တစ်မူထူးသော ဆရာကြီးရှု
Vol. 46 Ch. 630
ရှုစုရန်က ခေါင်းညိတ်လိုက်ပြီး
“ ဒီနာမည်က အတော်လေး အားကောင်းတယ်။ ဒီပုဆိန်လှံရှည်က သာမာန်လက်နက်ကနေ အင်မော်တယ်လက်နက်အဖြစ် ပြောင်းလဲလာတာဆိုတော့ နာမည်က ပိုပြီး သာမာန်ဖြစ်လေလေ ပိုပြီး သင့်တော်လေလေပဲ …. ဘယ်လိုဖြစ်ဖြစ်ပါလေ ဒီပုဆိန်လှံရှည်က မင်းနဲ့ အသင့်တော်ဆုံးပဲ … ”
“ စီနီယာ ဒီဟာကို ပိုပြီး သာမာန်ကျတဲ့ နာမည်ထပ်ပြောင်းသင့်လား ” မိုဝူကျိက နာမည်ရိုးရိုးကို စဉ်းစားမိဖို့ရာ မလွယ်ကူသောကြောင့် မြန်မြန် မေးလိုက်သည်။
ရှုစုရန်က ခေါင်းခါကာ
“ မင်း ပါးစပ်ကနေ ပထမဆုံး ထွက်ကျလာတဲ့ နာမည်ကို ပုဆိန်လှံရှည်က အသိအမှတ်ပြုပြီးသွားပြီ။ မိုးမြေရဲ့ တာအိုစွမ်းအင်တွေနဲ့ တစ်ထပ်တည်းကျသွားပြီဆိုတော့ ထပ်ပြောင်းဖို့ မလိုတော့ဘူး။ အဲဒါက ပုဆိန်လှံရှည်ရဲ့ နာမည် ဖြစ်လာလိမ့်မယ် … ”
မိုဝူကျိက ဆက်၍ မပြောတော့ပေ။ အကြောင်းမှာ သူက ထိုအဆင့်အထိ မရောက်ရှိသေးသော်လည်း ထိုနယ်ပယ်၏ စည်းမျည်းဥပဒေသများကို ခံစားနိုင်လေသည်။
“ စီနီယာက ကျုပ်အတွက် ဒီလိုမျိုး အဖိုးတန်မှော်ရတနာကို သွန်းလုပ်ပေးထားတာ ဆိုတော့ ကျုပ်ဆီမှာ …. ” သူ့ရှေ့ လခြမ်းကွေး ပုဆိန်လှံရှည် ပေါ်မလာခင်အထိ သူက ရှုစုရန်ကို ရှေးဦးမူလမီးကျောက်နှင့် ပေးချေရန် ရည်ရွယ်ချက် မရှိပေ။ လခြမ်းကွေး ပုဆိန်လှံရှည်ကို မြင်ပြီးသည့်နောက်တွင် စိတ်ပြောင်းသွားတော့သည်။
ဤသို့မျိုး ရတနာမျိုးအတွက် မိုဝူကျိက သူ့ရှေးဦးမူလမီးကျောက်များနှင့် လဲလှယ်ရန် ဆန္ဒရှိပေသည်။ လခြမ်းကွေး ပုဆိန်လှံရှည်က ရှေးဦးမူလမီးကျောက်နှင့် တန်ဖိုးချင်း ညီမျှမည် မဟုတ်သော်လည်း မိုဝူကျိက ပိုပို၍ နှစ်သက်လာမိသည်။ မိုဝူကျိအတွက် သူ့သဘောကျနှစ်သက်မှုထက် ဘာမှ အရေးမကြီးပေ။
မိုဝူကျိကို ဖိအားဖြစ်စေသည်မှာ ရှုစုရန်က သူ့စကားကို ထပ်ဖြတ်ပြောလိုက်၍ ဖြစ်သည်။ သူက မိုဝူကျိအား ကျောက်စိမ်းပေလွှာ တစ်ခုနှင့် ဆက်သွယ်ရေးပြား ပေးကာ
“ ကျုပ်က မင်းရဲ့ ပစ္စည်းတွေကို စိတ်မဝင်စားပါဘူး။ ဒါက ကျုပ်ဆီက ဆက်သွယ်ရေးပြားပါ …. နောင်ကျ ကျုပ် အကူအညီလိုရင် ကူညီပေးပါ ….
