေးလုံးတွေ လိုရင် ကျုပ်ကို လာရှာလို့ ရတယ်နော် ”

မိုဝူကျိအတွက် အဆင့် ၈ ဆေးလုံးဧကရာဇ် အဖြစ် တက်လှမ်းဖို့ရာမှာ အချိန်တစ်ခုမျှသာ လိုအပ်ပေသည်။

ကူကျူးက ထိုအကြောင်း ကြားသောအခါ စိတ်လှုပ်ရှားကာ ပျော်ရွင်မိသွားသည်။

 အဆင့် ၈ ဆေးလုံးဧကရာဇ်က ဘာများလဲ  ……

အင်မော်တယ်လောက တစ်ခုလုံး၌ ဆေးလုံးတာအို အမြင့်မားဆုံးအဆင့်မှာ အဆင့် ၈ ဆေးလုံးဧကရာဇ် ထိပ်ဆုံးဖြစ်သည့် ရှောင်လီရှီသာ ဖြစ်ပေသည်။ ထို့အပြင်  ရှောင်လီရှီက လူငယ်လေးနှင့် တူသော်လည်း  သူက နှစ်သန်းချီ၍ နေခဲ့ပြီးသော လူအိုကြီး ဖြစ်၏။ အရည်အချင်းအားဖြင့်  ရှောင်လီရှီက မိုဝူကျိနှင့် ယှဉ်လိုက်လျှင် မှေးမှိန်သွားပေသည်။

“ ညီလေးမို  ရှေ့တန်းမှာ ထိုင်ပါ ….”  ကူကျူးက မိုဝူကျိအား အဆင့် ၈ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း ရှာဖွေတွေ့ရှိပြီးနောက်  “ ညီလေးမို” ဟု ပြောင်းလဲခေါ်ဆိုလိုက်၏။

သူက အင်မော်တယ် ဧကရာဇ် ဖြစ်သော်လည်း  အဆင့် ၈ ဆေးလုံးဧကရာဇ်၏ အဆင့်အတန်းမှာ အင်မော်တယ် ဧကရာဇ်ထက် မနိမ့်ကျပေ။ ကောင်းကင်ချောက်ကမ်းပါး မြို့စားနှင့် အင်မော်တယ် ဧကရာဇ်တစ်ယောက်အနေနှင့်  အဆင့် ၈ ဆေးလုံးဧကရာဇ်၏ ကျွမ်းကျင်မှုများအား အကြောင်းပြချက်များစွာအတွက် လိုအပ်နေသေး၏။

ရှောင်လီရှီက အဆင့်  ၈ ဆေးလုံးဧကရာဇ် ဖြစ်သော်လည်း ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်မှာ ကူကျူးထက် အဆင့်များစွာ မြင့်နေ၏။ အကယ်၍ ရှောင်လီရှီအား   ဆေးဖော်စပ်ပေးဖို့ တောင်းဆိုလျှင် ဝန်ဆောင်ခ မည်မျှပေးရမည်ကို မည်သူ သိမည်နည်း။ တောင်းလျိုးပန်လျိုးပင် တောင်းဆိုရလောက်သေး၏။ သို့သော်လည်း  မိုဝူကျိက ခြားနားပေသည်။ နယ်လှည့်ကျင့်ကြံသူဆီမှ ဆေးလုံးများကို တောင်းဆိုဖို့ရာ ပို၍ လွယ်ကူပေသည်။

အကယ်၍ မိုဝူကျိ ဖက် ရောက်ရှိသွားပြီး  မိတ်ဆွေများ ဖြစ်သွားပါက  …..

