အပိုင်း(၄၅၄)
Vol. 31 Ch. 454
“ရှင်းအာ..သူဟိုမှာ”
ဟင်းလင်းပြင်ထဲတွင် လှပသော အမေနှင့်သမီးဖြစ်သူတို့မှာ သူမတို့ရှာဖွေနေသော လူအားရှာနေကြသည်။ ရုတ်တရက် မိခင်ဖြစ်သူက အကွာအဝေးတစ်ခုရှိ အပြာရောင်ကုန်းမြေအစိတ်အပိုင်းတစ်ခုဆီသို့ ထိုးညွှန်ပြ၍ သမီးဖြစ်သူအားပြောလိုက်သည်။
“အား.အဲ့တာ အကိုကြီးပဲ”
မိခင်ဖြစ်သူ ထိုးညွှန်ပြသော ဦးတည်ချက်ဘက်သို့ ကြည့်ရင်း ကောင်မလေးမှာ သွေးများဖြင့် ဖုံးလွှမ်းနေသည့် ဆိုးရွားစွာစုတ်ပျက်သက်နေသော ခန္ဓာကိုယ်တစ်ခုအား တွေ့လိုက်သည်။ သိပ်မဝေးသော နေရာတွင် ရှုံတွနေသော အလောင်းတစ်ခုရှိနေ၏။
အလောင်းမှ မှတ်မိနိုင်ရန်ခက်ခဲသော်လည်း သားအမိနှစ်ဦး မှာ ၎င်း၏ကိုယ်ပေါ်ရှိစုတ်ပြဲနေသော ရွှေရောင်ဝတ်ရုံအား လျှင်မြန်စွာ မှတ်မိလိုက်သည်။၎င်းမှာ ရှစ်ဖုန့်နှင့်တိုက်ခိုက်ခဲ့သော အဖျားကော့သော နှုတ်ခမ်းမွှေးပိုင်ရှင် သက်လတ်ပိုင်းအရွယ်လူဖြစ်သည်။
လှပသော ပုံရိပ်နှစ်ခုက ဝဲပျံဆင်းလိုက်ပြီး ရှစ်ဖုန့်၏ နံဘေးနားတွင်ဆင်းသက်လိုက်သည်။
ကိုယ်ပေါ်၌ ပကတိအတိုင်းအသားတို့ရှိမနေသော ထိတ်လန့်ဖွယ်ကောင်းသည့်ရှစ်ဖုန့်အား
ကြည့်ရင်း ကောင်မလေး၏ လှပသော မျက်နှာထက်၌ စိုးရိမ်မှုတို့ထပ်မံဖြစ်ပေါ်လာသည်။ သူမက မိခင်ဖြစ်သူအားပြောလိုက်သည်။
“အမေ..အကိုကြီးက…”
လှပသော အမျိုးသမီးက ဘာမှမပြောကြားပေ။သူမက ဖြည်းညှင်းစွာဆောင့်ကြောင့်ထိုင်လိုက်ပြီး အသက်ရှူနှုန်းအားစမ်းသပ်ရန်အတွက် သူမ၏လက်အား ရှစ်ဖုန့်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာထံလှမ်းလိုက်သည်။
ခဏကြာပြီးနောက်တွင် လှပသော အမျိုးသမီးကထရပ်လိုက်ပြီး ရှစ်ဖုန့်အား စိုက်ကြည့်လိုက်သည်။ သူမကပြောလိုက်၏။
“ဘယ်လိုတောင်အားကောင်းတဲ့ အသက်လဲ.သူအသက်ရှင်နေသေးတယ်”
“ဘာ..အကိုကြီးကမသေသေးဘူးလား..ကောင်းတယ်.ဒါကကောင်းတာပေါ့”
မိခင်ဖြစ်သူ၏စကားတို့အားကြားရသော
အခါတွင် ကောင်မလေး၏ စိုးရိမ်မှုတို့ဖြင့်မျက်နှာမှာ ပျော်ရွှင်မှုတို့အဖြစ်ပြောင်းလဲသွားသည်။ သို့သော် ရှစ်ဖုန့်၏လွန်စွာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ကိုယ်အား ကြည့်လိုက်ပြီးနောက် သူမ၏ပျော်ရွှင်မှုတို့က ရုတ်ခြည်းပျောက်ကွယ်သွား၏။ သူမက သက်ပြင်းချပြီးပြောလိုက်သည်။
“စိတ်မကောင်းစရာပဲ ..သူကအရမ်းချောတဲ့ ဟာကို အခုတော့ သူဒီလိုမျိုးဖြစ်လာရတယ်..
