← Chapters

အထက်ဘုံမှ တမန်တော်

Vol. 46 Ch. 636

အထက်ဘုံမှ တမန်တော်

Vol. 46 Ch. 636

ကျက်သရေရှိ အမျိုးသမီးကြီးက ချိုချိုသာသာ ပြုံးကာ

“ စိမ်းစိုအင်မော်တယ် အိမ်တော် အရှင်မ ချင်းယန်က ဆေးလုံးဆရာမိုကို နှုတ်ခွန်းဆက်ပါတယ်။ တကယ်တော့ ကျမရဲ့ အဆင့်အတန်းက အတိအကျတော့ မဟုတ်ပါဘူး။ စိမ်းစိုအင်မော်တယ်အိမ်တော်ရဲ့ ဒုတိယအရှင်မပဲ ရှိသေးတာပါ။ ဒီနေ့ လာတာက ဆေးလုံးဆရာမိုကို လာတောင်းပန်တာပါ….

လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက  ကျမရဲ့ တပည့် မိုရှန်းမိုက ဆေးလုံးဆရာမိုနဲ့ အဆင်မပြေ ဖြစ်ခဲ့တယ်လို့ ကြားထားပါတယ်။ စိမ်းစိုအင်မော်တယ် အိမ်တော်အနေနဲ့  ဆေးလုံးဆရာမိုရဲ့ ခွှင့်လွတ်မှုကို တောင်းခံပါတယ်ကွယ်”

ဘေးရှိ မိုရှန်းမိုလည်း  တောင်းပန်ဟန် ပြရန် မြန်မြန် ဦးညွှတ်လိုက်၏။

“ ဒါက အိမ်တော်အရှင်မ ချင်းယန်ကိုး  ….” မိုဝူကျိက ပြန်လည် နှုတ်ဆက်ကာ ဆက်ပြောလိုက်၏

“ အရင်နေ့က ဖြစ်တာက ကိစ္စအသေးလေးပါ။ ပြောနေဖို့ မလိုပါဘူးဗျာ  …  နောင်ကျ ကျုပ် မိုဝူကျိက  စိမ်းစိုအင်မော်တယ် အိမ်တော်ကို မှီခိုရမဲ့ ကိစ္စတွေ ရှိလာရင် စိမ်းစိုးအင်မော်တယ် အိမ်တော် အရှင်မချင်းယန်အနေနဲ့ မရက်စက်ဖို့ပဲ မျှော်လင့်ပါတယ် …. ”

မိုဝူကျိက တစ်ဖက်လူမှာ အဘယ်ကြောင့် သူ့ကို လေးစားပြနေမှန်း သိထား၏။ အကြောင်းမှာ သူ့ပါရမီကြောင့် မဟုတ်ဘဲ အဆင့်  ၇ ဆေးလုံးဧကရာဇ် ဖြစ်နေ၍ ဖြစ်သည်။ စိမ်းစိုအင်မော်တယ်  အိမ်တော်က နတ်ဘုရားအင်မော်တယ်နယ်မြေ၌ ထိပ်ဆုံးဂိုဏ်းဆယ်ခုထဲမှ တစ်ခုအပါအဝင် ဖြစ်လေရာ  သူ့ကဲ့သို့ ဆေးလုံးဧကရာဇ်နှင့် မိတ်ဆွေဖွဲ့ထားဖို့ရာ လိုအပ်ပေသည်။

မိုဝူကျိက စိမ်းစိုအင်မော်တယ် အိမ်တော်နှင့် မိတ်ဆွေ ဖွဲ့ချင်သည်မှာ  စိမ်းစိုအင်မော်တယ် အိမ်တော်၏ သတင်းကွန်ယက်က အင်မော်တယ်လောက တစ်ခုလုံးကို ဖြန့်ကျက်ထားကြောင်း  ကြားဖူး၍ ဖြစ်သည်။ ယခု  သူက စိမ်းစိုအင်မော်တယ် အိမ်တော်ဆီမှ အကူအညီကို မလိုသေးသော်လည်း  ထိုသို့ဆက်နွယ်မှုရှိထားသည်က ပို၍ ကောင်းပေသည်။