ဒီကျောက်စိမ်းပေလွှာထဲမှာ ပန်းပဲပညာရပ်နဲ့ ပတ်သတ်ပြီးတော့ ကျုပ်အသိအမြင်တွေ ပါတယ်ဆိုတော့ ကောင်းကောင်း သိမ်းထားသင့်တယ်။ ပြီးတော့ ကျုပ် အခုအနားယူချင်နေပြီဆိုတော့ လိုက်မပို့တော့ဘူးနော် …. ဂရုစိုက်ပါ ”
သူက မိုဝူကျိဆီမှ ဘာဆိုဘာမှ မလိုချင်ဘဲ နောင်တစ်ချိန်ကျ မိုဝူကျိ၏ အကူအညီကိုသာ လိုအပ်တာတဲ့လား ….
မိုဝူကျိက ရှုစုရန်ကို နားမလည်စွာ ကြည့်လိုက်သည်။ ရှုစုရန်က သူ့အား ထွက်သွားရန် ပြောသောအခါ မိုဝူကျိက လေးစားမှုပြရန် ဦးညွှတ်လိုက်ပြီး ရှုစုရန် အခန်းမှ မရေမရာဖြင့် ထွက်လာလိုက်ရသည်။
တစ်ခုခုတော့ မှားယွင်းနေလေ၏။ မိုဝူကျိက အပေးအယူကြောင်း ဘာမှ မပြောရသေးကာ မိုဝူကျိတွင် သူ စိတ်ဝင်စားလောက်မည့်အရာ မရှိလောက်ဟု တွေးထင်လိုက်လေသလား။ မိုဝူကျိက နီဖုန်းနျဲ့နှင့် အလဲအလှယ်မဖြစ်ခဲ့လျှင် ထိုသို့မျိုး တွေးမိနိုင်သော်လည်း ဧကရာဇ်အသီးကို ထုတ်၍ နီဖုန်းနျဲ့နှင့် လဲလှယ်ပြီးနောက် မည်သူကမှ မိုဝူကျိတွင် ပစ္စည်းကောင်းများ မရှိကြောင်း မပြောရဲကြတော့ချေ။
ရှုစုရန်လို နာမည်ကျော် ပုဂ္ဂိုလ်မျိုးက ဤသို့မျိုး အမှားကို လုပ်မိတယ်လား …..
အကယ်၍ ဤသို့အမှားမျိုး လုပ်မိခဲ့ခြင်း မဟုတ်လျှင် ဖြစ်နိုင်ချေ တစ်ခုသာ ရှိတော့သည်။ ရှုစုရန်အနေဖြင့် မိုဝူကျိတွင် ရှိနေသော ပစ္စည်းများကို ကောင်းကောင်း သိနေပြီး ရှေးဦးမူလမီးကျောက်အကြောင်းပါ သိပေလောက်၏။ သို့သော် သူက မိုဝူကျိ ထုတ်ပြမည်ကို ခွင့်မပြုနိုင်ခြင်းသာ ဖြစ်လိမ့်မည်။
ရှုစုရန်က တံခါးပိတ် လေ့ကျင့်နေရာမှ ထွက်လာခြင်း ဖြစ်ရာ ရှေးဦးမူလမီးကျောက်နှင့် လဲလှယ်ဖို့ ဤလဲလှယ်ရေးပွဲအထိ ရောက်လာခြင်း ဖြစ်ပေရာ အဘယ်ကြောင့် သူက မိုဝူကျိကို ထိုပစ္စည်းအား မထုတ်စေလိုသနည်း။ ထို့အပြင် သူက မိုဝူကျိကို သူ့ပန်းပဲ အသိအမြင်များ ပါဝင်နေသော ကျောက်စိမ်းပေလွှာကိုပင် ပေးလိုက်သေး၏။ ရှုစုရန်၏ ပန်းပဲအသိအမြင်များနှင့် ဗဟုသုတများမှာ ဧကရာဇ်တာအိုအသီးလောက် တန်ဖိုးထားရမည့်အရာမျိုး ဖြစ်ပေသည်။
