← Chapters

နေဝင်ဓားချက်

Vol. 46 Ch. 640

နေဝင်ဓားချက်

Vol. 46 Ch. 640

ကျော့ဖျင်အန်းက  ကျောက်စိမ်းပုလင်းကို သေချာသိမ်းထားလိုက်ပြီး ခေါင်းမော့ကာ  အသက်ပြင်းပြင်း ရှုလိုက်၏။ သူက လက်နှစ်ဖက် ယှက်ကာ  လေးလေးစားစား ပြောလိုက်၏

“ ကျုပ် ကျော့ဖျင်အန်း မြင်ဖူးသလောက်အထဲ ဆေးလုံးဆရာမိုရဲ့ ဆေးဖော်စပ်တဲ့ အရည်အချင်းနဲ့ သဘောထားက အကောင်းဆုံးပါပဲ။ ကျုပ် အကောင်းဆုံး ပြန်လည် ပေးဆပ်ပါ့မယ်။ ကျုပ် ကျော့ဖျင်အန်းကို ဘာပဲ လုပ်ဖို့ ပြောပြာ ကျုပ် လုပ်ပေးမှာပါ ”

မိုဝူကျိက ရယ်မောကာ

“ အင်မော်တယ်ရောင်းရင်းကို တစ်ခု တောင်းဆိုချင်တာက စုရှီကို  သူ့ဘာသာ  ကာကွယ်နိုင်တဲ့အချိန်တစ်ခုအထိ စောင့်ရှောက်ထားဖို့ တောင်းဆိုချင်တာပါ ”

ကျော့ဖျင်အန်းက  ရယ်မောလိုက်ပြီး

“ အဲဒါက ဘာမှ မဟုတ်ပါဘူး။ ကျုပ် ကျော့ဖျင်အန်းက သူမကို ဘာမှ အဖြစ်ခံမှာ မဟုတ်ဘူး။ ပြီးတော့ ဟောခွန်ဗုဒ္ဓမီးအိမ်ကိုလည်း ဘယ်သူဆီမှ အပါခံမှာ မဟုတ်ဘူး။  ပြီးတော့ အဆင့်မြင့် ကျင့်ကြံသူတွေ ဘယ်လောက် ရောက်လာလာ ခင်ဗျားကိုလည်း တစ်နှစ် ထပ်ကာကွယ်ပေးပါ့မယ်။ ခင်ဗျားကို နတ်ဘုရားမျှော်စင်ထဲ ဘေးကင်းကင်း ဝင်နိုင်ဖို့ ကူညီပေးမယ် ”

မိုဝူကျိက ပြုံးကာ “ အင်မော်တယ်ရောင်းရင်းကို ကျေးဇူးတင်ပါတယ်။ ကျုပ်က ကောင်းကင်ချောက်ကမ်းပါးတည်းခိုဆောင်မှာ ဆက်မနေတော့ဘူး  ”

မိုဝူကျိက စိတ်ကူးတည့်ရာ လျှောက်လုပ်နေခြင်း မဟုတ်ချေ။ ဤနေရာတွင် ဆက်နေနေခြင်းက သူနှင့်တခြားသူများပါ ထိခိုက်စေလိမ့်မည်။ လျှပ်စီးဂိုဏ်းနှင့် မဟာခွန်ဗုဒ္ဓဂိုဏ်းမှ အဆင့်မြင့် ကျင့်ကြံသူများ ရောက်လာပြီး လွန်ချိုက်၏ ထောက်ပံ့မှုနှင့် ပေါင်းလိုက်သည့်အခါ သူ့အနေနှင့် ဝရုန်းသုန်းကား ဖြစ်နေပေလိမ့်မည်။ ကျော့ဖျင်အန်းနှင့် စုရှီတို့ကိုလည်း ထိခိုက်စေလိမ့်မည်။