ချင်းယန်က ပြုံးကာ

“ ကျမတို့ စိမ်းစိုအင်မော်တယ် အိမ်တော်က ဆေးလုံးဆရာမိုကို သေချာပေါက် ကြိုဆိုမှာပါ … ဆေးလုံးဆရာမို ဒါက ကျမရဲ့ သမီး ချင်းလောယွဲ့ပါ …”

ချင်းယန်က မိုဝူကျိသည် ကောလဟာလသတင်းများအတိုင်း မောက်မာနေခြင်း မဟုတ်ကြောင်း သိသည့်အခါ  သက်ပြင်းချလိုက်၏။ သူမက ဘေးတွင် ရှိနေသော အလှပဂေးလေးနှင့် ချက်ချင်း မိတ်ဆက်ပေးလိုက်သည်။ မိုဝူကျိ ထင်ထားသည့်အတိုင်း   သူမက  သူနှင့်  မိတ်ဆွေဖွဲ့ရန် ရောက်လာခြင်း ဖြစ်၏။ မိုဝူကျိက ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်ပေရာ  သူနှင့် မိတ်ဆွေဖွဲ့ထားခြင်းက  သူမတို့စိမ်းစိုအင်မော်တယ် အိမ်တော်အတွက်လည်း အကျိုးရှိပေလိမ့်မည်။

“ ချင်းလောယွဲ့က အစ်ကိုမိုကို နှုတ်ဆက်ပါတယ်ရှင် ….”  ချင်းယန်ဘေးမှ မိန်းမပျိုလေးက မြန်မြန် ရှေ့ထွက်လာကာ မိုဝူကျိအား နှုတ်ဆက်လိုက်၏။

မိုဝူကျိလည်း  လောကဝတ်အရ ပြန်လည် နှုတ်ဆက်လိုက်သည်။ သူက ပြောခါနီးတွင် နီဂျူ ထွက်သွားတော့မည်ကို မြင်လိုက်ရ၏။ သူက ရှေ့တိုးကာ  နီဂျူလမ်းအား ကာထားပြီး

“ ခင်ဗျားက ကျုပ်ရဲ့ တျန်းဂျီဂိုဏ်းသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့တယ်။ လုပ်ခဲ့တာတွေအတွက် ဘာမှ မပေးလျော်ဘဲ ထွက်သွားလို့ ရမယ် ထင်နေလား  …. ”

နီဂျူက မိုဝူကျိ သူ့လမ်းပိတ်ထားသည်ကို မြင်သောအခါ  အနည်းငယ် အံ့ဩသွားသော်လည်း  ချက်ချင်းဆိုသလို  အားရပါးရ ရယ်မောလိုက်၏

“ ကျုပ် နီဂျူတော့ အရူးဆိုတာကို သိပြီပဲ  … ဆေးလုံးဧကရာဇ်တစ်ယောက် အဲလောက် အံ့ဩဖို့ ကောင်းလို့လား။  အသက်ရှင်နေတဲ့ ဆေးလုံးဧကရာဇ်ပဲ အံ့ဩဖို့ ကောင်းရင် ကောင်းလိမ့်မယ် သေသွားရင်တော့ ခွေးတစ်ကောင်နဲ့ ခြားမှာ မဟုတ်ဘူး  …. ”

“ ဆေးလုံးဆရာမို ဒါက ဘာအဓိပ္ပါယ်လဲ။ ခင်ဗျားက ဒီနေရာမှာ တိုက်ချင်တာလား  ” နီဂျူ စကားဆုံးပြီးနောက်  မိုဝူကျိက ပြန်မဖြေခင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ ချင်းယန်က အကြီးအကဲဆာကျန်းကို နှုတ်ဆက်ပါတယ် ” ချင်းယန်က မိုဝူကျိ မေးနေသည်ကို မစောင့်ဘဲ အရင်ဦးစွာ နှုတ်ဆက်ပြလိုက်သည်။

