← Chapters

ဘာမလုပ်ရဲစရာရှိလဲ

Vol. 2 Ch. 21

ဘာမလုပ်ရဲစရာရှိလဲ

Vol. 2 Ch. 21

ပေထင်းဟွမ်သည် မျက်လုံးကို အနည်းငယ်ကျဉ်းမြောင်းကာ သူမထက် အသက် ၂ နှစ်၊ ၃ နှစ်ခန့်ကြီးသော လူငယ်အားကြည့်လိုက်သည်။ သူသည် သူမ အား အကြိမ်ပေါင်းများစွာ အနိုင်ကျင့်ခဲ့ကာ သူမ၏အသက်ကို လိုချင်ခဲ့သည်။ သူမကို အရှက်ခွဲရန်အတွက် မုချင်းလင်ကိုပါ အဓမ္မပြုကျင့်လုနီးပါးဖြစ်ခဲ့သည်။ သူမသာ သူ့ကို သင်ခန်းစာမပေးရလျှင် သူမသည် ပေထင်းဟွမ် မဟုတ်နိုင် တော့ပေ။

“အစ်ကိုဟောက် သူပဲ သူက ကျွန်မကို အဆိပ်ကျွေးတာ”

လူအုပ်ထဲမှ အသံတစ်သံထွက်လာသည်။ အားလုံးသည် အသံလာရာ ဘက်သို့ ကြည့်လိုက်ကြသည်။ အစိမ်းနုရောင်ပိတ်ပါး ဝတ်စုံဝတ်ထားသည့် မိန်းကလေးတစ်ဦးသည် တဖြည်းဖြည်းလျှောက်လာသည်။ သူမ၏ ကြီးမားပြီး အရည်လဲ့နေသည့်မျက်လုံးများဖြင့် ပေထင်းဟောက်အား မျက်တောင်ခတ် ကြည့်နေသည်။ ပေထင်းဟောက်သည် သူမ၏ဆွဲဆောင်မှုကိုခံလိုက်ရပြီး ကွင်း ထဲမှ လူငယ်များသည်လည်း သူမကို မြင်လိုက်သည်နှင့် မှင်တက်သွားကြသည်။

ထိုမိန်းကလေးသည် ဟေထင်းဟွမ်၏ ခယ်မဖြစ်သူ၊ မုချင်းလင်၏ ညီမ မုဝမ့်ယွဲ့ဖြစ်သည်။

သူမသည် မနက်အစောကတည်းကပင် ညအရှင်ကို တစ်မြို့လုံးအနှံ့လိုက် ရှာခဲ့သည်။ ဤနေရာတွင် လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကိုမြင်သဖြင့် ရောက် လာခြင်းဖြစ်သည်။ မိသားစုထဲမှာတင် အနိုင်ကျင့်ခံနေရတဲ့ အမှိုက်ကို ဒီနေရာ မှာလာတွေ့ရမယ်လို့ ဘယ်သူထင်ထားမှာလဲ။

သူမသည် ပေထင်းဟွမ်အား လက်ညှိုးထိုးရင်းနှင့် မျက်ရည်များလည်း ကျလာသည်။

မိန်းကလေးများသည် ဤနေရာတွင် အလွန်တော်သည်။ သူတို့၏ အားနည်းချက်နှင့် မျက်ရည်များပြလိုက်သည်နှင့် ယောက်ျားများကို ဆွဲဆောင် နိုင်ကာ အမှားမှ အမှန်ဖြစ်အောင် လုပ်နိုင်သည်။

လူတစ်ယောက်သည် ချက်ချင်းပင်ပြောလေသည် “သခင်လေး ၉ မင်းက ဘာလို့ အဲလောက်တောင် ရက်စက်ရတာလဲ”

“ဟုတ်တယ် ဒီလောက်လှတဲ့မိန်းကလေးကို အဆိပ်ကျွေးရတယ်လို့”

“ငတုံးအုပ်စုပဲ” ပေထင်းဟွမ်၏ အေးစက်သောမျက်လုံးများသည် မိုးကြိုး သွားသဖွယ် လှည့်ပတ်ကြည့်လိုက်သည်။ ကွင်းထဲမှအသံများအားလုံးသည် သူမ၏အကြည့်ကြောင့် တိတ်ဆိတ်သွားကြသည်။

“ဟုတ်လား မနေ့ညက မင်းက ငါနဲ့ ငါ့ဇနီးလောင်းကို သတ်ဖို့လုပ်ခဲ့တာ ကို ဒီအတိုင်းရပ်ကြည့်နေသင့်တယ်လို့ ပြောနေတာလား.. ဒါမှမဟုတ်ရင် ငါတို့ ကို မသတ်ဖို့ ဒူးထောက်ပြီးတောင်းပန်ရမှာလား.. ရယ်ရသားပဲ မင်းငါနဲ့ တိုက်ခိုက်ချိန်မှာ ငါ့လောက်တောင် မကောင်းဘူးပဲ.. ဒီမှာ ဘာလို့ညုတုတုလာ လုပ်နေတာလဲ”

