← Chapters

ဟွမ်လောင်လျှို ဓားစံအိမ်မှ ထွက်သွားခြင်း

Vol. 13 Ch. 169

ဟွမ်လောင်လျှို ဓားစံအိမ်မှ ထွက်သွားခြင်း

Vol. 13 Ch. 169

သူသည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ဖြစ်လျှင်ကော အဘယ်အရေးနည်း။

သူက ဝိညာဉ်လိပ်ပြာဓားချီအား ‘ဓား ၁၀၀၀၀ တို့အိမ်အပြန်’ နည်းစနစ်နှင့် ပေါင်းစပ်အသုံးပြုပါက ရလဒ်မှာ မသေချာသေးပါ။

ထိုအခိုက်တွင် ဟန်မူယဲ့၏တိုက်ခိုက်လိုသော မာန်ဟုန်သည် မိုးထိအောင် မြင့်မား၏။

ချီစုစည်းခြင်းအဆင့်ဖြင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်အား တိုက်ခိုက်ခြင်း။

ရန်သူသည် မည်မျှ သန်မာသည်ဖြစ်စေ၊ သူ့တွင် ကိုယ်ပိုင်ဓားတစ်လက် ရှိပေသေးသည်။

ဤသည်ကား ဓားသမားတစ်ဦး၏ ခံယူချက်လည်း ဖြစ်၏။

“သူ… သူက ကောင်းကင်ဘုံတစ်ဝက်မိစ္ဆာကို စိန်ခေါ်ချင်တာလား”

ရှားရီဘေးတွင် ရပ်နေသော ကျောက်ရီကျားက မျက်နှာသွေးဆုတ်သွားကာ တီးတိုးပြောသည်။

သူ… သူက အတင့်ရဲလှချည်လား…

ရန်သူကား ကောင်းကင်ဘုံတစ်ဝက်အဆင့် ဖြစ်သည်။ အနောက်ဘက်နယ်စပ်ကုန်းမြေသာမက၊ အလယ်ပိုင်းကုန်းမြေတွင်ပင် ထိုကျင့်ကြံဆင့်သည် လောကထိပ်ဆုံးတွင် ရပ်နေသူများ ဖြစ်ကြ၏။

ထိုသို့သော ပညာရှင်အား သူက မည်သို့ ဓားဆွဲထုတ်၍ စိန်ခေါ်ရဲသနည်း။

“ဒီလို ဓားသမားဟာ သူတို့ရဲ့ နှလုံးသားမှာ ဓားရှိတယ်…”

“သူက စစ်မှန်တဲ့ဓားသမားပဲ”

ရှရီက သူ့အား မော့ကြည့်ကာ သက်ပြင်းချသည်။

သက်ပြင်းတစ်ချက်ရှိုက်ကာ သူက ဘေးနားမှ လူငယ်များအား ကြည့်သည်။

“မင်းတို့တွေ့လား…”

“လောကမှာ မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေ ရှိတယ်။ အံ့ဖွယ်နေမင်းကိုယ်ရံတော်မဟုတ်တဲ့သူတွေဟာလည်း လောကထိပ်ဆုံးကို တက်လှမ်းနိုင်တဲ့ ပါရမီရှင်တွေ ဖြစ်နိုင်တယ်”

“ဘယ်တံတိုင်းကိုမဆို ကျော်လွှားရဲတဲ့ပါရမီရှင်မျိုး… ကျင့်ကြံခြင်းဟာ ဒီလို ဖြစ်သင့်တယ်”

ထို့နောက် သူက ဟန်မူယဲ့ဘေးသို့ ပျံတက်သွားသည်။

“ညီလေးဟန်… ဒီနေ့ ငါမင်းနဲ့အတူ တိုက်ခိုက်မယ်”

အနက်ရောင်ဝတ်အမျိုးသမီးကလည်း မျက်တောင်ပင့်လိုက်ကာ သူမ၏ဓားကို ဆွဲထုတ်လျက် ပျံတက်သွားသည်။