ကျော့ဖျင်အန်းက မိုဝူကျိအနေဖြင့် ကောင်းကင်ချောက်ကမ်း တည်းခိုဆောင်မှ ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထွက်သွားလျှင်ပင် ကျော့ဖျင်အန်းက မိုဝူကျိကို ကာကွယ်ပေးနိုင်စွမ်း ရှိကြောင်း ယုံကြည်ထား၏။

မိုဝူကျိ ကောင်းကင်ချောက်ကမ်းပါးမြို့မှ ထွက်သွားမည့် အကြောင်းကို သူ့အနေနှင့်လည်း သဘောတူပေသည်။ ဤအချိန်အခါ၌ အသင့်တော်ဆုံးသော ရွေးချယ်မှု ဖြစ်၏။

ကျော့ဖျင်အန်းက မပြောခင် စုရှီက ဝင်ဖြတ်ပြောလိုက်သည်  “ အစ်ကိုကြီးမို …. ညီမ စီနီယာကျော့နဲ့ လိုက်မသွားဘူး… အစ်ကိုကြီးနဲပဲ သွားချင်တယ် ”

မိုဝူကျိက စုရှီကို မရေမရာ ကြည့်ကာ

“ စုရှီ … ငါက အခုမှ မဟာယီရှန်းအဆင့်ပဲ ရှိသေးတာလေ။  မင်းရဲ့ မဟာခွန်ဗုဒ္ဓမီးအိမ်ကို ကာကွယ်ပေးနိုင်မဲ့ နည်းလမ်း မရှိဘူး။  ငါတို့တွေ ဖမ်းမိသွားတာနဲ့  မင်းနဲ့အတူတူ ထွက်ပြေးနိုင်မှာ မဟုတ်ဘူးလေ ….

ငါ့နောက်ကို လိုက်တာက  ကိုယ့်သေတွင်းကို တူးနေတာနဲ့  အတူတူပဲ ….”

စုရှီက ပြတ်သားစွာဖြင့်   “ အစ်ကိုကြီးမို  …  ညီမ ဆရာ မဆုံးခင် အစ်ကိုကြီးနောက်ဖို့ မှာခဲ့တယ်”

မိုဝူကျိက အေးအေးဆေးဆေး  ပြန်ပြောလိုက်၏  “ မင်းဆရာ ပြောတာက ငါ့စကားနားထောင်ဖို့ ပြောတာလေ။ ငါ့နောက်ကို လိုက်ဖို့ အတိအကျကြီး မပြောခဲ့ပါဘူး ”

စုရှီက ခေါင်းကို ခါကာ  ပြတ်ပြတ်သားသား ငြင်းလိုက်၏။

ကျော့ဖျင်အန်းက  စုရှီ၏ သဘောထားကို တွေ့သောအခါ ထပ်ပြောလိုက်၏

“ ဆေးလုံးဆရာမိုက ကောင်းကင်ချောက်ကမ်းပါးမြို့ကနေ ထွက်သွားမှာဆိုတော့ စုရှီ လိုက်တာ၊ မလိုက်တာက သိပ်တော့ မကွာခြားဘူး။

အင်မော်တယ်လောကကြီးက ကျယ်ပြောတယ်ဆိုတော့  အဆင့်မြင့် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ တွေ့ရင်  တာ့ဟွမ်လည်း ရှိနေတော့  သူတို့က မင်း ပြိုင်ဖက် ဖြစ်မှာ မဟုတ်ဘူး။ အခြေအနေတွေက အဆင့်မြင့် ကျင့်ကြံသူတွေ စုစည်းနေတဲ့ ကောင်းကင်ချောက်ကမ်းပါးမြို့နဲ့တော့ တူမှာ မဟုတ်ဘူး  ”

ထိုအရာကို ကြားပြီး မိုဝူကျိက  ရိုးရိုးသားသား ပြန်ဖြေလိုက်၏

“ ကျုပ်က အဝေးကြီးသွားဖို့ ရည်ရွယ်ချက် မရှိဘူး …  ကျုပ်က နတ်ဘုရားမျှော်စင်ဆီ တစ်ခေါက် ပြန်လာဦးမှာ ”