မိုဝူကျိက ချင်းယန်မှာ ထိုလူက မည်သူ ဖြစ်ကြောင်း ပြောပြဖို့ရာ ကြိုးစားနေကြောင်း သိလိုက်၏။ ထိုလူက အမှန်တကယ် ဆာကျန်း ဖြစ်နေလိမ့်မည်ဟု ထင်မထားပေ။ ထိုလူက အင်မော်တယ်လောက၏ တျန်းဂျီဂိုဏ်းကို ဖျက်စီးခဲ့၏။ ထိုလူကို ကြည့်လိုက်သောအခါ အင်မော်တယ် အုပ်စိုးသူ နောက်ပိုင်းအဆင့်တွင် ရှိကြောင်း သိလိုက်သည်။

ထိုလူက မြင်းတစ်ကောင်ထက် ပိုရုပ်ဆိုးကာ  တုတ်ချောင်းထက်ပင် ပိုပိန်သေး၏။ ထောင်ထောင်မောင်းမောင်း နီဂျူနှင့် ယှဉ်လျှင် သစ်ပင်ကြီးအနား သစ်ကိုင်းခြောက် ချထားသည့်အလား ဖြစ်နေသည်။

“ မင်းက ကျော့ဖျင်အန်းနဲ့ ပူးပေါင်းထားတယ်ဆိုတာ ကြားတယ် …. ကျော့ဖျင်အန်းနဲ့ မင်းက လျှပ်စီးဂိုဏ်းက အင်မော်တယ် အုပ်စိုးသူ တစ်ယောက်ကို ဒဏ်ရာရအောင်  လုပ်နိုင်ခဲ့တယ်ဆို …. ချီကျွင်းယီ အသက်ရှင်လားဆိုတာတော့ မသိရသေးဘူးလို့လည်း ပြောနေကြတယ် …

အဲကိစ္စတွေက မင်းနဲ့ သေချာပေါက် ပတ်သတ်နေလိမ့်မယ်။ ဒီနေ့ ကျော့ဖျင်အန်းက မင်းနဲ့ အတူတူ ပါမလာဘူးဆိုတော့  မင်းဆီမှာ ဘယ်လိုနည်းလမ်းတွေ ရှိနေလဲဆိုတာ သိချင်မိသား ….” ဆာကျန်းက ပြောရင်း သူ့အင်မော်တယ် အုပ်စိုးသူ အရှိန်အဝါက မိုဝူကျိဆီ ရောက်ရှိလာသည်။

မိုဝူကျိက ကြာမြင့်စွာ တံခါးပိတ် ကျင့်ကြံနေသည် ဖြစ်ရာ လူအများအပြားက သူ့နေရာအကြောင်း စုံစမ်းခဲ့ကြ၏။ သူနှင့် ကျော့ဖျင်အန်း ပတ်သတ်နေသည့် အကြောင်း သိသွားသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။ ကျော့ဖျင်အန်းလို အဆင့်မြင့် ကျင့်ကြံသူ မပါရှိဘဲ  မိုဝူကျိက ဆေးလုံးဧကရာဇ် ဖြစ်နေလျှင်ပင်   မဟာဧကရာဇ်လွန်ချိုက်အား  စိမ်ခေါ်ရဲမည် မဟုတ်ပေ။

သို့သော်လည်း လွန်ချိုက်က မိုဝူကျိ၏ အင်မော်တယ်အရုပ်အကြောင်းကို မပြောပြခဲ့၍ အားလုံးက မိုဝူကျိ၏ အရုပ် မည်မျှ အံ့ဩဖို့ ကောင်းကြောင်း အတိအကျ မသိကြချေ။

ထိုအရာမှာ ပုံမှန်အသိသာ ဖြစ်၏။ အင်မော်တယ်လောကကြီး၌ အင်မော်တယ်အရုပ်က မည်မျှအားကောင်းနေစေကာမူ အင်မော်တယ် အုပ်စိုးသူအဆင့်ကို ကျော်နိုင်မည် မဟုတ်ပေ။