အနာဂတ်မှာသူပြန်ပြီးကောင်းနိုင်မှာမဟုတ်ဖူးလို့သမီးထင်တယ်”
“အင်း”
ကောင်မလေး၏ စကားတို့အားကြားရပြီးနောက် လှပသောအမျိုးသမီးကလည်းပြောလိုက်သည်။
“အစတုံးက သမီးတို့နှစ်ယောက်ကိုလိုက်ဖက်တဲ့ စုံတွဲလို့အမေတွေးခဲ့တာ ..အခုသူ့မျက်နှာကဒီလိုမျိုး ပျက်ဆီးသွားရတာကြောင့် သူနဲ့ အတူတူနေဖို့မဖြစ်နိုင်တော့ဘူးနဲ့တူတယ်”
“အမေ..ဘာအဓိပ္ပါယ်မရှိတာတွေ အမေလျှောက်ပြောနေတာလဲ”
မိခင်ဖြစ်သူ၏ ရုတ်ခြည်းဆန်သည့် ဤကဲ့သိုစကားများအားကြားလိုက်ရသောအခါတွင် မိန်းမငယ်လေး၏ ပါးမို့နှစ်ဖက်မှာ ရုတ်ခြည်း ကြယ်သွေးရောင်ကဲ့သို့နီမြန်းလာ၏။ သူမကဒေါသထွက်စွာနှာမှုတ်လိုက်ပြီး သူမ၏ဦးခေါင်းလေးအား အနည်းငယ်ငုံ့ထားသည်။ လွန်စွာရုပ်ပျက်ဆင်းပျက်ဖြစ်နေသော မျက်နှာအားကြည့်၍ သူမတိတ်တဆိတ်သက်ပြင်းချလိုက်သည်။
“ဟူး..အကယ်၍သူသာအရင်က
လိုမျိုးဖြစ်နိုင်ခဲ့ရင်…”
“ဘာတွေပဲဖြစ်နေပါစေ သူကတို့ကို အကြိမ်အများကြီးကူညီထားတယ်..အခုသူဒီလိုမျိုးထိခိုက်နေချိန် တို့တွေသူ့ကိုကယ်တင်ရမယ်”
လှပသော အမျိုးသမီးက ပြောလိုက်သည်။
“ဒါပေါ့”
ကောင်မလေးက ခေါင်းညိမ့်လိုက်သည်။
ထို့နောက် သားအမိနှစ်ဦးက ဆေးရည်များကိုထုတ်ယူပြီး ဒဏ်ရာများအားဆေးကြောသန့်စင်၍ ဒဏ်ရာကုသဆေးလုံးများအားတိုက်ကျွေးသည့်အပြင် ပြင်ပထိခိုက်မှုများအတွက် အမှုန့်များကိုလည်း သူမတို့၏ သိုလှောင်လက်စွပ်အတွင်းမှ ထုတ်ယူလိုက်သည်။ သူတို့က ရှစ်ဖုန့်၏ ချပ်ဝတ်အားဖယ်ရှားလိုက်ပြီး သူ၏ဒဏ်ရာများအားဆေးကြောကာ ဆေးများလိမ်းကြံပေးခြင်းနှင့် ပတ်တီးစည်းပေးခြင်းတို့အား
ပြုလုပ်ပေးကြသည်။
ကြက်သွေးရောင်ကမ္ဘာအတွင်း၌ အမည်မသိကြက်သွေးရောင်မွန်းစတား၏တိုက်ခိုက်မှုအားခံခဲ့ရပြီးနောက် ရှစ်ဖုန့်မှာ ယခုနောက်တစ်ဖန်ပိတ်ကျဲစများဖြင့် ထွေးပတ်ခံပြီး ဤအမျိုးသမီးနှစ်ယောက်၏ ဂရုစိုက်ပေးမှုအောက်၌ မံမီအဖြစ်ဖြစ်လာရပြန်သည်။
“သူ့ရဲ့ကိုယ်ခန္ဓာတည်ဆောက်ပုံက တကယ့်ကို ထူးခြားတာပဲ.. သူ့ရဲ့အရှိန်အဝါက ဖြည်းဖြည်းချင်းတိုးလာနေတာကို အမေအာရုံခံမိတယ်”