သူ  မြေကမ္ဘာအင်မော်တယ်အဆင့်တွင် ရှိစဉ်က  မိုဝူကျိက အင်မော်တယ်လျိုကို ဖြတ်၍ အင်မော်တယ်တပိုင်းနယ်ပယ်မှ ယုံရင်အင်မော်တယ် အစွန်းအဖျားအထိ ရောက်လာခဲ့သည်။ လတ်တလောတွင် သူက မဟာယီရှန်းအဆင့် ဖြစ်ပြီး  ယခင်ထက် အဆများစွာ အားကောင်းနေပြီ ဖြစ်၏။ ထို့အပြင် သူက နတ်ဘုရားကောင်းကင်ချောက်နက်ကို သွားရန် မရည်ရွယ်ထားသော်လည်း ထိုနေရာ၌  အချိန်တစ်ခုအထိ ကျင့်ကြံရန်တော့ ရည်ရွယ်ထားပေသည်။ သူ့အတွက် နတ်ဘုရားမျှော်စင် ဖွင့်သည့်အချိန်အထိ စောင့်ဆိုင်းပြီး ကျင့်ကြံနေလျှင် ပြဿနာ မဟုတ်ချေ။

“ မင်းက  နတ်ဘုရားကောင်းကင်ချောက်နက်ထဲမှာ နေပြီးတော့ နတ်ဘုရားမျှော်စင်ဖွင့်တာကို စောင့်ချင်တာလား ” ကျော့ဖျင်အန်းက မိုဝူကျိ၏ ရည်ရွယ်ချက်ကို သိသည့်အခါ တအံ့တဩ မေးလိုက်သည်။

မိုဝူကျိက ခေါင်းညိတ်ကာ  “ ဟုတ်တယ် ကျုပ် အဲလိုတွေးနေတာ  ”

“ မဖြစ်နိုင်ဘူး  …. မင်းရဲ့ လက်ရှိအင်အားနဲ့ အသက်ရှင်ရက် နေနိုင်ခြေက အရမ်းနည်းတယ်။ ပြီးတော့ ကောင်းကင်ချောက်ကမ်းပါးအနား  အဆင့်မြင့် ကျင့်ကြံသူများစွာ ရှိနေတာ … အဲဒီလူတွေက အာကာသ အက်ကွဲကြောင်းတွေကို ကြောက်ကြမှာ မဟုတ်ဘူး။

မင်း ခန္ဓာကိုယ်ကို အင်မော်တယ်ရုပ်ခန္ဓာအဆင့်အထိ မလေ့ကျင့်ထားသရွေ့ မဖြစ်နိုင်ဘူး ....  မဟာယီရှန်းအဆင့်လောက်နဲ့ဆိုရင်  အင်မော်တယ် ရုပ်ခန္ဓာအဆင့် ရောက်ဖို့ အဝေးကြီး လိုဦးမှာ ” ကျော့ဖျင်အန်းက အောင့်အီးသည်းမခံတော့ဘဲ ပြောလိုက်သည်။

“ ကျုပ် ဆုံးဖြတ်ပြီးသွားပြီ ” မိုဝူကျိက တုံ့ပြန်ကာ ဆုံးဖြတ်ထားပြီးပြီ ဖြစ်၍ ကြိုးစားကြည့်ချင်မိသည်။

မိုဝူကျိက သူမကို မြင်နေကြောင်း တွေ့သောအခါ စုရှီက အေးစက်စွာ  ပြန်ဖြေလိုက်၏

“ ညီမဘဝကို ဆရာက ပြုစုပျိုးထောင်ခဲ့ပြီးတော့   အစ်ကိုကြီးမိုက ညီမ အသက်ကို ကယ်တင်ပေးခဲ့တယ်။ ”

