← Chapters

နတ်ဘုရားမျှော်စင် ဖွင့်ခြင်း

Vol. 47 Ch. 644

နတ်ဘုရားမျှော်စင် ဖွင့်ခြင်း

Vol. 47 Ch. 644

နတ်ဘုရားမျှော်စင်အတွင်း  အလင်းများက ပိုပြီး အားကောင်းလာကာ  နတ်ဘုရားမျှော်စင်အား ပိတ်ကွယ်နေသော မြူများကိုပင် ဖြည်းဖြည်းချင်း အရည်ပျော်ကျသွားစေသည်။

မကြာခင် နတ်ဘုရားမျှော်စင် မြင်ကွင်းက  အပြည့်အဝ ပေါ်လာပြီး  ထိုရှေ့၌ အပြာရောင်ကျောက်လမ်း ရှိကြောင်းပင် လှမ်းမြင်နေရ၏။

နောက်ထပ် လဝက်ကုန်ဆုံးသွားပြီးနောက် နေရာတစ်ဝှက်၌ အသံများ ထွက်ပေါ်လာသလို  မြူများမှာလည်း  အဝတ်စလေးအလား လွှင့်ထွက်သွားကာ  မျှော်စင်ကို ရှင်းရှင်းလင်းလင်း မြင်လာရပြီ ဖြစ်၏။

“ နတ်ဘုရားမျှော်စင်က မကြာခင် ဖွင့်တော့မယ် ” လူတစ်ယောက်က အော်ပြောလိုက်ပြီး နတ်ဘုရားမျှော်စင် ဝင်ခွင့် အမှတ်အသားပြားနှင့် ကျင့်ကြံသူများက  ကောင်းကင်နတ်ဘုရားချောက်နက် အစွန်းအဖျား၌ စိတ်ပူပင်စွာ စောင့်နေကြသည်။ နတ်ဘုရားမျှော်စင် ဖွင့်လိုက်သည်နှင့် သူတို့ တန်းဝင်လိုက်ရုံ ဖြစ်၏။

ထိုက်ရှီရှောင်က ထောင့်တစ်နေရာတွင် ရပ်နေပြီး   အားလုံး၏ အာရံမှာ အပြာရောင်ကျောက်လမ်းပေါ်တွင်သာ ရှိကြစဉ်  သူက  နတ်ဘုရားကောင်းကင်ချောက်နက်အတွင်းပိုင်းသို့  စိုက်ကြည့်နေသည်။

“ မင်းက  ထိုက်ရှီရှောင်လား ” အသံတစ်သံ ထွက်ပေါ်လာလေ၏။

သူ့ကြောရိုးတစ်လျှောက် ကြက်သီးတဖြန်းဖြန်း ထသွားကာ   တစ္ဆေအလား ဖြူဖျော့နေသည့် လူငယ်လေးက သူ့ရှေ့ ပေါ်လာသည်။ ထိုလူက သူ့အား အေးစက်စွာ စိုက်ကြည့်နေသည်။

“ ဟုတ်ပါတယ် ကျုပ်က ထိုက်ရှီရှောင်ပါ … ဘာကိစ္စများ ရှိလို့လဲ ” ထိုက်ရှီရှောင်က ရိုရိုကျိုးကျိုး ဦးညွှတ်ကာ မေးလိုက်သည်။

လူငယ်လေးက ပုံမှန်အတိုင်းသာ ပြောလိုက်သည်

“ မင်းက အဆင့် ၈ အင်မော်တယ် ပစ္စည်းနဲ့  အထီးကျန်ကျီဆေးနှစ်ပုလင်းကို သုံးပြီး ဂျူနီယာညီမလေး လုယွီရဲ့ ဝင်ခွင့်နဲ့ လဲလိုက်တာဆို ”

“ အာ ..” ထိုက်ရှီရှောင်က လူငယ်လေးအား ကြောင်တောင်တောင် စိုက်ကြည့်ကာ  “ နတ်ဘုရားမျှော်စင် ဝင်ခွင့်လား …. နတ်ဘုရားမျှော်စင် ဝင်ဖို့ အမှတ်အသားပြားကို ပြောနေတာလား  ”