ရှစ်ဖုန့်၏ဒဏ်ရာများအား ပတ်တီးစည်းပေးပြီးနောက် လှပသော အမျိုးသမီးက ရှစ်ဖုန့်၏ အရှိန်အဝါကို ထပ်မံစစ်ဆေးကြည့်လိုက်ပြီးပြောလိုက်သည်။
“ကြည့်ရတာ သူသေတော့မှာ မဟုတ်ပါဘူး”
……………………………………………………
အမှောင်ထုထဲတွင် ဒီရေကဲ့သို့ ယုတ်လျော့ကျဆင်းလာသော ရှစ်ဖုန့်၏အသိနှင့်သတိက ဖြည်းဖြည်းချင်းပြန်လည်ကောင်းမွန်လာသည်။ ဤအချိန်တွင်အသံတစ်ခုက ရုတ်တရက် ရှစ်ဖုန့်၏ စိတ်အတွင်း ထွက်ပေါ်လာသည်။ဤအသံမှာ နတ်ဆိုးတစ်ကောင်၏ အသံကဲ့သို့ဖြစ်သည်။
“ငါ့ကို အညံခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
“ငါ့ကို အညံ့ခံစမ်း”
အသံက ရှစ်ဖုန့် ၏ မရှင်းမလင်းဖြစ်နေသော စိတ်ထဲတွင် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။ ထို့အပြင် ဤအသံမှာ သံချေးရောင်တံခါးရှေ့၌ ရှစ်ဖုန့်ကြားခဲ့ရကာ သူ့အား ၎င်းကိုဖွင့်ရန်အတွက် ညှို့ယူခဲ့သော နှင့်အတူတူပင်ဖြစ်သည်။
“ဟင့်အင်း.. ငါက အထွတ်အထိပ် ငရဲဘုံကိုးခု ဧကရာဇ်ပဲ ..ငါကဘယ်လိုလုပ်မင်းကိုကောင်ကို အညံ့ခံရမှာလဲ..”
သူ၏စိတ်ထဲ၌ အဆက်မပြတ်ပဲ့တင်ထပ်နေသော နတ်ဆိုးအသံအား နားထောင်ရင်း ရှစ်ဖုန့်က သူ၏ စိတ်ဖြင့် ပြင်းထန်စွာအော်ဟစ်လိုက်သည်။
“အား”
ထို့နောက် မကြာခင် ရှစ်ဖုန့် တစ်ယောက် နက်ရှိုင်းစွာ အိပ်မောကျနေသော အခြေအနေမှ နိုးလာသည်။ မြေပြင်ပေါ်တွင်လဲနေသာ သူ၏ အပေါ်ပိုင်းကိုယ် ငေါက်ကနဲ ထလိုက်ပြီး မျက်လုံးတို့အား ဖွင့်လိုက်သည်။ သူ၏ မျက်လုံးတို့အတွင်း ဝင်ရောက်လာသည်က အပြာရောင် တံလျှပ်အလွှာအထပ်ထပ်ပင်ဖြစ်သည်။
ထို့နောက်ချက်ချင်း ထိုအလွှာများ တစ်ထပ်တည်းဖြစ်သွားပြီး မိုးပြာရောင်ကမ္ဘာနှင့် သူ့ရှေ့ရှိလှပသော အမျိုးသမီးနှစ်ဦးအား ရှင်းလင်းစွာမြင်ရလာသည်။
ဤအချိန်တွင် ရှစ်ဖုန့်က သူ၏ခေါင်းအား အနည်းငယ်မော့လိုက်ပြီး လှပသော အမေနှင့်သမီးဖြစ်သူတို့က သူ့အား ထူးဆန်းသေ မျက်လုံးများဖြင့်ကြည့်နေသည်ကို သူမြင်တွေ့လိုက်ရသည်။
ရှစ်ဖုန့် သူ၏ အခြေအနေအားလျှင်မြန်စွာသဘောပေါက်လိုက်သည်။ သွေးနီရောင်ချပ်ဝတ်က သူ၏ကိုယ်ပေါ်မှချွတ်ခံထားရပြီး သူ၏ဘေးတွင် ထားထားသည်။ သူ၏ တစ်ကိုယ်လုံးအား ပတ်တီးဖြူများဖြင့် ရစ်ထွေးထားသည်။သားအမိနှစ်ဦးက သူ၏ချပ်ဝတ်အားချွတ်ပြီး ပတ်တီးများ စည်းထားပေးခြင်းဖြစ်ရမည်ဖြစ်သည်။