ထိုသို့ပြောပြီးနောက် စုရှီက ကျော့ဖျင်အန်းကို ဦးညွှတ်ကာ

“ စီနီယာကျော့ ၊ အစ်ကိုကြီးမို ကျေးဇူးပြုပြီးတော့ ညီမရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ။

ညီမဆရာက ပြောဖူးတယ် … အင်မော်တယ် လမ်းစဉ်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓလမ်းစဉ်ပဲ ဖြစ်ဖြစ် မှော်ပဲ ဖြစ်ဖြစ်တဲ့ အခြေခံအုတ်မြစ်က နှလုံးသားကို ကျင့်ကြံခြင်းတဲ့  …. တကယ်လို့ ညီမရဲ့ စိတ်နှလုံးသားအတိုင်း မလုပ်နိုင်ရင် ဘယ်လိုလုပ် ကျင့်ကြံနိုင်ပါတော့မလဲ …. ”

“ကောင်းပြီလေ ” ကျော့ဖျင်အန်းက အသိအမှတ်ပြုလိုက်၏။ ထိုစကားမှာ ရိုးရှင်းသော်လည်း လိုက်လုပ်ရန် အလွန်ခက်ခဲပေသည်။

မိုဝူကျိက စုရှီ၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ

“ ဒီလိုဆိုမှတော့  ငါနဲ့ပဲ လိုက်ခဲ့လိုက်တော့  …. ငါ့နောက်ကို လိုက်တာက ငါတို့အသက်တွေကို ကံတရားအတိုင်း စီမံခွင့် ပေးလိုက်တာပဲ ”

“ ဟုတ် အစ်ကိုကြီးမို ” စုရှီက မိုဝူကျိနှင့် ပထမဆုံး တွေ့သည့်အခါက ကဲ့သို့ နူးညံ့မနေတော့ပေ။

“ ကျုပ်တို့တွေ ထွက်သွားတော့မှာလား ” ကျော့ဖျင်အန်းက မေးလိုက်သည်။

မိုဝူကျိက ခေါင်းခါကာ

“ မဟုတ်သေးဘူး …. ကျုပ်တို့တွေ မနက်ဖြန် ထွက်သွားကြမယ်။ ကျုပ်တို့တွေ ထွက်မသွားခင် သတ်ရမဲ့ လူနှစ်ယောက် ကျန်သေးတယ် ”

တစ်ညတာ ကုန်ဆုံးသွားပြီး နောက်ရက်မိုးသောက်တွင် မိုဝူကျိက စုရှီနှင့် တာ့ဟွမ်ကို ကောင်းကင်ချောက်ကမ်းပါးမြို့မှ ခေါ်ထုတ်လာလိုက်၏။ ကျော့ဖျင်အန်းက သူတို့နှင့်အတူတူ မရှိတော့ချေ။

ကောင်းကင်ချောက်ကမ်းပါးမြို့၌ လူအဝင်အထွက် များစွာ ရှိနေသော်လည်း  မိုဝူကျိလို လူများစွာ၏ စောင့်ကြည့်မှုကို ခံနေရသော  လူတစ်ယောက် ထွက်သွားသောအခါ  သတင်းမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားတော့သည်။

မဟာခွန်ဗုဒ္ဓဂိုဏ်း၏ အပြုအမူများမှာ အရှက်မဲ့သော်လည်း  မိုဝူကျိက သူတို့နှင့် တိုက်ခိုက်ရန် မပြင်ဆင်ထားသေးပေ။ သူ သတ်ချင်သည့် သူမှာ မဟာဓားလမ်းစဉ်ဂိုဏ်း၏ ဆာကျန်းနှင့် သူ့တပည့် နီဂျူ ဖြစ်၏။

ကောင်းကင်ချောက်ကမ်းပါးမြို့မှာ နတ်ဘုရားကောင်းကင်ချောက်နက်နှင့် သိပ်မကွာဝေးပေ။ ထို့ကြောင့် မိုဝူကျိအနေဖြင့် နေ့တစ်ဝက်ဖြင့် ရောက်ရှိလာသည်။