“ အူကြောင်ကြောင် လုပ်မနေစမ်းနဲ့ ….. မင်းက  ဂျုနီယာညီမလေး လုယွီရဲ့ ဝင်ခွင့် အမှတ်အသားပြားနဲ့ လဲခဲ့လား ၊ မလဲခဲ့ဘူးလား  ” လူငယ်လေးက မျက်မှောင်ကျုတ်ကာ ထိုက်ရှီရှောင်အား  စိတ်မရှည်စွာ ထပ်မံ မေးလိုက်သည်။

ရုတ်တရက်ဆိုသလို ထိုက်ရှီရှောင်က  ပြန်တုံ့ပြန်လိုက်ပြီး  “ မင်းဘိုးအေ ငါက လဲခဲ့တယ်ကွာ  …  ဘာဖြစ်ချင်တုန်း  …. ”

ထိုသို့ပြောပြီးနောက် သူက နတ်ဘုရားမျှော်စင်ဆီ ချက်ချင်း ပြေးသွားတော့သည်။

လူအများစုက  နတ်ဘုရားကောင်းကင်ချောက်နက် အစွန်းအဖျားတွင် ရှိနေခြင်းမှာ မျှော်စင် မဖွင့်သေး၍ ဖြစ်သည်။ သို့သော် လူတစ်ယောက်က အတင်းပြေးသွားသည်ကို သတိပြုမိလိုက်သည်နှင့်  ကျင့်ကြံသူများစွာလည်း လိုက်၍ ပြေးကြတော့သည်။

ထိုက်ရှီရှောင်ကို တားခဲ့သော  လူငယ်လေးက ကြောင်သွားသော်လည်း  ထိုက်ရှီရှောင်မှာ မျှော်စင်အတွင်း ဝင်ရောက်သွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။

“ ခဏ …. နတ်ဘုရားမျှော်စင်က မဖွင့်သေးဘူး  ” အတွေ့အကြုံရှိသည့် အဆင့်မြင့် ကျင့်ကြံသူ တစ်ဦးက မြန်မြန် အော်ပြောလိုက်သည်။

သို့သော်လည်း အများစုမှာ နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း ဝင်သွားကြပြီ ဖြစ်ရာ  မည်သူကများ နတ်ဘုရားမျှော်စင် ဖွင့်၊ မဖွင့် ဂရုစိုက်နေနိုင်မည်နည်း။ အမျိုးသားများ၏ အတွေးမှာ နှစ် တစ်ရာပင် နေနေ၊ နှစ် တစ်သောင်းပင် နေနေ အမြဲတမ်း အတူတူ ဖြစ်၏။ တည်နေရာ အသစ်တစ်ခု ပွင့်လာသည်နှင့် ပထမဆုံး ဝင်သည့်သူမှာ ပစ္စည်းကောင်းများ ပိုရတတ်ပေသည်။

……………

“ အစ်ကိုကြီးမို ရုတ်တရက်ကြီး ဘာလို့ လူတွေများလာတာလဲ ….” နတ်ဘုရားကောင်းကင်ချောက်နက်အတွင်း  မိုဝူကျိနှင့်အတူ ပုန်းနေသည့်  စုရှီက လူအုပ်ကြီးကို  မြင်သောအခါ  သိချင်စွာ မေးလိုက်၏။ ပုံမှန်သဘောတရားအရဆိုရလျှင် နတ်ဘုရားမျှော်စင်မှာ အပြည့်အဝ မပွင့်လာသေးပေ။

မိုဝူကျိက မျက်မှောင်ကျုတ်ကာ  သူလည်း အဖြစ်အပျက်ကို လိုက်မမှီတော့ပေ။ နတ်ဘုရားမျှော်စင်မှာ ပိတ်နေဆဲ ဖြစ်ပေသည်။

“ ဘုန်း ” ကြောက်ခမန်းလိလိ အသံများ ပဲ့တင်ထွက်လာပြီး ဧရာမ ရွှေတံခါးချပ်ကြီးက  အပြာရောင်ကျောက်လမ်းအဆုံး၌ ပေါ်လာလေသည်။ တံခါးက ပွင့်သွားပြီး  ရှေးဟောင်း အငွေ့အသက်များ ထုတ်လွှင့်နေသည်။

