← Chapters

အကူအညီတောင်းခြင်း

Vol. 46 Ch. 631

အကူအညီတောင်းခြင်း

Vol. 46 Ch. 631

ထိုသို့ပြောပြီးနောက် မိုဝူကျိက စာလိပ်ပေါ်မှ စာလုံးတိုင်းတွင် အဆုံးမဲ့ တာအိုစွမ်းအားများ ပါဝင်နေကြောင်း ခံစားမိလိုက်၏။ စာလုံးတိုင်းမှာ ကျင့်စဉ်တစ်ခုစီအလား ဖြစ်နေပြီး စာလိပ်ပေါ်တွင် စာနည်းနည်းသာ ပါရှိသော်လည်း မိုဝူကျိက စကြဝဠာကြီး၏ ကျယ်ပြောသော တုံ့ပြန်မှုကို ခံစားမိပေသည်။ ထိုတုံပြန်မှုမှာ  စကားလုံးများ ဖြစ်တည်လာဟန်ပေါ်၏။

ဒါက မဟာတာအို စာလွှာလား …..

မဟာတာအို စာလွှာမှာ ရိုးရှင်းသည့် စာလွှာ မဟုတ်ပေ။ အမြင်ဖြင့် ရိုးရှင်းသော်လည်း  လက်တွေ့၌  ကျယ်ပြောရှုပ်ထွေးပေသည်။ စာလွှာ၏ ကျယ်ပြောမှုမှ ရိုးရှင်းသောအရာ ဆင်းသက်လာခြင်း ဖြစ်၏။

ထိုအတွေးဖြင့်  မိုဝူကျိ၏ တာအို အသိဉာဏ်ပွင့် လမ်းကြောင်းမှာ တာအိုစွမ်းအား အရိပ်အယောင်ကို ရှာတွေ့သွားသည့်အလား ထိုစွမ်းအားများမှာ  တာအိုအမြင်အသစ် တစ်ခု ဖြစ်ပေါ်လာသည်။

တာအိုစွမ်းအားများက မိုဝူကျိ စိတ်ထဲ  ကနဦးအဆင့် ဖြစ်တည်လာသည်။ မိုဝူကျိက အသက်ပြင်းပြင်း ရှုကာ  သူ့လက်ထဲမှ ပစ္စည်းမှာ စိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့ လေ့ကျင့်ပေးသည့် လျို့ဝှက်ပညာရပ် မဟုတ်ဘဲ အသိစိတ်ပင်လယ်ကို လေ့ကျင့်ပေးသည့် ပညာရပ် ဖြစ်နေသည်။

သေချာသည့် ရှုထောင့်အရကြည့်လျှင်  ထိုအရာမှာ  စိတ်စွမ်းအားနှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့ လေ့ကျင့်ပေးသည့် ပညာရပ်ထက်ပင် ပို၍ ရှားပါးနေသေး၏။ အသိစိတ်ပင်လယ်မှာ ကျင့်ကြံသူ၏ ပါရမီ၊ ကျင့်စဉ်နှင့် ကိုယ်ပိုင် ကံတရားတို့နှင့်   တိုက်ရိုက် ဆက်နွယ်နေပေသည်။

သူက အသိစိတ်ပင်လယ် လေ့ကျင့်ပေးလို့ ရသည့် ကျင့်စဉ် အစစ်အမှန် ရှာတွေ့လိမ့်မည်ဟု မထင်မိခဲ့ပေ။ ထိုအရာမှာ လေးလံအမြစ်မဲ့ရွေထက်ပင် ပို၍ အဖိုးတန်နေသေး၏။ သူ့ရှေ့မှ လူငယ်လေးမှာ  သူ့အား မိတ်ဆက်အကြောင်းအရာလောက်သာ ပြပြီး ကျန်ရှိနေသည့် အပိုင်းများကို သိမ်းထားလေ၏။ သို့သော်လည်း  မိုဝူကျိက ထိုအရာမှာ လုံလောက်သည်ထက် ပိုနေကြောင်း ယုံကြည်နေမိသည်။ အကယ်၍ သူသာ စာလိပ်တစ်ခုလုံး ကြည့်ရှုရလျှင် သူ့ အသိစိတ်ပင်လယ်  နားလည်နိုင်စွမ်းအား အပေါ်၌  သက်ရောက်မှု ရှိလာလိမ့်မည်။