ကောင်းကင်ချောက်ကမ်းပါးမြို့စားအနေနှင့် ကူကျူးက  ထိုခြားနားချက်ကို ကောင်းကောင်း နာလည်ထား၏။ မိုဝူကျိ၏ ကမ္ဘာမကြေ ရန်သူ လွန်ချိုက်ကို ကူကျူက ဂရုမစိုက်ပေ။ လွန်ချိုက်က မည်မျှ ရူးသွပ်စေကာမူ  သူ့အနေနှင့် ကောင်းကင်ချောက်ကမ်းပါးမြို့ကို ဒေါသပုံမချရဲပေ။

ကူကျူးက သူ့အား ခေါ်ဆောင်လာရာ မိုဝူကျိက ရှေ့ဆုံးတန်း နေရာကောင်း၌ ထိုင်လိုက်ရသည်။ သူ့ဘေးမှ သူများမှာ ဂိုဏ်းချုပ်များနှင့်အင်မော်တယ်နယ်မြေများ၏ ခေါင်းဆောင်များ ဖြစ်ကြ၏။

“ ညီလေးမို ဒီမှာ  ထိုင်နှင့်နော် …. ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ကလည်း ကျုပ်အပိုင်ဆိုတော့  ဧည့်သည်တွေကို သွားဧည့်ခံလိုက်ဦးမယ်။ ခဏနေရင် ပန်းပဲဧကရာဇ်ရှု ရောက်လာမှာဆိုတော့ သူ့ကို သွားကြိုလိုက်ဦးမယ် …” မိုဝူကျိနှင့် ဟန်လုံတို့ ထိုင်ချပြီးနောက် ကူကျူးက အားနာစွာ ပြောလိုက်သည်။

မိုဝူကျိက ပြန်ဖြေလိုက်လေ၏  “ အင်မော်တယ်ရောင်းရင်းကူ  စိတ်ကြိုက်လုပ်ပါ .. ကျုပ်က ဒီမှာ အဆင်ပြေပါတယ် ”

မိုဝူကျိက  ကူကျူး မိတ်ဆွေဖွဲ့လိုသည့် အကြောင်းအရင်းကို နားလည်ပေရာ သူ့အနေနှင့် မငြင်းဆန်ပေ။ ကူကျူးက  သူ့ဆေးလုံးတာအိုကို အသုံးပြုချင်ပြီး  သူ့အနေနှင့် အားကောင်းသော ကူကျူးလိုမျိုး မိတ်ဆွေတစ်ယောက် ရလိုက်ခြင်း ဖြစ်၏။  လူသားကမ္ဘာတွင် ဖြစ်စေ၊ အင်မော်တယ်လောကတွင် ဖြစ်စေ  ထိုအရာမှာ လက်တွေ့ ဖြစ်၏။  ကိုယ့်အတွက် အသက်စွန့်လိုသည့် မိတ်ဆွေများရှိသည်မှာ အရမ်းကံကောင်းနေပြီဟု ယူဆ၍ ရပေသည်။ သို့သော်  မိတ်ဆွေအများစုမှာ  အပြန်ပြန်အလှန်လှန် အကျိုးပြုမှုမှ  သေချာပေါက် ဖြစ်လာခြင်း ဖြစ်၏။ ထိုအရာမှာ လက်တွေ့ဖြစ်ပြီး လိုအပ်ပေသည်။

ကူကျူး ထွက်သွားသည့်အခါ  အနီးဝန်းကျင်မှ ကျင့်ကြံသူများက သူ့အား လာရောက်နှုတ်ဆက်ကြတော့သည်။ ယခင် သူ ကြေညာလိုက်သည့် ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်အကြောင်းကို သူတို့လည်း ကြားလိုက်ရလေရာ အဘယ်ကြောင့် ရင်းနှီးဖို့ မကြိုးစားဘဲ နေရမည်နည်း။ တခြားနည်းဖြင့်ဆိုရလျှင် သူတို့ မိတ်ဆွေဖွဲ့ခြင်းမှာ  မိုဝူကျိက ကျင့်ကြံဆင့် နိမ့်နေသေးသည့်အတွက် ဖြစ်၏။ သူ ကျင့်ကြံဆင့် တိုးလာလျှင် သူတို့အနေဖြင့် မိတ်ဆွေဖွဲ့ရန် အရည်အချင်း ပြည့်မှီမည် မဟုတ်တော့ပေ။