မိုဝူကျိက သူ့စိတ်ထဲ၌ ထိုလူများကို မလေးစားဘဲ မနေနိုင်တော့ချေ။ နတ်ဘုရားမျှော်စင်က မပွင့်သေးသော်လည်း သူတို့ ချည်းကပ်သွားသည်နှင့် တံခါးက တိုက်တိုက်ဆိုင်ဆိုင် ပွင့်သွားလေ၏။

“ စုရှီ … မဟာခွန်ဗုဒ္ဓ မီးအိမ်ကို မြန်မြန် သိမ်းလိုက်၊ နတ်ဘုရားမျှော်စင်က  ပွင့်သွားပြီဆိုတော့ ငါတို့လည်း ချက်ချင်း ဝင်ရမယ်။ မှတ်ထား  … လုံးဝကို  လိုအပ်နေတဲ့အခါက လွဲရင် ဒီမီးအိမ်ကို လုံးဝ ထုတ်မသုံးနဲ့နော်  …  ” မိုဝူကျိက သူမကို အသေအချာ မှာကြားလိုက်ပြီး တာ့ဟွမ်အား  ထာဝရ ကမ္ဘာထဲ ပို့လိုက်သည်။

မိနစ်များစွာအကြာတွင် မိုဝူကျိနှင့် စုရှီတို့က  လူအုပ်ကြား တိုးဝှေ့ရင်း နတ်ဘုရားမျှော်စင်ဆီ ဝင်သွားနိုင်လိုက်သည်။

ထိုစဉ် မိုဝူကျိက ပိန်ပါးပါး အသားညိုညို လူငယ်ပုံစံ ဖြစ်နေပြီး  စုရှီက သူ့ဂျုနီယာညီမလေးသဖွယ် ဖြစ်ကာ  သူမ၏ နဂိုသွင်ပြင် သူတော်စင်ပုံစံ မဟုတ်တော့ဘဲ  သူမ ဆံနွယ်များမှာ ပခုံးထက်၌ ဖြာကျနေလေသည်။

နတ်ဘုရားမျှော်စင် ဝင်ခွင့် အမှတ်အသားပြားမှာ ရရှိဖို့ရာ မလွယ်ကူသော်ငြား  လူ အနည်းအကျဉ်းတော့ မဟုတ်ပေ။ ပြောရမည်ဆိုလျှင် နတ်ဘုရားမျှော်စင် ပိတ်သွားသည့်အချိန်တိုင်း  များပြားစွာသော ကျင့်ကြံသူများ သေဆုံးလေ့ရှိသော်လည်း  အထဲရှိ  နတ်ဘုရားမျှော်စင် ဝင်ခွင့် အမှတ်အသားပြားတိုင်းမှာ  အပြင် ပြန်ရောက်လာကြသည်။ ထို့ကြောင့် နတ်ဘုရားမျှော်စင် ဖွင့်သည့်အချိန်တိုင်း  ကျင့်ကြံသူများစွာက ဝင်ရောက်နေကြဆဲ ဖြစ်ပေသည်။

နတ်ဘုရားမျှော်စင် ဝင်ခွင့် ကိုင်ထားသော  လူအများစုက ရွှေရောင်တံခါးဆီ အတင်းအကျပ် သွားနေကြရာ မိုဝူကျိနှင့် စုရှီလည်း လူအုပ်ကြီးကြား  တိုးဝှေ့၍   သိုသိုသိပ်သိပ် နေလိုက်ကြတော့သည်။

……………..…

နတ်ဘုရားကောင်းကင်ချောက်နက် အစွန်းအဖျား၌ ဆံပင်အပြာရောင်နှင့် အမျိုးသားက  နတ်ဘုရားမျှော်စင် တံခါးအား ကြည့်နေပြီး ဝင်သွားသည့် လူများကို  စိတ်ထဲ၌ မှတ်ထားလိုက်သည်။ လူများစွာ ဝင်လေလေ အပြင်ဘက်ရှိ လူအရေအတွက်က နည်းပါးလာလေလေ ဖြစ်ပြီး သူ့အမူအယာမှာလည်း ပို၍ ဆိုးရွားလာသည်။