“ ဆေးလုံးဆရာမို  …. ဒီမပြည့်စုံတဲ့ စာလိပ်က သေချာပေါက် ကမ္ဘာဦး စိတ်ဝိညာဉ်အတွက် အကျိုးရှိပါတယ်။ အဲဒါကြောင့် ကျုပ်က အထီးကျန်ကျီဆေးလုံးနဲ့ ကျင့်ကြံဖို့ ကြိုးစားကြည့်ချင်တာပါ။ ဆေးလုံးဆရာမိုက  ကျုပ်ကို အထီးကျန်ကျီဆေးလုံး ကူပြီးတော့ ဖော်စပ်ပေးမယ်ဆိုရင်  ဒီစာလိပ်က ခင်ဗျားအပိုင်ပဲ  ….” လူငယ်လေးက တည်ငြိမ်စွာ ပြောလိုက်သည်။

“ ကောင်းပြီလေ …” မိုဝူကျိက အချိန်ထပ် ဖြုန်းမနေတော့ဘဲ  ထိုစာလိပ်ကို တုံ့ဆိုင်းခြင်းမရှိ သိမ်းထားလိုက်ပြီး လူငယ်လေးကို ပြောလိုက်သည်

“ အထီးကျန်ကျီဆေးလုံးအတွက် လိုအပ်တဲ့ ဆေးပင်တွေကို ထုတ်လိုက်  …. ပြီးတော့  ကောင်းကင် အထီးကျန်မြက်တွေ့တဲ့ နေရာကိုရော  ”

လူငယ်လေးက အံ့ဩနေမိသည်။ ညှိနှိုုင်းခြင်းက ထိုမျှရိုးရှင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မိုဝူကျိသည် သူ့အနေဖြင့် ကျန်ရှိနေသည့် စာလိပ် သိမ်းထားကြောင်း သံသယဝင်မိလိမ့်မည်ဟု တွေးခဲ့မိသေး၏။ သူက မိုဝူကျိကို ပြောဖို့ အကြောင်းပြချက်ပင် စဉ်းစားမိထားလေရာ မိုဝူကျိဘက်မှ  မမေးမြန်းကြောင်း  မစဉ်းစားမိခဲ့ပေ။

“ ဟုတ်ကဲ့  …. ဒါတွေက ပါဝင်ပစ္စည်းတွေနဲ့ ကောင်းကင်အထီးကျန်မြက်ရဲ့ တည်နေရာပါ …” လူငယ်လေးက မြန်မြန်ဆန်ဆန် တုံ့ပြန်ကာ  မိုဝူကျိအား လက်စွပ်တစ်ကွင်း ပေးလိုက်၏။

လေးနာရီ ကြာမြင့်ပြီးနောက် အထီးကျန်ကျီဆေးလုံး  တစ်သုတ် ဖော်စပ်နိုင်ခဲ့သည်။  အကြောင်းမှာ အထီးကျန်ကျီဆေးလုံးမှာ အဆင့် ၅ ဆေးလုံး ဖြစ်သောကြောင့် မိုဝူကျိအတွက် လွယ်ကူလေ၏။

“ ခင်ဗျား နာမည်က ဘာလဲ ” မိုဝူကျိက  လူငယ်လေးအား ဆေးလုံးကို ပေးကာ မေးမြန်းလိုက်သည်။

