← Chapters

မှော်သားရဲကို သူမရဲ့ ကိုယ်ရံတော်ဖြစ်စေခြင်း

Vol. 2 Ch. 33

မှော်သားရဲကို သူမရဲ့ ကိုယ်ရံတော်ဖြစ်စေခြင်း

Vol. 2 Ch. 33

အဲဒါကြောင့် သူက သူမအပေါ်ကောင်းပေးနေတာလား။ သူ့လိုလူသည် တိမ်တိုက်များအကြားထဲမှ နေ၊ သို့မဟုတ် ဆောင်းတွင်းညပိုင်းမှ တောက်ပ သော လနှင့်တူသည်။ သူတို့သည် ချည်းကပ်ရန်မလွယ်ကူပေ။ ကမ္ဘာပေါ်မှလူ များသည် သူ၏စာနာမှုကို မလှုံ့ဆော်နိုင်သော်လည်း သူမကိုတော့ နှစ်ကြိမ်ပင် ကူညီပေးခဲ့သည်။

အဲလိုဆိုရင်တော့ သူမ ယုံပါတယ်။

ထိုလူ၏ တည်နေရာကို မေးရန်ပင်မလိုတော့ပေ။

ပေထင်းဟွမ်၏ လက်ချောင်းထိပ်မှာ လှုပ်ရှားသွားသည်။ ဖြတ်ကျော်၍ မရသည့်တောင်ကဲ့သို့ဖြစ်နေသော ယန်ယဲ့၏တွန့်နေသည့်မျက်ခုံးများကို သူမ မမြင်လိုပေ။ ယန်ယဲ့သည် မျက်လုံးထောင့်မှ သူမ၏လက်ကို ကြည့်နေသည်။ သူမသည် တဒင်္ဂမျှ တွေဝေပြီးနောက် လက်မြှောက်ကာ ယန်ယဲ့၏ပခုံးကိုကိုင် လိုက်သည် “လူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာကို မသိပေမဲ့.. အားလုံးက တော့ မိုးပေါ်က ကြယ်ဆိုပြီးတော့ ကြားဖူးတယ်… ခင်ဗျားသာ သူ့ကိုဂရုစိုက် ရင် သူတို့ဘယ်ရောက်ရောက် သူ့ကိုမြင်နိုင်မှာပါ.. အဲလိုဆိုရင် ဒီလူက ခင်ဗျား မပျော်တာကိုမြင်နိုင်မယ်.. ခင်ဗျားမပျော်ရင် သူလည်း ပျော်မှာမဟုတ်ဘူး”

သူမက ဘယ်သူလဲ။ သူမပျော်တာကို သူမမြင်နေရတာလား။

မည်သို့ပင်ဖြစ်စေကာမူ ဤအခိုက်အတန့်တွင် သူနှင့် လိုက်ဝမ်းနည်းပေး သည့်လူတစ်ယောက်ရှိနေသည်။

ယန်ယဲ့သည် နူးညံ့သောအပြုံးကို ရှားပါးစွာပြုံးလိုက်သည်။ သူ့မျက်လုံး ထဲမှ အပြုံးသည် နေ၏အလင်းရောင်အသစ်ကို ကြည့်နေသလို၊ မြေပေါ်မှ ရေခဲ များအရည်ပျော်ကာ တောင်တွေမြစ်တွေနှင့်ရောသွားသကဲ့သို နွေးထွေးသော နွေဦးတွင် ပန်းများပွင့်သကဲ့သို့ ဖြစ်နေသည်။ ပေထင်းဟွမ်သည် စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချပြီး သူ့ဘေးရှိကုလားထိုင်တွင် သွားထိုင်လိုက်သည်။

“ကြည့်ရတာ မင်းက ကြေးစားအရည်အချင်းအသိအမှတ်ပြု တံဆိပ်တွေ ရပြီထင်တယ်.. ဒီတစ်ခေါက် ငါက အဆင့် ၁ ရှိတဲ့တာဝန်ပေးထားတာ.. တာဝန် အောင်မြင်သွားရင် အေအဆင့် တာဝန်မှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံချက်ချင်းရ သွားလိမ့်မယ်” ယန်ယဲ့သည် သူမ လက်ဖက်ရည်သောက်သည်ကို အဖော်ပြု ပေးနေသည်။