“မြောင်ကျစ်ယွီကလည်း အစ်ကိုဟန်နဲ့အတူ တိုက်ခိုက်မယ်”

“ကျုပ်လည်း ပါမယ်… ကောင်းတကန်းလည်း ရှိတယ်”

“ရှောင်ကျင်းယွမ်လည်း ပါမယ်”

“ကျောက်ရီကျားလည်း ရှိတယ်”

…

အလယ်ပိုင်းကုန်းမြေမှ လူငယ်များသည်လည်း လေထဲ ခုန်တက်လာကာ ဟန်မူယဲ့နှင့် ရှရီတို့ဘေးတွင် ရပ်သည်။

သူတို့၏တိုက်ခိုက်ရေးစွမ်းရည်က ဘာမှ မဟုတ်သော်လည်း သူတို့က အလယ်ပိုင်းကုန်းမြေ၏ဂုဏ်သိက္ခာအား ထိခိုက်စေ၍ မဖြစ်ပါ။

ကျောက်တုံးနံရံမှ နွယ်ပင်များသည် လက်တံများ ရှည်လျားစွာ လှုပ်ယမ်းနေသော်လည်း ရှေ့သို့ တိုးလာခြင်း မရှိပါ။

ထိုစဉ် ကျောက်နံရံ၌ မျက်နှာသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။ သူက ဟန်မူယဲ့တို့အား တစ်ချက်ကြည့်ကာ ပျောက်ကွယ်သွားပြီး နွယ်ပင်များလည်း မြေကြီးထဲသို့ နစ်ဝင်ကွယ်ပျောက်သွားသည်။

ဆုတ်ခွာသွားသည်လား။

ရှရီတို့အားလုံး သက်ပြင်းချကြသည်။

ကောင်းကင်ဘုံတစ်ဝက်အဆင့်အား စိန်ခေါ်ခြင်းကား ရူးသွပ်ခြင်း ဖြစ်သည်။

ဟန်မူယဲ့ကလည်း နောင်တရစွာဖြင့် ခေါင်းခါသည်။ သူက ဓားဆေးလုံးကိုလည်း ဒန်ထျန်ထံသို့ ပြန်လည်ပို့ဆောင်ကာ ခန္ဓာကိုယ်မှ စွမ်းအားများကို ပယ်ဖျက်လိုက်၏။

ခုနက တိုက်ပွဲတွင် သူသည် ဓားဆန္ဒနှစ်ခုအား သုံးစွဲခဲ့ရသည်။

ကံကောင်းသည်ကား သူသည် အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရ၏။ တိုက်ပွဲအတွေ့အကြုံကား သူ့အတွက် အလွန်တန်ဖိုးရှိသည်။

“ရှင်တို့ မဂ္ဂနိုလီယာ လိုသေးလား”

အောက်မှ အသံတစ်သံအား ကြားရသည်။

ဟန်မူယဲ့တို့က လှမ်းကြည့်လျှင် အစိမ်းရောင်ဝတ် မိန်းကလေးငယ်တစ်ဦး တောထဲမှ ထွက်လာသည်ကို မြင်ကြသည်။

မိန်းကလေးက ဟန်မူယဲ့အား ကြည့်ကာ ထပ်မေးသည်။

“ရှင် မဂ္ဂနိုလီယာလိုသေးလား”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

“ရှင်က အလဲအလှယ်လုပ်သေးတယ်မလား”

မိန်းကလေးက ထပ်မေးပြန်သည်။

အလဲအလှယ်လား…

ကျောက်ဖူက မဂ္ဂနိုလီယာကို ယူကာ အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁တုံးပေးခဲ့သည်ကို သူ အမှတ်ရ၏။

၎င်းကား အလဲအလှယ်ဟု သတ်မှတ်နိုင်သည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်လျှင် အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံး ၁၀ကျော် မိန်းကလေးထံသို့ လွင့်သွား၏။

