← Chapters

ဒီကိုလာခဲ့

Vol. 2 Ch. 24

ဒီကိုလာခဲ့

Vol. 2 Ch. 24

“ထကြတော့…”

အဆုံးသတ်သံမှာ လွန်ရှည်ပြီး နတ်ဘုရားအသံကဲ့သို့ သိမ်မွေ့လှ သော်လည်း ကြားရသူအဖို့တော့ ကြက်သီးမွေးညှင်းများပင်ထစေသည်။

ထိုလူသည် အလွန်အားကောင်းကာ တခြားလူများကို စိတ်ပါလက်ပါဖြင့် ဒူးထောက်စေသည်။

သူ့အသံဆုံးသွားသော်လည်း မည်သူမှ အရင်မထရဲကြပေ။ ပေထင်းဟန် သည် အနည်းငယ်စိတ်မရှည်လာသဖြင့် တိတ်တိတ်လေးခေါင်းမော့ကြည့်လေ သည်။ သူ တုန်လှုပ်သွားပြီး ချက်ချင်းပင် တည်ငြိမ်မှုများပျောက်ဆုံးသွားကာ ကွင်းထဲတွင် မတ်တတ်ရပ်နေသူကို လက်ညှိုးထိုးလေသည် “မင်းသား ပေထင်းဟွမ်.. ဒီ..လူက ဒူးမထောက်ဘူး”

ယန်ယဲ့သည် မျက်ခုံးများကို သာပင့်လိုက်သည်။ ပြီးနောက် သဲ့သဲ့ပြုံးကာ ပြောလေသည် “ဘာလဲ မင်းမှာ ပြဿနာရှိလို့လား နောက်တစ်ခါ ငါ့ကိုတွေ့ရင် ဒူးထောက်စရာမလိုဘူး”

လုပ်ရဲလား.. သေချာပေါက် မလုပ်ရဲဘူးပေါ့။

ညအရှင်သခင်ကို မည်သူမှ စိန်မခေါ်ရဲပေ။ ဤတိုက်တွင် သန်မာသူတို့ သည် လေးစားခံရကာ ဝိညာဉ်ဘုရင်ဖြစ်လောက်သည်အထိ အင်အားကြီးလာ လျှင် ဧကရာဇ်မင်းကိုမြင်သည့်တိုင်အောင် ကျင့်ဝတ်များမှ ကင်းလွတ်ခွင့်ရ သည်။ ဝိညာဉ်ဘုရင်သည် မင်းကြီးနှင့်တွေ့လျှင် ဒူးထောက်ရန်မလိုသော်လည်း ညအရှင်နှင့်တွေ့လျှင် ဒူးထောက်ရမည်။ သို့သော် သူကတော့ ညအရှင်၏ တစ်ကွက်လောက်နှင့် အသတ်ခံရနိုင်သည်။

သူတို့အသက်က ဘယ်လောက်ရှည်မလဲဆိုတာ ဘယ်သူမှစောဒက မတက်ရဲဘူးလေ။

ဝိညာဉ်ဘုရင်တောင်မှ ညအရှင်သခင်ရှေ့ရောက်ရင် ဒူးထောက်ရတာ အမှိုက်ဖြစ်တဲ့ပေထင်းဟွမ်က ဘာများထူးခြားနေလို့လဲ။

သို့သော် တော်ဝင်မင်းသားယဲ့ဝမ်သည် အကျင့်စရိုက်ထူးဆန်းပြီး စိတ်ဆတ်သည်ကို ပေထင်းသယ့်ကြားထားသည်။ သူ၏သားဖြစ်သူ မင်းသား ယဲ့ဝမ်ကို ပြစ်မှားလိုက်မည်ကို ကြောက်နေသည်။ သို့သော် သူ မတားနိုင်ခင်မှာ ပင် သူ၏ထက်မြက်လှသောသားသည် ရှေ့ထွက်ပြန်သည် “မလုပ်ရဲပါဘူး မလုပ်ရဲပါဘူး ပိုင်ထင်းဟွမ်က ရဲတင်းလွန်းတာပါ တော်ဝင်မိသားစုကို အပြစ် လုပ်မိလို့ ပေထင်းဟွမ်ကို အပြစ်မပေးပါနဲ့လို့ မင်းသားယဲ့ဝမ်ကပြောပေးပါ”

“ဟန်အာ” ပေထင်းသယ့်သည် သားတစ်ယောက်ဆုံးရှုံးပြီးဖြစ်သဖြင့် နောက်တစ်ယောက်ကို အဆုံးရှုံးမခံနိုင်ရာ သတိပေးလိုက်သည်။

ပေထင်းဟန်သည် မနာလိုခြင်း၊ အားကျခြင်း၊ မုန်းတီးခြင်းတို့ ရောယှက် နေပြီး ခံစားချက်ပေါင်းစုံဝင်နေကာ စိတ်လွတ်သွားပြီး ပေထင်းဟွမ်ကို လက်ညှိုးထိုးကာ ပြောလိုက်သည် “မင်းသား မင်းသားကို အရိုအသေမဲ့လို့ ပေထင်းဟွမ်ကို အပြစ်ပေးပါ”

