← Chapters

အာကာပြင် နိဗာနမြစ်ဥ

Vol. 47 Ch. 642

အာကာပြင် နိဗာနမြစ်ဥ

Vol. 47 Ch. 642

ဟန်လုံ၏ စာမှာ ရိုးရှင်းလှပေသည်။ သူမ ပြောထားသည်မှာ သူမ ဘိုးဘေး၏ အမွေအနှစ်များကို ရှင်းလင်းရင်း စာတစ်စောင် တွေ့ခဲ့ကြောင်း ရေးသားထားပြီး သူမ ဘိုးဘေးက  သူမအား  ထိုအကြောင်းအရင်းကို ဖတ်ရှုပြီးနောက် သက်ဆိုင်သည့်နေရာသို့ သွားရောက်ရန် အရာအားလုံးကို လက်လွှတ်ထားဖို့ မှာကြားထား၏။

ဟန်လုံအား ဤအကြောင်းအရာအား မိုဝူကျိဆီ  စာရေးသား၍ ချန်ထားခဲ့သည်မှာ  သူမအနေဖြင့် ကျော့ဖျင်အန်းကို  မယုံ၍ ဖြစ်သည်။ ကျော့ဖျင်အန်းက သူမနောက်မှ လိုက်ပါလာမလား စိုးရိမ်မိနေ၍ ဖြစ်သည်။ မိုဝူကျိက ကျော့ဖျင်အန်းအနေဖြင့် ဤသို့အရာမျိုး မလုပ်သည်ကို သေချာနေသော်လည်း  ဟန်လုံ၏ သတိကြီးကြီး အပြုအမူမှာလည်း မှန်ကန်ပေသည်။ ထို့အပြင် ဟန်လုံ၏ ဘိုးဘေးများမှာ အလွန်အံ့ဩဖို့ကောင်းသည့်သူများ ဖြစ်နေ၍ ဖြစ်၏။

ဆာကျန်း၏ သိုလှောင်လက်စွပ်ကို ပြန်လည် သန့်စင်ပြီးနောက် မိုဝူကျိက ပစ္စည်းကောင်းများကို  သတိပြုမိလိုက်သည်။ ကျောက်ပြားတစ်ခုမှ လွဲ၍ ကျန်အရာများမှာ မိုဝူကျိ၏ အာရုံကို မဖမ်းစားနိုင်ပေ။

မိုဝူကျိက ကျောက်ပြားကို ယူကာ  ကြည့်လိုက်သည့်အချိန်  “ တျန်းဂျီ” ဟူသော စာလုံးနှစ်လုံး ပါရှိပေသည်။

ထိုကျောက်ပြားမှာ တျန်းဂျီဂိုဏ်းချုပ် ယွမ်ရီ ချန်ထားခဲ့သော  တျန်းဂျီကျောက်ပြား မဟုတ်ချေ။ မိုဝူကျိ၏ ခန့်မှန်းချက်အရ ထိုအရာမှာ ဂိုဏ်းချုပ် ထားခဲ့သော ကျောက်ပြားအား  နမူနာအတုခိုးကာ တုပထားခြင်းသာ ဖြစ်လိမ့်မည်။ ဆာကျန်းက  တျန်းဂျီဂိုဏ်းကို  သုတ်သင်ပြီး ဤကျောက်ပြား သိမ်းထားခဲ့သည့် အကြောင်းအရင်းမှာ  တျန်းဂျီဇာစ်မြစ်အကြောင်း သတင်းများ ထွက်နေကြောင်း သက်သေပြနေခြင်း မဟုတ်ပါလော။

တျန်းဂျီဂိုဏ်း သုတ်သင်ခံလိုက်ရသည့် ကိစ္စမှာ  အမြင်နှင့် ရိုးရှင်းသည့် ကိစ္စ မဟုတ်ပေ။

“ စုရှီ ….  မဟာခွန်ဗုဒ္ဓ မီးအိမ်ကို သေချာထိန်းချုပ်ပြီးတော့  ငါ့နောက်ကို  လိုက်ခဲ့  ” မိုဝူကျိက သိုလှောင်လက်စွပ်ကို ပြန်သိမ်းထားလိုက်ပြီး စုရှီဘက်  လှည့်ပြောလိုက်သည်။

