← Chapters

ဓားသမား ကြယ် ၇ ပွင့်ထက်တောင် ပိုအားကောင်းသေး တယ်

Vol. 2 Ch. 27

ဓားသမား ကြယ် ၇ ပွင့်ထက်တောင် ပိုအားကောင်းသေး တယ်

Vol. 2 Ch. 27

“ဘုန်း”

ရုတ်တရက်ဆိုသလို ကြမ်းတမ်းသောထိုးနှက်ချက်သည် သူ့မျက်လုံးရှေ့ သို့ လျှပ်တပြက်ရောက်လာပြီး မျက်နှာတွင် နာကျင်မှုကိုခံစားလိုက်ရကာ ပါးစပ်မှ ညှီစို့စို့နံ့ထွက်လာသည်နှင့် ဓားသမားသည် အလျင်အမြန်ပင် ပါးစပ်ကို လက်တစ်ဖက်ဖြင့် ပိတ်ပြီး နောက်လက်တစ်ဖက်ဖြင့် ဓားကိုဆွဲထုတ်လိုက် သည်။

သူ ဓားမရိုးကိုထိလိုက်သည်နှင့် လက်ကောက်ဝတ်မှ စူးရှသောနာကျင်မှု ကိုခံစားလိုက်ရသည်။ သံမဏိကဲ့သို့ မာကြောသောအင်အားတစ်ခုသည် သူ၏ လက်ကောက်ဝတ်ကို ထိန်းချုပ်ထားသည်။ ဓားသမားသည် မသိစိတ်မှရုန်းကန် ရာ သူ၏အရိုးများ ကျိုးကြေပြီး ကြေမွသွားသလိုခံစားလိုက်ရသည်။ သူသည် လှုပ်ပင်မလှုပ်ရဲတော့ပေ။

“အမှိုက်” ပေထင်းဟွမ်သည် သူ့ကို ထိုစကားများအတိုင်း ပြန်ပြော၏။

အစည်းအရုံး ၄ ခုသည် အမြဲတစေလူစည်ကားနေတတ်သည်။ အနှေးနှင့် အမြန်ပင် လူအများစုလာကြသည်။

ထိုအချိန်တွင် ခန်းမထဲမှလူများအားလုံး ရပ်သွားကြသည်။ ပေထင်းဟွမ် ၏ တိုက်ကွက်များသည် လျှပ်စီးကဲ့သို့ပင်။ အဆင့်နိမ့်သူများသည် ပေထင်းဟွမ် ၏ တိုက်ခိုက်မှုများကိုပင် မြင်ရန်အချိန်မရှိလိုက်ပေ။ ဓားသမားသည် ရှုပ်ထွေး နေစဉ်မှာပင် မြေပြင်ပေါ်သို့ ပစ်လဲကျသွားသည်။ ထို့နောက် သူမသည် ထိုလူ၏ ဝမ်းဗိုက်ပေါ်သို့ တက်နင်းလိုက်သည်။ သူမ၏ ခြေထောက်သည် ချော်သွားကာ သူ၏ခါးပေါ်သို့ရောက်သွားသည်။ သူမသည် ခပ်ပြင်းပြင်းကန်လိုက်ရာ ထိုလူ လွင့်သွားလေသည်။

ဘုန်း

မြေပြင်ပေါ်သို့ လေးလံသည့်အရာတစ်ခု ကျသွားသည့်အသံထွက်လာ ကာ ဖုန်မှုန့်များထ,လာတော့သည်။

လှလိုက်တာ… လှုပ်ရှားမှုတွေအကုန်လုံးက ပြေပြစ် ချောမွေ့ပြီး အဆင် ကိုချောနေတာပဲ။

ခန်းမတစ်ခုလုံးတွင် အော်သံများကျွက်ကျွက်ညံသွားတော့သည်။ ထိုအခိုက်တွင် အကန်ခံလိုက်ရသော ဓားသမားကို မည်သူမှဂရုမစိုက်ကြပေ။ အကြည့်များအားလုံးသည် အနက်ရောင်ဝတ်ထားသော ချောမောလှသည့် ကောင်လေးဆီသို့သာ ရောက်နေကြသည်။

သူမသည် လက်နှစ်ဖက်ကိုခါကာ တည်ငြိမ်စွာပင်လှည့်လာပြီး ထိတ်လန့် နေသည့် ကောင်တာအနောက်မှမိန်းကလေးအား ပြောလိုက်သည် “မိန်းကလေး ခုနက ဓားသမားက ဘယ်အဆင့်လဲ”

“အာ.. အိုး..” ထိုမိန်းကလေးသည် သတိပြန်ဝင်လာကာ ပေထင်းဟွမ် အား မရဲတရဲကြည့်လေသည်။ သူမ၏ ရင်များကဆုန်ပေါက်ခုန်နေကာ မျက်နှာ မှာလည်း ရှက်သွေးဖျန်းနေသည်။ သခင်လေး ၉ က အမှိုက်မဟုတ်ဘဲ ဒီလောက် ကြည့်ကောင်းနေလိမ့်မယ်လို့တောင် ထင်မထားဘူး။ သူမသည် သခင်လေး ၉ ကိုအရင်လိုကဲ့သို့ မဆက်ဆံရဲတော့ဘဲ အချက်အလက်များကို စစ်ဆေးနေသည် “ဟုတ်ပါတယ် သူက ကြယ် ၇ ပွင့် ဓားသမားပါ”

