လျှပ်စီးဂိုဏ်းမှ မသမာသည့် အကြီးအကဲ
Vol. 46 Ch. 628
နောက်ထပ် အလဲအလှယ်များမှာ လေးလံအမြစ်မဲ့ရွှေနှင့် ဧကရာဇ်တာအိုအသီးလောက် အဖိုးမတန်တော့သော်ငြား သူတို့အားလုံးမှာ ထိပ်တန်းအဆင့် ရတနာများ ဖြစ်ကြပေသည်။ တစ်ခုမှာ ထိပ်တန်းအဆင့် မြေသဘာဝ ပြောင်းလဲရေး လျို့ဝှက်ပညာရပ် ဖြစ်ပြီး ဧကရာဇ်တာအိုအသီးထက် တန်ဖိုးမနည်းပေ။ ထိုလျို့ဝှက်ပညာရပ်မှာ ဘေးပတ်လည်မှ မြေဓာတ် သဘာဝများကို တခြားသော ဓာတ်အဖြစ် ပြောင်းလဲပေးနိင်ခြင်း ဖြစ်၏။ မြေပေါ် တိုက်ခိုက်များအတွက် အသုံးပြုနိုင်သောကြောင့် သေချာပေါက် ထိပ်တန်းအဆင့် တိုက်ကွက် ဖြစ်ပေသည်။
မိုဝူကျိက ထိုပညာရပ်အား လဲလှယ်ရန် ရည်ရွယ်ထားသော်လည်း သူ့ဆီတွင် ရတနာများက ကန့်သတ်ချက်နှင့် ဖြစ်နေ၏။ ထိုလျို့ဝှက်ပညာရပ်မှာ သာမာန်ပစ္စည်းနှင့် လဲလှယ်၍ မရနိုင်သည့်အတွက် မိုဝူကျိအနေနှင့် ပစ္စည်းကောင်းများကို ဆက်တိုက်ထုတ်နေပါက အခြားသူများ၏ မလိုလားအပ်သော အာရုံစိုက်မှုကို ရရှိသွားပေလိမ့်မည်။
ယခင် အလဲအလှယ်များမှ ဤလဲလှယ်ရေးပွဲမှာ အင်မော်တယ်လောကတစ်ခုလုံး၌ ပြောစမှတ်အတွင်ဆုံး အလဲအလှယ်ပွဲ ဖြစ်ပေလိမ့်မည်။
လက်ရှိ ခရမ်းရောင် ပိုးဝတ်ရုံနှင့် အမျိုးသား တစ်ဦးက ထရပ်ကာ ကျောက်စိမ်းသေတ္တာကို ထုတ်လိုက်ပြီး
“ ကျုပ်ဆီမှာ ရှေးဟောင်းရတနာ အပိုင်းတစ်ခု ရှိတယ်။ ကျုပ်က အားလုံးကို အတည်ပြုဖို့အတွက် ဖိတ်ခေါ်ချင်ပါတယ် … ”
အမျိုးသားက ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အခါ မီးခိုရောင် ကြိုးထူထူထူ တစ်ချောင်း ရှိနေသည်။ အတိအကျပြောရလျှင် မီးစာတစ်ခု ဖြစ်နေသည်။
မိုဝူကျိက စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ မျက်နှာထားတည်တည် ဖြစ်သွားမိသည်။ ထိုမီးစာမှာ သာမာန်ပစ္စည်း မဟုတ်ချေ။ အကြောင်းမှာ ရှေးဟောင်း ရှင်သန်မှု ကံကြမ္မာ အပြောင်းလဲ တာအိုစွမ်းအားများ ပါဝင်နေ၍ ဖြစ်၏။ သူ့စိတ်စွမ်းအား ကျရောက်သွားသည်နှင့် ဘာကိုမှ ထူးထူးခြားခြားမရှိသည့် ပင်လယ်ကျယ်ထဲ ကျရောက်သွားသလို ဖြစ်၏။
အသေးစိတ် လေ့လာကြည့်လျှင် ထိုမီးစာမှ ကမ္ဘာတစ်ခု ခံစားချက်များ ထုတ်လွှင့်နေပြီး စွမ်းအင်၏ အဆုံးမဲ့စည်းမျည်းများလည်း ပါဝင်နေပေသည်။
