ကောင်းကင်အဆင့်ဓားသမားချန်မု
Vol. 2 Ch. 28
ကြယ်ပွင့်ဓားသခင်ချန်မုလား..
ပေထင်းဟွမ်သည် ထိုလူကိုဝိုးတိုးဝါးတားမှတ်မိသည်။ သူသည် တိုင်းပြည်ကို ကာကွယ်နေသည့် စစ်သည်များထဲမှတစ်ယောက်ဖြစ်သည်။ သူ သည် ဤနေရာတွင် ဓားသခင်ဂိုဏ်းခွဲကို တာဝန်ယူနေသော်လည်း ကြယ်ပွင့် ဓားသခင်အနေနှင့် ဤနေရာတွင် ကောင်းကင်အဆင့်သခင်နှင့်ညီသည့် ပြောရေးဆိုခွင့်ရှိသူဖြစ်သည်။ ထိုလူသည် သူမ၏နာမည်ကို ရှင်းလင်းပေးရန် ထိုသို့ပြောပေးခြင်းဖြစ်သည်။
အသုံးမကျခဲ့သောလူတစ်ယောက်သည် ကိုယ်ပိုင်အင်အားကို သက်သေ ပြခဲ့သော်ငြား တခြားသူများ၏ လျစ်လျူရှုခြင်းနှင့် ငြင်းပယ်ခြင်းကိုခံရမည်ကို သူမ သိသည်။
သို့သော် ပေထင်းဟွမ်သည် အေးစက်သောလူဖြစ်ကာ စကားကို မည်သို့ ကောင်းမွန်အောင် ပြောရမည်ကိုမသိပေ။ သူမသည် ချန်မုကို ခေါင်းညိတ်ရုံသာ ညိတ်ပြလိုက်သည်။
ထိုအပြုအမူသည် သူမကို ခပ်မိုက်မိုက်ပုံစံဖြစ်သွားစေသည်။ သူမ ရိုင်းစိုင်းသည်ဟု ချန်မုမတွေးပေ။ ထိုအစား သူသည် သူမ၏မောက်မာမှုကို လေးစားသည်။
သူမသည် တခြားလူ၏ ကြင်နာမှုကြောင့် အလွယ်တကူစိတ်လှုပ်ရှား တတ်သူမဟုတ်ကာ သူမကိုယ်တိုင်က သန်မာရန်စိတ်ပိုင်းဖြတ်ထားခြင်း ကြောင့်ဖြစ်သည်။
စိတ်ပိုင်းဖြတ်ခြင်းသည် အလွန်အရေးကြီးသည်။
ချန်မုသည် သူမကိုအသာပင်ခေါင်းညိတ်ပြပြီး သူမကိုဖြတ်သွားချိန်တွင် သူမ၏ဆံပင်ကိုပါ ပွတ်သပ်ပေးသွားသည်။
ထိုအပြုအမူသည် အားလုံး၏အမြင်တွင် အလွန်တရာအံ့ဩစရာကောင်း နေရာ မျက်လုံးများပင် ပြူးထွက်မတတ်ဖြစ်နေကြသည်။
သူက ကြယ်ပွင့်ဓားသခင်လေ.. အရမ်းကိုမြင့်မြတ်ပြီး ဂုဏ်ရှိတဲ့လူ။ သခင်လေး ၉ အပေါ် ဘာလို့ဒီလောက်ကောင်းပေးနေတာလဲ။
သခင်လေး ၉ သာ အသုံးမကျဘူးဆိုရင် ကြယ်ပွင့်ဓားသခင်က သူမကို ကောင်းကောင်းဆက်ဆံမှာလား။
ဧည့်ကြိုမိန်းကလေးသည် ဓားသမားတံဆိပ်ယူပြီးထွက်လာချိန်တွင် ထို မြင်ကွင်းကိုမြင်လိုက်ရသည်။ သူမ ပေထင်းဟွမ်ဘက်ဆီသို့ လျှောက်သွားချိန် တွင် ခါးကိုပိုညွှတ်ပြီး အသံမှာလည်းပိုနူးညံ့လာသည်။ သူမသည် ပြီးခဲ့သည့် အပြုအမူအတွက် အလွန်ရှက်နေမိသည် “သခင်လေး ၉ ဒါက ရှင့်ရဲ့ဓားသမား တံဆိပ်ပါ.. ကူညီပြီးတပ်ပေးရမလား”
“မလိုဘူး” ပေထင်းဟွမ်သည် တံဆိပ်ယူပြီး ရင်ဘတ်တွင် တပ်ဆင်လိုက် သည်။ သူမသည် စိတ်ပုတ်သူမဟုတ်ပေ။ သူမသည် ဒေါသထွက်ရုံဖြစ်ကာ ဧည့်ကြိုမိန်းကလေးသည်လည်း သဘောထားပြောင်းသွားပြီဖြစ်သည်။ ဤ ကဲ့သို့ ကိစ္စလေးတစ်ခုအတွက်နှင့် ကပ်သပ်နေရန်မလိုတော့ပေ။