“ ထိုက်ရှီရှောင်ပါ … ” လူငယ်လေးက မိုဝူကျိ၏ ဆေးဖော်စပ်နှုန်းကို ကြည့်ပြီး  အံ့ဩမိနေဆဲ ဖြစ်ရာ မိုဝူကျိက သူ့ကို  မေးသည့်အခါ  စိတ်နှင့်ကိုယ်နှင့် မကပ် ပြန်ဖြေလိုက်၏။

“ ကောင်းပြီ …. မင်း သွားလို့ ရပြီ ” မိုဝူကျိက ထိုက်ရှီရှောင် ဆေးများကို ယူပြီးကြောင်း တွေ့သည်နှင့် ခေါင်းညိတ်ကာ  ပြောလိုက်သည်။

ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှ ထွက်လာရာဝယ် ထိုက်ရှီရှောင်က မိုဝူကျိကို အဘယ်ကြောင့် သူ့နာမည် ပြောပြမိခဲ့ကြောင်း  စိတ်ခုနေမိသည်။

ထိုက်ရှီရှောင် ထွက်သွားပြီးနောက် မိုဝူကျိက  ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်ကို ဆက်၍ မလေ့လာသေးပေ။ အကြောင်းမှာ ထိုသို့မျိုး ပညာရပ်မှာ  သူ့တာအို အသိဉာဏ်ပွင့် လမ်းကြောင်းဖြင့်ပင်  ရက်အနည်းငယ်အတွင်း အသိဉာဏ်အလင်း ပွင့်လာနိုင်သည့်အရာမျိုး မဟုတ်ချေ။  ယခု သူ လုပ်ချင်နေသည့်အရာမှာ  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှ ထွက်သွားပြီး  တာ့ဟွမ်နှင့်အတူ နတ်ဘုရားကောင်းကင်ချောက်ကမ်းပါးဆီ သွားဖို့ ဖြစ်၏။

………………....

“ ဘုန်း …” အရိပ်နှစ်ခုက ကောင်းကင်ချောက်ကမ်းပါး မြို့ရှိ  ကုန်သည်အိမ်တော် အဝင်ဝသို့ ရောက်ရှိလာကာ  တခြားသော ကျင့်ကြံသူများက သွေးသံရဲရဲမြင်ကွင်းအား  မြင်တွေ့လိုက်ကြရသည်။

ထိုလူများမှာ  ကောင်းကင်ချောက်ကမ်းပါး မြို့အတွင်းမှ စည်းမျည်းမျာကို ကောင်းကောင်းသိထားသောကြောင့်  ထိုလူနှစ်ယောက်မှာ  တခြာသူများ၏ လိုက်ဖမ်းဆီးခြင်းကို ခံရပြီး  ပြေးစရာမရှိတော့၍ ကောင်းကင်ချောက်ကမ်းပါး မြို့ရှိ အတားအဆီးများကို ဖျက်ကာ အတင်းဝင်ရောက်လာခြင်းသာ ဖြစ်ရမည်။

ကောင်းကင်ချောက်ကမ်းပါး မြို့၏ ကာကွယ်ရေး အစီအရင်မှာ  အပြည့်အဝ အသက်သွင်းမထားသည့်အတွက် သာမာန် အင်မော်တယ်ဧကရာဇ်ပင် ချိုးဖျက်ဝင်ရောက်နိုင်လေသည်။

သို့သော်လည်း  ချိုးဖျက်ဝင်ရောက်နိုင်ခြင်းမှာ  ချိုးဖျက်ဝင်ရောက်ရဲခြင်း ဟူသော အဓိပ္ပါယ်တော့ မဟုတ်ပေ။ ကောင်းကင်ချောက်ကမ်းပါးမြို့၏ အတားအဆီးကို ဖျက်စီးလိုက်သည့်အတွက် တာဝန်အပြည့်အဝ ယူရမည် ဖြစ်ကာ  ကောင်းကင်ချောက်ကမ်းပါး မြို့၏ မဟာရန်သူအဖြစ်  သတ်မှတ်ခံရလိမ့်မည်။

