← Chapters

သုံးပေအတွင်း

Vol. 2 Ch. 32

သုံးပေအတွင်း

Vol. 2 Ch. 32

သူတို့နှစ်ယောက်သည် အသိအကျွမ်းများဖြစ်လာခဲ့သည်။

သူတို့ နေဝင်တောအစွန်သို့ရောက်သောအခါ ညအရှင်အိမ်တော်မှပေး လိုက်သည့် တာဝန်သည် မည်မျှကြီးကြောင်းကို သိလိုက်ရသည်။

အဝေးကလှမ်းကြည့်လျှင် စိမ်းစိုနေသည့် တောအုပ်ကြီးသည် ကောင်းကင်သို့ရောက်သည်အထိ ဆန့်တန်းနေသည်။ တဲများကို လော့ပေမြို့ နှင့် တခြားနေရာများအကြားတွင် တစ်ခုချင်းစီ တည်ဆောက်ထားသည်။ အင်အားစုများပိုင်ဆိုင်သည့် နေရာများကို အလံများဖြင့်စိုက်ထူပြီး အမည်တပ် ထားသည်။

ညအရှင်၏တဲသည် အလယ်တွင်ရှိသည်။ ဘေးတွင် ကြီးမားကျယ်ပြန့် သောနေရာလွတ်တစ်ခုရှိသည်။ လူတစ်ယောက်သည် တဲဆောက်ရင်းနှင့် အလုပ်ရှုပ်နေသည်။ အလံသုံးခုကို အလယ်တွင် စိုက်ထူထားသည်။ ထိုအလံ များမှာ နှင်းဝံပုလွေကြေးစားတပ်ဖွဲ့၊ ရေနက်ကြေးစားတပ်ဖွဲ့နှင့် ရှင်းဖန် ကြေးစားတပ်ဖွဲ့တို့၏ အလံများဖြစ်ကြသည်။ ရာယာအင်ပါယာ၏ တော်ဝင် စစ်သည်များ၊ အင်ပါယာ၏ မျိုးရိုးမြင့်မိသားစုများ၊ နဂါးမြို့မျိုးနွယ်၊ စူးမျိုးနွယ် နှင့် မုမျိုးနွယ်ကဲ့သို့ တခြားသောမင်းမျိုးမင်းနွယ်များလည်းရှိနေသည်။

ပေထင်းမိသားစုသည်လည်း ဤနေရာသို့ လူလွှတ်လိုက်သည်။ သို့သော် လော့ပေမြို့သည် ပေထင်းမိသားစု၏ လက်အောက်ခံမြို့ဖြစ်သောကြောင့် ညအရှင်ကို ထောက်ပံ့ရန်သာလွှတ်လိုက်ခင်းဖြစ်သည်။

ယန်ယဲ့သည် အလယ်၌ရှိသောတဲရှေ့တွင် ရပ်ပြီး မိုးပေါ်မှ လပြည့်အရိပ် ကိုကြည့်နေသည်။ သူ၏အတွေးကို မည်သူမှ မသိနိုင်ပေ။ သူ လှုပ်ရှားသံများကို ကြားသောအခါ ကြည့်လိုက်ရာ ပေထင်းဟွမ်နှင့် ချင်ယွိတို့ ဘေးချင်းယှဉ်လျက် လျှောက်လာသည်ကို မြင်လိုက်ရသည်။ သူသည် မျက်မှောင်ကြုတ်ပြီး ပေထင်း ဟွမ်အား လက်ယက်ခေါ်လိုက်သည် “ဒီကိုလာခဲ့”

ပေထင်းဟွမ်သည် သူ့ကိုတွေ့သည်မှာ သုံးကြိမ်မျှသာရှိသေးသော်လည်း နှစ်ကြိမ်မှာ ထိုသို့ပြုမူခဲ့သည်။

ပေထင်းဟွမ်သည် သူ့ကို မငြင်းနိုင်ပေ။ သူသည် ချင်ယွိအား ခေါင်းညိတ် ပြကာ ယန်ယဲ့ဆီသို့ လျှောက်သွားခဲ့သည်။ သေချာသည်မှာ သူမသည် သူ့ကို လက်ပြန်ယမ်းမပြခဲ့ပေ။ သူမသည် ကျောက်စိမ်းဖြူနှင့်တူသော သူ့လက်ကို ကြည့်နေခဲ့သည်။ ဤလူသည် အလွန်ပင်မြင့်မြတ်၊ တင့်တယ်ပြီး ပြည့်စုံလွန်း သည်ဟု သူမ ခံစားရသည် “မင်းသား”

ယန်ယဲ့သည် သူမကိုကြည့်ပြီး တဲဘက်သို့ဝင်သွားရာ ပေထင်းဟွမ် လိုက် သွားရသည်။

တဲမှာကြီးမားသည်။ စားပွဲ၊ ကုလားထိုင်၊ ဘုတ်ပြားနှင့် အိပ်ရာပင်ရှိနေ သည်။ ယန်ယဲ့သည့် ပင်မထိုင်ခုံတွင်ထိုင်ပြီး သူနှင့်အနီးဆုံးကုလားထိုင်ကို ညွှန်ပြကာ ပေထင်းဟွမ်ကို ထိုင်ခိုင်းသည်။

