← Chapters

ငါ့အဆင့်ကို အကဲဖြတ်ချင်တယ်

Vol. 2 Ch. 26

ငါ့အဆင့်ကို အကဲဖြတ်ချင်တယ်

Vol. 2 Ch. 26

ချုံးချီသည် သူ၏ဆိုလိုရင်းကိုနားလည်ကာ စိတ်ရင်းနှင့် လေးစားမိသည်။ သူသည် ဂုဏ်သတင်းနှင့် အခွင့်အလမ်းကို သူ၏အစွမ်းအစပေါ်တွင်သာ မှီခို လိုသည့် ယောက်ျားကောင်းဖြစ်သည်။ သူသာ ညအရှင်အိမ်တော်၏ ခန့်အပ် ခြင်းကိုလက်ခံလိုက်လျှင် အနာဂတ်တွင် မည်သည့် ဂုဏ်သတင်းရှိလာစေကာမူ သူသည် ညအရှင်အိမ်တော်၏လက်အောက်ရှိ တပ်သားသဖွယ်သာ အားလုံးက မြင်ကြမည်ဖြစ်သည်။

သို့သော် သူမသည် လူအများရှေ့၌ပင် ညအရှင်အိမ်တော်ကို ငြင်းဆန်ခဲ့ သည်။ ထိုခြေလှမ်းကပင် သန်မာသည့်ခြေလှမ်းစနေပြီဖြစ်သည်။

ယန်ယဲ့သည် ဘာမှမပြောပေ။ ပေထင်းဟွမ် ထွက်သွားသည်ကို မြင်ရချိန် တွင်လည်း မတားပေ။

ထိုအရာကြောင့် အားလုံး အံ့အားသင့်ရသည်။ ပေထင်းသယ့်နှင့် သားဖြစ် သူတို့သည် အလွန်အမင်းစိတ်ပျက်ကြသည်။ ပေထင်းဟွမ်သည် မျက်နှာသာ ပေးသည်ကို ကျေးဇူးတင်ရကောင်းမှန်းမသိပေ။ မည်သို့ပင်ဖြစ်စေကာမူ ညအိမ်တော်သည် သူ့ကို အပြစ်ပေးရမည်။ သို့သော် ညအရှင်သည် လုံးဝမှ ဒေါသမထွက်ပေ။

ထိုသို့ဆိုတောင် ပေထင်းဟွမ်အား အတုခိုးပြီး ညအရှင်၏ အာရုံကို ဆွဲဆောင်ရန် ထိုနည်းလမ်းကို မည်သူမှ မသုံးရဲကြပေ။ ထို့အပြင် ညအရှင် သခင်သည် စိတ်ဆတ်သည်ကို အင်ပါယာတစ်ခုလုံးက သိကြသည်။ ပေထင်း ဟွမ်ရဲ့ အကြောက်အလန့်မရှိတဲ့ စိတ်ဓာကို ဘယ်သူက သွားယှဉ်မှာလဲ။

ပင်မတိုက်တွင် အားလုံးနီးပါးနှင့် သက်ဆိုင်သော နိုင်ငံတော်နယ်နိမိတ် ကို ကျော်လွန်သည့် အဖွဲ့အစည်း ၄ ခုရှိသည်။ ကြေးစားအစည်းအရုံး၊ ဆေးဝါး အစည်းအရုံး၊ ဓားသမားအစည်းအရုံနှင့် ဝိညာဉ်သခင်အစည်းအရုံးတို့ဖြစ်ကြ သည်။ ပညာရပ်အမျိုးမျိုးကို တိုက်တစ်ခုလုံးတွင် ထိန်းသိမ်းခြင်း၊ ချုပ်ထိန်းခြင်း နှင့် အမိန့်ချမှတ်ခြင်းများပြုလုပ်သည့် အင်အားကြီးအဖွဲ့အစည်း ၄ ခုလည်း ရှိ သေးသည်။

လော့ပေမြို့သည် မြို့ငယ်လေးဖြစ်သော်ငြား နေဝင်တော၏ အစွန်းတွင် တည်ရှိသည်။ နေဝင်တောတွင် မှော်သားရဲများပြည့်နေကာ နတ်ပစ္စည်းများနှင့် မြေကြီးရတနာများ အများအပြားရှိသည်။ နှစ်တိုင်းတွင် စွန့်စားသူများ လာ ရောက်လည်ပတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာသည် ကြွယ်ဝချမ်းသာလာခဲ့သည်။ အဓိကအစည်းအရုံးကြီး ၄ ခုသည် မြို့၏ မြောက် တံခါးတွင်တည်ရှိသည်။ စစ်သည်များ နေဝင်တော့သို့ အဝင်အထွက်လွယ်ရန် အတွက် အစည်းအရုံး ၄ ခုသည် ဘေးချင်းကပ်လျက်တည်ရှိသည်။

