← Chapters

သူ့ကိုဖြတ်လိုက်

Vol. 2 Ch. 22

သူ့ကိုဖြတ်လိုက်

Vol. 2 Ch. 22

အဆင့် ၅ ဝိညာဉ်ကျင့်သူသည် ဝိညာဉ်စွမ်းအင်ထည့်ထားသော ဓားရှည် ကို လက်ကကိုင်ကာ ထက်ရှသောဓားသွားသည် ပေထင်းဟွမ်ဆီသို့ တလက် လက်တောက်ပြီး ဦးတည်လာသည်။

ပေထင်းဟွမ်သည် ရပ်မြဲရပ်နေရာ သူမကို သဘောကျလျက်ရှိသော မိန်းကလေးများသည် ပါးစပ်များကိုကာထားပြီး မကြည့်ရဲကြပေ။

ဓားသွားထိပ်ည် ပေထင်းဟွမ်၏ ရင်ဘတ်ဆီသို့ မြန်ဆန်သောအရှိန်ဖြင့် တိုးဝင်လာသည်။ စင်မြင့်ပေါ်ရှိ ပေထင်းမိသားစုခွဲ၏ တာဝန်ရှိသူများသည် ခပ်သဲ့သဲ့ပြုံးလိုက်ကသည်။ ဤအမှိုက်ကို ယနေ့ရှင်းလိုက်လျှင် အကောင်းဆုံး ဖြစ်မည်။

စိန်ခေါ်မှုဟုဆိုသော်လည်း ဓားရှည်တွင် မျက်လုံးမပါပေ။ ဤအမှိုက် သည် ပိန်းလွန်းကာ သူ့ကိုယ်သူကာကွယ်ရန် အစွမ်းအစပင်မရှိပေ။ စိန်ခေါ်မှု ဖြစ်နေရာ သူမသည် စင်မြင့်ပေါ်သို့ ပေထင်းဟောက်ကို ဓားရှည်ယူဆောင်ခွင့် ပေးသည်။ သူမသည်လည်း စိန်ခေါ်မှုကို လက်ခံပိုင်ခွင့်ရှိသည်။ သို့သော် သူမ တွင် ဘာမှရှိပုံမပေါ်ပေ။

ဒီအမှိုက်က နောက်တစ်ခဏအတွင်းမှာပဲ အသက်ရှင်နိုင်တော့မယ်ထင် တယ်။

ပေထင်းဟွမ်သည် မြေပေါ်တွင် ထူးဆန်းသည့် ခြေလှမ်းဖြင့် ကစားနေ သည်။ ဝိညာဉ်ချီထည့်ထားသည့် ဓားသွားသည် သူမ၏ရင်ဘတ်နားသို့ ရောက် လာတော့မည်။ နောက်စက္ကန့်ပိုင်းအတွင်းတွင် သူမသည် ပေထင်းဟောက်၏ လက်ကောက်ဝတ်ကို လျှပ်စီးကဲ့သို့ မြန်ဆန်သည့်နှုန်းဖြင့် ဆုပ်ဖမ်းလိုက်သည်။ ဓားသွားထိပ်သည် အားဖြင့်အဖိခံလိုက်ရကာ သူ၏ခန္ဓာကိုယ်သည် လည်ထွက် သွားလေသည်။

“အာ…”

စူးရှသောအော်သံသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။ ပေထင်း ဟောက်၏ရှေ့မှ ကျောက်စိမ်းဖြူလမ်းသည် သွေးများဖြင့် ဖုံးလွှမ်းသွားသည်။ ထိုအခိုက်တွင် ဖြစ်လာသောမြင်ကွင်းကြောင့် အားလုံးသည် မျက်လုံးပိတ်လု မတတ်ဖြစ်သါားသည်။ ပေထင်းဟွမ် မည်သို့လုပ်လိုက်သည်ကို မည်သူမှမမြင် လိုက်သော်လည်း ပေထင်းဟောက်၏ ညီလေးမှာ သူ၏ကိုယ်ပိုင်ဓားရှည်ဖြင့် အဖြတ်ခံလိုက်ရပြီဖြစ်သည်။

ယောက်ျားတစ်ယောက်မှာ အဖိုးတန်ဆုံးအပိုင်းမရှိတော့ရင် ယောက်ျား ဟုတ်ပါဦးမလား။

ထိုနေရာတွင်ရှိနေသော ယောက်ျားသားများသည် ထိတ်လန့်ကုန်ကြ၏။ သူတို့သည် မသိစိတ်မှ ခြေထောက်နှစ်ချောင်းကို ပူးကပ်မိသည်။ ရှက်တတ်သူ များပင် သူတို့၏ခြေထောက်ကြားကို လက်ဖြင့်ဖုံးအုပ်ထားမိသည်။

သခင်လေး ၉ ဘယ်လိုလုပ် အဲလောက်ကြမ်းတမ်းရတာလဲ။

“ပေထင်းဟွမ် မင်း…”