လွန်ခဲ့သည့်နာရီပိုင်းက ချုံချီပစ်ပေါက်ခြင်းကို ခံခဲ့ရသည့် မုဝမ့်ယွဲ့ကို ပေထင်းဟွမ် မတွေးဘဲမနေနိုင်တော့ပေ။ သူမသည် ညအရှင်၏ ၃ ပေအတွင်း အနားကပ်မရဟု ချုံချီပြောခဲ့သည်။

သူမ ထိုင်ရမည့်ကုလားထိုင်သည် ညအရှင်နှင့် ၃ ပေပင်မကွာပေ။

ညအရှင်သည် လက်ဖက်ရည်ကြမ်းခွက်ကိုကောက်ယူပြီး ညင်သာစွာ မှုတ်နေသည်။ သူသည် အသက် ၂၀ အစပိုင်းအရွယ်သာရှိသေးသာ လှပပြီး ညုတုတုပုံစံဖြင့် မွေးလာခြင်းဖြစ်သည်။ သူ မည်သို့ပင်ပြုမူစေကာမူ ချောမွေ့ ပြီး သဘာဝကျသည်။ အထူးသဖြင့် သူ၏ပုံပန်းသဏ္ဍာန်သည် မျက်စိကျစရာ ဖြစ်သည်။ သူသည် သူမ၏အတွေးများကို ဖတ်တတ်နေပုံပင် “ထိုင်လေ မင်းကို ငါနဲ့ ၃ ပေအတွင်းနေခွင့်ပြုတယ်”

ပေထင်းဟွမ်သည် ရပ်နေဆဲဖြစ်ကာ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေ၏။ သူသည် ထင်ထားသည့်အတိုင်းပင် အေးစက်သောလူဖြစ်သည်။ သူ၏ မျက်ခုံး များသည် ထက်က မျက်လုံးများသည် နှင်းတောင်ကဲ့သို့အေးစက်သည်။ သူ၏ ခရမ်းရောင်မျက်လုံးများသည် လှပပြီးဆွဲဆောင်မှုရှိသည်။ သူ လက်ဖက်ရည် ပန်းကန်လုံးကို စားပွဲပေါ်သို့ ညင်သာစွာတင်လိုက်သံကို ပေထင်းဟွမ် ကြား လိုက်ရသည် “မင်းက သူမနဲ့အရမ်းတူတယ်.. မင်းရဲ့ပုံစံနဲ့ ကိုယ်ရည်ကိုယ်သွေး က အရမ်းတူတယ်.. မင်းတို့နှစ်ယောက်လုံးက ခေါင်းမာပြီး သန်မာတယ်၊ မောက်မာတယ်.. မင်းမှာ အားမရှိဘဲနဲ့တောင် ထောင်လွှားနေသေးတယ်.. ပြီးတော့ မင်းတို့နှစ်ယောက်လုံးက…. ချစ်ဖို့ကောင်းတယ်”

“ချစ်ဖို့ကောင်းတယ်” ဆိုသည့် နောက်ဆုံးစကားလုံးသည် ယန်ယဲ့ကဲ့သို့ နှလုံးသားမဲ့ပြီး အေးစက်သောလူဆီမှထွက်လာရာ ပေထင်းဟွမ်သည် နာကျင်မှု ကိုခံစားလိုက်ရသည်။ သူမ ရုတ်တရက် သူ့ကိုခေါင်းမော့ကြည့်မိသည်။ သူ့ မျက်လုံးထဲတွင် နာကျင်မှုများကို ဖြတ်ခနဲတွေ့လိုက်ရသည်။ လုံးဝကို အံ့ဩ စရာပဲ။

မြင့်မြတ်သည့် တော်ဝင်ညအရှင်သည်လည်း သေမျိုးသာဖြစ်သည်။ သူ ဒဏ်ရာရနိုင်သလို နာကျင်ပြီး ဝမ်းနည်းတတ်သည်။

ထိုသို့ပြောပြီးနောက် ယန်ယဲ့သည် အနည်းငယ်စိုးရိမ်သွားသည်။ မည်သူ မှ တစ်ဦးတစ်ယောက်၏ လူဝင်စား၊ အစားထိုးသူမဖြစ်ချင်သလို တခြားလူနှင့် နှိုင်းယှဉ်သည်ကိုလည်း ခံနိုင်မည်မဟုတ်ပေ။ ပေထင်းဟွမ် ဒေါသထွက်သွား မည်ဟု သူထင်ထားသော်လည်း သူမသည် ရှေ့သို့ခြေသုံးလှမ်းတိုးကာ သူ့ရှေ့ တွင်ရပ်နေခဲ့သည်။

All Chapters