သူက ထိုက်ရှီရှောင် ကောင်းကင် အထီးကျန်မြက် ရှာတွေ့ခဲ့သည့်နေရာကို သွားချင်မိသည်။ သူက ကျော့ဖျင်အန်းအား  ဆေးဖော်စပ်ခြင်း ကူညီပေးပြီးခဲ့သော်လည်း  သူ့အနေနှင့်  ကောင်းကင် သဘာဝမြက် ရရှိဖို့  ၉၉  ရာခိုင်နှုန်းသန့်စင်နှုန်းအထိ  ရောက်ဖို့  လေ့ကျင့်ဖို့ရန်   ကောင်းကင်အထီးကျန်မြက် မြောက်များစွာ လိုအပ်နေသေး၏။

နတ်ဘုရားကောင်းကင်ချောက်နက်မှာ တွင်းနက်ကြီးနှင့် တူပြီး မိုဝူကျိ၏ စိတ်စွမ်းအားဖြင့်ပင် ဘေးပတ်လည်၌ အမှောင်ထုသာ မြင်ရလေ၏။

တချို့သောအရာများက သူ့စိတ်စွမ်းအားအတွင်း ဖြတ်သွားသော်လည်း  မကြာခင်၌ သူ့စိတ်စွမ်းအားမှာ အာကာသ ဝဲကတော့အတွင်း ကျရောက်သွားသည့်အလား အစအနမရှိ ပျောက်ဆုံးသွားတော့သည်။

မိုဝူကျိက ခဏတာ လေ့လာကြည့်ပြီးနောက်  စိတ်စွမ်းအားကို ပြန်လည် ရုတ်သိမ်းလိုက်တော့သည်။ ဤသို့မျိုးအခြေအနေအောက်၌  သူက စိတ်စွမ်းအားကို အချိန်အကြာကြီး အသုံးပြုနေ၍ မဖြစ်နိုင်ပေ။ အကြောင်းမှာ  ခဏလေးအတွင်း  အလွန်မောပန်းလာ၍ ဖြစ်ပေသည်။

လတ်တလော မိုဝူကျိက ထိုက်ရှီရှောင်ကို ကျိန်ဆဲမိနေသည်။ အကြောင်းမှာ ဤလူက သူ နတ်ဘုရားကောင်းကင် ချောက်နက် မရောက်ဖူးသည့်အချက်ကို ပြက်ရယ်ပြုလိုက်သောကြောင့် ဖြစ်၏။ နေရာအနေအထားများမှာ  လိပ်ကုန်းသဏ္ဍာန် ကျွန်း  သို့မဟုတ်  ရွေ့လျားနေသည့် မြစ်တစ်စင်းကဲ့သို့ ဖြစ်နေသောကြောင့် ထိုက်ရှီရှောင် ပေးထားသော  တည်နေရာပြ သလင်းကျောက်မှာ မတိကျချေ။  သူက တစ်ခုမှလည်း မမြင်မိသေးပေ။ ထို့အပြင် နတ်ဘုရားကောင်းကင်ချောက်နက် အမှောင်ထုအတွင်း သူ့စိတ်စွမ်းအား မရှိမှုကို ထည့်တွက်လျှင် ဤသို့မျိုး နေရာရှိလျှင်ပင်   ရှာတွေ့မည် မဟုတ်ပေ။

ဤနတ်ဘုရားကောင်းကင်ချောက်နက်အတွင်း၌ ကံတရားအပေါ်သာ ပုံအပ်ထားရတော့မည်။

“ ဘုန်း ” မဟာခွန်ဗုဒ္ဓမီးအိမ်၏ အလင်းရောင်က  လှုပ်ခါသွားပြီး  အပြင်ဘက်မှ အားတစ်ခုက မီးအိမ်အလင်းပေါ် သက်ရောက်လာကြောင်း  သိလိုက်ရသည်။ မီးအိမ်အား  ထိန်းချုပ်ပေးနေသည့် စုရှီပင် သွေးတစ်ပွက် အန်လိုက်ရသောကြောင့်  မီးအိမ်၏ အလင်းများက  အလျှင်အမြန် မှိန်ဖျော့လာလေ၏။

