ကြောက်ရွံ့မှုမရှိတဲ့စစ်သည်
Vol. 2 Ch. 31
စစ်မှန်တဲ့ စစ်သည်လား။ သခင်လေးချင်ယွိက သခင်လေး ၉ ကို စစ်မှန်တဲ့ စစ်သည်လို့ပြောလိုက်တာလား။ သခင်လေးချင်ယွိက ဘယ်သူလဲ။ အဆင့် ၃ ပညာရှင်၊ အဆင့် ၇ ဝိညာဉ်ကျင့်ကြံသူက သခင်လေး ၉ ကို နှင်းဝံပုလွေ ကြေးစားတပ်ဖွဲ့ကို ဝင်ဖို့ ကိုယ်တိုင်တလေးတစား ဖိတ်နေတာပဲ။
ကြေးစားများအားလုံးသည် နှင်းဝံပုလွေကြေးစားတပ်ဖွဲ့သို့ ဝင်ချင်ကြ သည်။ သို့သော် ထိပ်တန်းကြေးစားတပ်ဖွဲ့ထဲသို့ ဝင်ရန်မှာ ပြောသလောက် မလွယ်ပေ။
ချက်ချင်းဆိုသလိုပင် ခန်းမထဲမှလူများအားလုံး ရူးသပ်ကုန်ကြသည်။ သူတို့သည် အလျင်အမြန်ပင် ပေထင်းဟွမ်ဆီသို့ ပြေးကြလေသည်။ တချို့မှာ စနောက်နေကြသည် “သခင်လေး ၉ ကျွန်တော်တို့ကို သနားပါဦး ကျွန်တော်တို့ အဖွဲ့ကိုဝင်ပါလား”
“ဟား ဟား ဟုတ်တယ် သခင်လေးချင်ယွိ ခင်ဗျားတို့တပ်ရင်းမှာက သခင်တွေဒီလောက်များနေတာ သခင်လေး ၉ ကိုကျွန်တော်တို့ဆီကနေ ဘာလို့ လုချင်နေတာလဲ”
“သခင်လေး ၉ ကျွန်တော်တို့က ပြည်မကြီးမှာ တတိယအကြီးဆုံး ကြေးစားအဖွဲ့ဖြစ်တဲ့ ရေနက်ကြေးစားတပ်ဖွဲ့ပါ.. သခင်လေး ၉ စဉ်းစားကြည့် ပေးပါဦး”
ညအရှင်အိမ်တော်မှ ကြေညာလိုက်သော ဥရှာရမည့်တာဝန်ကြောင့် ပြည်မကြီးမှ ကြေးစားတပ်ရင်းများ အမြန်ရောက်လာခြင်းဖြစ်သည်။ ထိုအချိန် တွင် မီးပွားသည် လူအုပ်အနောက်တွင်ရပ်နေသည်။ သူသည် တိုက်ကြီးရှိ ဒုတိယအကြီးဆုံး ကြေးစားတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်။ ခေတ္တမျှ တွေဝေ ပြီးသည့်နောက် သူလည်း ဖျစ်ညှစ်ကာ ပြုံးပြီး လေးစားစွာပြောလေသည် “သခင်လေး ၉ ကျေးဇူးပြုပြီး ကျုပ်မီးပွားနောက်ကိုလိုက်ခဲ့ပါလား ကျုပ်တို့က တလေးတစားဆက်ဆံမှာပါ.. ကျုပ်တို့ရှင်းဖန်ကြေးစားတပ်ဖွဲ့က သတ္တိရှိတဲ့ စစ်သည်တွေအတွက် အမြဲတံခါးဖွင့်ထားမှာပါ”
ကြေးစားများသည် အလွန်သတ္တိရှိကြပြီး ခံစားချက်ပြင်းကြသည်။ သူတို့ သည် စစ်သည်များကို ချီးကျူးပြီး သန်မာသူကို လေးစားသည်၊ သစ္စာကို တန်ဖိုး ထားသည်။ အကယ်၍ သင့်တော်သောအချိန်တွင် မဖော်ပြပါက တခြားသော ကြေးစားများ၏ ငြင်းပယ်ခြင်းကိုခံရနိုင်သည်။ သူ၏ ကြေးစားတပ်ဖွဲ့ကို အမြင် လှစေရန် အချိန်ကောင်းပင်ဖြစ်သည်။
ပေထင်းဟွမ်သည် ပြီးခဲ့သည့်ဘဝက ကြေးစားတစ်ယောက်ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြေးစားလောကနှင့် အလွန်ကျွမ်းဝင်သည်။ သူမသည် အရင်ဘဝ ကိုပြန်ရောက်သွားသလို ခံစားရသည်။ ထိုသွေးပူသော လူငယ်သည် အလွန်ပင် တည့်တိုးဆန်သည်။ သူတို့သည် သန်မာသူကိုသဘောကျကြပြီး အားနည်းသူ ကိုရွံရှာသည်။ သူတို့၏ဂုဏ်သတင်းအတွက် သေသွားလျှင်တောင် လေးစားမှု ကို ရွေးချယ်မည်ဖြစ်သည်။ တိုက်တွင် အလျှော့ပေးလျှင် အထင်သေးခံရမည်။