သူမသည် သူမ၏ဇနီးလောင်းကို ကာကွယ်ရန်အတွက် မုသခင်မလေး ၂ ကို အဆိပ်ခတ်ခဲ့သည်။ သခင်လေး ၉ သည် အလွန်ပင် သစ္စာရှိသည်။ သူသည် သူ၏ဇနီးလောင်းအတွက် ဤမျှလှပသောမိန်းကလေးကိုပင် အဆိပ်ခတ်ခဲ့၏။

သခင်လေး ၉ ၏ကာကွယ်တတ်သည့် သဘောထားကို သူတို့ သဘောကျ သွားရင် ဘယ်လိုလုပ်မလဲ။

ပေထင်းဟွမ်သည် အလွန်ကောင်းမွန်သည့် ဝတ်ရုံဝတ်ဆင်ထားသည်။ လေအတိုက်တွင် သူမ၏ ပိန်ပါးသောခန္ဓာကိုယ်မှာ ပေါ်လွင်သွားလေသည်။ သူမသည် အရပ်ရှည်ကာ ဝါးလုံးကဲ့သို့ ဖြောင့်သည်။ သူမ၏ ရဲရင့်သည် စိတ်ထားနှင့် ဖြောင့်မတ်သည့်စရိုက်သည် ထိုနေရာတွင်ရှိနေသည့် မိန်းကလေး များကို ဆွဲဆောင်နေသည်။ သူမ စကားဆုံးသည်နှင့် မိန်းကလေးတစ်ဦးမှ အော်လေသည် “အာ.. သခင်လေး ၉ ကအရမ်းချောတာပဲ ငါလည်း သူ့ရဲ့ ဇနီးလောင်းဖြစ်ချင်လိုက်တာ”

“ဟုတ်တယ် သခင်မလေးမုကို အားကျလိုက်တာ”

“ငါရောပဲ ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ သခင်လေး ၉ အရမ်း သဘောကျနေပြီ”

ပေထင်းဟွမ်သည် ရေကဲ့သို့ တည်ငြိမ်သည်။ သူမသည် လူအုပ်ထဲမှ မိန်းကလေးများကို ပြုံးပြီး အသာခေါင်းညိတ်ပြလိုက်သည်နှင့် လူအုပ်မှ ထ အော်ကြလေသည်။

“အသုံးမဝင်တာတွေ ပြောမနေနဲ့တော့ ပေထင်းဟွမ် ငါမင်းကို စိန်ခေါ် တယ်” ပထမဦးစွာ ပေထင်းဟောက်သည် ပေထင်းဟွမ်ကို သဘောမတွေ့ခဲ့ ပေ။ ဒုတိယအချက်မှာ သူသည် အလှလေး၏ ရန်တိုက်ခြင်းကို ခံလိုက်ရသည်။ သူသည် ခုန်ထွက်ကာ ပေထင်းဟွမ်အား ဓားရှည်ဖြင့် ရွယ်လေသည် “မင်း စိန်ခေါ်မှုကို လက်ခံရဲလား”

“မင်းက အဆင့် ၅ ပဲရှိတဲ့ ဝိညာဉ်သခင်ပဲ… ငါ့ကိုအမှိုက်တစ်စကို စိန်ခေါ်ချင်သေးတာလား.. မင်းတောင် မျှတတယ်ထင်ရင် ငါကဘာလို့ လက်မခံရဲမှာလဲ” လက်ဗလာနှင့် ပေထင်းဟွမ်သည် ပေထင်းဟောက်၏ လက် ထဲမှ ဓားရှည်ကို အေးစက်စွာ ကြည့်လေသည်။ အဆင့် ၅ ကျင့်ကြံသူသည် အမှိုက်တစ်စကို အလွယ်တကူပင် ချေမွှလိုက်နိုင်သော်လည်း သူသည် သူမကို ဓားရှည်ဖြင့် စိန်ခေါ်လေသည်။

ခန္ဓာကိုယ်သာ ပိုင်ရှင်ပြောင်းမသွားခဲ့လျှင်၊ လက်ပတ်၏ နေရာသာ ပွင့် မသွားလျှင် ဤအချိန်၌ လက်ပြတ်နေလောက်ပြီဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ လက်ထဲတွင် ဓားရှည်ကိုင်ထားပြီး ပေထင်းဟွမ် သည် လက်နက်သုံးရန်ပင် အသင့်မပြင်လိုက်ရပေ။ သူမသည် အေးစက်စွာ ပြုံးပြီး ပေထင်းဟောက် ချဉ်းကပ်လာသည်ကို ကြည့်နေလိုက်သည်။ သူသည် ဓားရှည်ဖြင့် ပေထင်းဟွမ်ဆီသို့ ကြိမ်ရွယ်လေသည် “သေစမ်း အမှိုက်”

All Chapters