“ ဆရာကြီးရှုကို ကြိုဆိုပါတယ် … ပြီးတော့ အဆင့် ၈ ပန်းပဲ ဧကရာဇ်အဆင့်ကနေ အဆင့်  ၉ကို တက်လှမ်းသွားပြီး   အင်မော်တယ်နယ်မြေခုနှစ်ခုမှာ တစ်ဦးတည်းသော အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်လာတဲ့အတွက် ဂုဏ်ပြုပါတယ် ” ကူကျူး အသံက ဟိန်းထွက်လာသည်။ ထို့နောက် အားလုံးက ဆရာကြီးရှုအား ကြိုဆိုရန် မတ်တတ်ရပ်လိုက်ကြသည်။

မိုဝူကျိက ကူကျူးနှင့် အခြားသောအင်မော်တယ်များမှာ    ပိန်ပါးပါး အမျိုးသားကို ခေါ်ဆောင်လာကြောင်း မြင်လိုက်ရသည်။ ထိုပိန်ပါးပါး အမျိုးသားကို မြင်သည်နှင့် ပထမဆုံးတွေးမိသည့်အရာမှာ ထိုလူမှာ သူနှင့် အတော်လေး ဆင်တူနေပေသည်။ သူ့ဘေးပတ်လည်တွင်လည်း ဝိညာဉ်စွမ်းအားအရိပ်အယောင်များ မရှိချေ။ ထိုလူမှာ ရှုစုရန်မှန်း မသိပါက  ထိုလူမှာ ဖြတ်သွားဖြတ်လာလောက်သာ ထင်မှတ်မိလောက်၏။

ရှုစုရန်မှာ ပန်းပဲပညာရှင် ဖြစ်သောကြောင့်  သူ့အနီးပတ်လည်တွင် ကြီးကျယ်ခမ်းနားသော မီးတောက်အရှိန်အဝါမျိုး ရှိသင့်ပေသည်။ သူ မျှော်မှန်းထားသည်နှင့် တကယ်ကွာခြားနေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။ ထိုပိန်ပါးပါး အမျိုးသားက အရမ်းအသက်မကြီးသေးသော်လည်း လူလတ်အရွယ်အမျိုးသား သွင်ပြင် ရှိနေ၏။

“ ဆရာကြီးရှုကို နှုတ်ဆက်ပါတယ် … ”

“ အကြီးအကဲရှု …  ”

ရှုစုရန် ဖြတ်သွားသည်နှင့် အနီးအနားမှ လူအားလုံးမှာ သူ့အား   နှုတ်ဆက်ကြကုန်သည်။ သူက အပြုံးလေးဖြင့် ပြန်တုံ့ပြန်လိုက်၏။

ထိုအရာမှာ လေးစားမှုသွင်ပြင်တမျိုး ဖြစ်ပေသည်။ တစ်ချိန်တည်းတွင် မိုဝူကျိက  ထိုအရာမှာ အင်အား သွင်ပြင်မှန်းလည်း သိလိုက်၏။ ရှုစုရန်၏ အင်အားမှာ  လွန်ချိုက်ထက် နည်းနည်းမျှ နောက်ကောက်မကျပေ။

ဆေးလုံးတာအိုကို အဆင့်တစ်ခုအထိ ရောက်ရှိပြီးပြီ ဖြစ်သော်လည်း  သူ့စိတ်ထဲ၌ ကျင့်ကြံဆင့် မြင့်ဖို့ရာ အာရုံစိုက်ထားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ ရှုစုရန်ကဲ့သို့ အားကောင်းလာပါက  သူ  မရှိလျှင်ပင် မည်သူက သူ့အနီးအနား မိတ်ဆွေများက မည်သူက တိုက်ခိုက်ရဲမည်နည်း။