မိုဝူကျိက ရှုစုရန်နှင့် ယခင်က ပတ်သတ်မှု မရှိကြောင်း သေချာသိနေသည်။
သူက ဆက်သွယ်ရေးပြားကို ကြည့်ကာ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ရုတ်ချည်း ရပ်တန့်ကာ ကျောက်စိမ်းပြားကို ထာဝရ ကမ္ဘာထဲ ထည့်ကာ မြန်မြန် ထွက်သွားလိုက်သည်။
မိုဝူကျိက အဆင့် ၅ အစီအရင်ဆရာ တစ်ယောက် ဖြစ်သောကြောင့် ဆက်သွယ်ရေးပြားများအကြောင်း နားလည်နိင်စွမ်းမှာလည်း ကျွှမ်းကျင်နှံ့စပ်ပေသည်။ ထိုဆက်သွယ်ရေးပြားမှာ တစ်မူထူးခြားနေရာ ရှုစုရန်၏ စိတ်ဝိညာဉ် အမှတ်အသား ပါရှိနေသည်။
ထိုအမှတ်အသားမှာ သူ့အား ခြေရာခံဖို့ မဟုတ်ဘဲ သူ မသေဆုံးခင် မိုဝူကျိနှင့် တစ်ကြိမ်တွေ့ဆုံခွင့် ပေးနိုင်ရန် ဖြစ်သည်။
မိုဝူကျိ၏ ဉာဏ်ကောင်းမှုအရ ရှုစုရန် အဓိပ္ပါယ်ကို အချိန်တိုအတွင်း နားလည်သွားပေ၏။ ရှုစုရန်က သူ့ဆီ ရှိနေသော အဖိုးတန်ပစ္စည်းများအကြောင်း အမှန်တကယ် သိနေပြီး သူ့ပစ္စည်းများကို ထုတ်မပြစေလိုသာမက မိုဝူကျိအား ပြောခွင့်လည်း မပေးပေ။
မိုဝူကျိက သူ့တံခါးဝဆီ ရောက်ရှိလာသည့်အခါ မိုဝူကျိက သူ့အခန်းရှေ့ စုပြုံနေသော လူအုပ်ကြီးကို ကြည့်ကာ အံ့ဩသွားမိသည်။
“ ဆေးလုံးဆရာမို ပြန်လာပြီ …” လူအုပ်ကြီးက မိုဝူကျိကို မြင်လိုက်သည်နှင့် စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဟန်လုံက ထွက်လာကာ မိုဝူကျိအား ရှင်းပြလိုက်သည်
“ လဲလှယ်ရေးပွဲက ပြီးသွားပြီဆိုတော့ ဒီလူတွေက ရှင့်အင်မော်တယ်ဆေးလုံးတွေနဲ့ လဲဖို့ ရောက်နေကြတာ …. တချို့က ဆေးလုံးဖော်စပ်ဖို့ အကူအညီတောင်းမလို့တဲ့လေ … ”
မိုဝူကျိ စိတ်မှာ ရှုစုရန်နှင့် အဖြစ်အပျက်ကိုသာ အာရုံရောက်နေသောကြောင့် လူများစွာက သူနှင့် လဲလှယ်ရန် ရောက်နေလိမ့်မည်ဟု မထင်ထားပေ။ ဟန်လုံက သူ့အား ငေးမောနေရာမှ အသိဝင်လာစေပြီး သူက လက်နှစ်ဖက် ယှက်ကာ
“ တာအိုရောင်းရင်းတို့ ကျုပ် တစ်ယောက်အတွက် ဆေးဖော်စပ်ပေးခဲ့ရလို့ အခုနည်းနည်း နုံးနေလို့ပါ။ သုံးရက်လောက် အနားယူဖို့ လိုနေလို့ပါ …. နောက်သုံးရက်နေရင် ပြန်လာပေးလို့ ရမလား ….
