လပြည့်ည
Vol. 2 Ch. 36
သူက ဒီကိုရောက်လာတဲ့ စီရင်ချက်ဗိမာန်ကလူတွေကို ကြိမ်းမောင်း လိုက်တာလား။
ဘုန်းတော်ကြီးငါးဦးသည် အသုံးမကျသည့် ပေထင်းဟွမ်ကို ဆူငေါက်ခဲ့ ကာ ညအရှင်သည် စီရင်ချက်ဗိမာန်ကို အမှိုက်ဟု ကြိမ်းမောင်းခဲ့သည်။ ဘုန်းတော်ကြီးငါးဦးသည် ညအရှင်နှင့် ရင်ဆိုင်ရချိန်တွင် အသက်ကြီးသည့် မျက်နှာဖုံးကိုပင် ချွတ်ပစ်ချင်ကြသည်။
သူတို့အောက်တွင် ရာယာအင်ပါယာ၏ ထိပ်တန်းအင်အားစုများရှိကြ သည်။ ထိုအချိန်က အားလုံးသည် သူတို့ကို အားကျသည့် အကြည့်များဖြင့် ကြည့်ခဲ့ရသည်။ အဆင့် ၁ နဲ့ အဆင့် ၂ ပညာရှင်တွေရဲ့ မျက်လုံးထဲမှာ ကောင်းကင်အဆင့် အင်အားရှိသူတွေက ဘယ်လောက်တောင် အားကြီးလိုက် မလဲ။
ညအရှင်၏ စကားများသည် သူတို့ကို ထိခိုက်စေသည်မှာ သေချာသည်။ ထိုကြောင့်ပင် ဘုန်းတော်ကြီးငါးဦးသည် အလွန်ဒေါသထွက်ကြသည်။
သူတို့ထဲမှတစ်ယောက်သည် စိတ်မထိန်းနိုင်ဘဲ ရှေ့ထွက်ပြီးတိုက်ခိုက် မည်ပြုသည်။ သို့သော် နောက်တစ်ယောက်မှ တားထားလေသည်။ တိုက်ခိုက် ရန်မဖြစ်သဖြင့် စကားဖြင့်သာပြောရသည် “မင်းသား ဒီညက လပြည့်ညဆို တာကို မမေ့လိုက်ပါနဲ့.. လပြည့်ညဖြစ်နေတာကို နတ်သခင်က ကျုပ်တို့က ငါးယောက်ကို ဒီကိုပို့လိုက်တာ လုံလောက်နေပါပြီ”
“ဟား ဟား ဟုတ်လား ဒါဆိုလည်း စောင့်ကြည့်ကြတာပေါ့”
ပေထင်းဟွမ်သည် လပြည့်ညဆိုသည်ကို မသိသော်လည်း ကြားရ သလောက်ဆိုလျှင် စီရင်ချက်ဗိမာန်မှ ဘုန်းတော်ကြီးငါးဦးသည် လပြည့်ညကို အခွင့်ကောင်းယူကာ ညအရှင်ကို တိုက်ခိုက်မည်လား။ ကြယ်ဝိညာဉ်သခင် ငါးဦးသည် အဆင့် ၂၊ အဆင့် ၃ ပညာရှင် တစ်ရာကျော်ကိုခေါ်လာခဲ့ကာ ညအရှင်တွင်တော့ စုစုပေါင်း ငါးယောက်သာရှိသည်။ မဟုတ်သေးဘူး သူမလည်း ရှိတာပဲ။ သူမက ဝိညာဉ်သခင်မဟုတ်သေးပေမဲ့ ဓားသမားတစ် ယောက်ပဲ။ ဒီကောင်းကင်အဆင့် အဘိုးကြီးတွေကို မရှင်းနိုင်ရင်တောင် အောက်က ဝိညာဉ်သခင်တွေကို ရှင်းဖို့ကိုတော့ ယုံကြည်ချက်ရှိတယ်။
ပေထင်းဟွမ်၏ စိတ်နှင့် သူမကိုယ်တွင်းမှ အဆုံးမရှိသော တိုက်ခိုက်ရန် စိတ်ဓာတ်ပြင်းပြနေသည်ကို ယန်ယဲ့ ခံစားမိသည်။ ပထမဆုံးအနေနှင့် သူ အနည်းငယ်စိတ်မအေးသလို ခံစားလာရသည်။ သူသည် ပေထင်းဟွမ်ကို နှစ်သိမ့်ပေးသည့်အလား တင်းတင်းဖျစ်ညှစ်လိုက်သည် “မင်းလို အမှိုက်က လပြည့်ညဆိုရင်တောင် ငါ့ကိုထိနိုင်မှာမဟုတ်ဘူး”
ထိုသို့ပြောပြီးနောက် သူသည် ထိုလူများနှင့် အပိုစကားများမပြောတော့ ပေ။ သူသည် ပေထင်းဟွမ်ကိုခေါ်ပြီး မြေပြင်သို့ ဆင်းသက်လိုက်သည်။