မိုဝူကျိ၏ လွန်းပျံယာဉ် ထွက်ခွာသွားပြီး နှစ်နာရီလောက်အကြာတွင် အဝါရောင် ပျံသန်းရေး ရတနာလည်း  ရောက်ရှိလာသည်။ ပျံသန်းရေး ရတနာပေါ်၌  လူသုံးယောက်  ရှိနေပြီး  မိုဝူကျိက နှစ်ယောက်မှာ ကွမ်းနဉ်နှင့် ထိုက်ရှားဖြစ်ကြောင်း မှတ်မိ၏။ မိုဝူကျိက တတိယလူကို မမြင်ဖူးသော်လည်း  ကျော့ဖျင်အန်း၏ ဖော်ပြချက်အရ  မိုဝူကျိက ထိုလူမှာ အင်မော်တယ် ဧကရာဇ် ဖြစ်သည့် ဟန်ခယ်သာ ဖြစ်လိမ့်မည်။

မိုဝူကျိက ထိုလူများနှင့် မတွေ့ချင်သောကြောင့် စိတ်မသာမယာ ဖြစ်လာသည်။

“ ဆေးလုံးဆရာမို … အချိန်ခဏလောက် ပေးပါဦး ” အဝါရောင်ပျံသန်းရေး ယာဉ်က မိုဝူကျိဆီ ရောက်မလာခင် ကွမ်းနဉ်က  ပူပင်တကြီး အော်ခေါ်လိုက်သည်။

“ ဟားဟား ” နောက်ထပ် ရယ်မောသံတစ်သံကို ကြားလိုက်ရပြီး  ဖြူဖျော့ဖျော့ ပညာရှင်က  အဝါရောင် ပျံသန်းရေး ယာဉ်ရှေ့ ရောက်ရှိလာသည်

“ အင်မော်တယ်ရောင်းရင်းဟန်ခယ် ကျုပ်တို့ ထပ်တွေ့ပြန်ပြီ။  ခင်ဗျားရဲ့ မဟာခွန်ဗုဒ္ဓဂိုဏ်းဆီ လာပြီး စကားစမြည် ပြောဖို့ ကြံနေတာ  ဒီလို မကြာခင် တွေ့လာမယ်လို့ ထင်မထားမိဘူး  ”

သူက  ပုန်းကွယ်နေသည့် ကျော့ဖျင်အန်း ထွက်လာပြီး မဟာခွန်ဗုဒ္ဓဂိုဏ်းကို တားဆီးကြောင်း  မြင်လိုက်သည့်အခါ မိုဝူကျိက တိတ်တဆိတ် ကျေနပ်မိသွားသည်။ ဆာကျန်း ထွက်လာဖို့လည်း ဖြစ်နိုင်ပေသည်။

မိုဝူကျိက ထိုအတွေးဖြင့် လွန်းပျံယာဉ်ကို လှည့်ကာ ပျံထွက်သွားလိုက်တော့သည်။

တစ်နာရီအကြာတွင် နတ်ဘုရားကောင်းကင်ချောက်နက်ကား သူတို့ရှေ့တွင် ရှိနေပြီး ငွေရောင်ပျံသန်းရေးယာဉ်တစ်စင်းက မိုဝူကျိရှေ့ အချိန်တိုလေးအတွင်း ရောက်ရှိလာသည်။

“ ဆေးလုံးဆရာမို ကျုပ်တို့ တွေ့ပြန်ပြီ …”ဆာကျန်းနှင့် နီဂျူတို့က ယာဉ်ပေါ်မှ ဆင်းလာပြီး  မိုဝူကျိ၏ လွန်းပျံယာဉ်ရှေ့ ရောက်ရှိလာ၏။

“ စုရှီ … လွန်းပျံယာဉ်ပေါ်မှာ စောင့်နေနော် ..”  ထိုသို့ပြောပြီးနောက် မိုဝူကျိက တာ့ဟွမ်ကို ခေါ်ကာ  လွန်းပျံယာဉ်မှ ထွက်သွားလိုက်သည်။

