မှော်သားရဲဒေါသထွက်ခြင်း
Vol. 2 Ch. 37
ချင်ယွိ၏ဦးဆောင်မှုနှင့်အတူ တခြားအဖွဲ့အစည်းများလည်း အလျင်အမြန်ပင် တုံ့ပြန်ကြသည်။ ထိုအချိန်တွင် အဖွဲ့အစည်းကြီးနှင့် အဖွဲ့ငယ် များ၏ ကွာခြားမှုမှာ ရှင်းရှင်းလင်းလင်းဖြစ်သွားသည်။ အဖွဲ့အစည်းကြီးသည် သန်မာပြီး သူတို့၏ တစ်ဦးချင်းအရည်အချင်းမှာလည်း မြင့်သည်။ သူတို့သည် မှော်သားရဲများကို အေးအေးဆေးဆေးပင် ရှင်းပစ်နိုင်ကြသည်။ တစ်ဖက်တွင် အဖွဲ့ငယ်များသည် ဤကဲ့သို့အခိုက်အတန့်အတွင် ထိတ်လန့်ပျာပျာဖြစ်ကာ အဘက်ဘက်သို့ပြေးကုန်ပြီး လူကွဲကုန်သည်။ သူတို့သည် မှော်သားရဲ ပထမ လှိုင်းနှင့်ရင်ဆိုင်လိုက်ရပြီး အသေအပျောက်များဖြစ်ကြသည်။
ယန်ယဲ့သည် လူနှစ်ယောက်နှင့်အတူ ထွက်သွားသည်။ နေဝင်တောတွင် လှုပ်ရှားမှုရှိသည်နှင့် ကျန်ခဲ့သော ချုံချီနှင့် ပိုင်ဇီတို့သည် ပေထင်းဟွမ်နားသို့ ကပ်ကာ သူမ၏ဘယ်နှင့်ညာဘက်တွင် ရပ်နေကြသည်။
“မင်းတို့…” သူတို့ ယန်ယဲ့နှင့်အတူ ထွက်မသွားရသည့် အကြောင်းအရင်း ကို ပေထင်းဟွမ်မေးမည်အလုပ်တွင် သူတို့သည် အုပ်ထိန်းသကဲ့သို့ ပြုမူနေသည်ကိုမြင်သောအခါ ပြောမည့်စကားများကို မျိုသိပ်လိုက်သည်။
“ရှောင်ကျို့ သွားရအောင် ငါတို့တွေ ဘေးချင်းယှဉ်တိုက်ခိုက်ရမယ့် အချိန်ရောက်ပြီ မင်း ငါနဲ့အတူတိုက်ခိုက်ချင်လား”
အဝေးတွင် အဖွဲ့လိုက်စုစည်းနေသော ချင်ယွိသည် ပေထင်းဟွမ်အား လက်ယမ်းပြကာ သူနှင့်အတူ တိုက်ခိုက်ရန်ခေါ်နေသည်။
မှော်သားရဲများတွင် ရတနာများစွာရှိသည်။ မှော်သားရဲအများအပြားကို တစ်ခါတည်းတွေ့ရန်မှာ ရှားပါးလွန်းသည်။ ထို့အပြင် မှော်သားရဲများအားလုံး တွင် ကိုယ်ပိုင် ပိုင်နက်ရှိကြသည်။ သူတို့သည် နေဝင်တောနှင့် မရင်းနှီးကြ သဖြင့် တောထဲဝင်ပြီး လက်လွတ်စပယ်အမဲမလိုက်ရဲပေ။ မည်သည့်တောင် တွင် မည်သည့် သားရဲနေထိုင်သည်ကို မသိနိုင်ပေ။ မတော်တဆ အဆင့်မြင့် မှော်သားရဲကို သွားရန်စမိပါက မည်သို့သေသွားသည်ကိုပင် သိနိုင်မည်မဟုတ် ပေ။
သည်တစ်ခေါက် မြို့ကိုတိုက်ခိုက်သော မှော်သားရဲများကို ကြယ် ၃ ပွင့် နတ်သားရဲသစ်တတ်ကျားဖြစ်သည်။ ထိုအုပ်တွင် အဆင့် ၁ နတ်မိစ္ဆာအဆင့် ပင့်ကူများ၊ မျက်လုံးကြီးနကျယ်ကောင်များ၊ အဆင့် ၂ ကျွဲရိုင်းများနှင့် တောဝက်ရိုင်းများပါဝင်သည်။ သစ်တတ်ကျားသည် အရှိန်နှုန်းမြန်ပြီး တိုက်ခိုက်မှုတွင် အားမနည်းသည့် သားရဲဖြစ်သည်။ ရွှေရောင်အမွေးနှင့် အနက် ရောင်အစင်းကြောင်းများရှိသည်။ ညလေတိုက်ခတ်မှုအောက်တွင် ၎င်း၏ ခက်ထန်သော အမူအရာမှာ ပေါ်လွင်နေသည်။ အားကြီးတဲ့ စစ်သူကြီးပဲ။