အေအဆင့် တာဝန်ဟုတ်လား။ ကြေးစာတပ်ဖွဲ့များသည် ပုံမှန်အားဖြင့် အက်စ်အဆင့်ရှိသည့် တာဝန်ကိုယူတတ်ကြသည်။ အေအဆင့်တာဝန်နောက် တွင် ဘီအဆင့်တာဝန်ရှိသည်။ အက်စ်အဆင့်တာဝန်များသည် အခက်ဆုံးဖြစ် သည်။ ပြည်မကြီးတွင် အက်စ်အဆင့်တာဝန်ရှိနေသလားဆိုသည်ကို ပေထင်းဟွမ် မသိပေ။ အနည်းဆုံးတော့ ပြီးခဲ့သည့် နှစ် ၁၀၀ အတွင်းတွင် မည်သည့်အင်အားစုကမှ အေအဆင့် တာဝန်မပေးခဲ့ပေ။ ထို့ကြောင့်ပင် ကြေးစားတပ်ဖွဲ့များသည် ရောက်လာခြင်းဖြစ်သည်။ သူတို့သာ အေအဆင့် တာဝန်ကိုလက်ခံလိုက်သည်နှင့် အေအဆင့် ကြေးစားတပ်သားများအဖြစ် အဆင့်တက်သွားမည်ဖြစ်သည်။ ကြေးစားအစည်းအရုံးအား ပေးရသည့် အခကြေးငွေလျော့သွားမည်ဖြစ်ပြီး အရင်းအမြစ်များပိုရလာနိုင်သည်။

ထို့ကြောင့်ပင် နှင်းဝံပုလွေတပ်ဖွဲ့သည် ပြည်မကြီးတွင် တစ်ခုတည်းသော အေအဆင့်ရှိသည့် တပ်ဖွဲ့ဖြစ်နေရာ ပထမအဆင့် ဖြစ်နေခြင်းပင်။

“ခင်ဗျားက ဥရှာနေတယ်လို့ကြားတယ် ဘယ်လိုဥလဲ ဘယ်လိုလုပ် အခိုး ခံလိုက်ရတာလဲ” ပေထင်းဟွမ်သည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။ ဘယ်လိုသတ္တဝါက ညအရှင်အိမ်တော်က ဥကိုခိုးသွားရဲတာလဲ

“ဘယ်လိုဥလဲဆိုတာကို ရှာတွေ့ရင် မင်းကိုပြမယ်”

ယန်ယဲ့မပြုံးသည့်အချိန်တွင် အေးစက်နေသည်။ သို့သော် သူ နူးညံ့သည့် အချိန်တွင် ကြောက်စရာမကောင်းလှဟု ပေထင်းဟွမ် ခံစားရသည်။ ထို့အရာ ကြောင့်ပင် သူ မည်မျှအားကောင်းသည်ကို သူမ မေ့သွားခဲ့သည် “ဘာမှမသိဘဲ ရှာကြည့်ပါမယ်”

သူမသည် တိုက်အကြောင်းကို အနည်းငယ်သာသိသည်။ ပြီးခဲ့သည့် ပိုင်ရှင်၏ဘဝမှာ ခက်ခဲခဲ့သည်။ သင်ယူဖို့ အချိန်မည်သို့ရှိခဲ့မည်နည်း။ ထို့အပြင် “အမှိုက်” ဆိုသည့်အဓိပ္ပာယ်မှာလည်း သူမတွင် သင်ယူရန် အခွင့်အရေးမရှိခဲ့ သည်ကို ဆိုလိုသည်။

“အဲဒါက မှော်သားရဲဥပဲ.. အစကတော့ စာချုပ်သားရဲအဖြစ် မင်းကိုပေး ချင်ခဲ့တာ… ဒါပေမဲ့ ငါက အဲဥကိုတောင် မထိန်းသိမ်းနိုင်ဘူး..” ထိုသို့ပြော ပြီးနောက် ယန်ယဲ့သည် ရိုးရှင်းစွာပြောလေသည် “ငါ အဲဒီဥကိုရှာတွေ့ရင် အဲဒီ ဥကိုခိုးသွားတဲ့ နတ်သားရဲကို မင်းရဲ့စာချုပ်သားရဲလုပ်ခိုင်းမယ်”

သူမသည် ဝိညာဉ်သခင်မဟုတ်ပေ။ ဘယ်လိုလုပ် စာချုပ်သားရဲခေါ်နိုင် မှာလဲ။ သူမ ခေါင်းခါလိုက်သည် “မလိုပါဘူး ကျွန်တော် စာချုပ်သားရဲမလိုဘူး”

ယန်ယဲ့သည် သူမကို တည်ငြိမ်စွာကြည့်နေသည်။ သူမသည် “သူမ”နှင့် တူသည်ဟု ပြောလိုက်သော်လည်း ပေထင်းဟွမ်ကိုကြည့်လျှင် သူမ၏ ပုံစံကို မမြင်ရပေ။ ထိုအရာကြောင့် ပေထင်းဟွမ် သက်တောင့်သက်သာခံစားရသည်။ “စိတ်မပူပါနဲ့ မင်းက ဝိညာဉ်သခင်မဟုတ်ပေမဲ့ မှော်သားရဲနဲ့ စာချုပ် တည်ထောင်လို့ရအောင် ငါလုပ်ပေးလို့ရတယ်.. မင်းက နတ်ဆိုးသားရဲနေရာကို မဖွင့်နိုင်ပေမဲ့ မင်းရဲ့ကိုယ်ရံတော်အဖြစ်ထားလို့ရတယ်”

All Chapters