လခြမ်းကွေး ပုဆိန်လှံရှည်နှင့် ယှဉ်လျှင် ဤမီးဟာမှာ အနည်းငယ် ပို၍ အဆင့်မြင့်ပေသည်။ မိုဝူကျိက သူ့ကိုယ်ပိုင် ထာဝရ ကမ္ဘာ ဖွဲ့စည်းပြီးထားပြီ ဖြစ်၍ ထိုမီးစာ၌ သူ့ကိုယ်ပိုင်ကမ္ဘာတည်ရှိနေခြင်းအား တစ်ချက်ကြည့်ရုံဖြင့် သိပေသည်။ သို့သော် ထိုမီးစာတွင် မီးစာခွက် မရှိသောကြောင့် ကမ္ဘာမှာ ပုံမပေါ်သေးပေ။
မိုဝူကျိက ထိုမီးစာမှာ မီးစာခွက်ကို ရှာနိုင်စွမ်းရှိနေလျှင် လေးလံအမြစ်မဲ့ရွှေကို ကျော်လွန်နိုင်မည့် ရတနာ ဖြစ်လာပေလိမ့်မည်မှန်း သေချာသိနေသည်။ ထိုအရာမှာ ဝိညာဉ် ရတနာတစ်ခုမျှတစ်ခုပင် မဟုတ်တော့ဘဲ အာကာပြင် ကမ္ဘာတစ်ခုပါ ယူဆောင်လာနိုင်လိမ့်မည်။
“ ဟန်လုံ ... အဲဒီခရမ်းရောင် ပိုးဝတ်ရုံနဲ့လူကို သိလား ” မိုဝူကျိက မီးစာကို ထုတ်ပြသော လူကို ကြည့်ကာ မကောင်းကြောင်း ခံစားမိနေ၏။
သူက မီးစာကို လဲလှယ်ရေးအတွက် ထုတ်ခြင်းမှာ တစ်ယောက်ယောက်က လဲလှယ်လိုလျှင် မီးစာခွက် ရှိသည့်သူသာ ဖြစ်ပေလိမ့်မည်။ ထိုလူက မီးစာခွက်နှင့်လူအား ရှာနေခြင်း ဖြစ်ကာ သေချာပေါက် အလွယ်တကူ လဲပေးမည် မဟုတ်ပေ။ မဟုတ်လျှင် ပစ္စည်းက မည်မျှပင် ကောင်းနေစေကာမူ မပြီးပြည့်စုံသေးလေရာ ပမာဏများများ သုံးစွဲဖို့ရာ ဘာအကျိုးရှိမည်နည်း။
သူက ထိုရတနာကို အလဲအလှယ်အတွက် ထုတ်ရဲသည့်အတွက် မည်မျှရဲကြောင်း ဖော်ပြနေခြင်း ဖြစ်၏။
“ အဲဒီလူကို သိတာပေါ့ …. သူက လျှပ်စီးဂိုဏ်းက အားအကောင်းဆုံး အကြီးအကဲ ချီကျွင်းယီလေ ….. သူက မဟာဧကရာဇ်အဆင့် တက်လှမ်းခါနီးဆိုပြီး ကြားထားသေးတယ်။ ပြီးတော့ လျှပ်စီးသဘာဝ လျို့ဝှက်ပညာရပ်ပါ ရှိတယ်တဲ့ … သာမာန် မဟာဧကရာဇ်ဆို သူနဲ့ မတိုက်ခိုက်ရဲကြဘူး ” ဟန်လုံက မိုဝူကျိနား ကပ်ကာ တီးတိုးပြောလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ကာ သူ့လက်ရှိအင်အားဖြင့် မည်သူကမှ ထိုမီးစာကို ရရှိဖို့ရာ အကြံဆိုးများ တွေးရဲကြမည် မဟုတ်ပေ။