“ ဂါး ” ကျယ်လောင်သော  အော်သံကြီးကို ကြားလိုက်ရပြီး မိုဝူကျိက  ဧရာမပါးစပ်ကြီးမှ ပြင်းထန်သော သတ်ဖြတ်ငွေ့များ ထုတ်လွှင့်နေသည်ကို သတိထားမိလိုက်သည်။

မစဉ်းစားနေတော့ဘဲ မိုဝူကျိက စုရှီကို ဆွဲ၍ အပြင်ဘက်သို့ ရွေ့ပြောင်းစွမ်းရည်ဖြင့်  ထွက်လာလိုက်သည်။

ဤသို့မျိုးအချိန်၌  ကံကောင်းမှုမှာ ကံတရား၏ တစိတ်တပိုင်းမျှ ဖြစ်နေသည်။ အကယ်၍ သူတို့က နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ရှိနေပြီး အက်ကြောင်းများနှင့် မတွေ့ရှိခဲ့လျှင်  ကံကောင်းသည်ဟု ယူဆ၍ ရပေသည်။ အကယ်၍ သူတို့သာ အက်ကြောင်းများနှင့် တွေ့ခဲ့လျှင်  ကံဆိုးမှုအပေါ်သာ အပြစ်ဖို့နိုင်တော့သည်။

နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ရွေ့ပြောင်းစွမ်းရည် သုံးလိုက်ခြင်းမှာ မိုဝူကျိက ကံပေါ် ပုံအပ်လိုက်ခြင်း ဖြစ်၏။ အကယ်၍ သူတို့သာ အက်ကြောင်းထဲ မတော်တဆ ဝင်တိုက်မိသွားလျှင် နှစ်ပိုင်း သို့မဟုတ် တစစီ ဖြစ်သွားနိုင်သည်။

သို့သော်လည်း  ဤသို့မျိုး အမည်မသိ ဧရာမ ပါးစပ်ပေါက်ကြီးနှင့် ရင်ဆိုင်ရသည့်အခါ မိုဝူကျိက  ရွေ့ပြောင်းစွမ်းရည် သုံးရုံအပ ရွေးချယ်စရာ မရှိတော့ချေ။

အာကာသ အက်ကြောင်းက မိုဝူကျိရှေ့ ပေါ်လာသည့်အခါ မိုဝူကျိက သူ့ကံဆိုးမှုအပေါ်ကိုသာ  သက်ပြင်းချနိုင်တော့သည်။ အကယ်၍ သူ့ရှေ့မှ အက်ကြောင်းကို ရှောင်ရှားဖို့ ကြိုးစားလျှင် သူနှင့် စုရှီ နှစ်ယောက်လုံးမှာ  ကိုယ်တပိုင်း ပြတ်သွားလောက်ပေသည်။

ထိုစဉ် သူက စုရှီကို ဆွဲပြီး အက်ကြောင်းထဲ ဝင်ရုံမှ အပ ရွေးချယ်စရာ မကျန်တော့ပေ။

မိုဝူကျိ အက်ကြောင်းအတွင်း ဝင်လိုက်သည်နှင့်  စူးစူးဝါးဝါး  အော်သံသာ ကြားလိုက်ရသည်။ သူက အက်ကြောင်းထဲ ဝင်ရန် ဆုံးဖြတ်ချက် ချမိသည့်အတွက် ဝမ်းသာမိသွားသည်။ အကြောင်းမှာ သူသာ ထိုသို့မလုပ်လျှင်  အရှင်လတ်လတ် သားရဲပါးစပ်ထဲ ဝါးမျိုခံရတော့မည် ဖြစ်၏။

သူ ရွေ့ပြောင်းစွမ်းရည် သုံးလိုက်သည့်အခါ  ထိုဧရာမ သားရဲကြီးက သူတို့နောက် လိုက်လာမှန်း သတိမပြုမိလိုက်ပေ။ အကယ်၍ သားရဲသာ အက်ကြောင်းကြောင့် တစစီ ဖြစ်မသွားလျှင် သူတို့ လွတ်မြောက်ဖို့ရာ  မကြိုးစားကြည့်ခင်  သားရဲအစာအိမ်ထဲ ရောက်နေလောက်လေပြီ။

“ အစ်ကိုကြီး ဒီနေရာက  ခြောက်ကပ်ကပ်နဲ့  ” စုရှီက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။