“ အဲဒီအင်မော်တယ်သူတော်စင် နှစ်ယောက်ကို သိတယ် …. သူတို့တွေ လွန်ခဲ့တဲ့ရက် ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင် လဲလှယ်ရေးပွဲမှာ တွေ့လိုက်သေးတယ် …” လူအုပ်အတွင်း ဆွေးနွေးသံ ထွက်ပေါ်လာသည်။

“ ကျုပ်လည်း  သူတို့ကို သိတယ်။ သူတို့က လျှပ်စီးဂိုဏ်း အကြီးအကဲ ချီကျွှင်းယီနောက် လိုက်သွားတာမလား …. ဒီလို ဒဏ်ရာတွေနဲ့  ပြန်ရောက်လာလိမ့်မယ်လို့ ထင်မထားမိဘူး  ”

………………

ကောင်းကင်ချောက်ကမ်းပါးမြို့ အစီအရင်များကို အတင်းချိုးဖျက်၍ ဝင်ရောက်လာသူမှာ  ယွမ်ယီ နှင့် သူမတပည့်လေး စုရှီတို့  ဖြစ်ကြသည်။ သို့သော်လည်း ယွမ်ယီ၏ စွမ်းအားမှာ ပုံပျက်နေပြီး  သူမ တစ်ကိုယ်လုံးကား သွေးသံရဲနေသည်။ ထိုအရာအပြင်  သူမ ဘေးပတ်လည်မှ အင်မော်တယ်စွမ်းအားများမှာ ပျောက်ကွယ်နေပြီး  သေခြင်းတရား အရိပ်အယောင်များ ဖုံးလွှမ်းနေသည်။ သူမနောက် လိုက်လာသူများလက်မှ လက်မတင်လေး ထွက်ပြေးလာနိုင်သည်မှာ  သိသာလှသည်။

မည်သူမှ ဝင်မပါရဲကြချေ။ အကြောင်းမှာ ထိုအဖြစ်အပျက်နှင့် ပတ်သတ်မိပါက  သူတို့ကိုယ် ပြဿနာရှာသလို ဖြစ်နေပေလိမ့်မည်။ ကောင်းကင်ချောက်ကမ်းပါးမြို့ကို ထည့်မပြောလျှင်ပင် လျှပ်စီးဂိုဏ်းမှာ ရန်စ၍ ရသည့် ဂိုဏ်း မဟုတ်ချေ။

“ ဆရာ ….” သူတော်စင် ပေါက်စလေး စုရှီက ယွမ်ယီကို ဖက်ထားကာ  ဘာလုပ်ရမှန်း မသိတော့ဘဲ ရှိက်ကြီးတငင် ငိုကြွေးနေလေ၏။

ကောင်းကင်ချောက်ကမ်းပါးမြို့အတွင်း အားကောင်းသည့် အင်အားစု  ဝင်ရောက်လာကာ သူတို့နှစ်ယောက်တွင် သတ်ဖြတ်ငွေ့များ သိပ်သည်းနေ၏။

ယွမ်ယီက  မျက်လုံးကို အားပြုဖွင့်ကာ  ကောင်းကင်ချောက်ကမ်းပါးမြို့အတွင်း ဝင်ရောက်လာသော အားများကို မြင်လိုက်သည့်အခါ သူမက ဘာလုပ်ရမှန်း မသိ ဖြစ်သွားလေသည်။

တရားသူတော်စင်ကျောင်းမှာ  အများနှင့် ပေါင်းသင်းဆက်ဆံရေး မရှိသည့်အတွက်  ဤနေရာ၌ မိတ်ဆွေများများစားစား မရှိချေ။ ထိုစဉ် သူမက  ကောင်းကင်ချောက်ကမ်းပါးမြို့ထဲ ထွက်ပြေးလိုက်ခြင်းမှာ မျှော်လင့်ချက် အနည်းငယ် ရှိကြောင်း သိ၍ ဝင်လာခြင်း  ဖြစ်သော်လည်း  မည်သူအား အကူအညီတောင်းဆိုရမှန်း မသိပေ။

