← Chapters

သူမက ညနန်းတော်ရဲ့ကိုယ်ရံတော်

Vol. 2 Ch. 25

သူမက ညနန်းတော်ရဲ့ကိုယ်ရံတော်

Vol. 2 Ch. 25

ပေထင်းဟွမ်သည် နှုတ်ခမ်းကို တင်းတင်းစိလိုက်သည်။ သူနှင့် ခြေလှမ်း ၃ လှမ်းအကွာအဝေးအရောက်တွင် မြေပေါ်သို့ ဆင်းပြီး သူ့ဘေးသို့ရပ်လိုက် သည်။

ဘန်ယဲ့သည် သူမ၏ဒေါသထွက်နေသော မျက်လုံးများကို လျစ်လျူရှုကာ ပရိသတ်ဘက်သို့ အကြည့်လွှဲလိုက်သည်။ သူ၏ဖိအားကြောင့် အားလုံးသည် ခေါင်းပင်မမော့ရဲပေ။ “သူ့ကို ငါ့ယဲ့ဝမ်အိမ်တော်ကနေ ကိုယ်ရံတော်အဖြစ် ခန့်အပ်လိုက်ပြီ ချုံချီနဲ့တခြားလေးယောက်တို့နဲ့ အဆင့်အတူတူပဲ အရိုအသေ ပေးလိုက်ကြ”

“အာ…”

ပေထင်းဟနန်နှင့်အတူ ကွင်းထဲမှလူများအားလုံး ပါးစပ်အဟောင်းသား ဖြင့် ထိတ်လန့်ကုန်ကြ၏။ အကြောင်းအရင်းက ဒါလား။ ဟုတ်လား.. ဟုတ်လား.. အမှန်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မင်းသားယဲ့ဝမ်က သခင်လေး ၉ ကိုကာကွယ်ပေးနေတာပဲ။

ပေထင်းဟွမ်သည်လည်း တခြားသူများနည်းတူ အံ့ဩနေလေ၏။ သူမ သည် မင်းသားယဲ့ဝမ်အားကြည့်လိုက်သည်။ သူသည် သူမကို ကာကွယ်ပေးနေ သည်။ သူ သူမကို ကူညီပေးသည်မှာ ဒုတိယအကြိမ်ဖြစ်သည်။ အကြောင်းအရင်းကို မသိရသော်လည်း ကာကွယ်ပေးနေသည်မှာတော့ အမှန် ပင်ဖြစ်သည်။

“ဒီဉာဏ်မရှိတဲ့ကောင်တွေ ကျေနပ်အောင်လို့ ဒီအရှင်က မင်းကိုသတ် မယ်လို့ထင်လို့လား”

သူမ၏စိတ်ထဲသို့ အသံတစ်သံ ရုတ်တရက်ရောက်လာသည်။ ပေထင်းဟွမ်သည် တဒင်္ဂမျှမှင်တက်ပြီးနောက် ထိုအရာသည် ဒဏ္ဍာရီလာ စိတ် ပိုင်းဆိုရာအရ အသံကူးပြောင်းခြင်းဖြစ်သည်။ သူမသည် ယန်ယဲ့အား ခေတ္တမျှ ငေးငိုင်စွာစိုက်ကြည့်ပြီး ပြုံးကာခေါင်းခါလိုက်သည်။ သူမ အတွေးလွန်နေပြီ။ သူက ဒီလောက်အားကောင်းတာ အဲဒီဘာမှမဟုတ်တဲ့လူတွေရဲ့ အတွေးကို ဘာလို့ဂရုစိုက်နေမှာလဲ။

ကွင်းထဲမှလူများ ဒူးထောက်ဆဲရှိသည်ကို ယန်ယဲ့သည် သတိပြုမိပုံမပေါ် ပေ။ ထိုလူများသည် ဒူးထောက်ချင်နေသဖြင့် သူသည် ဒူးထောက်ခိုင်းရုံသာ ဖြစ် သည်။ သူသည် စင်မြင့်ပေါ်တွင် တည်တည်တံ့တံ့ထိုင်နေတုန်းဖြစ်သည်။ သူ့ ရှေ့တွင် ဒူးထောက်နေသော ပေထင်းသယ့်သည် မတည်ငြိမ်နိုင်တော့ပေ။ ပေထင်းသယ့်သည် ခေါင်းငုံ့ထားရင်း မျက်လုံးထောင့်မှ ယန်ယဲ့ကို ခိုးကြည့်ပြီး ပြောလေသည် “ပေထင်းမိသားစုရဲ့ သခင်လေး ၉ က မင်းသားမျက်စိထဲ တိုးဝင် လိမ့်မယ်လို့ထင်မထားဘူး”

သူသည် အသက်ပြင်းပြင်းရှုကာ ခေါင်းမော့ပြီးပေထင်းဟွမ်အား ကြည့်ပြီး သတိပေးသည့်အသံနေအသံထားဖြင့် ပြောလေသည် “ပေထင်းဟွမ် မင်းကို ညအိမ်တော်က အလုပ်ခန့်လိုက်ပြီဆိုတော့ မင်းသားကို ကောင်းကောင်းလေး ခစားရမယ်”