သူမ ဆရာ သေဆုံးပြီးနောက် ရင့်ကျက်လာသော်လည်း စုရှီမှာ အတွေ့အကြုံနည်းပါးသည့် မိန်းမငယ်လေး ဖြစ်နေဆဲ ဖြစ်ပေသည်။ သူမတို့ ဤနေရာထဲ ရောက်လာသည်နှင့်  သေခြင်းတရား အငွေ့အသက်များက သူမ ဘေးပတ်လည် ဝန်းရံလာသည်ကို  သတိထားမိလိုက်သည်။

မိုဝူကျိက  ရပ်ကာ  ဘေးပတ်လည်ကို ကြည့်လိုက်၏။ ထိုအခါမှ ဤနေရာမှ အသက်ဓာတ် ပြတ်လပ်နေပြီး  မိုဝူကျိ အာရုံခံနိုင်သည့် သဘာဝငါးမျိုးလည်း မရှိကြောင်း သတိပြုမိလိုက်သည်။

“ ဒီနေရာမှာ အသက်ဓာတ်လည်း မရှိဘူး။ အနီးအနားမှာ အားကောင်းတဲ့  သားရဲ ရှိမလားတော့ မသိဘူး။  သွားစစ်ကြည့်ရအောင် ….   ငါ့နောက်က လိုက်ခဲ့နော် ” မိုဝူကျိက စုရှီအား ညွှန်ကြားလိုက်သည်။

နှစ်နာရီအကြာတွင် မိုဝူကျိက ရပ်လိုက်တော့သည်။  သူ့ကို အံ့ဩသွားစေသည်က  လေထဲ၌ တွဲလောင်းကျနေသော ဝိညာဉ်ဆေးပင်များစွာကို မြင်တွေ့လိုက်ရ၍ ဖြစ်သည်။ ပြောရလျှင် တွဲလောင်းကျနေသော ကောင်းကင်အထီးကျန်မြက်ပင်များ ဖြစ်၏။

ထိုက်ရှီရှောင်က ကောင်းကင် အထီးကျန်မြက်ကို  နတ်ဘုရားကောင်းကင်ချောက်နက်အတွင်းမှ ရလာကြောင်း ပြောခဲ့သော်လည်း  သူ ပေးထားသော  တည်နေရာပြ သလင်းကျောက်မှာ အလုပ်အဖြစ်ပေ။ သူက ကောင်းကင် အထီးကျန်မြက် မြောက်များစွာ ရှာတွေ့လိမ့်မည်ဟု မည်သူ တွေးထားမည်နည်း။

“ ကောင်းကင်အထီးကျန်မြက်လား  ” စုရှီက  ကောင်းကင်အထီးကျန်မြက်အကြောင်း ကြားဖူး၍ မေးလိုက်သည်။

မိုဝူကျိက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး   “ ဟုတ်တယ်လေ ….   ငါ့အတွက် အရမ်းကို အသုံးဝင်တယ်။ ခူးနေတုန်း  ဒီမှာ ခဏစောင့်နေနော် ”

ကောင်းကင်အထီးကျန်မြက်  တစ်ထောင်ကျော်ရှိနေပြီး  မိုဝူကျိဆီ အကုန်ပါသွားလေ၏။ ထိုအပင်အားလုံးကို သိမ်းဆည်းပြီးနောက် သူက ခရမ်းရောင် အမြစ်ရှည်ရှည်ကို မြင်လိုက်ရသည်။

ထိုအမြစ်မှာ  ကောင်းကင်အထီးကျန်မြက်အောက်မှာ ရှိနေသည့်အတွက်  ကောင်းကင်အထီးကျန်မြက်များကို မယူပါက  ထိုအရာကို လုံးဝ သတိပြုမိမည် မဟုတ်ပေ။

“ အစ်ကိုကြီးမို … အဲဒါက  ဘာကြီးလဲ ” စုရှီ  အသက်အရွယ်မှာ ဗဟုသုတ အကန့်အသတ်ရှိသောကြောင့် သိချင်စွာ မေးလိုက်သည်။ သူမက ဤနေရာတွင် အသက်ဓာတ်နှင့်  သဘာဝငါးမျိုး မရှိ၍ ကောင်းကင်အထီးကျန်မြက်အပြင် တခြားသော ဆေးပင်များ ရှင်သန်ကြီးထွားရန် အင်မတန် ခက်ခဲကြောင်း သိထား၏။