သူ့တစ်ကိုယ်လုံးမှာ လျှပ်စီးအဆီအနှစ်များဖြင့် လွှမ်းခြုံထားသကဲ့သို့  ဖြစ်ပေါ်နေသည်။

“ အစ်ကို ကူယွင် ….  အဲခွေးကောင်ကို စောင့်ကြည့်နေတာလား  ” အက်ရှရှ အသံ တစ်သံ ပေါ်လာလေ၏။

ဆံပြာရောင်အမျိုးသားက လှည့်ကြည့်လိုက်သည့်အခါ ပိန်ပါးပါး အမျိုးသားကို မြင်၍ ရိုရိုကျိုးကျိုး ဦးညွှတတ်ကာ

“ မဟာဓားလမ်းစဉ်ရဲ့  အစ်ကိုမင်ရှုပါ့လား … ကြည့်ရတာ ကျုပ်တို့တွေ  အကြံတူနေတယ် ထင်တယ်  ”

ဆံပြာရောင် အမျိုးသားက  မဟာဗောဓိ အင်မော်တယ်နယ်မြေ၏ လျှပ်စီးဂိုဏ်းမှ ဖြစ်ပြီး ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပေသည်။ သူ အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းစဉ်  အင်မော်တယ်ဧကရာဇ် တစ်ယောက် ရှိပြီးသား ဂိုဏ်းကြီးတစ်ခုကို သုတ်သင်ခဲ့ဖူး၏။

ပိန်ပါးပါး အမျိုးသားက နောက်ကျောတွင် ဓားတစ်ချောင်း သယ်ဆောင်ထားပြီး မျက်လုံမှေးမှေးနှင့်အတူ မျက်ခုံးဖြောင့်ဖြောင့် ပါရှိသည်။ သူ့အဆင့်အတန်းမှာလည်း လိန်ကူယွင်ထက် မနိမ့်ကျပေ။ သူက  လော့လင်အင်မော်တယ်နယ်မြေ၏ မဟာဓားလမ်းစဉ်၏ ဂိုဏ်းချုပ် ဖြစ်ပေသည်။ မဟာဓားလမ်းစဉ်၏ အင်မော်တယ် အုပ်စိုးသူ အကြီးအကဲ အသတ်ခံလိုက်ရစဉ် ကတည်းမှ သူက ဂိုဏ်းချုပ်အနေနှင့် ဘာမှမလုပ်နိုင်ခဲ့ပေ။ ထို့အပြင် ထိုအင်မော်တယ် အုပ်စိုးသူမှာ ဆာကျန်း ဖြစ်နေပြီး  မဟာဓားလမ်းစဉ်ဂိုဏ်း၏ ပါရမီရှင် ဟွမ်ရှား၏ ဆရာလည်း ဖြစ်ပေသည်။

“ အစ်ကို ကူယွင်ရဲ့ လျှပ်စီးစွမ်းအားတွေက အလျှံ့အပယ်ပဲ  …. ကြည့်ရတာ  ခင်ဗျားရဲ့  လျို့ဝှက်ပညာရပ် နောက်တဆင့် တက်လှမ်းရတော့မယ် ထင်တယ် ” ယီမင်ရှုက  လိန်ကူယွင်မှာ နောက်တစ်ဆင့် တက်လှမ်းတော့မည်မှန်း  သိလိုက်သည်။ မဟုတ်လျှင် လျှပ်စီးစွမ်းအားများက ဤသို့ လျှံပယ်နေမည် မဟုတ်ပေ။ ပုံမှန်အားဖြင့် လိန်ကူယွင်က  ထွက်လာမည် မဟုတ်သော်လည်း  သူ ထွက်လာပြီး နတ်ဘုရားကောင်းကင်ချောက်နက်အထိ ရောက်နေပြီ ဖြစ်သောကြောင့်   သူ မည်မျှ‌ ဒေါသထွက်နေလဲဆိုတာ သိသာပေသည်။