တျန်းဂျီဂိုဏ်းက ဆာကျန်း၏ အမြစ်ဖြတ်ရှင်းထုတ်မှုကို ခံလိုက်ရပြီး တျန်းဂျီဂိုဏ်းသားများမှာ နီဂျူလက်ချက်ဖြင့် သေဆုံးခဲ့ကြသည်။ ယခု သူက သူတို့ကို ခေါ်ထုတ်လာနိုင်ပြီ ဖြစ်ရာ မည်သို့ လက်စားမချေဘဲ နေရမည်နည်း။

“ ခဏနေဦး … ..” မိုဝူကျိက သတ္တိရှိရှိ လွန်းပျံယာဉ်မှ ဆင်းလာသည်ကို မြင်ပြီး  ဆာကျန်းက ရှေ့တစ်လှမ်းတိုးကာ နီဂျူအား တားလိုက်သည်။

သဘောတရားအရဆိုရလျှင် ကျော့ဖျင်အန်းက  မဟာခွန်ဗုဒ္ဓဂိုဏ်းနှင့်  ရင်ဆိုင်နေစဉ်  မိုဝူကျိက   တစ်ယောက်တည်း ထွက်လာရဲမည် မဟုတ်ပေ။

မိုဝူကျိတွင်  သူမသိသေးသည့် တခြားလျို့ဝှက်ချက် နည်းလမ်းများ ရှိနေသလား …..

ဆာကျန်းက မိုဝူကျိဘေးမှ အင်မော်တယ်အရုပ်ကို ကြည့်ကာ  ထိုအရုပ်မှာ မရိုးရှင်းကြောင်း သတိပြုမိလိုက်သည်။ ပြောရမည်ဆိုလျှင် အင်မော်တယ် အုပ်စိုးသူအဆင့်လောက် ရှိပေသည်။

“ ဆာကျန်း  ခင်ဗျားက  တျန်းဂျီဂိုဏ်းကို ဖျက်စီးခဲ့တဲ့သူလား  ”မိုဝူကျိက  အတွေ့အကြုံကြွယ်ဝနေပြီ ဖြစ်ရာ  လျှောက်ပြောမနေတော့ပေ။

ဆာကျန်းက  တာ့ဟွမ်ကို ကြည့်ပြီးနောက်  မိုဝူကျိအား အေးစက်စက် ကြည့်ကာ

“ အမှန်ပဲ  …. ငါက တျန်းဂျီဂိုဏ်းကို ဖျက်စီးခဲ့တာ ….   မင်းက တျန်းဂျီဂိုဏ်းအတွက် လက်စားချေပေးချင်နေတာဆို  လာစမ်းပါ … ”

“ အကြောင်းအရင်းက ဘာကြောင့်လဲ  ” မိုဝူကျိက လက်တစ်ချက် ဝေ့လိုက်သည့်အခါ လခြမ်းကွေး ပုဆိန်လှံရှည်က လက်ထဲ ရောက်ရှိလာသည်။

လခြမ်းကွေး ပုဆိန်လှံရှည်မှာ အရမ်းသာမာန်ကျလွန်းနေသော်လည်း မိုဝူကျိ၏ သတ်ဖြတ်ငွေ့များ ထွက်ပေါ်လာသည်နှင့်  ပုဆိန်လှံရှည်မှလည်း အံ့မခန်း သတ်ဖြတ်ငွေ့လှိုုင်းများ  ထွက်ပေါ်လာသည်။

နီဂျူက အံ့မခန်း သတ်ဖြတ်လှိုင်းများကို ခံစားမိသောအခါ  မျက်လုံးများက လင်းလက်လာပြီး  “ ကျတော် အဲဒီပုဆိန်လှံရှည်ကို လိုချင်တယ် ”