မိုဝူကျိက သူ့အင်အားကို မြင့်ရန် စဉ်းစားလိုက်စဉ် ရှုစုရန်က သူ့အား ကြည့်နေကြောင်း ရုတ်တရက် ခံစားမိလိုက်ရာ  မြန်မြန် ဦးညွှတ်လိုက်ပြီး နှုတ်ဆက်လိုက်လေ၏။

သူ့အာရုံက လိမ်ညာနေတာများလား …. ရှုစုရန်က ခေါင်းညိတ်ပြလိုက်သည်ဟု ခံစားမိလိုက်သော်လည်း သူ့မျက်လုံးဖြင့် မမြင်လိုက်ရပေ။

“ အင်မော်တယ်နယ်မြေအသီးသီးက  အင်မော်တယ်ရောင်းရင်းတို့ကို ဒီပွဲ တက်ရောက်တဲ့အတွက် ကြိုဆိုပါတယ် …

ကျုပ် ကူကျူးက အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီးတော့ အားလုံးကို လက်ဆောင် ပေးချင်ပါတယ်။  ဆရာကြီးရှုရဲ့ အဆင့် ၉ ပန်းပဲဧကရာဇ်အဆင့် တက်လှမ်းသွားတာကို ဂုဏ်ပြုုတဲ့အနေနဲ့ လဲလှယ်ရေးပွဲမှာ လဲလှယ်အခွန်   ၅ ရာခိုင်နှုန်းပဲ ကောက်ခံပါ့မယ် … ”

မိုဝူကျိက ထိုအကြောင်း ကြားသည့်အခါ ကြောင်အမ်းသွားပြီး‌ မေးလိုက်သည်  “ ဟန်လုံ ဒီလဲလှယ်ရေးပွဲတွေက လဲလှယ်အခွန် ဆောင်ရတယ်လား  ”

ဟန်လုံက ခေါင်းခါကာ  “ ကျမလည်း မသိဘူး။ ဒါပေမဲ့   ၅ ရာခိုင်နှုန်းက သိပ်တော့ မများပါဘူး  ”

မိုဝူကျိက  အနည်းငယ် မျက်မှောင်ကျုတ်မိလိုက်သည်။ ၅ ရာခိုင်နှုန်းက တခြားသူတွေအတွက် မများသော်လည်း သူ့အတွက် မဟုတ်ချေ။ သူ့အဓိက လဲလှယ်ရေးမှာ အဆင့် ၇ ဆေးလုံးများ ဖြစ်ရာ တစ်ခါ၊ နှစ်ခါ လဲလှယ်ရုံမျှ မဟုတ်ပေ။ အကယ်၍ တစ်ကြိမ်စီကို ၅ ရာခိုင်နှုန်း ပေးနေရလျှင် သူ့ဖက်မှ ဘယ်လောက်ရှုံးသွားမည်နည်း။

“ ဟီးဟီး   ကူကျူးကိုလည်း ဒီအခွန်ကောက်ခဲရဲတယ်ဆိုပြီး  ထွက်သွားစမ်းလို့ ပြောလိုက်လေ …  ” မိုဝူကျိက နောက်မှ ရယ်သံထွက်လာကာ  မိုဝူကျိ၏ ယခင် ထွက်သွားစမ်း ပြောသည်များကို ပြက်ရယ်ပြုနေဟန်ပေါ်၏။

“ ဆေးလုံးဆရာမို တောင်းပန်ပါတယ် …. ဆရာလေးရဲ့  တပည့်‌ကို  ကောင်းကောင်းမဆုံးမရသေးလို့ပါ  … စိတ်ထဲ မထားပါနဲ့ …. ဆရာလေးက  ဗုဒ္ဓ အင်မော်တယ်နယ်မြေရဲ့ တရားသူတော်စင်ကျောင်းက   သူတော်စင် ကျောင်းအုပ် ယွမ်ယီပါ။  ဒါက ဆရာလေးရဲ့တပည့် စုရှီပါ ….. ” မိုဝူကျိက ဘာကိုမှ မပြောခင် တောင်းပန်သည့် လေသံကို  ကြားလိုက်ရသည်။