သို့သော် သူ့အားသူမတို့ကြည့်နေသောပုံစံက ထူးဆန်းနေ၏။
သူမတို့အားကြည့်၍ ရှစ်ဖုန့်က မေးလိုက်သည်။
“ဘာဖြစ်လို့လဲ..မင်းတို့က ဘာဖြစ်လို့ ဒီသခင်လေးကို ဒီလိုမျိုးကြည့်နေကြတာလဲ”
“ခုဏတုံးက ရှင့်ကိုယ်ရှင် ငရဲဘုံကိုးခု ဧကရာဇ် လို့ပြောခဲ့တယ်မလား”
ကောင်မလေးက အသံခပ်ဖျော့ဖျော့ဖြင့်မေးလိုက်သည်။
ယခင်ငရဲဘုံကိုးခုဧကရာဇ် (ဝါ) ဧကရာဇ် ကျိုးယိုမှာ ကမ္ဘာကြီးတွင် အစွမ်းအထက်ဆုံးသူဖြစ်သည်။ သူသေဆုံးသွားခဲ့သည်မှာ ဆယ့်ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း ထျန်းဟန်တိုက်ကြီးပေါ်တွင်ရှိနေသော ကျင့်ကြံသူအားလုံး သူ့အားကြားဖူးကြသည်ဖြစ်၏။
“အိုး.ဒီသခင်လေး ခုဏတုံးက အိမ်မက်တစ်ခုမက်ပြီး အိပ်နေတုံး ပြောမိတာပါ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“ဒါဆို ရှင်က ဧကရာဇ် ကျိုးယိုလား”
ကောင်မလေးက ထပ်မံမေးလိုက်သည်။
ကောင်မလေး ၏စကားအားကြားပြီးနောက် ရှစ်ဖုန့်က ပြုံးလိုက်သည်။ သူ့မျက်နှာဝန်းကျင်၌ ရစ်ပတ်ထားသော အဖြူရောင်ပတ်တီးတို့က အနည်းငယ်လှုပ်ရှားသွား၏။သူကမေး
လိုက်သည်။
“မင်းဘယ်လိုထင်လဲ”
ထို့နောက် ကောင်မလေးကခေါင်းခါယမ်းပြီး သူ့အားပြောလိုက်သည်။
“ရှင်တကယ်ပဲ အိမ်မက်တစ်ခုမက်ခဲ့တဲ့ပုံပဲ. ရှင့်ကို ဧကရာဇ်ကျိုးယိုရဲ့ ဝိညာဉ်က ပူးကပ်သွားပြီလို့ထင်နေခဲ့တာ”
ထျန်းဟန်တိုက်ကြီးထဲတွင် မိစ္ဆာနှင့်စွမ်းအားကြီးသော ဝိညာဉ်တို့၏ စီးဝင်ပူးကပ်ကို ခံရသော ကျင့်ကြံသူများ၏ ကောလဟာလများ ကတကယ်ရှိခဲ့သည်ဖြစ်သည်။
ကောင်မလေး၏ စကားတို့အားကြားပြီးသည့်နောက် အဖြူရောင်ပတ်တီးများဖုံးလွှမ်းနေသော ရှစ်ဖုန့်၏ မျက်နှာ ကထပ်မံပြုံးသွားသည်။ ပြောရလျှင် သူမပြောသော အခြေအနေက ရှစ်ဖုန့်နှင့်ဆင်တူသည်ဖြစ်သည်။ ရှစ်ဖုန့်က ပြန်လည်ဝင်စားပြီးသူ၏ယခင်ဘဝက မှတ်ဉာဏ်များကပြန်လည်နိုးထလာခဲ့ခြင်းဖြစ်သည်။
“ထျန်းဟန်တိုက်ကြီးပေါ်မှာ ဧကရာဇ်ကျိုးယိုရဲ့စီးဝင်ပူးကပ်တာကို ခံလိုတဲ့ လူတွေအများကြီးရှိတယ်..”