“ကောင်းတယ် ဒါဆို ငါက ကြယ် ၇ ပွင့်ဓားသမား အဆင့်ရောက်သင့်ပြီ မဟုတ်ဘူးလား” ပေထင်းဟွမ်သည် အထင်သေးစွာပြောလေသည်။

ဓားသမားများနှင့် ဝိညာဉ်သခင်များတွင် သူတို့၏အဆင့်ကို ဖော်ပြသည့် ပုံစံနှင့် သင်္ကေတများနှင့်အတူ အထူးတံဆိပ်များရှိသည်။ ဓားသမားအစစ်အမှန် ၏ စမ်းသပ်မှုမှာ ပျက်စီးလွယ်သည့် ပုလင်းရှည်တစ်လုံးတွင် အလုံးငယ်တစ်လုံး တင်ပြီး ဓားသမားသည် ပုလင်းကိုမကွဲစေဘဲ ထိုအလုံးငယ်ကိုထိမှန်ရန် ဓားကို အသုံးပြုရသည်။

အဆင့်များကို ပုလင်းရှည်ပေါ်တွင် ရေးမှတ်ထားသည်။ ဓားသမားအဆင့် သည် အလုံးသေးလေ အဆင့်မြင့်လေဖြစ်သည်။

သေချာတာပေါ့.. ထိုနည်းလမ်းသည် မြေကြီးအဆင့်ဓားသမားများ အတွက် အကဲဖြတ်သည့်နည်းလမ်းဖြစ်သည်။ ကောင်းကင်အဆင့်ရောက်သည် နှင့် တခြားအကဲဖြတ်သည့်စံနှုန်းများလည်းရှိသည်။ သို့သော် ထိုနည်းလမ်းများ ကို သုံးခဲ့သည်။ ပထမဦးစွာ ကောင်းကင်အဆင့်ဓားသမားမှာ နည်းပါးသလို ဒုတိယအချက်အနေနှင့် ကောင်းကင်အဆင့်ဓားသမားများသည် တိုက်တစ်ခု လုံးတွင် ကျော်ကြားကာ ၎င်းတို့၏တံဆိပ်အဆင့်ကို ဂရုမစိုက်တတ်ကြပေ။

“ဒါက ဒါက.. သခင်လေး ၉ ကျွန်မကြောက်တာ ဒါက…” မိန်းကလေး သည် အကဲဖြတ်သည့် စည်းမျဉ်းစည်းကမ်းများကို မချိုးဖောက်ရဲပေ။ သူမသည် ငြင်းဆန်ခြင်းလည်း မပြုရဲပေ။ သူမ အကျပ်ရိုက်နေသောကြောင့် တခြားတစ် ယောက်မှ သူမ၏ကိုယ်စားပြန်ဖြေပေးလေသည်။

“ဒီဓားသခင်အတွက် ကြယ် ၇ ပွင့်ဓားသမားအဖြစ် စာရင်းသွင်းပြီး တံဆိပ်ပေးလိုက်ပါ”

လှေကားပေါ်မှ မုတ်ဆိတ်ဖြူ၊ ဆံပင်ဖြူနှင့်အဘိုးကြီးသည် ဖြည်းညင်းစွာ ဆင်းလာသည်။ လှေကားကိုလက်နှင့်ကိုင်ထားပြီး ပေထင်းဟွမ်ကိုငုံ့ကြည့်လေ သည်။ သို့သော် သူ့မျက်လုံးများသည် နူးညံ့နေရာ ပေထင်းဟွမ်ကို မသက်မသာ မဖြစ်စေပေ။ ပေထင်းဟွမ်သည် သူ့ကို ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြလေ ရာ အဘိုးကြီးသည် သဲ့သဲ့ပြုံးပြီးဆင်းလာသည် “မင်းအရည်အချင်းက တော် တော်ကောင်းတာ ခုနကတွေ့လိုက်တယ်.. ပြီးတော့ မင်းအားက ကြယ် ၇ ပွင့် ဓားသမားထက်တောင် ပိုတာပဲ”

ပေထင်းဟွမ်သည် ထိုအဘိုးကြီးကိုမသိပေ။ သို့သော် တခြားသူများ လည်း မသိဟုမဆိုလိုပေ။

“အာ.. ဒါက သခင်ချန်မုပဲ.. သခင်ချန်မုက ကြယ်ပွင့်ဓားသခင်လေ”

“သခင်လေး ၉ က ကြယ် ၇ ပွင့်ဓားသမားထက်တောင် သာတယ်လို့ သခင်ချန်မုက ပြောနေတာပဲ အဲဒါဘာအဓိပ္ပာယ်လဲ”

“ဒါဆို သခင်လေး ၉ ကအမှိုက်မဟုတ်ဘူးပဲ”

လော့ပေမြို့သည် နေရာငယ်လေးတ်စခုသာဖြစ်သည်။ ဤနေရာတွင် အဆင့် ၁ ပညာရှင်များစွာရှိကာ အဆင့် ၂ ပညာရှင်များသည် သန်မာသည်။ ကြယ်ပွင့်ဓားသခင်ကဲ့သို့ ကောင်းကင်အဆင့်ရှိ ပညာရှင်များသည် ဤနေရာ တွင် နတ်ဘုရားသဖွယ်ပင်။

All Chapters