မိုဝူကျိက လှည့်ကြည့်လိုက်သည့်အခါ စကားပြောလိုက်သူ နှစ်ဦးမှာ  သူတော်စင်မများ ဖြစ်နေကြသည်။ အသက်ကြီးရင့်သည့် သူတော်စင်က အသက် ၂၀ ဝန်းကျင်ဟု ထင်ရကာ  ကြည်လင်ပြတ်သားသည့် အငွေ့အသက်များဖြင့်  အင်မတန် ချောမောပေသည်။  ထိုအရာမှာ တကယ့်အသက်အမှန် မဟုတ်ကြောင်း သေချာသိနေ၏။ သူမအနေနှင့် နှစ်သန်းချီရှိနေမည်ဆိုလျှင်ပင် ထူးဆန်းနေခြင်း မဟုတ်ပေ။ သူမတွင် အားကောင်းသော  အရှိန်အဝါများ ရှိသည့်အတွက် ကျင့်ကြံဆင့်မှာ ကူကျူးလောက် ဖြစ်ပေမည်။

သူ့အား  ကူကျူးကို ထွက်သွားရန် ပြောလိုက်ဖို့  လာပြောသူမှာ သူတော်စင် အငယ်လေး ဖြစ်ပြီး တောက်ပပြောင်လက်နေသော ကတုံးနှင့် မိန်းမငယ်လေး ဖြစ်၏။ သူမက အသက် ၁၄ ၊ ၁၅ ဝန်းကျင်သာ ရှိပေဦးမည်။ သူမက ငယ်ရွယ်သေးသော်လည်း  ရွယ်တူ အမျိုးသမီးကြား သူမ၏ အလှတရားကို မျက်ကွယ်ပြုဖို့ရာ ခက်ခဲပေလိမ့်မည်။

သို့သော်လည်း မိုဝူကျိက ထိုသူတော်စင် အငယ်လေးက သူ့ထက် အသက်ကြီးလိမ့်မည်ဟု မထင်ပေ။ သို့သော်  ထိုမိန်းမငယ်လေးအပေါ် နှိမ့်ချကြည့်၍ မဖြစ်ပေ။ သူမ၏ ကျင့်ကြံဆင့်မှာ သူ့ထက် မနိမ့်ကျဘဲ မဟာယီရှန်းအဆင့် တက်ရောက်လာခါစ ဖြစ်ပေလိမ့်မည်။

တရားသူတော်စင်ကျောင်း … ဘယ်လောက်တောင် ရှေးရိုးစွဲ နာမည်လဲ  ……

သူ့ဖင်းဖန် လောက်နီးပါး သာမာန် ဖြစ်နေသေး၏။ ပုံမှန်အားဖြင့် လူအများစုမှာ အင်မော်တယ်လောက၌ ဂိုဏ်းတည်ထောင်ဖို့ရာ အံ့အားခမ်းနားကြီးကျယ်သည့် အမည်မျိုးကို ရွေးချယ်ကြပေသည်။ နမူနာအားဖြင့်  သူ့ဖင်းဖန်ဂိုဏ်းအား တခြားသူများက အမည်ပေးမည်ဆိုလျှင် သူတို့က  မဟာဖန် အင်မော်တယ် ဂိုဏ်း သို့မဟုတ်  ကောင်းကင်ဖန် တာအိုဂိုဏ်း စသည်ဖြင့်  ပေးကြလိမ့်မည်။

မိုဝူကျိ၏ ကျင့်ကြံဆင့်ကို ရောက်သည့်အခါမှ  သူ့ဖင်းဖန်းနာမည်မှာ သူ့ကိုယ်ပိုင် တာအိုကျင့်စဉ်မှ ဖြစ်တည်လာခြင်း ဖြစ်ကြောင်း  သတိပြုမိပေလိမ့်မည်။ ဤတရားသူတော်စင်ကျောင်းကဲ့သို့ အပေါ်ယံ၌ သာမာန် ဖြစ်နေကာ  ရှုစုရန် နာမည်ကဲ့သို့ ဖြစ်၏။

အာ  …. ရှုစုရန် …..