အင်မော်တယ် ဧကရာဇ်အဆင့် ရောက်ရှိနေသည့်  အင်မော်တယ်အရုပ်ကို မည်သူများ မြင်တွေ့ဖူးသနည်း။

စုရှုရန်အဆင့်ဖြင့်ပင် အများဆုံး အင်မော်တယ် အုပ်စိုးသူအဆင့် အရုပ်မျှသာ သွန်းလုပ်နိုင်ပေလိမ့််မည်။ စုရှုရန်ပင် အင်မော်တယ်ဧကရာဇ် အဆင့် ရောက်နေသော အရုပ်ကို မသွန်းလုပ်နိုင်သေးပေ။ စုရှုရန်က တာ့ဟွမ်လောက် အားကောင်းသည့် အရုပ်ကို သွန်းမလုပ်နိုင်သော်လည်း တာ့ဟွမ်၏ အင်အားအကြောင်း သေချာပြောနိုင်၏။ သို့သော်လည်း အားလုံးက  စုရှုရန်ကဲ့သို့  ထိုးထွင်း မသိမြင်နိုင်ကြပေ။

ချင်းယန်က လက်တစ်ချက် ဝှေ့လိုက်သည့်အခါ  ဆာကျန်း၏ ပြင်းထန်သော  ဖိနှိပ်အားများကား  အစအနမရှိ ပျောက်ကွယ်သွားရ၏။

ဆာကျန်းက ချင်းယန်အား နားမလည်စွာ ကြည့်ကာ

“ အရှင်မချင်းယန် …. ကျုပ်တို့ မဟာဓားလမ်းစဉ်က  ခင်ဗျားတို့ စိမ်းစိုအင်မော်တယ် အိမ်တော်နဲ့ ဆက်ဆံရေးကောင်းခဲ့တယ် …. ခင်ဗျားရဲ့ အပြုအမူက ဘာအဓိပ္ပါယ်လဲ  ”

ချင်းယန်က ပြုံးကာ

“ အင်မော်တယ်ရောင်းရင်းဆာကျန်းက ကျမ အပြုအမူတွေကို နားလည်မှု လွဲနေပါပြီ။ ရှင့်အပြုအမူတွေက အလောသုံးဆယ်နိုင်နေမှာကို ကျမက စိုးရိမ်လို့ပါ။ ဒီစုဝေးပွဲက  မြို့စားကူကျူး ဦးစီးကျင်းပပေးတာလေ …

ပြောတာတော့ အဲက လူတွေလည်း လာကြလိမ့်မယ်တဲ့  ….

တကယ်လို့  အင်မော်တယ်ရောင်းရင်းဆာက အဲလိုမဆင်မခြင်ပြုမူလိုက်ရင် အဲလူတွေက အပြစ်တင်မှာပေါ့ … အဲလိုဆို အန္တရာယ်ကြီးသွားလိမ့်မယ် …. ”

မနီးမဝေးတစ်နေရာမှ ကိုင်ဖေးယန်က စိတ်ပူပင်စွာ မေးလိုက်သည်  “ဖေဖေ …  အဲဒီတုတ်ချောင်းက  ဆေးလုံးဆရာမိုကို တစ်ခုခု လုပ်ချင်နေတဲ့ပုံပဲ  …. ”

ကိုင်အောင်းက  ရယ်မောကာ  “ ငါ့သမီးလေးက  အိမ်ထဲကနေတောင် မထွက်ရသေးဘဲနဲ့  တစ်ဖက်ကို စိတ်ယိုင်နေပြီပေါ့ … နောင်ကျ  ဒီအဖေအိုကြီးကို မေ့သွားမှာကိုတောင် စိုးရိမ်ရတယ်  … ”

ကိုင်ဖေးယန် မျက်နှာလေးက နီရဲလာကာ မြန်မြန် ပြောလိုက်လေသည်  “ ဖေဖေကတော့ မဟုတ်တာတွေ လျှောက်ပြောနေပြန်ပါပြီ … ”

ကိုင်အောင်းက လေးလေးနက်နက် ပြောလိုက်၏

“ အဲဒီဆေးလုံးဆရာမိုက သစ္စာရှိပြီးတော့ စွမ်းဆောင်ရည် ရှိတယ်ဆိုပေမဲ့  သမီးရဲ့ လိုအပ်ချက်တွေကို ပြည့်မှီရုံလေးပဲ …..