မိုဝူကျိက ထိုမြစ်ဥကို ကောက်ယူလိုက်သည်နှင့်  ထူးခြားသော စွမ်းအင်များ ထွက်ပေါ်လာကာ သူ့အာရုံ ဖမ်းစားသွားလေ၏။ သူက ဤမြစ်ဥကို  နတ်ဘုရားကောင်းကင်ချောက်နက်မှ ယူသွားပြီး သူ့ရုပ်ခန္ဓာ ကျင့်ကြံဖို့ရာ ဆန္ဒပြင်းပြနေလေ၏။

ထိုမြစ်ဥအား သိမ်းထားပြီးနောက် မိုဝူကျိက အသက်ပြင်းပြင်းရှုကာ

“ ဒါက အာကာပြင် နိဗာန မြစ်ဥလေ။ ဒီနေရာမှာ ရှာတွေ့လိမ့်မယ်လို့ ထင်မထားမိဘူး။ တကယ်တော့  စွန့်စားခြင်းဆိုတာ မရှိဘဲ ဆုလာဘ်ဆိုတာ ဖြစ်မလာဘူးလေ ”

အကယ်၍ သူသာ အသက်ကို စတေး၍ စုရှီနှင့် သူမ ဆရာတို့အတွက် မရပ်တည်ပေးခဲ့လျှင် နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ရောက်ရှိလာမည် မဟုတ်ပေ။ သူသာ ရောက်မလာပါက  ဤအာကာပြင် နိဗာနမြစ်ဥအား ရှာတွေ့မည် မဟုတ်ချေ။

အာကာပြင် နိဗာနမြစ်ဥမှာ  သူ့ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ပြီး လေ့ကျင့်ဖို့ရာအတွက် အကောင်းဆုံးရတနာ ဖြစ်ပေသည်။ အကယ်၍ သူသာ  အင်မော်တယ်ရုပ်ခန္ဓာအဆင့် ရောက်ရှိစေရန် ဤသို့မျိုး ထိပ်တန်းရတနာ ရှိပါက  နောင်အနာဂတ်၌  အဆင့်မြင့်မြင့် တက်လှမ်းဖို့ရာ အင်မော်တယ်ဆေးပင်များ ထပ်လိုတော့မည် မဟုတ်ပေ။

အစပိုင်းတွင် မိုဝူကျိက ခန္ဓာကိုယ် လေ့ကျင့်ဖို့ရာ   ထာဝရ တော်ဝင်ဝါးကို အသုံးပြုဖို့ရာ ရည်ရွယ်ထားသော်လည်း  ယခု အာကာပြင် နိဗာန မြစ်ဥ ရှိနေပြီ ဖြစ်ရာ  ထာဝရ တော်ဝင်ဝါးထက် ဤအရာသာ ရွေးချယ်ပေလိမ့်မည်။  ထိုပစ္စည်းနှစ်ခု၏ အလားအလာကို ယှဉ်ကြည့်လျှင် ထာဝရ တော်ဝင်ဝါးပင်မှာ အာကာပြင် နိဗာနမြစ်ဥနှင့်အဆင့်ပင် မတူချေ။

အာကာပြင် နိဗာန မြစ်ဥ ရရှိလာခြင်းမှာ ကံကောင်းမှုကြောင့် ဖြစ်သော်လည်း မိုဝူကျိအတွက် သူ့စိတ်ဝိညာဉ်အထိ ထောက်ခံချက် ရှိ၏။  လူအများ၏  ကြင်နာမှုနှင့်  သမာသမတ်ကျမှုများကို  ဟန်ချက်ထိန်းညှိပေးနေသည့် အင်အားမျိုး ရှိနေမည်ကို မည်သူ  သိမည်နည်း။ သူက စုရှီကို ကယ်တင်ပြီး မကြာခင်တွင် အာကာပြင် နိဗာန မြစ်ဥကို ရရှိခဲ့ခြင်း ဖြစ်ပေသည်။

