← Chapters

နတ်ဘုရားရောက်လာပြီ

Vol. 2 Ch. 23

နတ်ဘုရားရောက်လာပြီ

Vol. 2 Ch. 23

“အဲဒါသခင်ချုံချီပဲ ညအရှင်ရဲ့ ရထားလုံး”

လူအုပ်ထဲမှ တစ်ယောက်က အော်လိုက်ရာ ဒယ်ပြားပေါ်သို့ ရေတစ်စက် ကျသွားသည့်အလား လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။ စိတ်လှုပ်ရှားဆုံးသူမှာ စင်ပေါ်တွင်ရပ်နေသော မုဝမ့်ယွဲ့ပင်ဖြစ်သည်။ သူမသည် မနေ့ညကတည်းက ပင် ညအရှင်ယဲ့ဝမ်ကို တစ်မြို့လုံးတွင်လိုက်ရှာနေခဲ့သည်။ ယနေ့မနက်မှပင် တွေ့တော့သည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် တွေးနေသေးသည်။ ညအရှင်က ဘယ်မှာ သွားနားနေတာလဲ။

သူမသည် ခေါင်းပေါ်မှဆံထိုးကို နေရာတကျပြင်ဆင်လိုက်သည်။ ထိုဆံထိုးကို မြို့တော်မှ သူမ၏ဝမ်းကွဲအစ်မပေးထားခြင်းဖြစ်သည်။ ထိုဝမ်းကြွ သည်လည်း ထူးခြားသည့်အလှတရားပိုင်ဆိုင်သည့် မိန်းကလေးဖြစ်သည်။ သူမ နှင့် ဝမ်းကွဲအစ်မသည် လွန်ခဲ့သည့် ၃ နှစ်က ညရှင်ကို လမ်းပေါ်ကနေ ငေးကြည့်ဖူးသည်။ ထိုအချိန်မှစပြီး သူမ၏ဘဝသည် သူ၏လွှမ်းမိုးခြင်းကိုခံခဲ့ရ တော့သည်။

လော့ပေမြို့မှ လူငယ်များသည် သူမ၏အသုံးမကျသည့် အစ်မကို သဘောကျကြသည်ကို သူမသိသည်။ သို့သော် တစ်ခါမှ မနာလိုမဖြစ်ခဲ့ပေ။ မုချင်းလင်သည် အမှိုက်တစ်စဖြစ်ကာ နောက်ထပ်အသုံးမကျသည့်လူဖြစ် သည့် ပေထင်းဟွမ်နှင့် ငယ်စဉ်ကတည်းကပင် စေ့စပ်ခဲ့ကြသည်။ အဲလိုမျိုး မကြည့်တတ်တဲ့လူတွေကို ဘာလုပ်ဖို့ သွားကြိုက်နေမှာလဲ။

ထို့အပြင် သူမ၏နှလုံးသားထဲတွင် စံပြအမျိုးသားရှိနေသည်။ ထိုလူသည် တော်ဝင်အင်ပါယာ၏ မင်းသား ၃ ဖြစ်သည့် ယန်ယဲ့ဖြစ်သည်။ မင်းသားများ အားလုံးထဲတွင် သူသည် မြို့ချီးမြှင့်ခံထားရသည့် တစ်ဦးတည်းသောမင်းသား ဖြစ်သည်။

တခြားမင်းသားများမှာ ဧကရာဇ်အနှစ်သက်ဆုံးဟူ၍မရှိသလို အိမ်ရှေ့စံ နှင့် ယှဉ်ပြိုင်နိုင်သူလည်းမရှိပေ။

သူမသည် သူ၏ပထမကြင်ယာတော်မဖြစ်နိုင်သည့်တိုင်အောင် ဒုတိယ ကြင်ယာတော်အရာရလျှင်လည်း ကျေနပ်သည်။

“မင်းသား” မုဝမ့်ယွဲ့သည် စင်ပေါ်မှ လိပ်ပြာတစ်ကောင်သဖွယ် ပျံဆင်း ပြီး မင်းသား၏ရထားလုံးဆီသို့ ဦးတည်လေသည် “မင်းသား မင်းသား ကျွန်မကို မှတ်မိလား ကျွန်မက နန်ကုန်းမိသားစုက…”

ဘုန်း

အဖြူရောင်အလင်းတန်း လက်သွားကာ အင်အားတစ်ခုသည် ထိုဘေး တွင် လှိုင်းဂယက်သဖွယ်ထသွားသည်။ ပေထင်းဟွမ်သည် ဘေးသို့ အမြန် ရှောင်လိုက်သည်။ ပြီးနောက် မုဝမ့်ယွဲ့၏ခန္ဓာကိုယ်သည် အလင်းတန်းထဲမှ ထွက်လာပြီး မြေကြီးပေါ်သို့ကျသွားလေသည်။

“မင်းသားနဲ့ သုံးပေအကွာမှာနေရမယ်”