“ အကြောင်းအရင်းလား  … မင်းက သိဖို့ အရည်အချင်း မပြည့်မှီဘူး  ” ဆာကျန်းက  မိုဝူကျိဘေးမှ အင်မော်တယ်အရုပ်ဆီ ချီတက်သွားကာ ပြောလိုက်သည်။ သူက မိုဝူကျိသည် ဤအင်မော်တယ်အရုပ်ပေါ် မှီခိုနေရကြောင်း သိ၍ အရင်ဆုံး ဤအရုပ်အား ဖျက်စီးပစ်ရမည်။

“ တာ့ဟွမ် တိုက် ….”  မိုဝူကျိက သူ့ပုဆိန်လှံရှည်ဖြင့် နီဂျူထံ လေဟုန်ဆန်မြစ် ဓားချက်ကို ထုတ်လွှင့်လိုက်သည်။

မိုဝူကျိက နီဂျူသည် မဟာလော့ရှန်းအဆင့် ဖြစ်ကြောင်း ကောင်းကောင်း သိထားရာ သာမာန် မဟာလော့ရှန်းအဆင့်လည်း မဟုတ်ပေ။ မိုဝူကျိက  မဟာယီရှန်း အလယ်အလတ်အဆင့်သာ ရှိသေးလေ၏။ မဟာလော့ရှန်းအဆင့် ကျင့်ကြံသူနှင့် ယှဉ်လျှင် သူက အဆင့်ကွာနေသေး၏။ ထို့ကြောင့် မိုဝူကျိက  လျိုမထားတော့ဘဲ  ပထမဆုံးတိုက်ကွက်၌  လေဟုန်ဆန်မြစ် ဓားချက်အား ထုတ်သုံးလိုက်ခြင်း ဖြစ်ပေသည်။

အရိုးခဲလုမတတ် အေးစက်မှုကို ခံစားလိုက်ရပြီး နီဂျူက တုန်လှုပ်မိသွားသည်။ မဟာယီရှန်းအဆင့်လေးက ဤသို့ကြောက်မက်ဖွယ် အေးစက်မှုအား ထုတ်လွှင့်နေလိမ့်မည်ဟု မထင်ထားပေ။ သို့သော်လည်း သူက မစဉ်းစားနိုင်တော့ဘဲ  နောက်ကျောမှ ဓားမော့ကို ဆွဲကာ  မိုဝူကျိ၏ လေဟုန်ဆန်မြစ် ဓားချက်ကို ဖြိုခွင်းရန် အလင်းများ ထုတ်လိုက်၏။

လခြမ်းကွေး ပုဆိန်လှံရှည်က ပုဆိန်လှံရှည်မြစ်  အလင်းချက်များကို ဖော်ထုတ်လိုက်ရာ   မိုဝူကျိက ကျေနပ်သွားမိသည်။ သူက ဓားမော့နှင့် ထိုအကွက်ကို ဖော်ထုတ်စဉ်  ဤမျှကျေနပ်စရာ မကောင်းခဲ့ပေ။

သူ့လေဟုန်ဆန်မြစ် ဓားချက်မှာ မပြီးပြည့်စုံသေးသော်လည်း မိုဝူကျိက  သူ့လေဟုန်ဆန်မြစ်ဓားချက်မှာ  အနည်းဆုံးတော့  တစ်ဆမက ပိုအားကောင်းလာပေသည်။

“ ဖူး ”  နီဂျူ မျက်ဝန်းရှေ့၌ သွေးမြူများ ပေါ်လာကာ သူ့ဆရာ ဆာကျန်း၏ သွေးများက ရင်ဘတ်အပေါက်ထဲ ပြည့်နေသည်ကို ကြောင်ကြည့်နေမိပြီး မိုဝူကျိ၏ လခြမ်းကွေး ပုဆိန်လှံရှည် လေဟုန်ဆန်မြစ် တိုက်ကွက်ကို တားဆီးရန် မေ့လျော့သွားလေ၏။