မိုဝူကျိက  ရှုစုရန်မှာ သူ့လိုမျိုး  သေမျိုးတစ်ယောက်ကဲ့သို့  ဖြစ်ပေါ်နေခြင်းမှာ ရှုစုရန်လည်း အင်မော်တယ်မော်တယ် ကျင့်စဉ်ကို ကျင့်ကြံ၍များလား ……

“ ဆေးလုံးဆရာမိုကို တောင်းပန်ပါတယ် … ဆရာလေး စောစောက မစလိုက်မိသင့်ဘူး  …”

မိုဝူကျိ ပြန်မဖြေသည်ကို မြင်ကာ သူတော်စင် ပေါက်စလေးက စတင်၍ စိုးရိမ်လာသည်။ ဤလူက လွန်ချိုက်နှင့် ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုပင် ထွက်သွားစမ်း ပြောခဲ့သူ ဖြစ်ရာ  သူမ၏ တရားသူတော်စင်ကျောင်းမှာ သူ့အား  ရန်စမိ၍ မဖြစ်ပေ။ သူမကိုယ်သူမ စကားအများကြီး ပြောမိသည့် မုန်းတီးမိ၏။  သူမ အပြူအမူများ၏ နောက်ကွယ်မှ အကြောင်းအရင်းမှာ မိုဝူကျိက ကြောက်စရာမကောင်းဘဲ သာမာန်သေမျိုး  တစ်ယောက်ကဲ့သို့ ခံစားရ၍ ဖြစ်သည်။

မိုဝူကျိက အသိပြန်ကပ်လာကာ  ရှုစုရန်အား ထပ်မတွေးတော့ပေ။ သူက ရယ်ရယ်မောမောဖြင့်  “ ဆရာလေးယွမ်ယီ ဘာပြောနေတာလဲ  …  ညီမ စုရှီက စလိုက်ရုံပဲလေ။ ဒီလိုကိစ္စအသေးလေးတွေက ဘာမှ မဖြစ်ပါဘူး။ ပြီးတော့  ညီမစုရှီက အရမ်းလှတော့ ကျုပ်ကို စတာ ပျော်ပါတယ် …. ”

“ ဆေးလုံးဆရာမိုက  ညီမကို လှတယ်လို့ ပြောတာလား ” စုရှီ မျက်လုံးများက မိုဝူကျိ ချီးကျူးစကားအဆုံးတွင် လင်းလက်ကာကာ သူမ မျက်နှာလေးကို ထိကိုင်ရင်း မေးလိုက်သည်။

သူမက ကမ္ဘာကြီးအကြောင်း ဘာဆိုဘာမှ မသိသေးသည့် စာရွက်ဖြူလေးကဲ့သို့ ဖြစ်၏။ မိုဝူကျိက တွေးမိလိုက်သည်။ သူမ စနောက်လိုက်သူက သူဖြစ်နေ၍ ‌ ကံကောင်းသွားပေသည်။ သူ့နေရာမှာ  ရူးနေသည့် လွန်ချိုက်သာ ဆိုလျှင် ဤချစ်စရာကောင်းတဲ့ စုရှီလေးကို သတ်ပစ်လိမ့်မည်။

“ စုရှီ မလေးမစား မပြောရဘူးလေ …. ” ယွမ်ယီက နောက်တစ်ကြိမ် ထပ်ဆူလိုက်သည်။

သူမကို ဆူပြီးနောက် ယွမ်ယီက မိုဝူကျိအား မြန်မြန် ရှင်းပြလိုက်သည်

“ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ လဲလှယ်ရေးပွဲနဲ့  လေလံပွဲတွေအားလုံး  အခွန်ပေးရတယ်။ အရောင်းအဝယ် တစ်ခု ဖြစ်သွားတာနဲ့ ပုံမှန်နှုန်းက  ၁၅ ရာခိုင်နှုန်း ပေးရတယ်။ အဲဒါက ရောင်းသူ၊ ဝယ်သူဘက် နှစ်ဖက်လုံးက ပေးရတာ …