နောက်သုံးရက်ကြာရင် ခင်ဗျားတို့ရဲ့တောင်းဆိုမှုတွေကိုရော၊ လဲလှယ်မှုတွေကိုရော လုပ်ပေးပါ့မယ် ….”
လခြမ်းကွေး ပုဆိန်လှံရှည်အတွက် မိုဝူကျိက သွေးများစွာ ဆုံးရှုံးထားရသောကြောင့် တခြားအရာများထက် အနားယူဖို့ လိုအပ်နေပေသည်။
အင်မော်တယ်အများစုမှာ အနည်းငယ် မကျေမနပ် ဖြစ်သွားကြသော်လည်း သူတို့အနေဖြင့် မိုဝူကျိ၏ တောင်းဆိုချက်ကို လက်ခံရုံသာ တတ်နိုင်ပေ၏။
ထိုကျင့်ကြံသူများကို နှုတ်ဆက်ပြီးနောက် မိုဝူကျိက သူ့အခန်းပတ်လည်၌ အတားအဆီးများချကာ ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။
ကျောက်စိမ်းပေလွှာပေါ်မှ ချိတ်ပိတ်ထားမှုကို အလွယ်တကူ ချိုးဖျက်လိုက်ပြီးနောက် ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ
“ တကယ်လို့ ပန်းပဲပညာရှင်တစ်ယောက်က အင်မော်တယ်အရုပ်ကို ကြည့်ချင်တယ်လို့ ပြောရင် လုံးဝ သဘောမတူရဘူး။ အင်မော်တယ် မော်တယ် ကျင့်စဉ်ကို ကျင့်ကြံတဲ့ ကျင့်ကြံသူတစ်ယောက်အတွက် အဆင့်တစ်ခုရောက်သွားရင် ဆေးဖော်စပ်ခြင်း ဖြစ်ဖြစ်၊ ပန်းပဲ ပညာရပ် ဖြစ်ဖြစ် သင်ယူဖို့ အင်မတန် လွယ်ကူလာလိမ့်မယ် …..
ဒါပေမဲ့လည်း ဒီလိုပညာရပ်တွေက သင်ယူဖို့ လွယ်ကူပေမဲ့ ကျွမ်းကျင်ဖို့ ခက်ခဲတယ်။ ဘာလို့လဲဆိုတော့ ဆေးလုံးအများစုနဲ့ မှော်ရတနာတွေကို သာမာန်အကျဆုံး သတ္တုတွေ၊ ဆေးပင်တွေကနေ လုပ်ထားတာဆိုတော့ အင်မော်တယ် မော်တယ်ကျင့်စဉ်လိုပဲ တူညီတယ်။
ကျုပ် မြင်ဖူးတဲ့အထဲ အင်မော်တယ် မော်တယ်ကျင့်စဉ် ကျင့်ကြံပြီးတော့ မဟာယီရှန်းအဆင့် ရောက်လာတာ ခင်ဗျား တစ်ယောက်တည်းပဲ ရှိတယ်…. ဒါက ကျုပ်ရဲ့ ပစ္စည်းတာအိုအပေါ် အမြင်နဲ့အသိတွေကို ချရေးထားတာဆိုတော့ နောင်ကျ မင်းအတွက် အသုံးဝင်လာဖို့ မျှော်လင့်ပါတယ် …. ”
ထို့နောက် သူ့အတွေး၊ အမြင်တွေအကြောင်းသာ ဖြစ်ပြီး ဘာအဓိပ္ပါယ်မှ ဆက်၍ မပါတော့ပေ။
မည်သိုပင် ဆိုစေကာမူ ရှုစုရန်က စိတ်ကောင်းရှိသူ ဖြစ်ပေသည်။ မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းပြီးနောက် အင်မော်တယ်ဆေးလုံးများ ထုတ်ကာ အင်မော်တယ် စွမ်းအင်များ ပြန်လည် ပြည့်ဝအောင် ပြုလုပ်လိုက်သည်။