လိန်ကူယွင်က အသက်ပြင်းပြင်း ရှုလိုက်ပြီး

“ ဟုတ်တယ် .. အဲဒီခွေးကောင်က ကျုပ်တို့ လျှပ်စီးဂိုဏ်းရဲ့ အကြီးအကဲ   ချီကျွှင်းယီကိုရော နောက်ထပ် အင်မော်တယ် အုပ်စိုးသူနဲ့ အင်မော်တယ်ဘုရင်အဆင့်ကိုရော သတ်သွားတာ  …. ကျုပ် သူ့အရိုးတွေကို ချိုးပြီး အမှုန့်လုပ်မပစ်ရရင် ကျုပ် လိန်ကူယွင် ဒီနှစ်တွေ ကျင့်ကြံလာတာ  အချည်းနှီး ဖြစ်သွားလိမ့်မယ် ”

ယီမင်ရှုက ခေါင်းညိတ်ကာ သဘောတူဟန်ဖြင့်

“ အဲဒီလူက အတော်လေး လူမဆန်ပြီးတော့ ရက်စက်တယ်။ ကျုပ်တို့ မဟာဓားလမ်းစဉ်ဂိုဏ်းရဲ့  ဆရာတပည့်ကို နတ်ဘုရားကောင်းကင်ချောက်နက်အဝင်ဝမှာ ပစ်ထားတာသာ ကြည့်ပါတော့  …. သူ့ရဲ့ ဝိညာဉ်ကို  ထုတ်ပြီးတော့  အစိမ်းလိုက် ဝါးစားပစ်မှ ကျေနပ်နိုင်မယ်  ”

လိန်ကူယွင်က  ယီမင်ရှု ဆိုလိုရင်းကို နားလည်၏  “ ပြောရရင် အဲဒီလူက နတ်ဘုရားမျှော်စင် ဝင်ခွင့်ကို ရထားတာဆိုတော့  သေချာပေါက် ဝင်မှာပဲ  … ဒါနဲ့ ဘာလို့ ကျုပ်က မတွေ့သေးတာပါ့လိမ့်  ”

ယီမင်ရှုက ပြန်ဖြေလိုက်၏

“  လူတစ်ယောက်ရဲ့ သွင်ပြင်ကို ပြောင်းလဲဖို့ နည်းလမ်းအများကြီး ရှိပါတယ်။ မိုဝူကျိက ငယ်ငယ်ရွယ်ရွယ်နဲ့  အဆင့်  ၇ ဆေးလုံးဧကရာဇ်ဆိုတော့  လွယ်လွယ် လက်လျော့မဲ့သူတော့ မဟုတ်ဘူး။ ခန့်မှန်းကြည့်ရသလောက်  သူက နတ်ဘုရားမျှော်စင်ထဲ မဝင်ခင် ပုံစံ ပြောင်းလဲလိုက်တာ ဖြစ်မယ်။ ကျုပ်တို့တွေ  ဒီနေရာမှာ စောင့်ကြရုံပေါ့ ….  တကယ်လို့  သူ မသေခဲ့လို့ ထွက်လာလိမ့်မယ်။ သူ  သေခဲ့ရင်တော့ သူ့အတွက်  ကံကောင်းသွားတာပေါ့  …. ”

…….…

တောက်ပနေသော ရွှေရောင်တံခါးကြီးထဲ ဝင်ပြီးနောက် မိုဝူကျိက  အားပြင်းပြင်း တစ်ခုက သူ့အား ဆွဲခေါ်သွားသလို ခံစားလိုက်ရသည်။ အဆုံးမဲ့သော စွမ်းအားများအောက် သူက တစက်လေးမျှ ပြန်မတိုက်နိုင်ပေ။

“ ပလုံ ….” အေးစက်စက် ခံစားချက်ကြောင့် မိုဝူကျိက ရေထဲ ကျသွားကြောင်း သိလိုက်သည်။ သူ ပထမဆုံး လုပ်သည့်အရာမှာ တာ့ဟွမ်ကို ထုတ်လိုက်ခြင်း ဖြစ်၏။