“ အာ ” စုရှီပင် အံ့ဩလွန်း၍  ထခုန်မတတ် ဖြစ်မိသွား၏။ သူမအနေဖြင့် အတွေ့အကြုံ လိုအပ်နေသော်လည်း  အာကာပြင် နိဗာနမြစ်ဥမှာ မည်သို့အရာမှန်း ကောင်းကောင်း  သိထား၏။ ထိုအရာမှာ အဆင့် ၉ ရတနာများကို  ကျော်လွန်နိုင်သည့် အဆင့်မဲ့ ရတနာ ဖြစ်ပေသည်။

“ အစ်ကိုကြီးမိုကို ဂုဏ်ပြုပါတယ် ….” စုရှီက  မိုဝူကျိအတွက် ဝမ်းသာမိနေသည်။ မိုဝူကျိက  ထိုမြစ်ဥကို မည်မျှ သဘောကျနှစ်သက်ကြောင်း ပြောနိုင်လေ၏။

“ စုရှီ …. ငါက ဒီနေရာမှာ ဆေးဖော်စပ်ရင်း တံခါးပိတ် ကျင့်ကြံဖို့ တွေးထားတယ်။ မင်းလည်း  မဟာခွန်ဗုဒ္ဓ မီးအိမ်ကို သန့်စင်ထားသင့်တယ်။  ငါလည်း အဆင့် ၈ ဆေးလုံး ဖော်စပ်ကြည့်ဖို့ ကြိုးစားကြည့်ဦးမယ်။ ငါသာ ဖော်စပ်နိုင်ရင် ငါတို့တွေ ဒီနေရာက ထွက်သွားလို့ ရပြီ ”  မိုဝူကျိက  သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားရင်း  စုရှီကို အကြံ ပြောပြလိုက်သည်။

သူက ဆေးဖော်စပ်လိုသည်မှာ  အဆင့်  ၈ ဆေးလုံးဧကရာဇ်အဖြစ် တက်လှမ်းလို၍ ဖြစ်သည်။ သူ့အဓိက ရည်ရွယ်ချက်မှာ  အဆင့် ၈ ဆေးလုံးဧကရာဇ်အနေဖြင့် တပ်ကူ ရရှိလာဖို့ မဟုတ်ဘဲ  အသွင်ပြောင်းဆေးလုံး ဖော်စပ်ဖို့ရာ ဖြစ်၏။

အသွင်ပြောင်းဆေးလုံး၏ တစ်ခုတည်းသော အသုံးဝင်ပုံမှာ  ကျင့်ကြံသူ၏ သွင်ပြင်နှင့် အငွေ့အသက်များကို ပြောင်းလဲပေးနိုင်ခြင်း ဖြစ်ရာ သူ့နှင့် အရင်းနှီးဆုံးသူပင်  မှတ်မိမည် မဟုတ်ပေ။ ယခု သူက အင်အားစုများစွာကို ရန်စမိထားသည့်အတွက် နတ်ဘုရားကောင်းကင်ချောက်နက်မှ ထွက်သွားသည့်အခါ အသုံးဝင်လာလိမ့်မည်။

အယောင်ဆောင်  မျက်နှာဖုံးများက အသွင်ပြောင်းဆေးလုံးလောက် မကောင်းချေ။ ထို့အပြင် ကျင့်ကြံသူတိုင်းက  အသွင်ပြောင်းဆေးလုံး သုံးဖို့ရာ အရည်အချင်း မပြည့်မှီပေ။

“ ဟုတ်ပါပြီ … အစ်ကိုကြီး စကားကို နားထောင်ပါ့မယ်  ” စုရှီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူမက  ဤသို့မျိုး နေရာ၌ ကျင့်ကြံဖို့ရာ ပါရမီ မပါသောကြောင့် သူမအတွက် အကျိုးသိပ်မရှိပေ။

မဟာခွန်ဗုဒ္ဓ မီးအိမ်အတွက်  သူမက ဆက်၍ သန့်စင်နေရမည်။ မဟာခွန်ဗုဒ္ဓ မီးအိမ်ကို အင်အားအပြည့်  တစ်ဝက်အထိ သန့်စင်ထားနိုင်ပါက  သူမအနေနှင့်  သူမကိုယ်သူမ  နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ကာကွယ်ထားနိုင်လိမ့်မည်။

………

နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝမှာ  မြို့ပြင်တစ်ခုအလား ဖြစ်နေလေပြီ။