မိုဝူကျိက မည်သူမှ ထ၍ မလဲလှယ်ကြောင်း သေချာနေလေ၏။ သူတို့ဆီ မီးစာခွက် ရှိနေလျှင်ပင် သူတို့အသက်ကို ထိုမီးစာရရှိဖို့ရာအတွက် မစတေးလိုကြပေ။ အရူး မဟုတ်သရွေ့ ပိုင်ဆိုင်ထားသော မီးစာခွက်အကြောင်းကို ဖော်ပြကြမည် မဟုတ်ပေ။ မဟုတ်ပါက ချီကျွင်းယီထက် အားကောင်းသော သူများသာ လဲလှယ်ရဲကြပေလိမ့်မည်။
ချီကျွှင်းယီက ဆက်ပြောလိုက်သည်
“ ကျုပ်က ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ လဲလှယ်ရေးပွဲကို မတော်တဆ ရောက်လာတာပါ။ ဒီဟာပြီးရင်တော့ ကျုပ်က လျှပ်စီးဂိုဏ်းကနေ ထွက်ပြီးတော့ နှစ်သုံးသိန်းလောက် တံခါးပိတ် လေ့ကျင့်ဖို့ နေရာ တစ်ခု လိုက်ရှာမှာပါ ….
ကျုပ် တံခါးပိတ်လေ့ကျင့်တာကနေ ထွက်လာရင် အင်မော်တယ်လောကထဲ ထွက်ပေါ်မလာတော့ပါဘူး ….
ဒီမီးစာက ကျုပ်အတွက် အသုံးမဝင်ပါဘူး …. အဲဒါကြောင့် တစ်ယောက်ယောက်က စိတ်ဝင်စားရင် ကျုပ်ကို အဆင့်မြင့် အင်မော်တယ်ကျောက် သန်းငါးဆယ်နဲ့ အဆင့် ၉ အင်မော်တယ်ဆေးပင် ကိုးပင်ဆိုရင် လုံလောက်ပါပြီ။ တကယ်လို့ အဲဒီလောက် မရှိဘူးဆိုရင် တခြားအဖိုးတန်တစ်ခုခုနဲ့ လဲလှယ်လို့ ရပါတယ် ”
မိုဝူကျိက တစ်ဖက်လူကို လဲဖို့ရာ အတင်းကျပ် ဖိအားပေးနေခြင်း ဖြစ်၏။ မီးစာခွက် ရှိသူက ဤလဲလှယ်ရေးပွဲ၌ မလဲလှယ်လိုက်လျှင် နောင်၌ အခွင့်အရေး မရတော့ကြောင်း ပြောနေခြင်း ဖြစ်ပေသည်။ ထိုလူက နှစ်သုံးသိန်း တံခါးပိတ် လေ့ကျင့်မည် ဖြစ်ကာ အင်မော်တယ်လောကသို့ ပြန်မလာကြောင်းလည်း ပြောနေသေး၏။
အလှည့်ကျအချိန်က ပြည့်သွားသော်လည်း အလဲအလှယ်ကို စိတ်ဝင်စားကြသူ မရှိချေ။
ချီကျွင်းယီက စိတ်ပျက်စွာဖြင့် “ ဒီလိုဆိုမှတော့ ကျုပ် သွားလိုက်ပါဦးမယ် ။ အားလုံးလဲ လိုချင်တာ ရကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …. ”
ထိုသို့ပြောပြီးနောက် ချီကျွင်းယီက မရပ်တော့ဘဲ ထွက်သွားတော့သည်။
မိုဝူကျိက ထိုလူ၏ အကြံကြီးပုံကို ခေါင်းခါမိလိုက်တော့သည်။ ပိုပြီး ဖမ်းဆုပ်မိဖို့ရာ အနည်းငယ် အလျော့ပေးလိုက်သည့် သဘောမျိုးသာ ဖြစ်၏။ ဤနည်းလမ်းဖြင့် လေလံပွဲများ၊ လဲလှယ်ရေးပွဲ မည်မျှ၌ သုံးပြီးသွားကြောင်း မည်သူ သိမည်နည်း။
အရူး မဟုတ်ပါက သေချာပေါက် သူ့နောက်သို့ လိုက်သွားမည် မဟုတ်ပေ။ ချီကျွင်းယီနောက်မှ လိုက်သွားလိုက်သည်နှင့် သူ့ကိုယ်သူ စတေးလိုက်သလို ဖြစ်မနေဘူးလား ….