ရှစ်ဖုန့်က ပြုံး၍ ပြောလိုက်သည်။
ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ကောင်မလေး က ပြုံး၍ ပြောလိုက်သည်။
“ဟားဟား ရှင်က ဧကရာဇ်ကျိုးယိုရဲ့ စီးဝင်ပူးကပ်တာကို ခံရတဲ့ ပုံမပေါ်ဘူး…ခုဏက ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို မက်ခဲ့ရုံတင်ပါ”
“မင်းဘာကို ဆိုလိုတာလဲ”
ရှစ်ဖုန့်က မေးလိုက်သည်။
“အဲ့တာက ဧကရာဇ်ကျိုးယိုလေ.. ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံးလူ ဧကရာဇ် ကျိုးယို .. .အကယ်၍ အဲ့တာသာ တကယ်ပဲ ဧကရာဇ်ကျိုးယိုဆိုရင် သူက ကျွန်မလိုကောင်မလေးကို ဘယ်လိုလုပ်ပြီး ဟာသပြောမှာတဲ့လဲ..ဧကရာဇ်က အေးစက်ပြီးတော့မာနကြီးတဲ့သူဖြစ်လိမ့်မယ်.. သူက လူတွေကို မျက်လုံးထဲတောင်သိပ်ထည့်မှာမဟုတ်ပဲ သူ့မျက်လုံးထဲမှာ အထင်သေးမှုတွေနဲ့ပဲ ပြည့်နေမှာ”
ကောင်မလေးက အတည်ပေါက်ပြောဆိုနေသည်။သူမ၏အ
မူအယာက ဧကရာဇ်ကျိုးယိုက သူမပြောသည့်အတိုင်းတစ်ထေရာတည်း ဖြစ်သည်ဟူသည့်ပုံပင်ပေါက်နေ၏။
“တကယ်တော့ငရဲဘုံကိုးခု ဧကရာဇ် ဖြစ်တဲ့ ဧကရာဇ်ကျိုးယိုက အသက်မကြီးပါဘူး..ပြီးတော့မင်းပြောသလိုလည်းမဟုတ်ဖူး..မင်းပြောတာက တစ်လောကလုံးပဲ သူ့လုပ်စာထိုင်စားနေရတဲ့ပုံဖြစ်နေပြီ”
ရှစ်ဖုန့်က ရှင်းပြသည်။
“ဟားဟား…ရှင်ပြောပုံက ရှင်ကပဲ ကြီးမြတ်တဲ့ဧကရာဇ်ကိုတွေ့ဖူးတဲ့ပုံနဲ့..ရှင်က ကျွန်မနဲ့အသက်အတူတူလောက်ပဲရှိအုံးမယ်..
ရှင်နဲ့ကျွန်မတို့မွေးလာတဲ့အချိန်မျာ ဧကရာဇ်ကျိုးယိုက ကျဆုံးပြီးနေပြီ..”
ကောင်မလေးကပြောသည်။ထို့နောက်သူမက ရှစ်ဖုန့်အား စိုးရိမ်စွာမေးသည်။
“ရှင့်ရဲ့ဒဏ်ရာတွေရော ဘယ်လိုနေလဲ ….အဆင်ပြေရဲ့လား”
ကောင်မလေး၏ စကားတို့အားနားထောင်ပြီးနောက် ရှစ်ဖုန့်ကလည်း သူ၏ဒဏ်ရာများအားစစ်ဆေးလိုက်သည်။ ထို့နောက်သူကခေါင်းမော့ပြီး ကောင်မလေးအားကြည့်လိုက်၏။
“အဆင်ပြေပါတယ်..ဒီဒဏ်ရာတွေက ဒီသခင်လေးကို မသတ်နိုင်ပါဘူး”
“ကောင်းတယ်…”
ကောင်မလေးက ရှစ်ဖုန့်၏ စကားတို့အားကြားပြီးနောက် ခေါင်းညိမ့်လိုက်ပြီးပြောလိုက်သည်။
“စကား အများကြီးမပြောနဲ့ ..အရင်ဆုံးလှဲပြီးတော့ အနားယူလိုက်အုံး..စိတ်ကို ထိန်းထား အဲ့တာတွေအတွက်နဲ့စိတ်ပူမနေနဲ့.. ထူးဆန်းတဲ့ အိမ်မက်တစ်ခုထက်အဲ့တာကဘာမှမပိုဘူး.ခုဏက လုပ်ခဲ့သလို ရှင်အရမ်းလှုပ်ရှားလိုက်ရင် ဒဏ်ရာတွေပြန်ပြီးတော့ပွင့်သွားလိမ့်မယ်”
ဆက်ရန်…………..
ဘာသာပြန်သူ-ARISE