လျှပ်စီးဂိုဏ်းသားများ သူမနှင့် နီးကပ်လာသည့်အခါ ယွမ်ယီက ရုတ်တရက် ပြောလိုက်သည်

“ စုရှီ … ကောင်းကင်ချောက်ကမ်းပါး တည်းခိုးဆောင်ကို မြန်မြန်သွားပြီးတော့ ဆေးလုံးဆရာမိုဆီ အကူအညီတောင်း …. ”

သူမ စကားမဆုံးခင် သူမ စိတ်ဆန္ဒကား ပျောက်ဆုံးသွားပြီး သေခြင်းတရား စွမ်းအင်များ ကြီးစိုးလာသည်။

သူမက မိုဝူကျိနှင့် မရင်းနှီးသော်လည်း အချိန်တစ်ခု တွေးတောပြီးနောက်  သူမတို့နှင့် တစ်ကြိမ်တစ်ခါ ရေစက်ရှိဖူးသည့် ဆေးလုံးဆရာမိုမှ လွဲ၍ ကျန်သူကို စဉ်းစားမရပေ။

စုရှီက လူတချို့ သူတို့ဆီ ချည်းကပ်လာသည်ကို သတိပြုမိပြီး  သူတို့သာ လျှပ်စီးဂိုဏ်းထဲ ကျရောက်သွားပါက  သူမနှင့် ဆရာတို့မှာ အဆုံးသတ်သွားမည် ဖြစ်ကြောင်း နားလည်၏။ ယခု သူမ ဆရာက အမိန့်ပေးနေလေရာ သူမက ဘာကိုမှ ထပ်မစဉ်းစားနိုင်တော့ဘဲ သူမဆရာကို သယ်ကာ  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ဆီ အပြေးအလွှား သွားလိုက်တော့သည်။ ကံကောင်းသည်က ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ သူတို့ရောက်နေသည့် နေရာနှင့် လမ်းတစ်ဝက်သာ ခြားပေသည်။

ထိုစဉ် လျှပ်စီးဂိုဏ်းမှ ကျင့်ကြံသူတချို့လည်း လိုက်ပါလာပြီး  တည်းခိုဆောင် အဝင်ဝရှေ့ ရောက်ရှိလာသည်။

“ ဆေးလုံးဆရာမို …. ညီမရဲ့  ဆရာကို ကယ်ပေးပါဦး ၊  ညီမ တောင်းဆိုပါတယ်ရှင် ” စုရှီက နောက်မှ လူများကို  ဂရုမစိုက်နိုင်ဘဲ  သူမဆရာကို သယ်ထားရင်း တည်းခိုဆောင်ရှေ့၌  ဒူးထောက်လိုက်သည်။

မိုဝူကျိက ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှ ထွက်လာစဉ် စုရှီနှင့် သူမ ဆရာတို့ ဒူးထောက်ကာ  သူ့အကူအညီတောင်းနေသည်ကို မြင်လိုက်ရသည်။ ထို့နောက်  လျှပ်စီးဂိုဏ်းသားများက သူတို့ကို လိုက်ဖမ်းနေခြင်း ဖြစ်ကြောင်း  သတိပြုမိလိုက်ပြီး အင်မတန် ဒေါသထွက်နေသော ချီကျွင်းယီက နောက်၌ ပါရှိလေသည်။

အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး ပါဝင်သော  လျှပ်စီးဂိုဏ်းသား သုံးဦးမှာ စုရှီနှင့် သူမ ဆရာတို့နောက် လိုက်လာခြင်း ဖြစ်၏။ အမျိုးသားနှစ်ယောက်အနက်  တစ်ယောက်မှာ မဟာလော့ရှန်းအဆင့် ဖြစ်ပြီး  တစ်ယောက်မှာ အင်မော်တယ် အုပ်စိုးသူအဆင့် ဖြစ်ပေသည်။ အမျိုးသမီးမှာ အင်မော်တယ်ဘုရင်အဆင့် ဖြစ်၏။