မိုဝူကျိက မည်သူမှ ချီကျွင်းယီနောက် လိုက်သွားရလောက်အောင်အထိ မရူးမိုက်လောက်ကြောင်း တွေးနေစဉ် လက်တွေ့မှာမူ ပြောင်းပြန် ဖြစ်နေသည်။ ချီကျွင်းယီ ထွက်သွားသည်နှင့် ယွမ်ယီက သူမတပည့်ကို ခေါ်ကာ ထွက်သွားတော့၏။
မိုဝူကျိက ထိုသူတော်စင်၏ ရူးကြောင်ကြောင် အပြုအမူကို အံ့အားသင့်မိ၏။ ထိုသို့လိုက်သွားပါက သူမတွင် မီးစာခွက် ရှိမနေလျှင်ပင် တခြားသူများက သူမတွင် မီးစာခွက် ရှိနေကြောင်း တွေးမိကြလိမ့်မည်။
မကြာခင် မိုဝူကျိက မီးစာခွက်မှာ ယွမ်ယီနှင့်အတူတူ ရှိနေကြောင်း သတိပြုမိသွား၏။ ချီကျွင်းယီက မီးစာဖြင့် မီးစာခွက်ရှိသူကို မျှားခေါ်ခဲ့ခြင်းသာ ဖြစ်ပေသည်။
မိုဝူကျိက ခေါင်းကို ခါလိုက်မိသည်။ ထိုအရာက သူ ဝင်ရှုပ်၍ ရသည့် အရာ မဟုတ်ပေ။ ယွမ်ယီမှာ အင်မော်တယ် ဧကရာဇ် ဖြစ်သော်လည်း မိုဝူကျိက ယွမ်ယီအနေဖြင့် ကြောင်သူတော် ချီကျွင်းယီကို ယှဉ်နိုင်မည် မဟုတ်ကြောင်း သေချာသိနေသည်။ ထို့နောက် ချီကျွင်းယီက ယွမ်ယီ၏ အရိုးများအထိ ဝါးမျိုပစ်ပေလိမ့်မည်။
မိုဝူကျိက သူတော်စင်ပေါက်စလေး စုရှီအတွက် သနားမိ၏။ မိုဝူကျိက ဖြူစင်ရိုးသားလှသော စုရှီအပေါ် အမြင်ကောင်း ရှိလေ၏။
ထိုအဖြစ်အပျက် အပြီးတွင် မိုဝူကျိက အမှတ်အသားပြားကို မြှောက်လိုက်သည်။ အလဲအလှယ်များစွာအပြီးတွင် သူ့အလှည့် ကျရောက်လာလေပြီ။
မိုဝူကျိက အင်မော်တယ်ဆေးလုံး အမျိုးအစား စုံလင်စွာ ခင်းကျင်းထားသော ကျောက်စိမ်းသေတ္တာအကြီးကို ထုတ်ကာ
“ အင်မော်တယ်ရောင်းရင်းတို့ … ကျုပ်က ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်ပါ …
အဲဒါကြောင့် ကျုပ်ရဲ့ ပြိုင်ဖက်ကင်း အဆင့် ၇ ဆေးလုံးတချို့ကို ပြချင်ပါတယ်။ ကျုပ် ဆေးလုံးတွေထဲမှာ အင်မော်တယ်ဘုရင်ဆေးလုံး၊ လေဒဏ်ချက် ဆေးလုံး၊ သုံးဆုံလည် သွေးဆေးလုံး၊ ဗောဓိစိမ်း ဆေးလုံး ….. ”
ယခင် လူအနည်းငယ်လောက်သာ သူသည် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ကြောင်း သိခဲ့ကြပြီး ယခုအခါ ခန်းမတစ်ခုလုံး သူ့ကိုယ်သူ အဆင့် ၇ ဆေးလုံးဧကရာဇ်ဟု ကြေညာသည်ကို ကြားလိုက်ရ၏။ ဤနည်းလမ်းမှာ ပို၍ အကျိုးသက်ရောက်မှု ရှိသည်ထက် ပိုပေသည်။