၎င်းကို မြင်လျှင် ရှရီနှင့် အလယ်ပိုင်းကုန်းမြေမှ လူငယ်များ မျက်လုံးပြူးသွားကြသည်။

သူ၏ဓားဆန္ဒကား အလွန်အားကောင်းသည်။ သူ့ဓားနည်းစနစ်မှာ နတ်ဘုရားသိုင်းအလား မှတ်ရ၏။ သူ၏ကြွယ်ဝမှုကလည်း ကြီးမားလှချည်သည်။

၎င်းသည် အလယ်ပိုင်းကုန်းမြေ နန်းမြို့တော်မှ တိုက်ရိုက်မျိုးဆက်တစ်ဦးနှင့်ပင် မခြားနားတော့ပါ။

မိန်းကလေးက အရည်အသွေးမြင့်ဝိညာဉ်ကျောက်တုံးများအား လက်ခံယူလိုက်ပြီး ချိုမြိန်စွာ ပြုံးသည်။ ထို့နောက် တောထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

သူမက ဝိညာဉ်ကျောက်တုံးများဖြင့် ထွက်ပြေးသွားသည်များလား။

ကျောက်ရီကျားတို့က ဟန်မူယဲ့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်ကြသည်။

ဒါက အကြီးအကျယ် ဆုံးရှုံးသွားတာ မဟုတ်ဘူးလား။

ဟန်မူယဲ့က မြေပြင်ပေါ်သို့ ဆင်းသက်ကာ မည်သည့်စကားမှ မပြောပေ။

သူ့ထံမှ ဝိညာဉ်ကျောက်တုံးများ လိမ်လည်သွားလျှင်လည်း ပြဿနာသိပ်မရှိပါ။ ၎င်းသည် အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံးနည်းနည်းသာ ဖြစ်သည်။

သူ့တွင် အပေါဆုံးက ဝိညာဉ်ကျောက်တုံးများဖြစ်သည်။

ကံကောင်းသည်ကား မိန်းကလေး တခဏအတွင်း ပြန်ရောက်လာသည်။

သူမသည် မဂ္ဂနိုလီယာ လက်တစ်ဆုပ်ခန့် ယူလာကာ ဟန်မူယဲ့အား ကမ်းပေးသည်။

ထိုမဂ္ဂနိုလီယာများတွင်ကား ရွှေရောင်အလင်းများ ဖြာထွက်နေပြီး အားကောင်းသော သဘာဝစွမ်းအင်များ လှည့်ပတ်နေသည်။

နှစ်တစ်ထောင် မဂ္ဂနိုလီယာဆေးပင်။ ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။

သည်ဆေးပင်ကား အလွန်တန်ဖိုးကြီး၏။

ဆေးပင်ကို ယူလိုက်ပြီးနောက် ဟန်မူယဲ့က အနည်းငယ် တွန့်ဆုတ်နေပြီးမှ အရည်အသွေးမြင့် ဝိညာဉ်ကျောက်တုံး ၁၀ကျော်ကို ထပ်မံထုတ်ယူလိုက်သည်။

“ကလေးမလေး… မင်းရဲ့ဆေးပင်က နှစ်တစ်ထောင်သက်တမ်းရှိပြီ။ ဒီဝိညာဉ်ကျောက်တုံးတွေကို ထပ်ယူလိုက်ပါ…”

မြောင်ကျစ်ယွီနှင့် တခြားလူများမှာ ထပ်မံ၍ မအံ့ဩနိုင်တော့ပါ။

အစိမ်းရောင်ဝတ်မိန်းကလေးက ဝမ်းသာအားရပင် ထိုဝိညာဉ်ကျောက်တုံးများအား ယူလိုက်ပြီး သိမ်းဆည်းလိုက်၏။

“ရှင်က လူကောင်းတစ်ယောက်ပဲ။ ရှင် နောက်ပိုင်း ဆေးပင်တွေ လိုချင်သေးရင် စပါးစိမ်းတောင်ကုန်းကို လာပြီး အလဲအလှယ်လုပ်နိုင်တယ်လို့ အဖွားက ပြောခိုင်းလိုက်တယ်”