ဒါပေမဲ့  အဲဒါက ဒီအဖေရဲ့ လိုအပ်ချက်နဲ့  ကိုက်ညီတာ မဟုတ်သေးဘူး ။ တကယ်လို့ သူက   ကိုင်အောင်းရဲ့ သမီးကို လက်ထပ်ချင်ရင်တော့ အဝေးကြီး လိုသေးတယ်။ သူ့ပြဿနာကြားကနေ မထွက်နိင်ရန် အဲဒီလူမျိုးက  ကိုင်အောင်းရဲ့ အာရုံရဖို့ မတန်ဘူး  ….

ပြဿနာ ဖိတ်ခေါ်ဖို့ပဲ သိတဲ့ သူကို  အဖေက ဘယ်လိုလုပ်  ကာကွယ်ပေးရမှာလဲ ”

“ ဖေဖေ …” ကိုင်ဖေးယန်က ထိုစကားများ ကြားသောအခါ ချက်ချင်း ပူပန်မိသွားသည်။

သူမ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်မှ အသက်ပြန်ရှင်လာစဉ်ကတည်း က  ကိုင်ဖေးယန်အနေဖြင့်  သူမ၏ တာအိုလက်တွဲဖော်အတွက် သတ်မှတ်ချက်တစ်ခု ထားခဲ့၏၊

ပထမတစ်ချက် သူက  စွမ်းဆောင်ရည် ကောင်းရမယ် …

ဒုတိယအချက်  သူက သစ္စာရှိပြီးတော့  အနီးအနားလူတွေအပေါ် စစ်မှန်ရမယ် ….

နောက်ဆုံးအချက်က သူ့အရင်းနှီးဆုံးလူအတွက် စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းရေကန်ဆီ ဝင်ဖို့ သတ္တိရှိရမယ် ….

သူမ၏ အခြေအနေသုံးချက်လုံးနှင့် စပ်လျည်း၍  သူမက သူမ ဖခင်လိုမျိုး ယောက်ျားမျိုးကို ရှာချင်၍ ဖြစ်သည်။ သူမအပေါ် ချစ်မြတ်နိုးပြီး  စွမ်းဆောင်ရည်ကောင်းသည့် သူ တစ်ယောက်ကို အလိုရှိပေသည်။ သူမကို စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်မှ ကယ်တင်ပေးခဲ့သူမှာ သူမ ဖခင် ကိုင်အောင်းသာ ဖြစ်၏။

လက်တွေ့၌ ထိုအခြေအနေသုံးရပ်  သတ်မှတ်လိုက်သည့်အခါ သူမအနေဖြင့် တာအိုလက်တွဲဖော် မရှိနိုင်သည့် ဘဝထဲ ဆွဲသွင်းမိသလို ဖြစ်သွား၏။

 သူမက ဒီလိုလူမျိုးကို ဘယ်နေရာကနေ သွားရှာရမှာလဲ  ….

ပထမ အခြေအနေနှစ်ချက်နှင့်  ကိုက်ညီလျှင်ပင် တတိယတမျိုးကို ပြည့်မှီသည့်သူ မရှိပေ။ အကြောင်းမှာ  စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ခုန်ချသူတိုင်းက သေဆုံးသွားကြ၍ ဖြစ်သည်။ သို့သော်လည်း ဤသို့မျိုး လူမျိုး ကွက်တိ ပေါ်လာကာ  ထိုသူမှာ လူသစ်လေး မိုဝူကျိ ဖြစ်နေ၏။

မိုဝူကျိက အင်မော်တယ်လောကသို့  ရောက်သည်မှာ မကြာမြင့်သေးသော်လည်း ဂုဏ်ထူးဆောင် အဆင့် ၇ ဆေးလုံးဧကရာဇ် ဖြစ်လာခဲ့သည်။

မည်မျှ အံ့ဩဖို့ ကောင်းလိုက်သလဲ  …..