ထိုအချိန်တွင် လပြည့်သည် ကောင်းကင်ပေါ်တွင် ပေါ်လာနေပြီဖြစ် သည်။ သူမ ကြည့်လိုက်သည်နှင့် မိုးပေါ်တွင် ပန်းကန်ပြားအဝိုင်းတွဲလောင်းကျ နေသည်ကို မြင်လိုက်ရသည်။ ပထမဆုံးအကြိမ်အနေနှင့် သူမသည် လပြည့်ကို ကြည့်ပြီး အံ့အားသင့်မိသည်။
“မင်း ငါ့ကို စိတ်ပူနေတာလား” ယန်ယဲ့သည် ပြုံးပြီးမေးလေသည်။
“အရှင်သာဆိုရင် ကျွန်တော့်ကို ဂရုစိုက်မှာပဲမဟုတ်ဘူးလား” ပေထင်းဟွမ်သည် မျက်ခုံးများကို ပင့်ပြီးမေးလေသည်။
ယန်ယဲ့သည် အကူအညီမဲ့စွာပြုံးပြီးနောက် သူ့ရှေ့မှတဲကို ညွှန်ပြလေ သည် “ဝင်ပြီးနားလိုက်တော့.. ငါ အရေးကြီးကိစ္စဖြေရှင်းစရာရှိတယ် အပြန် နောက်ကျမယ်”
“စောင့်နေမယ်” ပေထင်းဟွမ်သည် သူ၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ပူပန်စွာဖြင့် မေးလေသည် “လပြည့်ကြောင့်လား”
ယန်ယဲ့၏ မျက်လုံးများသည် အနည်းငယ် အေးစက်နေသည်။ သူသည် သူ့လက်ကို ဆုပ်ကိုင်ထားသည့် ပေထင်းဟွမ်၏လက်ကိုကြည့်နေသည်။ သူ့ လက်ကိုကိုင်ထားသည့် သူမ၏လက်သည် ပလာယာကဲ့သို တင်းကြပ်နေရာ အရိုးများပင် နာကျင်လာသည်။ သူကတော့ သူမလက်ကို အားမသုံးဘဲနဲ့ နူးနူးညံ့ညံ့ကိုင်လိုက်ရတာ။ ထိုလူငယ်၏ စိုးရိမ်မှုသည် စိတ်ရင်းနှင့်ဖြစ်သဖြင့် သူအနည်းငယ် ပျော်ရွှင်မိသည် “ငါ အဆင်ပြေပါတယ် ယုံလိုက်”
ပေထင်းဟွမ်သည် ဖြည်းဖြည်းချင်းလွှတ်ပေးသည်။ သူ မိုးပေါ်သို့တက် သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်သွားသည်ကို သူမ ကြည့်နေဲ့သည်။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ ယခုအချိန်တွင် သူမ အားနည်းနေသေးသဖြင့် သူ့ကိုမကူညီနိုင်သော်လည်း တစ်နေ့တွင် သူမ သန်မာလာပြီး သေချာပေါက် သူ့ကိုကူညီမည်။
ယန်ယဲ့ထွက်သွားပြီး တစ်နာရီမပြည့်ခင်တွင် စခန်းတွင် မီးပုံဖိုသည်။ ကြေးစားအဖွဲ့များသည် မီးပုံနားစုပြီး သောက်စားကြသည်။ သူတို့ အမဲမလိုက် ခင် အေးအေးချမ်းချမ်း နေနေချိန်တွင် မြေပေါ်မှ ဆူညံသောအသံထွက်လာ သည်။ မြေပြင်သည် မြင်းပေါင်းသောင်းချီ ပြေးနေသကဲ့သို့ တုန်ခါလာသည်။
“မဖြစ်တော့ဘူး မှော်သားရဲတွေက မြို့ကိုတိုက်ခိုက်နေကြပြီ” ပထမဆုံး တုံ့ပြန်သူမှာ ပထမကြေးစားအဖွဲ့၏ သခင်လေး ချင်ယွိဖြစ်သည်။ သူသည် မြေပေါ်မှထခုန်ပြီး နေဝင်တောဘက်သို့ ကြည့်လေသည် “နှင်းဝံပုလွေကြေးစား အဖွဲ့ မြန်မြန်အဖွဲ့စည်းပြီး ရန်သူကို ရင်ဆိုင်ကြမယ်”