သူမက ပြောကာ ခေါင်းမှ ဆံပင်တစ်မျှင်အား နှုတ်ယူလိုက်ပြီး ဟန်မူယဲ့အား ကမ်းပေးသည်။

“ကျွန်မနာမည် ထန်ထန်”

ဟန်မူယဲ့က ဆံပင်မျှင်အား ယူလိုက်လျှင် ၎င်းသည် ခရမ်းရောင်သစ်ကိုင်းအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရ၏။

“ကျုပ်နာမည် ဟန်မူယဲ့”

…

ဟန်မူယဲ့၊ ရှရီနှင့် တခြားလူများ စပါးစိမ်းတောင်ကုန်းမှ ထွက်လာပြီးနောက်တွင် ဟန်မူယဲ့က နောက်လှည့်ပြီး သူတို့အား လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“အစ်ကိုရှ… အားလုံးပဲ… ကျုပ်က ဂိုဏ်းမှာ အရေးကြီးကိစ္စရှိလို့ ခွင့်ပြုပါဦး”

ရှရီက ခေါင်းညိတ်ကာ သူ၏ခါးမှ အံ့ဖွယ်နေမင်းဓားအား ဆွဲဖြုတ်လိုက်သည်။

“ညီလေးဟန်… နောက်ပိုင်း အလယ်ပိုင်းကုန်းမြေကို သွားရင် ဒီဓားနဲ့ဆို မင်းအတွက် ပိုပြီး လွယ်ကူချောမွေ့လိမ့်မယ်”

၎င်းသည် အံ့ဖွယ်နေမင်းကိုယ်ရံတော်ဖြစ်ရန် ဖိတ်ခေါ်ခြင်းမဟုတ်ပါ။

ဟန်မူယဲ့က အနည်းငယ် တွန့်ဆုတ်နေပြီးမှ ဓားကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။

“အားလုံးပဲ… အခွင့်အရေးရရင် အလယ်ပိုင်းကုန်းမြေမှာ အတူသောက်ကြသေးတာပေါ့”

ဟန်မူယဲ့က နှုတ်ဆက်ပြီးသည်နှင့် ကောင်းကင်သို့ ပျံတက်သွားသည်။

သူ ထွက်သွားသည်ကို ကြည့်ကာ တခြားလူများက စိတ်ခံစားချက်များ ရှုပ်ထွေးနေကြသည်။

“အနောက်ဘက်ကုန်းမြေမှာ ဒီလိုလူတစ်ယောက် ရှိသေးမယ်လို့ မထင်ထားဘူး”

ကောင်းတကန်းက တီးတိုးပြောသည်။

“မှန်တယ်… မသိရင် သူက အလယ်ပိုင်းကုန်းမြေ နန်းမြို့တော်က တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်မယ်လို့ တွေးမိမှာပဲ”

မြောင်ကျစ်ယွီကလည်း မျက်လုံးများ တောက်ပစွာဖြင့် ပြောသည်။

“သူက အတော်…”

ရှရီက ရုတ်တရက် ပြောသည်။

“သွားရအောင်…”

“ငါတို့ ရှုချီစီရင်စုကို ရောက်တဲ့အခါ အနောက်ဘက်နယ်စပ်ကုန်းမြေမှာ ဖြစ်ခဲ့တာတွေကို ပြန်တင်ပြရမယ်။ ဒါတွေက မင်းတို့အတွက် ရှားပါးတဲ့ အတွေ့အကြုံပဲ”

ဤသည်ကား သေခြင်းရှင်ခြင်း စမ်းသပ်မှု ဖြစ်သည်။

ဟန်မူယဲ့က ဟန်မူယဲ့ ထွက်သွားရာဖက်ကို တစ်ချက်ကြည့်ပြီးနောက် နောက်လှည့်ထွက်ခွာသွားသည်။