ဒီတစ်ခါ ၅ ရာခိုင်နှုန်းက တော်တော်နည်းတယ် ပြောရမယ် ”

မိုဝူကျိက အသက်ပြင်းပြင်းရှုလိုက်ပြီး   တွေးမိလိုက်၏

“ ဓားပြသာ တိုက်လိုက်ပါ့တော့လား ….  တစ်ခါအရောင်းအဝယ်ဖြစ်ရင်  အခွန် ၁၅ ရာခိုင်နှုန်း ပေးရပြီးတော့ နှစ်ဖက်လုံးက ပေးရတယ်ဆိုရင်  ၄၀ ရာခိုင်နှုန်း‌လောက် ဖြစ်နေပြီလေ။ အရမ်းလွန်လွန်းမနေဘူးလား ….. ”

ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်တွင် နေထိုင်စရိတ် အလကား ဖြစ်နေသည့်အကြောင်းကား မအံ့ဩတော့ပေ။ နတ်ဘုရား အမှတ်အသားပြား ရှိသည့်သူထဲ မည်သူများ ငမွဲ ပါမည်နည်း။ ထိုလူများမှာ  သေချာပေါက် လေလံပွဲများ  တက်ရောက်ကြလိမ့်မည်။ အခွန်တစ်ခုတည်းဖြင့် တည်းခိုဆောင်ကို ကျွေးမွေးထားရန် လုံလောက်ပေသည်။

“ ကောင်းတယ် … ကျုပ် ဆက်ပြီးတော့ မပြောတော့ပါဘူး  ….. လဲလှယ်ရေးပွဲကို ဆရာကြီးရှုကနေ စလိုက်ကြတာပေါ့  ” ကူကျူးက နှုတ်ဆက်စကားကို အဆုံးသတ်လိုက်သည်။

မိုဝူကျိက ရှေ့တန်းတွင် ထိုင်နေရသည့် ကောင်းကျိုးကို နောက်ဆုံးတွင် နားလည်သွားပေ၏။ အလဲအလှယ်လုပ်လိုလျှင် အမှတ်အသားပြား မြှောက်လိုက်ရုံမျှ ဖြစ်ကာ ဦးစားပေးမှုမှာ ပထမတန်းမှ စလာမည် ဖြစ်၏။

နမူနာအားဖြင့် ပထမငါးတန်းမှ လူများစွာက တပြိုင်နက်တည်း  အမှတ်အသားပြားများ မြှောက်လိုက်ကြလျှင် ပထမတန်းရှိ လူမှာ အလဲအလှယ်အတွက် သူ့ပစ္စည်းကို အရင်ထုတ်ပြခွင့် ရလိမ့်မည်။ အကယ်၍ အားလုံးက ပထမတန်း၌ ဖြစ်နေမည်ဆိုလျှင် ထိုင်ခုံနံပါတ်ပေါ် မူတည်၍ ဆုံးဖြတ်ပေးမည် ဖြစ်၏။ မိုဝူကျိ၏ နံပါတ်မှာ ၇၈ ဖြစ်ပြီး ပထမတန်းရှိ တခြားသူက သူ့အမှတ်အသားပြား မြှောက်လာလျှင် တဖက်လူ၏ ခုံနံပါတ်မှာ ၇၈ ထက် မနိမ့်သရွေ့  သူ့အနေနှင့်  သူ့ပစ္စည်းမှာ အလဲအလှယ်တွင်  ပထမဦးဆုံး  စဉ်းစားပေးခံရလိမ့်မည်။

All Chapters