“အဖေ ပေထင်းဟွမ်က ကြေးစားတပ်သားမှမဟုတ်တာ.. ပြီးတော့ ကြေးစားတပ်သားဖြစ်ဖို့လည်း အရည်အချင်းမမှီဘူး…”

ပေထင်းဟန်သည် သည်းမခံနိုင်တော့ပေ။ သူ မတုံးအပေ။ သို့သော် သုံးစားမရသည့် ပေထင်းဟွမ်သည် ဧကရာဇ်၏ အချစ်ခံရဆုံးမင်းသားတဖြစ်လဲ ညအရှင်၏ စိတ်ကိုသိမ်းသွင်းနိုင်ကာ သခင်ကြီးလေးပါးဖြစ်သော ချုံချီတို့နှင့် ပင် တစ်တန်းတည်းဖြစ်သွားသည်။ ပေထင်းဟန်သည် မနာလိုလွန်းသဖြင့် စိတ်များပင် လွတ်သွားသည်။

ဘာလို့လဲ။ သူက သုံးစားမရတဲ့ကောင်ပဲ။ ညအရှင်က သူ့အင်အားကို မသိလို့ မှားပြီးအကဲခတ်မိတာဖြစ်မယ်။

“သူက ဝိညာဉ်စွမ်းအင်လည်း မစုစည်းနိုင်ဘူး”

“ပါးစပ်ပိတ်ထား” ပေထင်းသယ့်သည် ကြောက်လန့်ကာ ချွေးအေးများ ပင် ပြန်လာသည်။ သူ့သားက ပုံမှန်ဆို သတိရှိတတ်ပါတယ်.. ဒီအချိန်ကျမှ ဘာလို့ဒီလောက်တုံးအနေတာလဲ။

ယန်ယဲ့သည် ပေထင်းဟွမ်အား ခပ်သဲ့သဲ့ပြုံးပြီး ကြည့်လိုက်သည်။ ရုပ်ရည်ချောမောသည့် လူငယ်သည် လက်ပိုက်နေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် ပေထင်းဟန်ကို မျက်နှာသေဖြင့်ကြည့်နေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ ပေထင်းဟန် ဒူးထောက်နေသည်မှာ ယန်ယဲ့ကိုမဟုတ်ဘဲ သူ့ကို ဒူးထောက်နေသကဲ့သို့ထင်ရသည်။

“ဟားဟား သခင်လေး ၉ ဒါက မိသားစုတစ်ခုတည်းက မင်းအစ်ကိုလား” ချုံချီသည် မအောင့်အီးနိုင်တော့ပေ။ သူသည် ဤခပ်မိုက်မိုက်လူငယ်လေးကို သဘောကျသည်။ သူသည် ရုပ်ရည်ချောမောပြီး အေးစက်သည်။ ဤမျှ ငယ်ရွယ်သော်လည်း တည်ငြိမ်သည်။

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည်။ သူမသည် ယန်ယဲ့အား အဓိပ္ပာယ် ပါသည့်အကြည့်ဖြင့်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပါပါပြောလေသည် “ကြင်နာပေး တဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသား.. ညအိမ်တော်အတွက် အလုပ်မလုပ် ပေးခင်မှာ ကြေးစားတပ်သားအနေနဲ့ စာရင်းသွင်းခွင့်ပြုပါ”

“မင်းက တကယ်ပဲ ကြေးစားအနေနဲ့ စာရင်းလုပ်ချင်တာလား.. မင်း ကြေးစားဟုတ်ဟုတ် မဟုတ်ဟုတ် ညအရှင်အိမ်တော်က ဂရုမစိုက်ဘဲ မင်းကို ခန့်မယ်ဆိုတာ သိထားရမယ်” ချုံချီ အကြံပေးလေသည်။

ပေထင်းဟွမ်သည် ခေါင်းခါပြီး ကွင်းထဲမှလူများကို ဝေ့ဝဲကြည့်လိုက် သည်။ “ကျွန်တော် ပေထင်းဟွမ်က ကောင်းကင်နဲ့မြေကြီးကြားမှာ မွေးဖွားလာ ခဲ့တာ ကျွန်တော်အသက်ရှင်ဖို့အတွက် ကိုယ့်အရည်ချင်းပေါ်မှာပဲ မှီခိုမယ်.. ဘယ်သူ့ရဲ့ကာကွယ်မှုကိုမှ မလိုဘူး”

သူမ၏ စကားလုံးများသည် ညအိမ်တော်၏ ကမ်းလှမ်းချက်ကို ငြင်းဆန် လိုက်ခြင်းဖြစ်သည်။ အားလုံး မှင်တက်သွားကြသည်။ အရင်ကဆိုလျှင် သခင်လေး ၉ သည် အမှိုက်တစ်စဟု အားလုံးကြားခဲ့သည်။ အခုကျ သူတို့ ဦးနှောက်ကဘာလို့ လိုက်မမှီတော့တာလဲ။

All Chapters