ပေထင်းဟွမ်သည် စင်ပေါ်မှခုန်ထွက်လာသည်။ သူ၏ညီဖြစ်သူတွင် အဆင့် ၅ ဝိညာဉ်သားရဲရှိသည်။ ပေထင်းဟွမ်က အမှိုက်ဖြစ်နေတာကြောင့်သာ သူ မဆင့်ခေါ်တာလား။

ဒီအမှိုက်က ဘယ်တုန်းက ဒီလောက်အားကောင်းလာတာလဲ။ အသံပင် မထွက်လိုက်ဘဲ သိုင်းကွက်တစ်ခုနှင့်တင် သူ၏ညီဖြစ်သူမှာ အဖြတ်ခံလိုက်ရ သည်။

ပေထင်းဟောက်၏ မျက်နှာသည် ဖြူဖျော့ကာ နဖူးမှ ချွေးများစီးကျလာ ပြီး သူ၏ခန္ဓာကိုယ်ကို လက်နှစ်ဖက်ဖြင့်ကာထားသည်။ သူ၏အဖြူရောင်ဝတ်ရုံ မှာ နီရဲနေပြီး သွေးများသည် စီးကျနေရာ သူမြေပေါ်သို့လဲကျသွားပြီး နာကျင် သဖြင့် အဆက်မပြတ် လူးလိမ့်နေလေသည်။

“တောင်းပန်ပါတယ် မတော်တဆလက်ချော်သွားတာ” ပေထင်းဟွမ် သည် သဲ့သဲ့ပြုံးကာ မြေပေါ်မှဓားရှည်ကို ခြေဖျားဖြင့်တော့ကာ အဝေးသို့ ကန်ထုတ်လိုက်သည် “ဒီဓားရှည်က ဒီလောက် ထက်လိမ့်မယ်လို့ထင်မထားဘူး ငါ့မှာတောင် အဲလောက်ကောင်းတဲ့ပစ္စည်းမရှိဘူး”

ထိုအဓိပ္ပာယ်မှာ ထင်ရှားလှသည်။ ထိုဓားရှည်သည် သူမ၏ပိုင်ဆိုင်မှု မဟုတ်ပေ။ ပေထင်းဟောက် အဖြတ်ခံလိုက်ရသည်မှာ သူမနှင့်မဆိုင်ပေ။

ထို့အပြင် သူမသည် မုချင်းလင်အကြောင်းကို ပြောပြခဲ့သည်။ တခြားလူ သာ မုချင်းလင်ကိုသတ်ချင်ရင် သူမဒီအတိုင်းရပ်ကြည့်ပြီး သူမကိုရိုက်ပြီး သတ် ခိုင်းရမှာလား။

ဒီလူက ရုပ်ကလေးချောရဲ့သားနဲ့ ဘယ်လိုလုပ် ဒီလောက်အရှက်မရှိရတာ လဲ။

ပေထင်းဟန်သည် ဒေါသထွက်လွန်းသဖြင့် ပြောစရာစကားပျောက်ဆုံး နေကာ ပေထင်းဟွမ်အား တုန်ယင်သောလက်ဖြင့် လက်ညှိုးထိုးနေသည် “မင်း မင်း မင်း…”

ပေထင်းသယ့်သည် အငယ်ဆုံးသားမှာ ယခုချိန်မှစပြီး ယောက်ျားမပီသ တော့သည်ကို ခိုကိုးရာမဲ့စွာကြည့်နေရသည်။ ပေထင်းဟွမ်၏ မျက်လုံးများ သည် အဆိပ်ပြင်းနေသည်ကို သူမြင်နေရသည်။ ထိုအရာမှာ ကြောက်စရာ ကောင်းသလို တုန်လှုပ်စရာကောင်းလှသည်။ သူမသည် စိတ်အားထက်သန်သူ မဟုတ်ခဲ့ပေ။ ယနေ့ ဤသို့လုပ်ရဲနေရာ အနာဂတ်တွင် သူမသည် မည်သည့် အရာကိုမှ ကြောက်တတ်မည်မဟုတ်တော့ပေ။

“ဟား ဒီနေ့ အသက်ဝင်လှပါလား”

ပေထင်းသယ့်သည် လှုပ်ရှားမည်အပြုတွင် လူအုပ်အနောက်မှ လူတစ် ယောက်သည် ထိုအနေအထားကို ဖြိုခွဲလိုက်သည်။ အလွန်ကောင်းမွန်သည့် ရထားလုံးတစ်စင်းကို အဖြူရောင်အတောင်ပံနှင့်ဦးချိုရှိသည့် မြင်းလေးကောင် ကဆွဲလာသည်။ ရထားလုံး၏ထောင့်လေးထောင့်တွင် ခရမ်းရောင်ဖဲပြားများ ဆင်ထားပြီး ကြီးမားသော ညပုလဲများကို ချိတ်ဆွဲထားသည်။ ၎င်းသည် မြင့်မြတ်မှုနှင့် ဇိမ်ကျမှုကို တမင်ပြသနေသည်။

All Chapters