Chapters

ကြယ် ၂ ပွင့် ဓားသခင်ကိုစိန်ခေါ်ခြင်း

Vol. 2 Ch. 29

ကြယ် ၂ ပွင့် ဓားသခင်ကိုစိန်ခေါ်ခြင်း

Vol. 2 Ch. 29

“အမှိုက်ဟုတ်လား ဘယ်သူ့ကို အမှိုက်လို့ခေါ်လိုက်တာလဲ” ပေထင်း ယောင်အတွက် ယနေ့လုံလောက်သွားပြီဖြစ်သည်။ ထိုအခါမှပင် ဤနှစ်များ အတွင်းတွင် သူ၏ညီငယ်ဖြစ်သူ မည်သို့နေခဲ့ရသည်ကို သိသွားလေသည်။

မိသားစုအတွင်းမှလူများ မည်မျှအနိုင်ကျင့်စေကာမူ အပြင်လူများက လည်း သူ့ကိုအလွန်ပင် အထင်သေးလွန်းသည်။

“သခင်လေး ၉ ကိုပြောတာပဲလေ အမှိုက်မဟုတ်ရင် သူများနောက်မှာ ဘာလို့ပုန်းနေမှာလဲ” လူငယ်သည် ကျောတွင် လေးလံသောဓားကြီးကို သယ် ဆောင်ထားသည်။ သူ၏အင်အားကြောင့် လော့ပေမြို့၏ ကြေးစားတပ်သား များထဲတွင် ဂုဏ်အနည်းငယ်ရှိသည်။

ပေထင်းဟွမ်သည် သူမရှေ့တွင် ရပ်နေသည့် ပေထင်းယောင်ကိုဆွဲပြီး အနောက်ပို့ကာ လူငယ်၏အနောက်မှဓားကို စွေစောင်းကြည့်လေသည် “မင်းက ဘယ်အဆင့်လဲ”

“ဟွမ်ပင်း သခင်လေး ၉ က ကြယ် ၇ ပွင့်ဓားသမားပဲ” ဟွမ်ပင်းဟု အမည်ရသည့် ထိုလူငယ်နှင့် ပရောပရည်ရှိထားသော ဧည့်ကြိုမိန်းကလေး သည် သူ့အပေါ်တွင် ခံစားချက်ရှိနေ၍ ကြင်နာစွာဖြင့် သတိပေးလေသည်။

“ကြယ် ၇ ပွင့်ဓားသမားလား” ဟွမ်ပင်းသည် အနည်းငယ် အံ့ဩသွား သော်လည်း သူသဘောကျသည့် မိန်းကလေးသည် ပေထင်းဟွမ်အား တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကိုမြင်သောအခါ ဒေါသ မထွက်ဘဲမနေနိုင်ပေ။ သူသည် ဓားဆွဲထုတ်ပြီး ပေထင်းဟွမ်အား ညွှန်ပြလေ သည် “ကြယ် ၇ ပွင့်ဓားသမားလေး.. ကြယ် ၂ ပွင့်ဓားသမားတစ်ယောက်အနေ နဲ့ မင်းကို တစ်ကွက်အကျောပေးတယ်”

တစ်ကွက်အကျောပေးတယ်ဟုတ်လား။ ဒါက သူမကို သက်သက် အရှက် ခွဲတာပဲ။

ဟွမ်ပင်းသည် ဒေါသကြီးသည့် ခွေးရူးတစ်ကောင်နှင့်တူသည်ကို ပေထင်း ဟွမ်သိသည်။ ထိုလူသည် သူနှင့်အတူအိပ်ထားသော ဧည့်ကြိုမိန်းကလေးရှေ့ တွင် သူ၏အစွမ်းအစကို ပြချင်၍ခေါင်းမာနေသည်။

ဒီလိုဆိုမှတော့ သူမက ကူညီပေးရမှာပေါ့။

ဓားသမား၏အဆင့်ကို ကောင်းကင်နှင့်မြေကြီးဟူ၍  အဆင့်နှစ်ဆင့် ပိုင်းခြားထားသည်။ ဓားသမားနှင့် ဓားသခင်တို့အားလုံးသည် မြေကြီးအဆင့် ဖြစ်ကာ အဆင့်တိုင်းကို ကြယ်ပွင့် ၉ ပွင့်နှင့်  ဟွမ်ပင်းသည် အဆင့် ၂ ဓားသမား၊ အဆင့် ၂ ပညာရှင်ဖြစ်သည်။ ဤတိုက်မှ အဆင့် ၂ ပညာရှင်သည် မည်မျှ အားကောင်းသလဲဆိုသည်ကို သူမ ကြည့်ချင်သည်။