ထို့အပြင် မိုဝူကျိက  ကိုယ့်အသက်ကိုပင် မငဲ့တွက်ဘဲ  ကျင့်ကြံခြင်းလောကမှ မိတ်ဆွေတစ်ယောက်ကို ကယ်တင်ဖို့ရာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း ရေကန်ထဲ ခုန်ဆင်းသွားခဲ့သည်။ သူက သူ့မိတ်ဆွေကို အောင်အောင်မြင်မြင် မကယ်တင်နိုင်ခဲ့သော်လည်း သူ့အပြူအမူများက  ကိုင်ဖေးယန်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသွားတော့သည်။

ဆာကျန်းက မထူးမခြားနား ပြောလိုက်သည်

“ ကျုပ်တို့ မဟာဓားလမ်းစဉ်က  အဲက လူတွေလာရင် ဘယ်လိုလေးစားရမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့  ဒီဂျုနီယာက  ကျုပ်တို့ မဟာဓားလမ်းစဉ်ကို မလေးမစား လာပြုမူရဲနေတာလေ ….  ဒါက ကိုယ်ပိုင်ကိစ္စ မဟုတ်တော့ဘူး ။ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့ ဂုဏ်သတင်းနဲ့ သက်ဆိုင်တဲ့ ကိစ္စ ဖြစ်သွားပြီ …. ”

တစ်ချိန်တည်းတွင် ဆာကျန်းက နီဂျူအား သတင်းလှမ်းပို့လိုက်၏  “ချက်ချင်း သူ့ကို သတ်ပစ်လိုက် … ဘယ်လိုဖြစ်ဖြစ် ငါတို့ မဟာဓားလမ်းစဉ်က အပြစ်တင်မှု ယူနိုင်တယ်”

မိုဝူကျိက ကျော့ဖျင်အန်း စွမ်းအားကို  ချေးဌား၍ လျှပ်စီးဂိုဏ်းမှ အင်မော်တယ် ဧကရာဇ်ကို သတ်လိုက်မှန်း  သိထားသောကြောင့် ဆာကျန်းက ခြိမ်းခြောက်မှုသဖွယ် ခံစားနေရသည်။  မိုဝူကျိက ကြာကြာ အသက်ရှင်နေလေလေ ခြိမ်းခြောက်မှုက ကြီးမားလာလေလေ ဖြစ်၏။

ဤနေရာမှာ မိုဝူကျိကို သတ်ဖို့ရာ အကောင်းဆုံး နေရာ မဟုတ်ချေ။  ဤနေရာ၌ သတ်လိုက်ပါက ပြင်းထန်သော အကျိုးဆက်နှင့် ရင်ဆိုင်ရနိုင်၏။ သို့သော်လည်း အကျိုးဆက်က မည်မျှပြင်းထန်စေကာမူ သူ့ကိုယ်ပိုင်အသက်လောက် အရေးမကြီးပေ။

ဆာကျန်းက သူ့ကိုယ်သူ လျှပ်စီးဂိုဏ်းမှ  ချီကျွင်းယီထက် ပို၍ အားကောင်းသည်ဟု မထင်ပေ။ မိုဝူကျိက ချီကျွင်းယီကို သတ်နိုင်လေ၏။ ထို့အပြင် မိုဝူကျိက  တျန်းဂျီဂိုဏ်းဘက်မှ ရပ်တည်ကြောင်း ကြေညာထားလေရာ သူ ဆာကျန်းက စတေးမှု မည်သို့ ဆက်လက် ယူရမည်နည်း။ ဆာကျန်းက မိုဝူကျိ မည်မျှ အားကောင်းကြောင်း မသိသော်လည်း  စုံစမ်းမှုများ ပြုလုပ်ထား၏။ သူက ကျော့ဖျင်အန်း မရှိချိန် အခွင့်ကောင်းယူ၍ မိုဝူကျိကို သတ်ပစ်ရမည်။ ကျော့ဖျင်အန်း ရှိနေလျင် မိုဝူကျိကို သတ်ရန် အရမ်းနောက်ကျသွားပေလိမ့်မည်။