သုံးရက်အကြာတွင် မိုဝူကျိက အင်မော်တယ်စွမ်းအားများ ပြန်လည် ပြည့်ဝနေပြိ ဖြစ်ရာ ကျင့်ကြံသူများ လဲလှယ်ရန် စိတ်ဝင်စားလောက်သည့် အဆင့် ၇ ဆေးလုံးတချို့ကို ဖော်စပ်နေလိုက်သည်။
ထိုအလဲအလှယ်များ၌ မိုဝူကျိ၏ အဓိက ရည်ရွယ်ချက်မှာ အဆင့် ၈ အင်မော်တယ် ဆေးပင်များနှင့် တချို့ အရေးကြီးသည့် အဆင့် ၇ ဆေးပင်များ စုဆောင်းရန် ဖြစ်၏။ ထိုအခါမှ သူ့အနေဖြင့် အဆင့် ၈ ဆေးလုံးဧကရာဇ်အဖြစ် တက်လှမ်းနိုင်လိမ့်မည်။ သူ လဲလှယ်ရန် ထုတ်ယူလာသော ဆေးလုံးများ၌ မိုဝူကျိက အင်မော်တယ်ဘုရင်ဆေးလုံးကိုမူ ခြောက်လုံးသာ ထုတ်ခဲ့သည်။ သူ့အနေနှင့် ပစ္စည်းမရှိတော့၍ မဟုတ်ဘဲ ဤသို့မျိုး ဆေးလုံးများများ ထုတ်ပါက ဝန်လေးနေမိ၍ ဖြစ်၏။
အင်မော်တယ်ဘုရင်ဆေးလုံးမှာ အရေးပါသည့် အင်မော်တယ်ဆေးလုံး ဖြစ်သောကြောင့် ကိုယ်ပိုင်ဂိုဏ်း တည်ထောင်လိုပါက ဤသို့မျိုး ဆေးလုံးမျိုး များများ ရှိသင့်၏။ ထို့အပြင် သူက ကျိုးပျက်ကမ္ဘာထဲမှ လူများကို အင်မော်တယ်ဘုရင်ဆေးလုံးများ ဖော်စပ်ပေးမည် ပြောထားရာ အင်မော်တယ်ဘုရင်ဆေးလုံး တချို့တဝက်မှာ တခြားသူများလည်း ပိုင်ဆိုင်နေသေး၏။ ထို့ကြောင့် အလကား ဖြုန်းတီးပစ်နေ၍ မဖြစ်ပေ။
ဆယ်ရက်ဆက်တိုက်ကြာပြီးနောက် မိုဝူကျိက လဲလှယ်ရေးကို ရပ်တန့်ကြောင်း မကြေညာခင်အထိ သူ့အခန်းရှေ့၌ လူများတန်းစီစောင့်နေကြဆဲ ဖြစ်၏။
မိုဝူကျိက ဆက်လဲလှယ်ရန် ဆန္ဒမရှိတော့သောကြောင့် ဤဆယ်ရက်အတွင်း သူ့ဂုဏ်သတင်း လူသိများလာရုံအပြင် အဆင့် ၇ အင်မော်တယ်ဆေးပင်များ လဲလှယ်ခြင်းဖြင့် သူ လိုအပ်နေသည့် အဆင့် ၈ အင်မော်တယ်ဆေးပင် များများစားစား မရလိုက်ပေ။
“ တာအိုရောင်းရင်းတို့ ….. ကျုပ် တံခါးပိတ် ကျင့်ကြံချင်လို့ပါ … ပြီးတော့ ကျုပ်ဆီမှာ ရှိတဲ့ အဆင့် ၇ အင်မော်တယ်ဆေးလုံးတွေလည်း လဲလှယ်လို့ ကုန်သလောက် ဖြစ်နေပြီဆိုတော့ ဒီလဲလှယ်ရေးကို ရပ်တန့်လိုက်တာပါ …. ” မထွက်သွားချင်သေးသည့် ကျင့်ကြံသူ ခုနှစ်ယောက်၊ ရှစ်ယောက်ကို မြင်ပြီး မိုဝူကျိက တံခါးပိတ် လေ့ကျင့်တော့မည့်အကြောင်းပြကာ နှင်လွှတ်လိုက်တော့သည်။