ဒီလူကဇွဲကောင်းလိုက်တာ။

ဟား ပေထင်းဟွမ် နှာမှုတ်လိုက်သည်။ ကွင်းထဲမှ လူအများရှေ့တွင် ညမရှင်သာ သူမကိုအပြစ်မပေးလျှင် မြေပေါ်တွင်ဒူးထောက်နေသောလူများကို အားနာစရာဖြစ်ကုန်မည်။

ညအရှင်သခင်က သူမကို ဆက်ပြီးဘက်လိုက်နေမှာလား။ ဒါမှမဟုတ် ရင် သူ့ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး သူ့ကိုလေးစားဖို့ ရှင်းပြချက်တောင်းမှာ လား။

ယန်ယဲ့၏ ချောမောသောမျက်နှာသည် မှောင်ကျသွားကာ ခရမ်းရောင် မျက်အိမ်မှ လူသတ်မည့်အလင်းတန်းထွက်လာသည်။ ကွင်းတစ်ခုလုံးသည် တိတ်ဆိတ်နေကာ အသက်ကိုခိုးရှူနေရသည့်အသံများသာ ကြားရသည်။ အချိန်တရွေ့ရွေ့ကုန်ဆုံးနေသော်လည်း ထိုအခိုက်အတန့်အတွင် ရပ်နေသလို ပင်။

တော်တော်ကျပ်တည်းတဲ့ အခြေအနေပဲ။

ပေထင်းဟွမ်သည် မေးကိုမော့ကာ ယန်ယဲ့ကိုကြည့်လိုက်ရာ သူလည်း လေးနက်သောမျက်လုံးများဖြင့် ပြန်ကြည့်လေသည်။ ထိုအချိန်တွင် သူ ဒေါသ ထွက်နေခြင်းကြောင့် မျက်လုံးများသည် မှောင်မိုက်နေသည်။ သူသည် ခေါင်းမာ လွန်းလှသော လူငယ်ကိုကြည့်လိုက်သည်။ သူက သေတာတောင် ဒူးမထောက် နိုင်ဘူးပဲ။

သူမသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားကာ ရှေ့သို့ အသာ ညွှတ်လိုက်သည်။ ထိုကိုယ်နေဟန်ထားသည် အမဲလိုက်ရန် အသင့်ဖြစ်ပြီဟု ပြောနေသလိုပင်။ သူမ၏ အင်အားသည် မလုံလောက်သေးသည်ကို ရှင်းလင်း စွာသိသည်။ သို့သော် စွန့်စားရန် သတ္တိရှိရမည်။

သူ့နောက်မှ ဝတ်ရုံသည် ဖြည်းညင်းစွာလှုပ်ခါသွားသည်။ လွန်ခဲ့သည့် စက္ကန့်ပိုင်းကပင် ပြန့်ကျဲနေသော နှင်းပန်းများသည် နောက်စက္ကန့်ပိုင်းအတွင်း၌ စင်မြင့်ပေါ်သို့ရောက်နေပြီဖြစ်သည်။ သူသည် စင်ပေါ်ရှိ ပင်မခုံတွင်ထိုင်ကာ ဝတ်ရုံကိုဆွဲတင်လိုက်သည်။ ထိုဝတ်ရုံသည် သူ့ခြေရင်းသို့ သပ်ရပ်စွာကျသွား သည်။

“ဒီကိုလာခဲ့”

ထိုအသံသည် နူးညံ့နေကာ ပေထင်းဟွမ်၏ ခန္ဓာကိုယ်မှာ အလိုလို မတ်သွားသည်။ သူမ ယန်ယဲ့ဘက်သို့ ကြည့်လိုက်ချိန်တွင် သူ သူမရှိရာသို့ လက်ကမ်းလာသည်။ သူ ကမ်းလှမ်းနေကာ သူ၏မျက်အိမ်များသည် နေရောင် ကဲ့သို့ သိမ်မွေ့နေသည်။

“ဒီကိုလာခဲ့”

သူသည် စိတ်မရှည်တော့ကာ ဖြန့်ထားသောလက်ကို ပြန်ရုတ်လိုက် သည်နှင့် ပေထင်းဟွမ်၏ ခန္ဓာကိုယ်သည် အလိုလိုပျံသန်းသွားတော့သည်။ သူမ ထိတ်လန့်သွားသည်။ ဒီလူသာ သူမကိုတိုက်ခိုက်ချင်ရင် ပြန်တိုက်ခိုက်ဖို့ စွမ်းအား သူမမှာမရှိဘူး။

ဒီခံစားချက်က တော်တော်စိတ်တိုဖို့ကောင်းတာပဲ။

All Chapters