အကယ်၍ မိုဝူကျိ သေလျှင် အပြစ်တင်မှု တချို့တစ်ဝက်ကို ခံယူလိုက်ရုံ ဖြစ်၏။ သို့သော်လည်း ကူကျူးက သူပေးမည့် အကျိုးမြတ်များကို မြင်မည်မှန်း ယုံကြည်၏။ လျော်ကြေးပေးဆောင်ကာ ကူကျူးအား ဂုဏ်သတင်းမြင့်မားလာအောင် ကူညီပေးသရွေ့ မည်သူကမှ သေဆုံးပြီးသား မိုဝူကျိကို ဂရုစိုက်ကြမည် မဟုတ်ပေ။

နီဂျုက မိုဝူကျိကို သတ်ချင်နေသည်မှာ ကြာနေပြီ ဖြစ်ရာ  ယခု ဆရာဆီမှ အမိန့်ရောက်လာသောကြောင့် အဘယ်ကြောင့် စိတ်ရှည်နေရမည်နည်း။ သူ့လှံရှည်ကို ဆွဲကိုင်ဖို့ရာ ပြင်ဆင်ရင်း သတ်ဖြတ်ငွေ့များက ထွက်ပေါ်လာသည်။

ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာကာ  “ အထက်ဘုံမှ တမန်တော်ကို ကြိုဆိုကြပါ .. ….. ”

“ မြန်မြန် ရပ်လိုက်တော့  ” ဆာကျန်းက အသံကို ကြားသောအခါ ဘာကိုမှ မတွေးနိုင်တော့ဘဲ နီဂျူကို မြန်မြန် ဆွဲခေါ်လိုက်ရသည်။

နီဂျူက အရူး မဟုတ်ပေ။ ထိုအသံကို ကြားလိုက်သည်နှင့် ဆရာမပြောခင်ကတည်းက ရပ်တန့်လိုက်ပြီ ဖြစ်၏။ ယခုအချိန် မိုဝူကျိကို  လုပ်ကြံလျှင် သူ့ဆရာနှင့် သူ အသတ်ခံရပေမည်။ သူတို့၏ မဟာဓားလမ်းစဉ်ဂိုဏ်းပင် ရှင်းလင်းခံရနိုင်ပေ၏။

မဟာဓားလမ်းစဉ်ဂိုဏ်းက အားကောင်းသော်လည်း မည်မျှအားကောင်းစေကာမူ အထက်ဘုံနှင့် ယှဉ်လျှင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။

မိုဝူကျိက စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ နီဂျူနှင့် ဆာကျန်းတို့ မတိုက်လျှင် သူ့အနေဖြင့်လည်း ဘာမှ မလုပ်ရဲပေ။

ထိုခွေးသား တမန်တော်က အချိန်ကိုက်ရောက်လာရသလားဟုသာ ကျိန်ဆဲမိတော့သည်။

အကယ်၍ ထိုတမန်တော်သာ အသက်ဆယ်ရှိုက်စာလောက် နောက်ကျပြီး ရောက်လာခဲ့လျှင် ဆာကျန်းနှင့် သူ့တပည့်အား  အဆုံးသတ်နိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိ၏။

ထိုစဉ်  အဝါရောင်ဝတ်စုံနှင့် လူငယ်လေးက လျှောက်လှမ်းလာသည်။ သူ့ဘေးတွင် လူနှစ်ယောက် ပါရှိပြီး တစ်ယောက်မှာ ကောင်းကင်ချောက်ကမ်းပါးမြို့စား ကူကျူးမှန်း သိလိုက်၏။  နောက်တစ်ယောက်မှာ  သရဖူ ဝတ်ဆင်ထားပြီး  အညိုရောင်ဆံပင်များ ရှိကာ အရပ်မြင့်မြင့် စူးရှသည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်လေသည်။ သူ့အရှိန်အဝါက ကိုင်အောင်းထက် နည်းနည်းလေးမျှ မနည်းပါးပေ။ ထိုလူမှာ နတ်ဘုရားအင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် အူးဂူ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်၏။