မိုဝူကျိက အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ပြီး လေးလံလွန်း အင်မော်တယ်ဂိုဏ်းမှ နီဖုန်းနျဲ့ကိုပင် မကြောက်ရွံ့လေရာ သူ မလဲလှယ်လိုတော့သည့်အကြောင်း ကြားသောအခါ မည်သူကမှ မိုဝူကျိအား အတင်းကျပ် မပြုမူရဲကြပေ။ အကယ်၍ သူတို့က ထွက်သွားဖို့ အနည်းငယ် ဝန်လေးနေလျှင်ပင် ထိုကျင့်ကြံသူများက သူ့ဆုံးဖြတ်ချက်ကို လေးစားပြီး ထွက်သွားရုံမှအပ ရွေးချယ်စရာ မရှိပေ။
“ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ …. ကျုပ်က အချိန်တစ်ခုအထိ ဆေးလုံးလဲလှယ်ဖို့ရော၊ ဆေးဖော်စပ်ဖို့ရော ဆန္ဒမရှိသေးဘူးလို့ ပြောထားတယ်လေ ” အားလုံးထွက်သွားပြီးနောက် မိုဝူကျိက ခပ်ပုပု လူငယ်လေး ရပ်နေသေးသည်ကို မြင်၍ မေးခွန်းထုတ်လိုက်သည်။
လူငယ်လေးက လက်နှစ်ဖက် ဆုပ်ကာ “ ဆေးလုံးဧကရာဇ်မိုကို အထီးကျန်ကျီဆေးလုံး ဖော်စပ်ပေးဖို့အတွက် ဖိတ်ကြားချင်လို့ပါ ”
အထီးကျန်ကျီဆေးလုံးလား ….
မိုဝူကျိ နှလုံးခုန်နှုန်းပင် တစ်ချက်မြန်မိသွားသည်။ အကြောင်းမှာ အထီးကျန်ကျီဆေးလုံးမှာ သူနှင့် ကျော့ဖျင်အန်းတို့ လိုအပ်နေသည့် ကောင်းကင် အထီးကျန်မြက် လိုအပ်နေ၍ ဖြစ်သည်။
သူ စိတ်လှုပ်ရှားမိသွားသော်လည်း အမူအယာမှာ တည်ငြိမ်နေဆဲ ဖြစ်၏။ သူက ထိုလူငယ်လေးအနေဖြင့် အထီးကျန်ကျီဆေးလုံးအကြောင်း ပြောဖို့ရာ အနည်းငယ် တုံ့ဆိုင်းသွားကြောင်း ပြောနိုင်သည်။
သူက မိုဝူကျိ၏ အေးဆေးတည်ငြိမ်သည့် အမူအယာကို သတိပြုမိလိုက်ပြီး လူငယ်လေးက ဆက်ပြောလိုက်သည်
“ တကယ်လို့ ဆေးလုံးဆရာမိုက ကျုပ်ကို အထီးကျန်ကျီဆေးလုံး ကူပြီးတော့ ဖော်စပ်ပေးမယ်ဆိုရင် စီနီယာကို အဲဒီကောင်းကင်အထီးကျန်မြက်တွေ ရှိတဲ့နေရာကို ပြောပြပါ့မယ် ”
မိုဝူကျိက အမူအယာမပြောင်းလဲဘဲ ကျန်ရှိနေပြီး
“ အားနာပါတယ် …. ကျုပ်က အချိန်တစ်ခုအထိ ဆေးလုံးမဖော်စပ်ပေးနိုင်ဘူးလို့ ပြောထားပြီးသားမလား ….. ကျေးဇူပြုပြီး ထွက်သွားလိုက်ပါ ”