သူ့ဆရာက အင်မော်တယ်အုပ်စိူးသူအဆင့် ဖြစ်လေရာ  အင်မော်တယ်အရုပ် ဘယ်လိုများလဲ …

အရုပ်က လှုပ်ရှားမှု တစ်ကွက်တည်းဖြင့်  သူ့ဆရာကို  မည်သို့ အပြီးသတ်လိုက်နိုင်မည်နည်း။

“ နီဂျူ မြန်မြန် သွားတော့  …. ဂိုဏ်းကို လက်စားချေဖို့ ပြောလိုက် ” ဆာကျန်းက အင်မော်တယ်အုပ်စိုးသူနှင့်ပင် မတူတော့ပေ။ ယခု သူ့မျက်လုံးထဲ၌ အကြောက်တရားများသာ ရှိနေလေ၏။  ယခုအချိန်မှ  သူက  မိုဝူကျိ၏ အရုပ်မှာ အင်မော်တယ်အရုပ်မှာ အင်မော်တယ် ဧကရာဇ်အဆင့်  ဖြစ်နေကြောင်း၊ အလွန်အားကောင်းသည့် အင်မော်တယ် ဧကရာဇ်ကျင့်ကြံသူ တစ်ယောက်နှင့် တူကြောင်း  သတိပြုမိလိုက်သည်။

ထိုစဉ် သူက တာ့ဟွမ်၏ လှုပ်ရှားမှုများကို ထိန်းချုပ်ပြီး သူ့တပည့်အား လွတ်မြောက်သွားစေရန် ကူညီပေးချင်မိ၏။ ယခုအချိန်အထိ မိုဝူကျိကို အရေးမပါသည့် ပါးမွှားအဖြစ်သာ ယုံကြည်နေဆဲ ဖြစ်ပေသည်။

နှမြောစရာကောင်းသည်က သူက သူ့အင်အားကို  အထင်ကြီးမိပြီး  ထိုစကားကို ပြောပြီးနောက်  သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ဆွဲထုတ်ခံလိုက်ရပြီး တာ့ဟွမ်၏ ချေမွခြင်းကို ခံလိုက်ရတော့သည်။

“ ဘုန်း ” မိုဝူကျိ၏ လေဟုန်ဆန်မြစ် ဓားချက်မှာ နီဂျူ၏ ဓားမော့အပေါ် ရောက်ရှိသွားကာ  အင်မော်တယ်စွမ်းအားများ ပေါက်ကွဲသွားပြီး ဓားမော့အလင်းမှာ ဖြည်းဖြည်းချင်း ပျောက်ပျက်သွားသည်။ နီဂျူက  ကြောင်အမ်းနေသည့်အချိန်  မိုဝူကျိက တိုက်ခိုက်လိုက်ခြင်း ဖြစ်ရာ သူ့အားကောင်းလှသော စွမ်းအားစက်ကွင်းနှင့် ဓားမော့ကြောင့်သာ မဟုတ်လျှင် သူ့နဖူးမှာ ကွဲသွားလောက်ပေသည်။  မည်သို့ပင် ဆိုစေကာမူ  မိုဝူကျိ၏ ပုဆိန်လှံရှည် လက်ချက်ဖြင့် နီဂျူ၏ ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်။

ဘယ်လို မဟာယီရှန်းအဆင့် ကျင့်ကြံသူလဲ  ….

နီဂျူက  ဒေါသနှင့် အံ့ဩတုန်လှုပ်မှု ရောပြွန်းနေကာ   သူ့ဓားမော့မှ  စွမ်းအင် အမြောက်အများ ထွက်ပေါ်လာပြီး မိုဝူကျိအား ဆက်လက်၍ အထင်မသေးရဲတော့ချေ။

“ နေဝင်ဓားချက်” မိုဝူကျိက ပုဆိန်လှံရှည်ဖြင့် ဝှေ့ယမ်းကာ တတိယမြောက် လျို့ဝှက်အကွက်အား ထုတ်ဖော်လိုက်၏။

All Chapters