“ ဘုန်း ” တာ့ဟွမ် ထွက်လာသည်နှင့် လက်သီးချက် ထုတ်ဖော်လိုက်သည့်အခါ အင်မော်တယ်စွမ်းအားများမှာ  သူ့ဘေးပတ်လည် အရူးအမူး စီးဆင်းလှည့်ပတ်လာကြ၏။ ရေထဲ ဧရာမ ဝဲကတော့ကို ဖန်တီးလိုက်သလို ဖြစ်နေသည်။  ပါးစပ်ထဲ  အစွယ်အပြည့်နှင့် ငါးတစ်ကောင်က သွေးသံရဲရဲဖြင့် ထွက်ပြေးသွားလေသည်။

သွေးနံ့များ လှိုင်လှိုင်သင်းလာပြီး မိုဝူကျိက  တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ ထို့ကြောင့် တာ့ဟွမ်ကို ခေါ်ပြီး  ရေထဲမှ ချက်ချင်း ထွက်လာလိုက်ခြင်း ဖြစ်၏။

ခဏအကြာတွင် အမည်မသိ ငါးမျိုးစိတ်  အကောင်ပေါင်းမြောက်များစွာက သူ့နဂိုနေရာသို့ ရောက်ရှိလာကြသည်။ မိုဝူကျိက ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။ သူသာ တစ်စက္ကန့်လောက် နောက်ကျပါက  အရှင်လတ်လတ် ဝါးမျိုခံရတော့မည် ဖြစ်ကြောင်း သတိပြုမိလိုက်သည်။

စုရှီ မည်သည့်နေရာ ရောက်သွားမည်ကို မည်သူ သိမည်နည်း။ သို့သော် မိုဝူကျိက   သူနှင့်နေရာအတူတူ  အန္တရာယ်များလှသော ရေထဲ အပို့ခံလိုက်ရခြင်း  မဖြစ်ပါစေနှင့်သာ ဆုတောင်းမိသည်။

သို့သော်လည်း မိုဝူကျိက လွန်းပျံယာဉ်ကို မထုတ်ယူရဲပေ။ ထို့အစား  တာ့ဟွမ်နှင့်အတူတူ ရေမျက်နှာပြင်ထက်၌ အသာနင်းလျှောက်လာလိုက်သည်။ မကြာခင် ကမ်းစပ်တွင် ရှိနေသော  ကျောက်တုံးကြီးများအပေါ် ရောက်ရှိလာသည်။

ကျောက်တုံးဘေးပတ်လည်၌ သာမာန်ကမ်းစပ်နှင့် မကွာခြားသည့် မီးခိုရောင်သဲများ ရှိနေ၏။ မိုဝူကျိက သက်ပြင်းချကာ  ခြေချတော့မည့်ဆဲဆဲတွင် တာ့ဟွမ်က  ရုတ်တရက် ခုန်ချကာ လက်သီးနောက်တစ်ချက် ပစ်ခွင်းလိုက်သည်။

“ ဘုန်း ” ဘေးပတ်လည် သဲများမှာ  အင်မော်တယ်စွမ်းအား သက်ရောက်မှုအောက်တွင် အမှုန့်ဖြစ်သွားပြီး  မှင်စာကဲ့သို့သော အရာလေးက အလျှင်အမြန် ထွက်ပြေးသွားပြီး အနီးအနားရှိ ရေကန်ထဲ ခုန်ဆင်းသွားလေ၏။

ထိုအရာကို မြင်ပြီး မိုဝူကျိက လေအေးများ ရှုရှိုက်မိလိုက်သည်။ သူက တာ့ဟွမ် မည်မျှ အားကောင်းကြောင်း ကောင်းကောင်း သိထားပြီး ထိုလက်သီးချက်မှာ မဟာဧကရာဇ်အဆင့်ပင် အားကုန်သုံး၍ တားဆီးရလိမ့်မည်။ သို့သော်လည်း ထိုမှင်စာပေါက်စက  အရိုက်ခံရပြီးနောက် မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ရေထဲ ခုန်ဆင်းသွားလေ၏။