ပေထင်းဟွမ် ဓားသမားအစည်းအရုံးမှထွက်လာပြီး ပေထင်းယောင်နှင့် အတူ လမ်းတစ်ဖက်မှ ကြေးစားအစည်းအရုံးသို့ သွားသည်။
ပေထင်းဟွမ်ကို မြင်လိုက်ရချိန်တွင် ကောင်တာမှဧည့်ကြိုမိန်းကလေး သည် ခေတ္တမျှ မှင်တက်နေသည်။ ပေထင်းဟွမ်ကို ထွက်သွားရန် နှင်တော့မည့် ဆဲဆဲတွင် ပေထင်းဟွမ်၏ ရင်ဘတ်မှ ဓားသမားတံဆိပ်ကိုမြင်လိုက်ရသည်။ သူမသည် အလျင်အမြန်ပင်ပြုံးကာ မတ်တတ်ထပြီး နူးညံ့စွာမေးလေသည် “သခင်လေး ၉ ပဲ ဘာများကူညီပေးရမလဲမသိဘူး”
ဧည့်ကြိုမိန်းကလေး၏ သဘောထားကို သတိပြုမိရာ ပေထင်းယောင် သည် တိုးညင်းစွာ ကျိန်ဆဲမိသည် “ဇီဇာကြောင်လိုက်တာ”။ သိုသော် ပေထင်းဟွမ်သည် ဂရုမစိုက်ပေ။ သူမသည် ထိုအရေးမပါသောလူများနှင့် ရန်မများချင်ပေ။ ထို့ကြောင့် ဧည့်ကြိုမိန်းကလေးမှ သူမကို အထင်သေးပုံပြလာ ချိန်တွင် တံဆိပ်ကိုအမြန်ပြလိုက်ခြင်းဖြစ်သည်။
ကမ္ဘာပေါ်မှ သန်မာသူများလည်း အောက်ခြေမှတက်လာသူများဖြစ်ကြ သည်။ ဤအရာသည် လူ့သဘာဝပင်ဖြစ်သည်။ သူတို့တွေက ဘယ်လိုလုပ် တွက်ကပ်နေကြမလဲ။
တစ်နေ့ လူအားလုံးသည် သူမကို ကြည့်လာအောင် လုပ်ရမည်။ တစ်နေ့ သူမ သန်မာလာရမည်။
“ငါ ကြေးစားအဖြစ် စာရင်းသွင်းချင်လို့” ပေထင်းဟွမ်သည် စားပွဲကို ခပ်ဖွဖွခေါက်လိုက်သည်။ သူမသည် အစအရာအရာချောမောနေကာ သူမ၏ အနက်ရောင် မျက်လုံးများသည် တောက်ပနေသဖြင့် မြင်ရသူများကို မူးဝေစေ သည်။ ဧည့်ကြိုမိန်းကလေးသည် သူမကို စိုက်ကြည့်နေမိသည်။ သခင်လေး ၉ သည် ခေါင်းမော့ပြီးရင်ဘတ်ကော့ထားချိန်တွင် ဤမျှလောက် ကြည့်ကောင်း နေသည့်လူဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။
သခင်လေး ၉ က အမှိုက်မဟုတ်ဘူးပဲ။ အရမ်းတောင်ချောနေသေးတယ်။
“ဟား ဟား ကြေးစားလား လာနောက်နေတာလား မင်းက ဘယ်သူလဲ မင်းက အသုံးမကျတဲ့ သခင်လေး ၉ မဟုတ်ဘူးလား ရယ်လိုက်ရတာ ကြေးစား တွေက ဘာလုပ်ကြလဲဆိုတာ မင်းသိလို့လား”
တံခါးတွင် အင်္ကျီအတိုဝတ်ထားသော လူငယ်ဝင်လာသည်။ သူ၏ မျက်လုံးမျက်ခုံးများသည် ထင်းနေသည်။ သူဝင်လာသည်နှင့် သူနှင့်ပရောပရည် လုပ်နေကျ ဧည့်ကြိုမိန်းကလေးသည် ပေထင်းဟွမ်ကို စေ့စေ့ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူ ဒေါသထွက်သွားလေ၏။
သူသည်လည်း ကြေးစားတပ်သားဖြစ်သည်။ သူ၏ အချိန်အများစုကို လော့ပေမြို့အနီးရှိ နေဝင်တောတွင် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် သေချာပေါက် ပေထင်းဟွမ်ဆိုသည့်လူကို သိသည်။