နတ်ဘုရားမျှော်စင်မှာ  တဖြည်းဖြည်းနှင့် ပိုမိုရှင်းလင်းလာပြီး အားလုံးလည်း နတ်ဘုရားမျှော်စင်ဖွင့်တော့မည်မှန်း သိကြသည်။ ဖွင့်လာသည်နှင့် ပစ္စည်းလဲလှယ်ဖို့ လူများစွာ တန်းစီနေကြလိမ့်မည်။ နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝသို့  ရောင်းဝယ်ရေး အဖွဲ့အစည်းကို ရွေ့လိုက်သည်က  ပို၍ အဆင်ပြေသွားလိမ့်မည်။

နတ်ဘုရားကောင်းကင်ချောက်နက်အလယ်၌  ဝေဝါးဝါး မျှော်စင်မှာ စတင်၍ ပေါ်လာလေပြီ။ အားလုံးက  ထိုအရာမှာ နတ်ဘုရားမျှော်စင် ဖြစ်ကြောင်း သိကြသည်။ နတ်ဘုရားကောင်းကင်ချောက်နက် အဝင်ဝတွင် ရပ်နေရင်း  မျှော်စင်၏ ထိပ်ဆုံးကိုလည်း မမြင်နိုင်သလို အောက်ခြေကိုလည်း မမြင်ရချေ။

မျှော်စင်၏ မှိန်ဖျဖျ ပုံရိပ်မှာ ပေါ်လာပြီး  မျှော်စင်မှ ရွှေရောင်အလင်းများ တောက်ပနေလေသည်။

နတ်ဘုရားကောင်းကင်ချောက်နက်အဝင်ဝတွင် ခပ်ပုပုလူငယ်လေး တစ်ယောက် ရပ်နေရင်း  မျှော်စင်ကို ကြည့်နေပြီး မျက်ဆံများက ဟိုဟိုသည်သည် ရွေ့နေသည်။ အကယ်၍ မိုဝူကျိသာ ရှိနေပါက ထိုလူမှာ  ထိုက်ရှီရှောင် ဖြစ်ကြောင်း ပြောနိုင်လိမ့်မည်။ ထိုက်ရှီရှောင်မှာ မိုဝူကျိအား  အထီးကျန်ကျီဆေးလုံးကို ဖော်စပ်ပေးဖို့ရာ အကူအညီတောင်းသူ ဖြစ်ပြီး မိုဝူကျိအား ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ် နှင့် ကောင်းကင်အထီးကျန်မြက် တည်နေရာအကြောင်း ပြောပြခဲ့သူ ဖြစ်ပေသည်။

………….

တစ်ချိန်တည်းတွင် မိုဝူကျိက  ဖြူဆွတ်နေသော  ဆေးခြောက်လုံးကို ထုတ်ကာ  အလွန်အမင်း ကျေနပ်မိနေသည်။ တစ်နှစ်ကြာပြီးနောက် သူက မကျင့်ကြံဘဲ  ဆေးကိုသာ ဆက်တိုက် ဖော်စပ်နေပြီး ဆေးလုံးတာအိုကို ပြန်လည် သုံးသပ်နေခဲ့သည်။ သူ့တွင် ရှိနေသော အဆင့် ၈ ဆေးပင်များမှာ ကုန်သွားပြီ ဖြစ်ရာ  အဆင့် ၈ ဆေးလုံးဧကရာဇ် အဖြစ် တက်လှမ်းနိုင်ခဲ့လေပြီ။  ဤပြိုင်ဖက်ကင်း အသွင်ပြောင်းဆေးလုံးများဖြင့် သူက  အင်မော်တယ်လောက၏ ဆေးလုံးတာအို၏ ထိပ်ဆုံး၌ ရပ်တည်နေနိုင်ပြီ ဖြစ်၏။

မိုဝူကျိက  အဆုံးမဲ့ အာကာပြင်ကြီးကို ကြည့်ကာ နတ်ဘုရားမျှော်စင် ဖွင့်တော့မည့်အကြောင်း စဉ်းစားနေမိပြီး  တတ်နိုင်သမျှ ဝင်ရမည့် လမ်းကိုလည်း  ရှာဖွေတွေးတောနေရသည်။

All Chapters