“ တာ့ဟွမ် အဲဒါက ဘာကြီးလဲ  …” မိုဝူကျိက အထိတ်တလန့် မေးလိုက်သည်။

တာ့ဟွမ်က  ဗလုံးဗထွေးဖြင့်   “ ကြည့်ရတာ  ပစ္စည်း စိတ်ဝိညာဉ် ထင်တယ်။ ဒါပေမဲ့  ဘယ်လိုအမျိုးအစားလဲတော့  ကျတော်လည်း မသိဘူး  ”

ပြောပြီးနောက် တာ့ဟွမ်က ခေါင်းကုတ်ကာ စဉ်းစားလိုက်သည်။

ပစ္စည်း စိတ်ဝိညာဉ်တဲ့လား ….

 ပစ္စည်း စိတ်ဝိညာဉ်က အဲလောက် အားကောင်းတယ်လား  ….

မိုဝူကျိက သူ့ကိုယ်သူ  ပို၍ သတိထားရန် ပြန်မှာကြားနေရသည်။ မြေပြင်ပေါ် ခြေချလိုက်သည်နှင့် တာ့ဟွမ် လက်သီးချက်ကြောင့် ဖြစ်ပေါ်လာသည့်  ချိုင့်ကြီးအတွင်း ကြေးလက်စွပ်တစ်ကွင်းကို တွေ့လိုက်ရသည်။ ကြေးလက်စွပ်မှာ အမည်မသိ ပစ္စည်းဖြင့် ပြုလုပ်ထားပြီး သူ့စိတ်စွမ်းအားပင် မထိုးဖောက်နိုင်ပေ။ ဝိညာဉ်စွမ်းအား အရိပ်အယောင်လည်း ရှိမနေသည့်အတွက်  သတ္တုအကြွင်းအကျန်လည်း မဖြစ်နိုင်ပေ။

“ တာ့ဟွမ် … ဒါ စောစောလေးက ထွက်ပြေးသွားတဲ့  ပစ္စည်း စိတ်ဝိညာဉ် ကျန်ခဲ့တာ နေမယ်။ ကြေးလက်စွပ်က အဆင့်တော်တော်မြင့်တဲ့ပုံပဲ  ” မိုဝူကျိက ပြောနေရင်း  ကြေးလက်စွပ်ကို ယူဖို့ရာ လက်လှမ်းလိုက်၏။

“ ဘုန်း ” ရေလုံးက မိုဝူကျိအား ပစ်မှတ်ထားကာ ထွက်ပေါ်လာ၏။ တာ့ဟွမ်က ဘေး၌ ရှိနေသည့်အတွက် လက်သီးချက်ဖြင့် ပြန်လည်ချေပလိုက်သည်။

“ ဖူး ” ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ရေထဲမှ ထွက်လာသော အရာမှာ တာ့ဟွမ်ကြောင့် နောက်တစ်ကြိမ် လွှင့်စင်သွားပြန်သည်။

မိုဝူကျိက  တုံ့ဆိုင်းခြင်းမရှိ “ တာ့ဟွမ် သွားကြစို့   … ဒီနေရာကနေ ချက်ချင်း ထွက်သွားကြမယ် ”

ပစ္စည်း စိတ်ဝိညာဉ်မှာ  ကစားဖို့ ကောင်းသည့်အရာ မဟုတ်ပေ။ တာ့ဟွမ်၏ လက်သီးချက်တိုင်းက သူ့အစိမ်းရောင်ကျောက်များ ကုန်ဆုံးနေခြင်းပင် ဖြစ်၏။ အစိမ်းရောင်ကျောက်များ ကုန်သွားသည်နှင့်  မိုဝူကျိက အန္တရာယ်ရှိလာနိုင်သည်။ ကြေးလက်စွပ်အတွက် မိုဝူကျိက မလိုချင်ပေ။ ထိုကြေးလက်စွပ်မှာ ပစ္စည်း စိတ်ဝိညာဉ် အပိုင် ဖြစ်ကြောင်း မှန်းဆမိ၍  သူသာ ယူသွားပါက ပစ္စည်း စိတ်ဝိညာဉ်က သူ့အသက်အထိ ရန်ရှာနိုင်ပေသည်။

All Chapters