မြောက်ကျစ်ယွီတို့က အတွေ့အကြုံ သိပ်မရှိရာ ဟန်မူယဲ့၏ဓားသိုင်းသည် မျှသို့သော အဆင့်အတန်းဖြစ်ကြောင်း မသိကြပေ။

သို့သော် သူ သိပေသည်။

ထိုသို့သော ဓားတာအိုပိုင်ရှင်သည် အလယ်ပိုင်းကုန်းမြေသို့ ရောက်သောအခါ သေချာပေါက် ကောင်းကင်ဘုံသို့ ခြေတစ်လှမ်းဖြင့် တက်လှမ်းနိုင်ပေလိမ့်မည်။

ယနေ့ မိတ်ဆွေဖြစ်ခြင်းသည် နောင်တွင် သူတို့အတွက် အခွင့်အလမ်းကောင်း ဖြစ်၏။

…

ဟန်မူယဲ့သည် ဂိုဏ်းထံသို့ မြန်ဆန်စွာ ပျံသန်းလာသည်။

သန့်စင်ရေကျောင်းတော်သည် ပုန်ကန်သော စာရင်း၌ ပါသည်လား သူ မသိပေ။ လုချန်းဖျင်သာ ထိုအရှုပ်အထွေး၌ ထိခိုက်သွားပါက ဟွမ်လောင်လျှို၏တာအိုနှလုံးသားမှာ သေချာပေါက် ပျက်စီးသွားနိုင်သည်။

နှစ်ရက် နှစ်ညခန့် သူသည် ဆေးလုံးများ ဝိညာဉ်ကျောက်တုံးများဖြင့် ကုန်ခမ်းသွားသော သဘာဝစွမ်းအားများကို ဖြည့်တင်းကာ မနားမနေ ခရီးနှင်လာခဲ့၏။

လမ်းတွင် သူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးနှင့် တွေ့ဆုံပြီးနောက် အခြေအနေမှာ သူထင်ထားသည်ထက် ဆိုးဝါးနေကြောင်း တွေ့ရသည်။

ယမန်နေ့ကပင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလက်အောက်မှ ဂိုဏ်း ၁၂ဂိုဏ်းသည် ပုန်ကန်ခဲ့ကြ၏။

သွမ့်ဟွားဓားဂိုဏ်း၊ စုယန်ဂိုဏ်းနှင့် တခြား ဟန်မူယဲ့သိသော ဂိုဏ်းများအားလုံး ပုန်ကန်ကြ၏။

ထိုအထဲတွင် သန့်စင်ရေကျောင်းတော် ပါဝင်သည်လားကတော့ သိပ်တော့ မသေချာသေးပေ။

ဟန်မူယဲ့သည် ဓားကို အမြန်ဆုံး စီးနင်းကာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ရောက်လာခဲ့သည်။

“စီနီယာအစ်ကိုဟန် ပြန်လာပြီ”

သူသည် ဓားစံအိမ်အဝင်ဝသို့ ရောက်သောအခါ လုကော၏ အော်ဟစ်သံအား ကြားရ၏။

ဟန်မူယဲ့သည် ကျောက်တုံးလှေကားထစ်အတိုင်း တက်သွားကာ ဓားစံအိမ်ထဲကို လှမ်းကြည့်သည်။ ထို့နောက် သူက အသံတိုးတိုးဖြင့် မေးလိုက်သည်။

“တောင်ခြေမှာ ဘာဖြစ်နေလဲ သိကြလား”

လုကောက ခေါင်းညိတ်သည်။

“ကျုပ် ကြားတာတော့ ဂိုဏ်းတွေ ပုန်ကန်ကုန်တယ်။ ကျင်းရှန်းဂိုဏ်းဟာ ရှေ့တန်းစစ်မျက်နှာပြင်မှာ အသာစီးရထားတာကြောင့်လို့ ကြားတယ်”