မိုဝူကျိတွင် သူ့ကိုယ်ပိုင် လျှပ်စီး သဘာဝ လျို့ဝှက်ပညာရပ် ရှိရာ သူတို့သုံးယောက်လုံးကို ခြုံငုံကြည့်လိုက်သည့်အခါ  သုံးယောက်လုံးမှာ လျှပ်စီးသဘာဝကျင့်စဉ်ကို ကျင့်ကြံကြောင်း သိရှိလိုက်သည်။ အင်မော်တယ်အုပ်စိုးသူမှာ  အစောပိုင်းအဆင့်မျှသာ ရှိသေးသော်လည်း  သူ့ဘေးပတ်လည်၌ လျှပ်စီးများမှာ ကောင်းကောင်း ဖြစ်ပေါ်နေသည်။

အကယ်၍ မှော်စွမ်းအင် ကျင့်စဉ်ကို ကျင့်ကြံသော ကျင့်ကြံသူတစ်ယောက်က  ထိုသို့မျိုး လျှပ်စီးစွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါ မတိုက်ခိုက်ခင်  သူက  ထိန်းချုပ်မှုကို  ခံစားရလိမ့်မည်။

လျှပ်စီးဂိုဏ်းအနေနှင့် ဂုဏ်သတင်းကြီးမားနေသည့် အကြောင်းအရင်းမှာ  လျှပ်စီးဂိုဏ်း၏ ကျင့်စဉ်နှင့် ပတ်သတ်မှု မရှိပေ။

မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက မိုဝူကျိကို ခြုံငုံကြည့်ပြီးနောက် မိုဝူကျိမှာ  သူ့ပြိုင်ဖက် မဟုတ်ကြောင်း  သတိပြုမိပြီး စုရှီကို ဖမ်းဆုပ်ဖို့ရာ တုံ့ဆိုင်းမနေတော့ချေ။

သူ့အပြုအမူများကို အင်မော်တယ် အုပ်စိုးသူမှ ဝင်တားလိုက်ပြီး မိုဝူကျိဘက် လှည့်ကာ လက်နှစ်ဖက် ဆုပ်လျှက်

“  ဆေးလုံးဆရာမို …. ဒီလူနှစ်ယောက်က  ကျုပ်တို့ လျှပ်စီးဂိုဏ်းရဲ့ အကြီးအကဲကို ရုတ်တရက် ထတိုက်ခိုက်ပြီးတော့ ဒဏ်ရာအများအပြား ရစေခဲ့ပါတယ်။ ကျုပ်တို့လျှပ်စီးဂိုဏ်းက အပေါ်ကို တင်ပြရမှာဆိုတော့   ဒီလူနှစ်ယောက်ကို ဖမ်းဖို့ အလိုရှိပါတယ်  ….  ဆေးလံးဆရာမိုအနေနှင့် ဝင်မပါဖို့ မျှော်လင့်ပါတယ် …. ”

ဆန္ဒစောနေသော  မဟာလော့ရှန်းအဆင့် ကျင့်ကြံသူက အင်မော်တယ် အုပ်စိုးသူအဆင့်၏ စကားများကို ကြားသောအခါ ရပ်သွားတော့သည်။ အကယ်၍ လျှပ်စီးဂိုဏ်းမှ အင်မော်တယ် အုပ်စိုးသူတစ်ယောက်က ဆေးလုံးဆရာမိုအား ဤမျှလေးစားပြနေရလျှင် ထိုသူအား သေချာပေါက် ရိုးရှင်းမည် မဟုတ်ပေ။