“ငါ့မှာ ဓားမရှိဘူး.. ဒါပေမဲ့ ငါ့ကိုအကျောပေးဖို့ မလိုဘူး စကြတာပေါ့” ပေထင်းဟွမ်သည် အနက်ရောင်ဝတ်ရုံကို မြှောက်ပြီး ခါးတွင်ပတ်ချည်လိုက်ရာ အထဲမှ စစ်သည်ဝတ်စုံ ပေါ်လာလေသည်။ သူမ၏ လေးစားလောက်ရသည့် ရောင်ဝါသည် အားလုံး၏ အာရုံကိုဖမ်းစားလိုက်သည်။

သခင်လေး ၉.. သခင်လေး ၉ က ကြယ် ၇ ပွင့်ဓားသမားအဆင့်ပဲရှိသေး ပေမဲ့ အဆင့် ၂ ကြယ်သမားကိုတောင် စိန်ခေါ်ရဲတဲ့ သတ္တိရှိတယ်။ သူမသည် သူ့ကိုမှီရန် အလှမ်းဝေးလှကာ အဆင့်မှာလည်း များစွာကွာနေသည်။ သူမသည် ဤမမျှတသော စိန်ခေါ်မှုကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။

သတ္တိရှိသူများကို သူတို့၏ သွေးရဲမှုကြောင့်ပင် လေးစားခံရသည်။

ကြေးစားများသည် ဓားကြောင့်ပင် အသက်ရှင်ရသလို ဓားကြောင့်ပင် သေရသည်။ သူတို့သည် ရဲတင်းပြီး တားဆီးမရပေ။ ပေထင်းဟွမ်သည် ပေါ့တီး ပေါ့ပျက်၊ အေးတိအေးစက်နှင့် ထောင်လွှားခြင်းမရှိသည်ကို မြင်သည်နှင့် အားလုံး၏ စိတ်ထဲတွင် မစခင်ကပင် ပုံနှိပ်ရိုက်ပြီးသားဖြစ်နေသည်။ သူမ ရှုံးရင် တောင် ရှက်စရာမရှိဘူး။

တိုက်ကြီးတွင် ပေထင်းဟွမ်သာ စိန်ခေါ်မှုကို လက်ခံရန်သတ္တိမရှိမှ အထင်သေးခံရမည်ဖြစ်သည်။

မကြာမီတွင် ခန်းမထဲတွင် နေရာကျယ်ကြီးတစ်ခုကို ဖန်တီးလိုက်ကြ သည်။ ပေထင်းယောင်သည် အလွန်ပူပန်လျက်ရှိသည်။ သူသည် ပေထင်းဟွမ် ကိုကူညီချင်သော်လည်း မဖြစ်နိုင်သည်မှာ ရှင်းနေသည်။ သူမသည် ကြယ် ၇ ပွင့် ဓားသမားအဆင့်ရှိသော်လည်း ကြယ် ၂ ပွင့်ဓားသမားဖြစ်သော ဟွမ်ပင်း သည် အရိုးထဲမှအေးစိမ့်မှုကို ခံစားလိုက်ရဿည်။

ဟွမ်ပင်းသည် လေးလံသောဓားကြီးကို ဆွဲကိုင်ကာ အော်ဟစ်ပြီး ပေထင်းဟွမ်ကို ခုတ်လေသည်။ ညှာတာမှုမရှိသော တိုက်ကွက်များဖြင့် ဓားချက်များမှာ တည့်တည့်ကျလာသည်။ သို့သော် မိုးကြိုးဖိအားကဲ့သို့ အကွက် များမှာ သက်ရောက်မှုအရှိဆုံးဖြစ်သည်။

ပေထင်းဟွမ်၏ အားသည် သူ့ထက် တစ်ဆင့်နိမ့်သည်။ သူသည် သူ၏ ဓားရောင်ဝါကိုသုံးပြီး တစ်ကွက်တည်းနှင့်တင် ရန်သူအားခြိမ်းခြောက်ပြီး ထိခိုက်အောင်လုပ်နိုင်သည်။ သူသည် အားလုံး၏ရှေ့တွင် အထူးသဖြင့် ဧည့်ကြို မိန်းကလေး၏ရှေ့၌ ဂုဏ်တည်ဆောက်ပြီးလေသည်။