ပေထင်းဟွမ် ထွက်သွားသည်နှင့် လော့ပေမြို့မှ ကျောကြားသော အမှိုက် သည် ကြေးစားဖြစ်လာရန် မည်သို့မည်ပုံလုပ်မည်ကို သိချင်ကြသဖြင့် လူအများ နောက်မှ လိုက်လာကြသည်။

ကြေးစားတစ်ယောက်ဖြစ်လာရန်အတွက် အနည်းဆုံး အဆင့် ၁ ပညာရှင် ဓားသမား သို့မဟုတ် ဝိညာဉ်သခင်ဖြစ်ရမည်။

ပေထင်းဟွမ်သည် မသိပေ။ သို့သော် ကံကောင်းထောက်မစွာပင် ပေထင်းယောင်သည် သူမကို သတိပေးလေသည် “ရှောင်ကျို့ ငါတို့တွေ ဘာလို့ အရင်မပြန်ရမှာလဲ မင်းက ယဲ့ဝမ်အိမ်တော်မှာ အလုပ်မလုပ်ချင်ဘူးဆိုတော့ ငါတို့တွေ ကြေးစားဖြစ်ဖို့လည်း မလိုဘူးလေ”

ပေထင်းဟွမ်သည် ကြေးစားအစည်းအရုံးရှေ့တွင်ရပ်ပြီး တံခါးထုပ်အား ကြည့်နေသည်။ တံခါးတွင် သူမကိုကြိုဆိုရန် ယောက်ျားကြီးနှစ်ယောက် ရပ်နေ ကြသည်။ သူတို့သည် အလွန်ပင် မောက်မာပံဒပင်။ သူတို့သည် ပေထင်းဟွမ် အားမြင်သောအခါ ပုရွက်ဆိတ်တစ်ကောင်အား ကြည့်သကဲ့သို့ အထင်သေးစွာ ကြည့်လေသည်။

အဆင့် ၁ ပညာရှင်လား။ ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားလိုက်သည်။ ပေထင်းယောင်သည် သူမကို ဖျောင်းဖျရန်ကြိုးစားသည်။ သို့သော် သူမသည် ခြေလှမ်းကြွကာ ကြေးစားအစည်းအရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသည့် ဓားသမားအစည်းအရုံးဆီသို့လျှောက်သွားလေသည်။ ပေထင်းယောင်သည် ရွေးချယ်စရာမရှိတော့ဘဲ သူမအနောက်မှ လိုက်သွားရသည်။

“မိန်းကလေး ငါ့အဆင့်ကို အကဲဖြတ်ခံချင်တယ်” ပေထင်းဟွမ်သည် ကောင်တာရှေ့တွင်ရပ်ကာ ကောင်တာအား လက်ချောင်းများဖြင့် ခေါက်ပြီး ဓားသမားအစည်းအရုံး၌ ဧည့်ကြိုမိန်းကလေးကိုပြောလိုက်သည်။

“ဘာပြောလိုက်တယ်” မိန်းကလေးသည် သူမ၏ဘေးမှ ဓားသမားတစ်ဦး နှင့် ပရောပရည်လုပ်နေသည်။ ပေထင်းဟွမ်၏စကားကိုကြားသောအခါ သူမ နားကြားမှားသွားသလားဟု တွေးနေမိသည်။ “အဆင့်ကို အကဲဖြတ်ခံမယ် ဟုတ်လား ဘာအဆင့်လဲ.. အသုံးမကျတဲ့သခင်လေးက ဒီကိုလာပြီး အဆင့်ကို အကဲဖြတ်ခံချင်တယ်ပေါ့”

ပေထင်းဟွမ်၏ မျက်နှာသည် ရုတ်တရက်မည်းနက်သွားကာ သူမ၏ မျက်လုံးများမှ အေးစက်သော အလင်းများထွက်လာသည် “ဒါက ဓားသမား အစည်းအရုံးက ဧည့်သည်လက်ခံတဲ့ပုံလား”

“ရှင်က အမှိုက်ပဲလေ.. ကျွန်မတို့ ဂုဏ်သရေရှိဧည့်သည်လို ကြိုဆိုခံခွင့်ရှိ လို့လား”

ထိုမိန်းကလေး၏ အထင်အမြင်သေးသောအကြည့်သည် ပေထင်းဟွမ်ကို ဒေါသထွက်စေသည်။ သူမသည် ပေထင်းမိသားစု၏ မျိုးဆက်သုံးဆက်မြောက် ဆက်ခံသူဖြစ်သည်။ သို့သော် လော့ပေမြို့ကဲ့သို့ နေရာလေးတစ်ခုတွင် အနိုင် ကျင့်ခံနေရသည်။

သူမဘေးမှ ဓားသမားသည်လည်း လှောင်ပြောင်လေသည် “ဟားဟား ဟာသပဲ အမှိုက်သခင်လေး ၉ ကဓားအရည်အချင်းအဆင့်ကို အကဲဖြတ်ခံချင် လို့တဲ့ ကြားလိုက်ကြလား ဟား ဟား ဟား”

All Chapters