အဆင့် ၇ ဆေးလုံးများမှာ အဖိုးတန်သော်လည်း ဤသို့မျိုး လဲလှယ်ရေးပွဲ၌ ဘာဆိုဘာမှ မဟုတ်ပေ။ သို့သော်လည်း ထိုသည်က အဓိက အချက်မဟုတ်ဘဲ အဓိကမှာ မိုဝူကျိသည် ဂုဏ်ထူးဆောင်အဆင့် ဆေးလုံးဧကရာဇ် ဖြစ်နေခြင်း ဖြစ်၏။
ခန်းမတစ်ခုလုံး ဆွေးနွေးသံများ ဆူညံပွက်လောရိုက်သွားပြီး မိုဝူကျိနှင့် နီဖုန်းနျဲ့တို့၏ လဲလှယ်မှုအတွင်း လူအများစုက မိုဝူကျိ၏ ဇာစ်မြစ်ကို သိပြီးသား ဖြစ်ကြသော်လည်း သူတို့သိထားကြသည်မှာ မိုဝူကျိကား ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့မှ စွန့်ပစ်ခြင်း ခံလိုက်ရသည့် ဂုဏ်ထူးဆောင် အဆင့် ၅ ဆေးလုံးဆရာမျှသာ ဖြစ်ကြောင်း ဖြစ်၏။ မိုဝူကျိက အချိန်တိုလေးအတွင်း ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်အဖြစ် မည်သို့ တက်လှမ်းလာနိုင်မည်နည်း၊
လူအများ၏ စိတ်စွမ်းအားများက အင်မော်တယ်ဆေးလုံးများဆီ ကျရောက်လာကာ မိုဝူကျိက လိမ်ညာနေခြင်း မဟုတ်ကြောင်း သိသွားကြသည်။ မိုဝူကျိ ထုတ်လိုက်သည့် ဆေးလုံးတိုင်းမှာ ပြိုင်ဖက်ကင်း အဆင့် ၇ ဆေးလုံးများ ဖြစ်ကြ၏။
“ ပြိုင်ဖက်ကင်း အဆင့် အင်မော်တယ်ဘုရင်ဆေးလုံးတောင် ပါတယ် .. ”
အကယ်၍ ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးများမှာ ဘာမှမဟုတ်လျှင် ပြိုင်ဖက်ကင်း အင်မော်တယ်ဘုရင်ဆေးလုံးမှာ ရိုးရှင်းသည့် ဆေးလုံး မဟုတ်ပေ။ ထိုအရာမှာ သာမာန် အဆင့် ၈ အင်မော်တယ်ဆေးလုံးထက် မဆိုးချေ။
ရှောင်လီရှီ ထုတ်ပြသည့် ဆေးလုံးမှာ အဆင့် ၈ မဟာပကတိ အုပ်စိုးသူဆေးလုံးဆေးလုံး ဖြစ်နေသော်လည်း ဤနေရာရှိ လူအများစုမှာ ရှားပါးသည့် အဆင့် ၇ အင်မော်တယ်ဘုရင်ဆေးလုံးကိုသာ ရွေးချယ်ကြလိမ့်မည်။
“ ဆေးလုံးဆရာမို … ကျုပ် အင်မော်တယ်ဘုရင်ဆေးလုံး တစ်လုံး လိုပါတယ် … အလဲအလှယ်က ဘာများလဲ ….” တစ်ယောက်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ဘဲ အော်ကာ မေးလိုက်သည်။
“ ဆေးလုံးဆရာမို အဆင့် ၇ အင်မော်တယ်ဆေးလုံး တစ်သုတ်လုံးကို ဖော်စပ်ပေးနိုင်မလား ” နောက်တစ်ယောက်က ထပ်မေးလိုက်ပြန်သည်။