လုကောသည် ဂိုဏ်းမှ အစေခံများနှင့် မကြာခဏ စကားလက်ဆုံ ကျတတ်ကာ သတင်းမျိုးစံကို ရယူလေ့ရှိသည်။

“သန့်စင်ရေကျောင်းတော်လည်း အဲဒီအထဲ ပါလား”

ဟန်မူယဲ့က ထပ်မေးသည်။

သန့်စင်ရေကျောင်းတော်လား။

မရီးရဲ့ဂိုဏ်း…

လုကောက ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် ပြောသည်။

“အဲဒီအကြောင်းကိုတော့ မကြားမိသေးဘူး”

“ညီလေးဟန် ပြန်ရောက်ပြီလား။ အခြေအနေ ဘယ်လိုလဲ”

ဟွမ်လောင်လျှို၏အသံ ဓားစံအိမ်ထဲမှ ထွက်လာသည်။

ဟန်မူယဲ့က လုကောအား ခေါင်းယမ်းပြကာ ဓားစံအိမ်ထဲကို ဝင်လာသည်။

အဝတ်စတစ်စအား ကိုင်ကာ ဓားစံအိမ်ထဲမှ ထွက်လာသော ဟွမ်လောင်လျိုသည် ဟန်မူယဲ့၏ပင်ပန်းနေသော ပုံစံအား ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားသည်။

“မင်း ကြည့်ရတာ ပင်ပန်းနေပုံပဲ”

“မြန်မြန်သွားပြီး အနားယူလိုက်…”

ဟန်မူယဲ့သည် နှစ်ရက်တိတိ မရပ်မနား ဓားကို စီးနင်းခရီးနှင်လာခြင်း ဖြစ်သည်။ သူက မည်သို့ မပင်ပန်းဘဲ နေမည်နည်း။

“အစ်ကိုဟွမ်… တောင်ခြေမှာ ပြဿနာတွေ ရှိနေတယ်”

ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်ကာ လေးနက်စွာ ပြောသည်။

ဟွမ်လောင်လျှိုက ခေါင်းညိတ်ကာ လက်ဝှေ့ယမ်းသည်။

“ငါ ကြားပြီးပြီ။ အဲဒီကောင်တွေ ခဏခဏ ပြဿနာရှာတယ်။ အဲဒါတွေ စိတ်ပူမနေနဲ့။ နောက် ၂ရက်နေရင် ငါ တောင်အောက်ကို ဆင်းကြည့်ဦးမယ်”

ထိုစဉ် ဓားစံအိမ်အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“အစ်ကိုလု… စီနီယာအစ်ကိုဟန်ရှိလား”

၎င်းကား ပိုင်စုကျန်း၏အသံ ဖြစ်သည်။

“ကျွန်မ သူ့ကို အရေးကြီးစကားပြောစရာ ရှိတယ်”

ပိုင်စုကျန်းကား အလျင်လိုနေဟန်ရသည်။

ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့ ဓားစံအိမ်အပြင်ဘက်သို့ ထွက်လာသောအခါ ပိုင်စုကျန်းနှင့် ဆိုင်ရှင်ဟယ်တို့အား တွေ့ရသည်။

ကျန်းလင်ရတနာဆိုင်ရှင်ဟယ်သည် ဓားတစ်လက်အား ကိုင်ထား၏။

ထိုဓားကို မြင်သည်တွင် ဟွမ်လောင်လျှို၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။

သူက အလျင်အမြန် ရှေ့တက်သွားကာ ဆိုင်ရှင်ဟယ်၏လက်ထဲမှ ဓားကို ဆွဲယူလိုက်သည်။

“ဘာလို့ ဒီဓား ခင်ဗျားလက်ထဲ ရှိနေတာလဲ”

ထိုအခိုက်တွင် ဟွမ်လောင်လျှိုထံမှ ကမ္ဘာဦးသားရဲတစ်ကောင်၏ ရုန့်ရမ်းသော အရှိန်အဝါ ထွက်ပေါ်လာသည်။ သူ့မျက်လုံးများသည် ဖိနှိပ်ထားသော ဒေါသမာန်ဟုန်များ ရှိနေ၏။