ချီကျွင်းယီက ရှေ့ထွက်လာပြီး  လက်နှစ်ဖက် ယှက်ကာ

“  ဆေးလုံးဆရာမို … ဒါက ကျုပ်တို့ လျှပ်စီးဂိုဏ်းနဲ့  တရားသူတော်စင်ကျောင်းကြားက ကိစ္စပါ …. အဲဒါကြောင့် ဆေးလုံးဆရာမိုကို ဘေးထွက်နေစေချင်ပါတယ် ”

သူက  စုရှီ မည်မျှ ကြောက်ရွံ့နေသည်ကို သတိထားမိပြီး မိုဝူကျိက လက်ကို မြှောက်လိုက်သည်နှင့် စုရှီက သူမကို ထူပေးလိုက်သည့် အားတမျိုးကို ခံစားမိလိုက်သည်။ မိုဝူကျိနှင့် သူမတို့က  မဟာယီရှန်းအဆင့် ဖြစ်သော်လည်း  လက်တွေ့၌မူ မိုဝူကျိက  သူမထက် များစွာ အားကောင်းနေပေသည်။

“ ဂျုနီယာညီမလေးစုရှီ …. မင်းဆရာရဲ့ ကမ္ဘာဦး စိတ်ဝိညာဉ်က ပြိုကွဲနေပြီးတော့ အသက်ဓာတ်ကလည်း အားနည်းနေပြီ။

သူမက သေလူနဲ့ မခြား ဖြစ်နေပြီ …. ကျုပ် ဘယ်လောက်ပဲ အားကောင်းကောင်း  လူသေကို ပြန်ရှင်အောင်တော့ မလုပ်နိုင်ဘူး ”  မိုဝူကျိက အားနာစွာ ပြောလိုက်သည်။ သူက လက်ကို မြှောက်ကာ  ယွမ်ယီ ခန္ဓာကိုယ်ထဲ အသက်ဓာတ်တချို့ ထည့်ပေးလိုက်၏။

မိုဝူကျိ စကားများက အမှန် ဖြစ်၏။ ချိန်စုယင် သေဆုံးစဉ် ကံကောင်းသည့်အရာမှာ သူမ၏ ပြီးပြည့်စုံသော ကမ္ဘာဦး စိတ်ဝိညာဉ်က  ယင်မြေအောက်ကမ္ဘာထဲ ရောက်ရှိသွားနိုင်ခြင်း ဖြစ်၏။ သို့သော်လည်း  ယွမ်ယီ၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေရာ မည်သို့ ကယ်တင်ပေးရမည်နည်း။

မိုဝူကျိ၏ အသက်ဓာတ်အမျှင်လေးကို လက်ခံပြီးနောက် ယွမ်ယီက နိုးထလာသည်။ သေခြင်းတရားက သူမတွင် ရှိနေရက်နှင့် သူမတပည့်လေး ကျရောက်နေသော မရေမရာ အခြေအနေကို သတိပြုမိလိုက်သည်။ သူမက လက်စွပ် ဖြုတ်ပေးကာ  စုရှီ လက်ထဲ ထည့်လိုက်ပြီး  မိုဝူကျိအား ပြောလိုက်သည်

“ ဆေးလုံးဆရာမို …. ဆရာလေးတို့ တရားသူတော်စင်ကျောင်းက  အမြဲတမ်း အမွေဆက်ခံသူ တိုက်ရိုက် ရွေးကြတယ် …. ကျေးဇူးပြုပြီးတော့ စုရှီရဲ့ အသက်ကို ကယ်ပေးပါ။ ကျန်တာအားလုံးကို ဆေးလုံးဆရာမို စိတ်တိုင်းကျ လုပ်ပါ ….

