စစ်မှန်သောစစ်သည်
Vol. 2 Ch. 30
ပေထင်းဟွမ်သည် အေးစက်စွာနှာမှုတ်လိုက်ပြီး ထောင့်ဖြတ်အတိုင်း ခြေလှမ်းလှမ်းလိုက်သည်။ သူမသုံးသည့် ထူးဆန်းသည့်ခြေလှမ်းမှာ မည်သည့် အမျိုးအစားမှန်းမသိကြပေ။ သို့သော် လျှပ်တပြက်အတွင်းမှာပင် ဟွမ်ပင်းရှေ့ မှ လူပျောက်သွားသည်။ သူ ထိတ်လန့်သွားသည်။ ထို့သော် စစ်မြေပြင်၌ မျက်စိတစ်မှိတ်အတွင်းမှာပင် သေခြင်းနှင့်ရှင်ခြင်းသည် တစ်ခဏအတွင်း ဆုံးဖြတ်လိုက်နိုင်သည်။ အားကောင်းသောလေတိုက်လာရာ ဟွမ်ပင်းသည် အလျင်အမြန်ပင် ဓားကိုမြှောက်ပြီး ခုခံလေသည်။ သို့သော် အားပြင်းသော ကန်ချက်မှာ သူ့ရင်ဝသို့ရောက်လာပြီး လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ကိုင် ထားသောဓားမှာ တံခါးအပြင်သို့ လွင့်သွားလေသည်။
“အာ…”
တံခါးဝမှ ပွဲကြည့်နေသောလူအုပ်သည် မှင်တက်သွားကာ ဘေးနှစ်ဖက် သို့ အမြန်ဖယ်လိုက်ကြသည်နှင့် ဓားသည် လေထဲတွင် လည်နေကာ တံခါး ဘောင်နှင့် တိုက်သံ “ဒုန်း ဒုန်း” ဆိုသည့်အသံထွက်လာသည့်တိုင်အောင် ဓား သည် ရပ်မသွားပေ။ ဓားသည် ကျသွားသော်လည်း အားပြင်းပြင်းဖြင့် ဆန့်ကျင် ဘက်နေရာသို့ ထပ်လွင့်သွားကာ တံခါးဘောင်နှင့် သွားတိုက်လေသည်။ ထိုအခါမှ ဟွမ်ပင်းသည် ခေါင်းလှည့်ကြည့်ရာ ဓားသည် အပိုင်းပိုင်းကြေနေပြီ ဖြစ်သည်။
တစ်ကွက်တည်း.. တစ်ကွက်တည်းရယ်.. သူက ဓားသမားရော ဟုတ်သေးရဲ့လား။ ဟွမ်ပင်းသည် အဆင့် ၂ ဓားသခင်မျှသာဖြစ်သည်။ ပေထင်းဟွမ်သည် ထိုအဆင့်များအကြားမှ ကွာခြားမှုကို မသိသော်လည်း ဟွမ်ပင်းသိသည်။ အဆင့်မှာ ၁ ဆင့်မျှသာ ကွာခြားသော်လည်း သူမသည် တစ် ကွက်တည်းနှင့် သူ့အသက်ကို အဆုံးသတ်လိုက်နိုင်သည်။
သူသည် အနည်းငယ်ရှုပ်ထွေးသွားကာ ပေထင်းဟွမ်အား ကြောက်ရွံ့ သော မျက်လုံးတစ်စုံဖြင့်ကြည့်လေသည်။ သို့သော် ပေထင်းဟွမ်သည် မျက်လုံး များကို ကျဉ်းမြောင်းကာ အေးစက်စွာ ပြောလေသည် “မင်းသိလား.. ငါ့ကို လက်နက်နဲ့ လာရွယ်တဲ့အခါမှာ အမုန်းဆုံးပဲ”
သူမ ပြောပြီးနောက် ဟွမ်ပင်းကို လျစ်လျူရှုလိုက်သည်နှင့် ဟွမ်ပင်းသည် မြေပေါ်သို့ တဖြည်းဖြည်းလဲကျသွားပြီး အသက်ထွက်သွားလေသည်။ သူမ လှည့်ပြီး ဘေးတွင်ရပ်နေသည့် ပါးစပ်ပင်မပိတ်နိုင်လောက်အောင် ထိတ်လန့် နေသော ဧည့်ကြိုမိန်းကလေးကိုမေးလိုက်သည်။ “ဒီက လုပ်ငန်းစဉ်တွေကို မေးလို့ရမလား”
သူမသည် အခုလေးတင် စိန်ခေါ်သူကို သတ်ပြီးရာ ခန်းမထဲမှလူများသည် ငေးငိုင်နေတုန်းပင်ဖြစ်သည်။ သူမကတော့ ဘာမှမဖြစ်ခဲ့သလိုမျိုးပင် လုပ်ငန်း စဉ်အတိုင်း ကြေးစားစာရင်းသွင်းရန် တွေးနေသေးသည်။
သူမက အသုံးမကျတဲ့ သခင်လေး ၉ ရောဟုတ်ရဲ့လား။ ခန်းမထဲမှ ကြေးစားတပ်သားများသည် တစ်နှစ်ပတ်လုံး ဓားအစွန်းတွင် အသက်ရင်းထား ကြသည်။ သူတို့သည် သေရေးရှင်ရေး အခြေအနေများကို ကြုံနေရသည်။ သို့သော် သခင်လေး ၉ ၏ မျက်နှာထားမှာတည်ငြိမ်နေသလို မျက်လုံးမှာလည်း ငြိမ်သက်လှသည်။ လူတစ်ယောက်ကို သတ်ရသည်မှာ သူ့အတွက် ဘာမှ မဟုတ်သလိုပင်။