အကြောက်အလန့်မရှိဘူး…
သူမသည် လေးလံသောဓားကိုကိုင်ဆောင်သည့် ဓားသခင်ကို လက်ဗလာ နှင့် အနိုင်ယူခဲ့သည်။ သူမသည် အားလုံး၏လေးစားမှုနှင့်ထိုက်တန်သည်။
“တောင်းပန်ပါတယ် ညအရှင်အိမ်တော်က ခန့်အပ်တာကို သဘောတူပြီး သွားပါပြီ” ပေထင်းဟွမ်သည် စိတ်ရင်းနှင့်ဖိတ်ခေါ်လာသောလူကို ကြည့်လိုက် သည် “သခင်လေးချင်ယွိ စိတ်မရှိရင် ဒီတာဝန်ပြီးတာနဲ့ လက်ရုံးရည်ယှဉ်လို့ရပါ တယ်”
သူမသည် နှင်းဝံပုလွေကြေးစားတပ်ဖွဲ့သို့ ဝင်ရန် သဘောမတူပေ။ သူမ သည် ချုပ်တည်းမှုကို မခံနိုင်သည့်လူတစ်ယောက် ဖြစ်နေသည်မှာ ထင်ရှားလှ သည်။ ချင်ယွိသည် ဒေါသမထွက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် သူမ၏ ကိုယ်ရည်ကိုယ်သွေးကို လေးစားသည် “ဟုတ်ပါပြီ ငါတို့ကို ညအရှင် အိမ်တော်က ခန့်လိုက်ပြီဆိုတော့ ယှဉ်တိုက်ခိုက်ဖို့ အခွင့်အရေးရှိလာမှာပါ သွားရအောင် နောက်ကျနေပြီ.. ညအရှင်အိမ်တော်ကို အတူသွားကြတာပေါ့”
ချင်ယွိသည် ပေထင်းဟွမ်ကို သူနှင့်အတူသွားရန် ဖိတ်ခေါ်လေသည်။ သူတို့အနောက်တွင်တော့ ကြေးစားတပ်ဖွဲ့ အုပ်စုကြီးရှိနေသည်။
“မင်းကို ငါတို့ ကြေးစားတပ်ဖွဲ့ကို မခေါ်နိုင်တာတော့ နှမြောစရာပဲ” ချင်ယွိသည် ပေထင်းဟွမ်နှင့် အတန်ကြာသည်အထိ စကားပြာနေသည်။ အကြောင်းအရင်းတချို့ကြောင့်ပင် ပိုမိုဆက်ဆံကြည့်လေလေ သူ ဤညီလေး ကို သဘောကျလေဖြစ်သည်။ သူသည် ရိုးရှင်းစွာ ပြောလိုက်သည် “ငါ့ကို သခင်လေးချင်ယွိလို့မခေါ်ပါနဲ့… ငါလည်း သခင်လေး ၉ လို့မခေါ်တော့ဘူး ငါက မင်းထက် ၁၀ နှစ်ကြီးတယ်ဆိုတော့ အစ်ကိုကြီးလို့ပဲပါ”
အစ်ကိုကြီး.. ချင်ယွိ၏ ကြင်နာသောမျက်လုံးနှင့် နူးညံ့သောအပြုံးကို ကြည့်ပြီး ပေထင်းဟွမ်သည် နှစ်အနည်းငယ်လောက် မတွေ့ရသည့် သူမ၏ အစ်ကိုကြီးကို မတွေးဘဲမနေနိုင်ပေ။ ထိုအခိုက်အတန့်တွင် သူမ ရင်ထဲထိသွား သည်။ သူမ ရေရွတ်လိုက်သည် “အစ်ကိုကြီး”
ပေထင်းဟွမ်သည် သူ့ကိုကြည့်ရင်း တခြားတစ်ယောက်ကို မြင်နေသည် မှာ ထင်ရှားသည်။ သို့သော်ချင်ယွိသည် မနှစ်မြို့ခြင်းမဖြစ်သည့်အပြင် ပေထင်း ဟွမ်၏မျက်လုံးထဲမှ နာကျင်မှုကိုပါမြင်လိုက်သည်။ သူ၏ဂုဏ်သတင်းဖြစ်သည့် “အသုံးမကျသည့်သခင်လေး ၉” ဆိုသည့် နာမည်ကိုကြားချိန်တွင် သူ ရင်နာမိ သည်။ သူသည် ပေထင်းဟွမ်၏ ပခုံးကိုဖက်ပြီးပြောလိုက်သည် “ရှောင်ကျို့ အခုကစပြီး ငါကမင်းရဲ့အစ်ကိုကြီးပဲ.. ငါရှိနေရင် မင်းကို သေချာပေါက် ကာကွယ်ပေးမှာ”