ကောင်းကင်အထီးကျန်မြက် ရှိမည့်နေရာမှာ လေးလံအမြစ်မဲ့ရွေ ရှိသည့်နေရာနှင့် တူညီပေရာ ထိုနေရာ၌ ဘာဆိုဘာမှ ရှိမနေတတ်ချေ။ ထို့အပြင် ရှင်သန်မှု မရှိသည့် နေရာတစ်ခု ဖြစ်၍ ထိုနေရာ၌ သဘာဝဓာတ် ငါးမျိုးကို ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကောင်းကင်အထီးကျန်မြက်မှာ အင်မတန် ရှားပါးနေခြင်း ဖြစ်၏။
မိုဝူကျိက ချက်ချင်း သဘောမတူချေ။ အကြောင်းမှာ ထိုလူငယ်လေးက ဤအတိုင်း လက်လျော့သွားမည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။
အထီးကျန်ကျီဆေးလုံးမှာ အဆင့် ၅ အင်မော်တယ် ဆေးလုံး ဖြစ်သော်လည်း ဆေးလုံးဘုရင် ဖော်စပ်နိုင်သည့် ဆေးလုံး မဟုတ်ပေ။ သာမာန်ဆေးလုံးဘုရင်အနေဖြင့် ထိုဆေးလုံး ဖော်စပ်ဖို့ရာ အင်မတန် ခက်ခဲပေလိမ့်မည်။
ထိုလူငယ်လေးမှာ မဟာယီရှန်းအဆင့် ဖြစ်ဟန် ပေါ်ကာ ဆေးလုံးဧကရာဇ်တစ်ယောက်အား ဆေးဖော်စပ်ဖို့ရာ အကူအညီတောင်းဖို့ရာ လုံလုံလောက်လောက် အားကောင်းနေပြီ ဟု ထင်လျှင် အိပ်မက် မက်နေခြင်းသာ ဖြစ်လိမ့်မည်။ သူ့အတွက် အထီးကျန်ကျီဆေးလုံး ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ မိုဝူကျိအား ဆက်တိုက် တောင်းဆိုရန်သာ ဖြစ်ပေသည်။
သူက မိုဝူကျိက ကောင်းကင်အထီးကျန်မြက်အပေါ် ဘာအမြင်မှ မရှိကြောင်း သိသည့်အခါ လူငယ်လေး၏ အမူအယာမှာ အနည်းငယ် ပြောင်းလဲသွားပြီး အသံကို မြင့်ကာ
“ ဆေးလုံးဆရာမိုက အဲဒီအထီးကျန်ကျီဆေးလုံးက စိတ်စွမ်းအားနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်ကို တိုးမြင့်စေဖို့ သုံးတာကို သိမှာပါ။ ကျုပ် လိုချင်တဲ့ အကြောင်းအရင်းက ကျုပ်ဆီမှာ မပြီးပြည့်စုံသေးတဲ့ စာလိပ်တစ်ခုကို တွေ့ထားလို့ …
အဲဒီစာလိပ်ထဲမှာ ကမ္ဘာဦး စိတ်ဝိညာဉ် လေ့ကျင့်နိုင်တဲ့ လျို့ဝှက်ပညာရပ် ပါတယ်။ တကယ်လို့ ဆေးလုံးဆရာမို ကျုပ်ကို ကူပြီးတော့ ဆေးဖော်စပ်ပေးမယ်ဆိုရင် အဲဒီဟာကို ပေးနိုင်ပါတယ် …. ”