ယခင် ရှုစုရန်နှင့် ရှောင်လီရှီတို့ စင်ပေါ်တွင် ရှိစဉ် မည်သူကမှ ထိုမေးခွန်းများ ထုတ်မမေးရဲကြပေ။ ရှုစုရန်နှင့် ရှောင်လီရှီတို့၏ အဆင့်အတန်းကြောင့် ထိုမေးခွန်းများ မေးမြန်းခြင်းမှာ မောက်မာသလို ဖြစ်ပြီး ထိုအဆင့်မြင့် ပညာရှင်နှစ်ယောက်ကို ဒေါသထွက်သွားစေနိုင်၏။
သို့သော်လည်း မိုဝူကျိက မတူပေ။ မိုဝူကျိက ဂုဏ်သတင်းလည်း မကြီးမားသလို ဆေးလုံးတာအိုအင်မော်တယ် မဟာမိတ်အဖွဲ့ဝင်လည်း မဟုတ်တော့ချေ။ နယ်လှည့် ကျင့်ကြံသူ ဆေးလုံးဧကရာဇ်အား ဆေးလုံးဖော်စပ်ပေးရန် အကူအညီတောင်းခြင်းမှာ သာမာန် ဖြစ်ပေ၏။
………………..…
အစပိုင်းတွင် မိုဝူကျိက လဲလှယ်ရေးပွဲတစ်လျှောက်လုံး ထိုင်ကာ ကြည့်ချင်သော်လည်း ရှုစုရန် ထွက်သွားပြီးနောက် သူ့စိတ် ပြောင်းလဲသွားပေ၏။ ဤလဲလှယ်ရေးပွဲ အဆုံးမသတ်ခင် သူ့အနေနှင့် ရှုစုရန်ဆီ သွားပြီး သူ့လခြမ်းကွေး ပုဆိန်လှံရှည်အား ကူပြီး ပြင်ဆင်ပေးရန် အကူအညီတောင်းချင်ကြည့်မိသည်။
မိုဝူကျိက မတ်တတ်ရပ်လိုက်ပြီး လက်နှစ်ဖက် ဆုပ်ကာ
“ တာအိုရောင်းရင်းတို့ … တကယ်လို့ ကျုပ်က အားလုံးကို တစ်လုံးချင်းစီ အလဲအလှယ် လုပ်နေရင် အားလုံးရဲ့အချိန်ကို ဖြုန်းတီးသလို ဖြစ်မှာကို စိုးရိမိမိသားဗျာ …. အဲဒါကြောင့် ကျုပ် တစ်ခု တွေးမိသွားတယ်။
ဒီလဲလှယ်ရေးပွဲ ပြီးသွားရင် ကျုပ် ဆေးလုံးနဲ့ လဲချင်ရင် ဒါမှမဟုတ် ကျုပ်ဆီ ဆေးလုံးဖော်စပ်ဖို့ အကူအညီတောင်းချင်ရင် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် ခုနှစ်လွှာ ၆ (က) မှာ လာရှာလို့ ရပါတယ်။ ကျုပ် ဒီမှာ အချိန်တစ်ခုအထိ နေဦးမှာ ဆိုတော့ အားလုံးကို ဆေးလုံးဖော်စပ်ဖို့ ကူညီပေးနိုင်ပါတယ်
ဒါက ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ လဲလှယ်ရေးပွဲဆိုတော့ အလဲအလှယ် ဖြစ်သွားရင် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ဆီ လိုအပ်တဲ့ အခွန်ကို ပေးမှာပါ ….. ”
မိုဝူကျိ စကားများကို ကြားပြီး အားလုံးက မိုဝူကျိနှင့် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်တို့မှာ နက်နက်ရှိုင်းရှိုင်း ဆက်ဆံရေး ရှိကြောင်း ခန့်မှန်းမိလိုက်ကြသည်။ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်၌ မည်မျှအထပ်တွင် ဖြစ်စေကာမူ (က) အခန်းတွင် နေနိုင်သရွေ့ သေချာပေါက် ရာထူးအကြီး၊ အဆင့်အတန်းအမြင့်ထဲမှသာ ဖြစ်ပေလိမ့်မည်။