စုရှီရေ … ဆေးလုံးဆရာမိုရဲ့  စကားကို နားထောင်ရမယ်နော် … ”

ထိုအသက်ဓာတ်အမျှင်လေးက ယွမ်ယီအား  နောက်ဆုံးအသက်မထွက်ခင် သူမ ပြောချင်သည့် စကားများကို ပြောခွင့်ပေးနိုင်ရန် ကူညီပေးလိုက်နိုင်သည်။  သို့သော်လည်း သူမ အပြည့်အဝ မပြောလိုက်ရသေးခင်  ကမ္ဘာဦး စိတ်ဝိညာဉ်မှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

………………

ကောင်းကင်ချောက်ကမ်းပါး မြို့၏  မြို့စားအိမ်တော်

ကူကျူးရှေ့ ရပ်နေသူမှာ မီးခိုရောင်ဝတ်ရုံနှင့် အင်မော်တယ်ဘုရင် တစ်ယောက် ဖြစ်ပြီး  သူက မြန်မြန် ပြောလိုက်၏

“ တရားသူတော်စင်ကျောင်းရဲ့ ကျောင်းအုပ် ယွမ်ယီက ကောင်းကင်ချောက်ကမ်းပါးမြို့အစီအရင်ကို ချိုးဖျက်ဝင်ရောက်ခဲ့ပေမဲ့  ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်ရှေ့မှာ သေဆုံးသွားခဲ့ပါတယ်။ အကြီးအကဲ ချီကျွင်းယီအပါအဝင် လျှပ်စီးဂိုဏ်းသားတွေက  သူမတပည့် စုရှီကို ခေါ်သွားစေချင်နေတယ် …. ”

ကူကျူးက ခေါင်းညိတ်ကာ ထိုအပြုအမူ၏ အကြောင်းအရင်းကို ကောင်းကောင်း သိနေဟန် ရှိသည်။ ယွမ်ယီက ချီကျွှင်းယီဆီ သွား၍ ပစ္စည်းလဲရောက်ခြင်းမှာ ကိုယ့်သေတွင်းကို တူးနေခြင်းသာ ဖြစ်၏။ သူမအနေဖြင့် ကောင်းကင်ချောက်ကမ်းပါးမြို့သို့ အသက်ရှင်လျှက် ပြန်ရောက်လာသည်ကိုက ကံကောင်းနေလေပြီ။ သို့သော်လည်း  ကောင်းကင်ချောက်ကမ်းပါး မြို့၏ အစီအရင်ကို တစစီ ဖျက်စီးပြီးသည့်နောက် အသက်ရှင်ဖို့ရာ မမျှော်လင့်သင့်ပေ။ ယွမ်ယီက သေဆုံးသွားပြီ ဖြစ်၍ သူမ တပည့်လေးက တာဝန်ယူရမည် ဖြစ်၏။

ကူကျူးက ယွမ်ယီ တပည့်လေးအား ခေါ်လာရန် ပြောတော့မည့်ဆဲဆဲတွင် မီးခိုးရောင်ဝတ်ရုံနှင့် အင်မော်တယ်ဘုရင်က ဆက်ပြောလိုက်သည်

“ ကောင်းကင်ချောက်ကမ်းပါး တည်းခိုဆောင်မှာ ရှိနေတဲ့ ဆေးလုံးဆရာမိုက ဝင်ပါဖို့ ဆုံးဖြတ်လိုက်တာ …. ကြည့်ရတာ သူက ယွမ်ယီနဲ့ ပတ်သတ်မှု ရှိတဲ့ပုံပဲ ။  သူက အခုလျှပ်စီးဂိုဏ်းသားတွေနဲ့ ဆွေးနွေးညှိနှိုင်းနေတယ် …. သူမကို အရင်ခေါ်လာလိုက်ရမလား .. ”

“ ခဏနေဦး ” မိုဝူကျိ ဝင်ပါသည့်အကြောင်းကို ကြားသောအခါ ကူကျူးက ပြန်ပြောလိုက်သည်  “ သူတို့ညှိနှိုင်းတာ  ပြီးမှ ထပ်သွားကြည့်လိုက် …. ”

All Chapters