၎င်းသည် ပေထင်းဟွမ်ဆီသို့သာ အကြည့်ရောက်နေသည်။ သူ၏ လူ မျက်လုံးနှင့်တူသော ရွှေရောင်မျက်လုံးများတွင် ရက်စက်သည့်အကြည့်မျိုးရှိ မနေပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် တစ်စုံတစ်ရာပြောလိုသည်ဟု ပေထင်းဟွမ် ခံစားရသည်။
ထိုမှော်သားရဲများသည် အဆင့်မမြင့်သဖြင့် အဖွဲ့လိုက်လာခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် ထိုအချက်ကို အလွတ်မခံပေ။ သူမတွင် ပစ္စည်းသိမ်း လက်ပတ်ရှိသော်လည်း လက်ပတ်ထဲမှ လေဟာနယ်သည် တဲငယ်တစ်လုံးစာ သာ နေရာရှိသည်။ သူမ၏ ဇနီးလောင်းကိုလည်း ပတ္တမြား ၂၀ ပေးလိုက်ပြီဖြစ် သည်။ ယခုအချိန်တွင် သူမတွင် ဘာမှမရှိတော့ပေ။ မှော်သားရဲများသည် ရောင်းတန်းလှသည်။ ဝေးကွက်တွင် အဆင့် ၁ သားရဲများကို ရောင်းလိုက်လျှင် ရွှေဒင်္ဂါးဒါဇင်မျှတော့ ရနိုင်သည်။
“အစ်ကိုကြီးချင် အတူသွားကြတာပေါ့” ပေထင်းဟွမ်သည် ချင်ယွိဆီသို့ အမြန်ပြေးသွားလေသည်။
ချင်ယွိသည် အဆင့် ၇ ဝိညာဉ်သခင်ဖြစ်သည်။ သူ့တွင် အဆင့် ၃ ရှိသည့် ပါးစပ်ကျယ်သည့် ရှားပါးလင်းတသားရဲပျံရှိသည်။ ထိုသားရဲမှာ ရုပ်ဆိုးလှသော် လည်း သူ၏တိုက်ခိုက်မှုစွမ်းအားနှင့် ပျံသန်းနိုင်သည့်အစွမ်းအစမှာ သန်မာ၏။
ချင်ယွိလက်မြှောက်လိုက်သည်နှင့် အဖြူရောင်ဝိညာဉ်စွမ်းအင်သည် သူ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ့ခြေဖဝါးအောက်တွင် စာချုပ်ပုံစံ ပေါ်လာပြီး စက်ဝိုင်းပုံတိုင်သည် မိုးပေါ်သို့ထိုးတက်သွားကာ ကောင်းကင်နှင့် ထိစပ်သွားသည်။ စက်ဝိုင်းအလယ်တွင် တြိဂံပုံသဏ္ဍာန်တစ်ခုပေါ်လာသည်။ သန့်ရှင်းသောအလင်းဓားတန်း ၇ သွယ်သည် အဆင့် ၇ ဝိညာဉ်သခင် ဖြစ်သည့် ချင်ယွိ၏အဆင့်ကို ကိုယ်စားပြုနေသည်။
“အဆင့် ၇ ဝိညာဉ်သခင်ပဲ မြင်လိုက်လား.. ထင်ထားတဲ့အတိုင်းပဲ ထိပ်တန်းကြေးစားအဖွဲ့ရဲ့ သခင်လေးပဲ.. ဒီလောက်ငယ်ငယ်လေးနဲ့ အဆင့် ၇ ဝိညာဉ်သခင်ဖြစ်နေတာ”
“အာ.. သခင်ချင်ယွိရဲ့ စာခုျပ်သားရဲက အဆင့် ၃ ဝိညာဉ်သားရဲပဲ မိုက်လိုက်တာ”
ချင်ယွိသည် ပါးစပ်ကျယ်လင်းတ၏ ကျယ်ပြန့်သောကျောပြင်ပေါ်တွင် ရပ်ပြီး ပေထင်းဟွမ်ဆီသို့ ထိုးဆင်းလာသည်။ သူ ပေထင်းဟွမ်နားသို့ရောက် ချိန်တွင် သူမ၏လက်ကိုဆုပ်ကိုင်ပြီး လင်းတကျောပေါ်သို့ ဆွဲတင်လိုက်သည်။ သူသည် အလယ်တဲကို ပတ်ပြီး ရှေ့တန်းသို့အမြန်သွားလိုက်သည်။
“ခဏနေရင် ငါ့ဘေးမှာပဲနေ”
ပေထင်းဟွမ်သန်မာသည်ကို သူ သိသော်ကြားချင်ယွိသည် စိုးရိမ်နေတုန်း ပင်။ သူသည် ပေထင်းဟွမ်အား ကြိုတင်ညွှန်ကြားထားသည်။
“ဟုတ်ပြီ”