ထိုစကားပြောသူမှာ ချုံချီဖြစ်သည်။ သူသည် အင်္ကျီလက်ကို ဝေ့ယမ်းကာ မုဝမ့်ယွဲ့ကို လွင့်အောင်လုပ်လိုက်ခြင်းဖြစ်သ်။ မုဝမ့်ယွဲ့သည် မြေကြီးပေါ်မှ အတင်းရုန်းပြီး ခေါင်းထောင်ကာ ချုံချီအား ဆိုးယုတ်သည့်အကြည့်ဖြင့် ကြည့် လေသည်။ သူမသည် အံကြိတ်မိသည်။ တစ်နေ့ သူမသာ ညအရှင်ရဲ့ မိန်းကလေးဖြစ်လာရင် ဒီလူကို သေအောင်ကို သေချာပေါက်လုပ်ပစ်ဦးမယ်။

ချုံချီသည် မုဝမ့်ယွဲ့ စဉ်းစားနေသည်ကို ဂရုမစိုက်ပေ။ သူသည် ပြုံးပြီး ပေထင်းဟွမ်အား ကြည့်လိုက်သည် “ညီလေး တွေ့ကြပြန်ပြီနော်”

ပေထင်းဟွမ်သည် သူ့ဆီမှ အရည်အသွေးမြင့်ဆေးများကို လက်ခံခဲ့ဖူး သည်။ ထို့ကြောင့် သူ့ကို ကျေးဇူးတင်ရန် မည်သည့်အချိန်မှ အခွင့်အရေးရလာ မည်မသိပေ။ သူမသည် ချုံချီအား ခေါင်းညိတ်ပြီး ရေရွတ်လိုက်သည် “ကျေးဇူး တင်ပါတယ်” ထို့နောက် သူမသည် စင်ပေါ်မှ ပေထင်းသယ့်နှင့် ပေထင်းဟန်တို့ ကိုကြည့်ပြီးထွက်သွားရန် ပြင်လေသည်။

“ရပ်လိုက်စမ်း အမှိုက်ကောင် မင်းက ငါ့ညီကို ထိခိုက်အောင်လုပ်ပြီး ဒီတိုင်းထွက်သွားချင်တာလား” ပေထင်းဟန်သည် လက်မြှောက်ပြီး သူ၏ စာချုပ်သားရဲကို ဆင့်ခေါ်ရန် ပြင်ဆင်လေသည်။

“ဘယ်သူက အမှိုက်လို့ပြောလိုက်တာလဲ.. ငါအမိန့်ချမယ် အဲဒီစကားလုံး ကို ထပ်သုံးရဲတဲ့သူရှိရင် အဲလူကိုလျှာဖြတ်ပစ်မယ်” တိုးညင်းသောအသံသည် ရထားလုံးထဲမှထွက်လာသည်။ သွယ်လျသော လက်ချောင်းသည် ကန့်လန့်ကာ ကို မ,တင်လိုက်သည်နှင့် အားလုံးရှေ့သို့ အသက်ရှူမှားလောက်သည့် မျက်နှာ ပေါ်လာသည်။

မျက်စိတစ်မှိတ်တွင်းမှာပင် ညရှင်သည် ထမ်းစင်ပေါ်တွင် ပေါ်လာသည်။ သူသည် ဖြည်းဖြည်းချင်းမြေပေါ်သို့ ဆင်းလာသည်။ သူ၏ရှည်လျားသော ဝတ်ရုံသည် မြေကြီးပေါ်တွင် တွဲလောင်းကျနေရာ ရွှေချည်ဖြင့်ထိုးထားသော နှင်းပန်းများသည် နေရောင်အောက်တွင် အသက်ဝင်နေသကဲ့သို့ပင်။ ပန်းများ သည် ယိမ်းနွဲ့နေပြီး ပုံမှန်ထက်အေးစက်သလိုပင်။

နတ်ဘုရားကဲ့သို့ မြင့်မြတ်သောမျက်နှာသည် ဂုဏ်သိက္ခာကြီးလှသည်။ သူသည် စင်ပေါ်မှ ပေထင်းသယ့်တို့ကိုကြည့်လိုက်သည်နှင့် ထိုလူများသည် ပျာပျာသလဲဒူးထောက်ကြသည် “မင်းသားကို နှုတ်ဆက်ပါတယ်”

ကွင်းထဲမှလူများလည်း ဒူးထောက်ပြီး အရိုအသေပြုကြသည်။

လူတစ်ယောက်သာ မတ်တတ်ရပ်ကျန်ခဲ့လေသည်။

ချုံချီသည် ခေါင်းကိုခါယမ်းမိသည်။ သူသည် ပေထင်းဟွမ်ကို ကူကယ်ရာ မဲ့စွာ ကြည့်မိသည်။ ဒီကောင်လေးက စိန်ခေါ်ရတာကို ကြိုက်တာပဲ။

ပေထင်းဟွမ်သည် နားမလည်သေးဘဲ သူမ၏အနက်ရောင်ဝတ်ရုံ၏ အနားစကို သာမန်ကာလျှံကာပင် ကိုင်နေလေ၏။

All Chapters