ဆိုင်ရှင်ဟယ်က ခြေတစ်လှမ်းနောက်ဆုတ်ကာ ပိုင်စုကျန်းအား ကြည့်သည်။

ပိုင်စုကျန်းက အသံနှိမ့်ကာ ပြောသည်။

“အစ်ကိုဟွမ်… ဒီဓားဟာ ပိုင်မိသားစုရဲ့ ဆိုင်တစ်ဆိုင်သို့ မိန်းကလေးလုချန်းဖျင် လာရောင်းခဲ့တာပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးလေးဟယ်က ဒီဓားကို မှတ်မိတဲ့အတွက် ဒီကို လာပို့တာပါ”

ကျောက်တုံးလှေကားထစ်ပေါ်တွင် ဟန်မူယဲ့က ပြောသည်။

“သေချာလေး ရှင်းပြပါ”

ပိုင်စုကျန်းက ခေါင်းညိတ်ကာ ဆိုင်ရှင်ဟယ်အား ပြောသည်။

“ဦးလေးဟယ်… အစ်ကိုဟွမ်နဲ့ စီနီယာအစ်ကိုတို့ကို ရှင်းပြလိုက်ပါ”

ဆိုင်ရှင်ဟယ်က ခေါင်းညိတ်ကာ ပြောသည်။

“ဒီဓားဟာ မိုင်သုံးထောင်ဝေးတဲ့ မင်းယွမ်မြို့စေ◌ျးကနေ ပို့ပေးလိုက်တာ။ ဒီဓားကို သခင်လေးဟန် ဝယ်သွားတုန်းက ကျုပ်လည်း မြင်လိုက်တဲ့အတွက် မှတ်မိနေခဲ့တာပါ”

ထို့နောက်တွင် သူက ဟွမ်လောင်လျှိုအား ကြည့်ကာ ပြောသည်။

“ကျုပ် နည်းနည်း စုံစမ်းကြည့်တဲ့အခါ လွန်ခဲ့တဲ့ ငါးရက်က အမျိုးသမီးကျင့်ကြံသူတချို့ဟာ ဒီဓားကို ရောင်းချပြီးတော့ ဆေးလုံးတွေ အဆောင်လက်ဖွဲ့တွေနဲ့ တခြားပစ္စည်းအတော်များများ ဝယ်သွားခဲ့တယ်လို့ သိရပါတယ်”

“သူတို့ ပြောစကားအရ သူတို့ဟာ တောင်ပိုင်းကုန်းမြေကို သွားကြတော့မယ် သိရတယ်”

“အဲဒီအမျိုးသမီး ဒီဓားကို ရောင်းခဲ့တုန်းက သူဟာ ဒီဓားကို ကျင်းလင်ရတနာဆိုင်မှာ ဝယ်ခဲ့တာလို့ ပြောတဲ့အတွက် အဲဒီဆိုင်က ဒီကို ပို့ပေးလိုက်တာပါ”

တောင်ပိုင်းကိုလား။

တောင်ပိုင်းမြေရိုင်းဒေသ။

ကျင့်ရှန်းဓားဂိုဏ်းကြောင့် သစ္စာဖောက်သွားသော သန့်စင်ရေကျောင်းတော်သည် တောင်ပိုင်းမြေရိုင်းကုန်းမြေသို့ သွားမည် ဖြစ်သည်။

“တောင်ပိုင်း…”

ဟွမ်လောင်လျှိုက ရေရွက်ကာ သူ၏ဓားကို တင်းတင်းဆုပ်ကိုင်သည်။

သူက နောက်လှည့်ကာ ဓားစံအိမ်အား တစ်ချက်ကြည့်ပြီး ဟန်မူယဲ့အား ပြောသည်။

“ညီလေးဟန်… ငါ ထွက်သွားတော့မယ်။ ဒီတစ်ခေါက် ပြန်မလာတော့ဘူး”

All Chapters