ထိုသုံးယောက် ဝင်လာသည်ကို မြင်ပြီး နဂိုက နေရာအနှံ့ ပြန့်ကျဲနေကြသော အင်မော်တယ်များက နှုတ်ဆက်ရန် ရောက်လာကြသည်။ မိုဝူကျိက ကိုင်အောင်းပင် လက်နှစ်ဖက် ယှက်လျက် နှုတ်ဆက်နေသည်ကို မြင်တွေ့လိုက်ရ၏။ ထိုအဝါရောင် ဝတ်စုံနှင့် လူငယ်လေးမှာ သေချာပေါက် မရိုးရှင်းကြောင်း သိလိုက်သည်။ သူက အထက်ဘုံအကြောင်း ကြားဖူးပြီး   တမန်တော်အကြောင် မသိသော်လည်း မလေးမစားမပြုမူရဲသောကြောင့် ကျန်လူများကဲ့သို့ နှုတ်ဆက်လိုက်သည်။

အဝါရောင်ဝတ်စုံနှင့် လူငယ်လေးက လူအုပ်ကြားမှ ဖြတ်ကာ  ညင်ညင်သာသာ ပြောလိုက်သည်

“ အားလုံး စိတ်အေးအေးထားကြပါ။ ဒီနေ့ ဒီနေရာကို   နတ်ဘုရားမျှော်စင်အတွက် ရောက်လာတာပါ။  တစ်ချိန်တည်းမှာ  အထက်ဘုံမှာ ကျင့်ကြံဖို့ ထူးချွန်တဲ့ တပည့်တွေကို ရွေးချယ်ပါ့မယ် ”

အားလုံးက အထက်ဘုံမှ လူရောက်လာခြင်းမှာ နတ်ဘုရားမျှော်စင်ကြောင့် ဖြစ်မှန်း သိကြ၏။ သို့သော်လည်း  အထက်ဘုံက လေ့ကျင့်ပေးဖို့ရာ လူရွေးချယ်လိမ့်မည်ဟု မထင်မှတ်ထားကြပေ။ အားလုံးက အသက်အောင့်ထားကြရင်း  အထက်ဘုံမှ ရွေးချယ်ခံရသော ကံကောင်းသူ အမည်စာရင်းကို စောင့်စားနေကြသည်။

အဝါရောင်ဝတ်စုံနှင့် လူငယ်က အာရုံစိုက်ထားသည်ကို ကျေနပ်သည့်အလား ခေါင်းညိတ်ကာ  ကျယ်လောင်စွာ ကြေညာလိုက်သည်

“ ဒီတပည့်တွေက ကိုယ့်ဘာသာ ပြင်ဆင်ထားကြပါ … နတ်ဘုရားမျှော်စင် ပိတ်သွားတာနဲ့  ကျုပ်နဲ့အတူတူ အထက်ဘုံကို လိုက်ခဲ့ကြရမယ်။

လမ်းစဉ်ခြောက်သွယ် အင်မော်တယ်နယ်မြေ နတ်ဆိုးအင်မော်တယ်ကျောင်းရဲ့  လုကျားကျစ်၊  ဗုဒ္ဓအင်မော်တယ်နယ်မြေ သတ္တမဟာဘုန်းကြီးကျောင်းရဲ့ ယီနဉ်၊ နတ်ဘုရားအင်မော်တယ်နယ်မြေ စိမ်းစိုအင်မော်တယ်အိမ်တော်ရဲ့  ချင်းလောယွဲ့၊ လော့လင်အင်မော်တယ်နယ်မြေ မဟာဓားလမ်းစဉ်ရဲ့ ဖန့်ရှီကျန်း  ….. ”

All Chapters