ချောမောသည့်လူငယ်မဟုတ်တော့ဘဲ နတ်မိစ္ဆာကဲ့သို့ဖြစ်နေသော ပေထင်းဟွမ်ကို ဧည့်ကြိုမိန်းကလေး မြင်သောအခါ ကြောက်ရွံ့နေသဖြင့် မျက်နှာများပင် ဖြူဖျော့လာသည် “ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ပါ”
သူမသည် ကြေးစားအသိအမှတ်ပြုလက်မှတ်ကို ပေထင်းဟွမ်အား လက်နှစ်ဖက်ဖြင့် တရိုတသေပေးပြီး အလောတကြီး ပြောလေသည် “ယူလိုက် ပါ”
ပြီးသည်နှင့် ပေထင်းဟွမ်၏ အာရုံမှာ သူမဆီသို့ရောက်လာမည်ကို ကြောက်သဖြင့် ကောင်တာအနောက်သို့ ပြေးဝင်ကာ ပုန်းလေသည်။
“ဟား ဟား ကောင်းတယ်”
ချီးကျူးသံသည် တိတ်ဆိတ်သောခန်းမထဲတွင် ထွက်ပေါ်လာသည်။ လူအုပ်သည် လမ်းဖယ်ပေးလိုက်သည်နှင့် အညိုဖျော့ရောင်စစ်ဝတ်စုံဝတ်ဆင် ထားသည့် လူငယ်တစ်ယောက်သည် အနောက်မှလျှောက်လာသည်။ သူသည် အသက် ၂၅၊ ၂၆ နှစ်ခန့်ရှိ၏ ။ သူသည် အလွန်ချောမောကာ သန်မာသော ခန္ဓာ ကိုယ်ရှိသည်။ သူသည် ပေထင်းဟွမ်အား တောက်ပသည့် မျက်လုံးတစ်စုံဖြင့် ကြည့်လေသည် “စစ်သည်လေး ငါက နှင်းဝံပုလွေကြေးစားတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ချင်ယွိပါ.. မင်းကို လေးစားသမှုပြပါရစေ”
လူငယ်သည် အလွန်ပင် ယဉ်ကျေးနေသည်။ သူ သူမကိုကြည့်နေချိန်တွင် လေးစားသည့် အရိပ်အငွေ့ပါနေသည်။ ပေထင်းဟွမ်သည် သူ့ကိုမသိပေ။ သို့သော် လူအုပ်ထဲမှ သူ့အကြောင်းကို ဆွေးနွေးသံကိုကြားသောအခါ မှင်တက် မိသည်။
“ဘုရားရေ တကယ်ပဲ နှင်းဝံပုလွေကြေးစားတပ်ဖွဲ့ပဲ.. ဘုရားရေ တိုက်ကြီးမှာ အဆင့် ၁ ကြေးစားတပ်ဖွဲ့ပဲ”
“အာ.. တကယ်ပဲ သခင်လေးချင်ယွိပဲ.. ဘုရားရေ သူက တစ္ဆေသခင်ကြီး ပဲ”
သူ့အကြောင်းကို ဆွေးနွေးနေသည့်လူများအပေါ် ပေထင်းဟွမ် အာရုံစိုက် နေသည်ကို မြင်သောအခါ ချင်ယွိသည် ပြုံးပြီးပြောလိုက်သည် “သခင်လေး ၉ ညအရှင်အိမ်တော်က ဥရှာဖို့ အေအဆင့် အစီအစဉ်လုပ်နေတာကို မင်းကြားပြီး လောက်မှာပါ.. သတ္တိရှိတဲ့စစ်သည်တစ်ယောက်အနေနဲ့ ငါတို့ကြေးစားတပ်ဖွဲ့ ထဲဝင်ပြီး တိုက်ခိုက်ဖို့ကို ဖိတ်ခေါ်လို့ရမလား”
“တိုက်မှာ ထိပ်တန်းကြေးစားတပ်ဖွဲ့က တကယ်ကြီး သခင်လေး ၉ ကို ဖိတ်နေတာပဲ”
“သခင်လေးချင်ယွိနဲ့အတူ တိုက်ခိုက်ရမှာလား ဘုရားရေ ငါတော့ မေ့လဲ တော့မယ် ဘာလို့ငါ့ကျမဖိတ်တာလဲ”
ပေထင်းဟွမ်သည် ဘာစကားမှမပြောဘဲ သူမ၏ရှေ့မှလူငယ်အားကြည့် နေသည်။ သူ၏စိတ်ရင်းမှန်သော မျက်လုံးများသည် နူးညံ့ပြီး အတုအယောင် မပါပေ။ သို့သော် ပေထင်းဟွမ်သည် တုံ့ပြန်ခြင်းမရှိပေ။ ချင်ယွိသည် ဤ လူငယ်ကို အထင်မကြီးဘဲမနေနိုင်တော့ပေ။ သူသည် တည်ငြိမ်ပြီး အမြော်အမြင်ရှိသလို ထူးခြားသည် “စစ်မှန်တဲ့ စစ်သည်က အားလုံးရဲ့ လေးစား မှုနဲ့ထိုက်တန်ပါတယ်”