ထိုအရာက မိုဝူကျိက သူ့ကိုယ်သူ မည်မျှ စီမံခန့်ခွဲနိုင်ကြောင်း ပြသသွားခြင်း ဖြစ်၏။ သူက သူ့အဆင့်အတန်း ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ်အဖြစ် ကြေညာကာ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ထဲ၌ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ကို လျစ်လျူရှုမထားဘဲ တခြားလူများ၏ ဆေးလုံးများကို ကူကာ ဖော်စပ်ပေးဦးမည် ဖြစ်၏။ ကူကျူးက မိုဝူကျိ၏ ဆေးလုံးတာအိုကို လေးစားမိသော်လည်း မိုဝူကျိက ကူကျူးကြောင့် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ကို အခွင့်အရေး ယူရန် ဆန္ဒမရှိချေ။ သူက အစစ်အမှန် မိတ်ဆွေ ဖြစ်စေ၊ အပြန်အလှန် အကျိုးပြုနေသည့် မိတ်ဆွေပင် ဖြစ်စေ အကျိုးမြတ်များမှာ နှစ်ဦးနှစ်ဖက် ရသင့်ပေသည်။
ကူကျူးအသံက ခန်းမတစ်လျှောက် ဟိန်းထွက်လာကာ
“ ဆေးလုံးဧကရာဇ်မိုက ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရဲ့ မိတ်ဆွေပါ၊ ဆေးလုံးဧကရာဇ်မိုကို လာရှာတဲ့သူတိုင်း ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။
ဆေးလုံးဧကရာဇ်မို ပြောခဲ့တဲ့ အခွန်ကြေးကို ကျုပ်တို့ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်အနေနဲ့ ဘယ်လောက် ဆင်းရဲလာပါစေ ဆေးလုံးဆရာမိုရဲ့ အင်မော်တယ်ကျောက်တွေကို လက်ခံမှာ မဟုတ်ပါဘူး ”
ကူကျူး မပြောလိုက်ရသည့် စကားတစ်ခွန်းမှာ မိုဝူကျိဆီ လာရောက်၍ ဆေးလုံးဖော်စပ်လိုသူများအတွက် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် ဝင်ကြေးကို ပေးဆောင်ရမည် ဖြစ်၏။
မိုဝူကျိက ကူကျူး၏ ရည်ရွယ်ချက်ကို သိသော်လည်း စိတ်ထဲ မထားပေ။ သူတို့အားလုံးက သူ့အား ဆေးဖော်စပ်ဖို့ လာရှာနိုင်ကြသောကြောင့် ရိုးရှင်းမည့် လူများတော့ မဟုတ်ပေ။ သူက သူတို့အတွက် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ထဲ၌ ဖော်စပ်ပေးမည် ဖြစ်ကာ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်အနေနှင့် လိုအပ်သည့် အခကြေးငွေကို ကောက်ခံဖို့ရာ လိုအပ်ပေသည်။