မိုဝူကျိက ထိုစကားကို ကြားချင်နေခြင်း ဖြစ်။ အကြောင်းမှာ ထိုလူငယ်လေးတွင် ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် သက်ဆိုင်သည့် လျို့ဝှက်ပညာရပ်ရှိ၍သာ အထီးကျန်ကျီဆေးလုံး လိုအပ်နေခြင်း ဖြစ်ကြောင်း ခန့်မှန်းမိ၏။ မိုဝူကျိက စိတ်စွမ်းအား ဖွဲ့စည်းဖို့ရာ သူ့ကိုယ်ပိုင် ကျင့်စဉ်ကို ဖန်တီးခဲ့သော်လည်း အားနည်းချက်များ ရှိနေဆဲ ဖြစ်ပြီး အပြည့်အဝ သွင်ပြင် မပေါ်သေးပေ။ သူက ကိုယ်ပိုင်ဂိုဏ်းတည်ထောင်လိုလျှင် သူက ဤသို့မျိုး လျို့ဝှက်ပညာရပ်များလည်း လိုအပ်ပေလိမ့်မည်။
သူ့စကားအဆုံးတွင် လူငယ်လေးက မိုဝူကျိ တိတ်ဆိတ်နေဆဲ ဖြစ်ကြောင်း သတိပြုမိသွား၏။ သူက ဆက်ပြောတော့မည့်ဆဲဆဲတွင် မိုဝူကျိက ရုတ်ချည်း ပြောလိုက်သည်
“ ဒီလိုဆိုမှတော့ ဝင်လာခဲ့ပါ … ”
သူ မိုဝူကျိ အခန်းထဲ ဝင်လိုက်သည်နှင့် လူငယ်လေးက မပြီးပြည့်စုံသည့် စာလိပ်ကို ထုတ်ကာ မိုဝူကျိဆီ ပေးလိုက်၏
“ ဆေးလုံးဆရာမို …. ဒါက ကျုပ် ရလာတဲ့ မပြီးပြည့်စုံသေးတဲ့ စာလိပ်ပါ …. ဒါပေမဲ့ အများကြီး လစ်ဟာနေတာတွေ ရှိတယ် ”
မိုဝူကျိက စာလိပ်ကို ယူလိုက်သည်နှင့် ထိုလူငယ်လေးမှာ သူ့အပေါ် ရိုးသားမှု မရှိကြောင်း သိလိုက်သည်။ စာလိပ်တွင် လိုအပ်နေသည်များ များပြားနေရုံသာမက မိတ်ဆက်အကြောင်းလောက်သာ ပါဝင်ပေသည်။ အကယ်၍ မိတ်ဆက်လောက်သာ ဖြစ်နေလျှင် သူ့ရှေ့မှ လူငယ်လေးအနေဖြင့် သူစိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့ကို ဖွဲ့စည်းနိုင်မည် မဟုတ်သောကြောင့် အထီးကျန်ကျီဆေးလုံးကို လိုအပ်မည် မဟုတ်ပေ။
သို့သော်လည်း မိုဝူကျိက ထိုအချက်ကို စိတ်ထဲ မထားပေ။ သူ့ကျင့်စဉ်မှာ သူများနှင့် ကွဲပြားသောကြောင့် ပြီးပြည့်စုံသည့် လျို့ဝှက်ပညာရပ် ရလာလျှင်ပင် သူ့အနေနှင့် ပြောင်းလဲပစ်မည် ဖြစ်၏။
“ ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်လား …” သူက နာမည်ကို မြင်သည့်အခါ မိုဝူကျိက မရေမရာ ပြောလိုက်သည်
“ ဒါက စိတ်စွမ်းအားနဲ့ ကမ္ဘာဦး စိတ်ဝိညာဉ် လေ့ကျင့်တဲ့ ကျင့်စဉ်နဲ့ မတူပါဘူး ”